Êxodo 28
Common Language Bible (MYA) vs NAA
1 ``သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများဖြစ် သောနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ အထဲကရွေးထုတ်လော့။-
1 — Traga para junto de você, do meio dos filhos de Israel, o seu irmão Arão e os filhos dele, para que me sirvam como sacerdotes, a saber, Arão e seus filhos Nadabe, Abiú, Eleazar e Itamar.
2 သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
2 Faça vestes sagradas para o seu irmão Arão, para que lhe deem glória e beleza.
3 အာရုန်သည်ငါ့ထံ၌ယဇ်ပုရောဟိတ်အဖြစ် ဆက်ကပ်၍ အမှုတော်ကိုထမ်းဆောင်နိုင်စေရန်၊ ငါကျွမ်းကျင်မှုပညာပေးထားသူတို့ကိုဆင့် ခေါ်၍သူ့အတွက်ဝတ်စုံကိုချုပ်စေရမည်။-
3 — Diga também a todos os homens hábeis a quem enchi do espírito de sabedoria, que façam vestes para Arão para consagrá-lo, para que me sirva no ofício sacerdotal.
4 ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
4 As vestes que farão são estas: um peitoral, uma estola sacerdotal, uma sobrepeliz, uma túnica bordada, mitra e cinto. Farão vestes sagradas para o seu irmão Arão e para os filhos dele, para que me sirvam como sacerdotes.
5 အတတ်ပညာရှင်တို့သည်ချုပ်လုပ်ရာ၌ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ရွှေချည်၊ ပိတ်ချော၊ တို့ကိုအသုံးပြုရမည်။
5 Pegarão ouro, pano azul, púrpura, carmesim e linho fino.
6 ``သင်တိုင်းကိုအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေး၊ ရွှေချည်၊ ပိတ်ချောတို့နှင့်ချုပ် ၍ပန်းဖော်ထားရမည်။-
6 — Farão a estola sacerdotal de ouro, pano azul, púrpura, carmesim e linho fino retorcido, obra esmerada.
7 သင်တိုင်းနှစ်စွန်းကိုဆက်စပ်ရန်ပခုံးသိုင်း ကြိုးနှစ်ပင်ရှိရမည်။-
7 Terá duas ombreiras que se unam às suas duas extremidades, e assim se unirá.
8 ရင်စည်းကိုလည်းအလားတူပစ္စည်းတို့ဖြင့်ချုပ် လုပ်၍ သင်တိုင်းနှင့်တစ်ဆက်တည်းဖြစ်စေရမည်။-
8 E o cinto de obra esmerada, que estará sobre a estola sacerdotal, será de obra igual, da mesma obra de ouro, pano azul, púrpura, carmesim e linho fino retorcido.
9 မဟူရာကျောက်နှစ်လုံးကိုယူ၍၊ ၎င်းတို့အပေါ် တွင် ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက်တို့၏ နာမည်များကိုထွင်းရမည်။-
9 Pegue duas pedras de ônix e grave nelas os nomes dos filhos de Israel:
10 တစ်လုံးပေါ်တွင်သားခြောက်ယောက်၏နာမည် များကိုကြီးစဉ်ငယ်လိုက်ထွင်း၍၊ အခြား ကျောက်တစ်လုံးပေါ်တွင် ကျန်သောသားခြောက် ယောက်၏နာမည်ကိုထွင်းရမည်။-
10 seis de seus nomes numa pedra e os outros seis na outra pedra, por ordem de nascimento.
11 ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။-
11 Conforme a obra de um lapidador, quando faz um sinete, você gravará os nomes dos filhos de Israel nas duas pedras, colocando engastes de ouro ao redor delas.
12 ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
12 Coloque as duas pedras nas ombreiras da estola sacerdotal, por pedras de memória aos filhos de Israel; e Arão levará esses nomes sobre os seus ombros, para memória diante do Senhor .
13 ရွှေပန်းထည်နှစ်ခုကိုပြုလုပ်၍၊-
13 Faça também engastes de ouro
14 ရွှေကြိုးလိမ်နှစ်ပင်ကိုပန်းထည်များတွင် တပ်ထားရမည်။
14 e duas correntes de ouro puro, trançadas como um cordão; prenda as correntes trançadas nos engastes.
15 ``ဘုရားသခင်၏အလိုတော်မည်သို့ရှိသည် ကိုသိနိုင်ရန် အသုံးပြုသည့်ရင်ဖုံးကိုယဇ် ပုရောဟိတ်မင်းအတွက်ချုပ်လုပ်လော့။ ရင်ဖုံး ကိုသင်တိုင်းချုပ်သည့်ပစ္စည်းများနှင့်ချုပ်လုပ် ၍အလားတူပန်းဖော်ထားရမည်။-
15 — Faça também o peitoral do juízo. Será obra esmerada, feita conforme a obra da estola sacerdotal. Faça-o de ouro, pano azul, púrpura, carmesim e linho fino retorcido.
16 ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျားအနံ ကိုးလက်မစီစတုရန်းဖြစ်ရမည်။-
16 Será quadrado e duplo, e terá um palmo de comprimento e um palmo de largura.
17 ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
17 Coloque nele engaste de pedras, com quatro ordens de pedras: a ordem de sárdio, topázio e carbúnculo será a primeira ordem;
18 ဒုတိယအတန်းတွင် မြ၊ နီလာ၊ စိန်၊-
18 a segunda ordem será de esmeralda, safira e diamante;
19 တတိယအတန်းတွင်ကျောက်စိမ်း၊ မဟူရာ၊ ဂေါ်မိတ်၊-
19 a terceira ordem será de jacinto, ágata e ametista;
20 စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့တို့ ကိုရွှေပန်းထည်များ၌ထည့်သွင်းထားရမည်။-
20 a quarta ordem será de berilo, ônix e jaspe; elas serão guarnecidas de ouro nos seus engastes.
21 ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
21 As pedras serão conforme os nomes dos filhos de Israel, doze segundo os seus nomes; serão esculpidas em forma de sinete, cada uma com o seu nome, para as doze tribos.
22 ရင်ဖုံးအတွက်ရွှေကြိုးလိမ်များကိုပြုလုပ်လော့။-
22 Para o peitoral, faça correntes como cordas, de obra trançada de ouro puro.
23 ရင်ဖုံးအထက်ထောင့်စွန်းများတွင်ချိတ်တပ် ဆင်ရန် ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်ရမည်။-
23 Faça também para o peitoral duas argolas de ouro e prenda as duas argolas nas extremidades do peitoral.
24 ရွှေကြိုးအစနှစ်စကိုကွင်းနှစ်ကွင်းတွင်တပ် ထားရမည်။-
24 Então passe as duas correntes de ouro nas duas argolas, nas extremidades do peitoral.
25 အခြားရွှေကြိုးနှစ်စကိုရွှေပန်းထည်နှစ်ခုတွင် တပ်ဆင်သဖြင့် ရင်ဖုံးကိုသင်တိုင်းပခုံးသိုင်း ကြိုးများနှင့်ဆက်လျက်ရှိစေမည်။-
25 Prenda as duas pontas das correntes nos dois engastes e coloque-as nas ombreiras da estola sacerdotal, na frente dele.
26 ထိုနောက်ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်၍ သင် တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက်ထောင့် အတွင်းနားတွင်တပ်ဆင်ထားရမည်။-
26 Faça também duas argolas de ouro e coloque-as nas duas extremidades do peitoral, na sua borda interior junto à estola sacerdotal.
27 ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြုလုပ်၍၊ လှပစွာ ရက်ထားသောရင်စည်းအထက်၊ သင်တိုင်းအရှေ့ အနားပတ်အနီးတွင်တပ်ဆင်ထားရမည်။-
27 Faça também duas argolas de ouro e coloque-as nas duas ombreiras da estola sacerdotal, abaixo, na frente dele, perto da sua juntura, sobre o cinto de obra esmerada da estola sacerdotal.
28 ရင်ဖုံးမှကွင်းများကိုသင်တိုင်းမှကွင်းများ နှင့်ကြိုးပြာဖြင့်ချည်ထားသဖြင့်၊ ရင်ဖုံးသည် လျှောမကျဘဲရင်စည်းအထက်တွင်တည်မြဲ နေမည်။
28 E ligarão o peitoral com as suas argolas às argolas da estola sacerdotal por cima com uma fita azul, para que esteja sobre o cinto da estola sacerdotal; e nunca o peitoral se separará da estola sacerdotal.
29 ``အာရုန်သည်သန့်ရှင်းရာဌာနသို့ဝင်သော အခါ ရင်ဖုံးကိုဝတ်ဆင်ရမည်။ ရင်ဖုံးပေါ် တွင်ဣသရေလအမျိုးများ၏နာမည်များ ပါရှိသဖြင့်၊ ငါထာဝရဘုရားသည်ငါ ၏လူမျိုးတော်ကိုအစဉ်သတိရလိမ့်မည်။-
29 Assim, Arão levará os nomes dos filhos de Israel no peitoral do juízo sobre o seu coração, quando entrar no santuário, para memória diante do Senhor continuamente.
30 အာရုန်သည်ငါ၏ရှေ့တော်သို့ဝင်သောအခါ ဥရိမ်နှင့်သုမိမ် ပါဆောင်လျက်ဝင်နိုင်စေရန်၊ သူ၏ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ်ကိုထည့်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ငါ၏အလိုတော် မည်သို့ရှိသည်ကို သိနိုင်ရန်အာရုန်သည်ငါ ၏ရှေ့တော်သို့ဝင်လာသောအခါတိုင်းဤ ရင်ဖုံးကိုဝတ်ဆင်ထားရမည်။
30 — Ponha também no peitoral do juízo o Urim e o Tumim, para que estejam sobre o coração de Arão, quando entrar diante do Senhor ; assim, Arão levará o juízo dos filhos de Israel sobre o seu coração diante do Senhor continuamente.
31 ``သင်တိုင်းပေါ်တွင်ဝတ်ရသောဝတ်ရုံကို သိုးမွေးအပြာဖြင့်ချုပ်လုပ်ရမည်။-
31 — Faça também a sobrepeliz da estola sacerdotal toda de pano azul.
32 ဦးခေါင်းစွပ်ရန်လည်ပေါက်ရှိစေရမည်။ ထို လည်ပေါက်မစုတ်ပြဲစေရန်ပတ်လည်နားကို ရက်ထည်ဖြင့်ကွပ်ထားရမည်။-
32 No meio dela haverá uma abertura para a cabeça. Essa abertura será rematada, como a abertura de uma gola, para que não se rasgue.
33 — ausente —
33 Em toda a borda da sobrepeliz coloque romãs de pano azul, púrpura e carmesim; e sininhos de ouro no meio delas.
34 — ausente —
34 Haverá em toda a borda da sobrepeliz um sininho de ouro e uma romã, outro sininho de ouro e outra romã.
35 အာရုန်သည်ယဇ်ပုရောဟိတ်အမှုကိစ္စကို ဆောင်ရွက်ရသည့်အခါ၌ ဤဝတ်ရုံကိုဝတ် ဆင်ရမည်။ သူသည်သန့်ရှင်းရာဌာနအတွင်း ငါ၏ရှေ့တော်သို့ဝင်သည့်အခါဖြစ်စေ၊ ထို နေရာမှထွက်လာသည့်အခါ၌ဖြစ်စေ ဆည်းလည်းသံများကိုကြားရမည်ဖြစ် သဖြင့်သူသည်သေဘေးမှလွတ်လိမ့်မည်။
35 Esta sobrepeliz estará sobre Arão quando ministrar, para que se ouça o som dos sininhos quando ele entrar no santuário diante do Senhor e quando sair; e isso para que não morra.
36 ``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
36 — Faça também uma lâmina de ouro puro e grave nela à maneira de gravuras de sinetes as seguintes palavras: “Santidade ao Senhor ”.
37 နဖူးအထက်ခေါင်းပေါင်းပေါ်တွင်ထိုရွှေ ပြားကိုကြိုးပြာဖြင့်ချည်ထားရမည်။-
37 Amarre essa lâmina com um cordão de pano azul, de maneira que esteja na mitra; bem na frente da mitra estará.
38 ဣသရေလအမျိုးသားတို့သည်ငါထာဝရ ဘုရားအား ပူဇော်သကာဆက်သရာ၌မှား ယွင်းချွတ်ချော်မှုရှိသော်လည်း၊ ထိုပူဇော် သကာကိုငါလက်ခံနိုင်ရန်အာရုန်သည်ရွှေ ပြားကိုနဖူးပေါ်တွင်တပ်ဆင်ထားရမည်။
38 E estará sobre a testa de Arão, para que Arão leve a iniquidade concernente às coisas santas que os filhos de Israel consagrarem em todas as ofertas de suas coisas santas. Essa lâmina sempre estará sobre a testa de Arão, para que eles sejam aceitos diante do Senhor .
39 ``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
39 — Você tecerá a túnica de linho fino e fará uma mitra de linho fino e um cinto de obra de bordador.
40 ``အာရုန်၏သားများဝတ်ဆင်ရန်ထည်ဝါခန့် ညားသောအင်္ကျီ၊ ခါးပန်းနှင့်ဦးထုပ်ရှည်များ ကိုချုပ်ပေးရမည်။-
40 — Para os filhos de Arão você fará túnicas, cintos e turbantes, para que lhes deem glória e beleza.
41 ထိုအဝတ်အင်္ကျီများကိုသင်၏အစ်ကိုအာရုန် နှင့် သူ၏သားတို့အားဝတ်ဆင်ပေးလော့။ ထိုနောက် သူတို့သည်ငါ၏အမှုတော်ကိုထမ်းဆောင်နိုင် ရန် ယဇ်ပုရောဟိတ်များအဖြစ်သင်သည်သူတို့ အားသံလွင်ဆီဖြင့်ဘိသိက်ပေးလော့။-
41 Com essas roupas vista o seu irmão Arão, bem como os filhos dele; unja, consagre e santifique-os, para que me sirvam como sacerdotes.
42 သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
42 Faça também calções de linho para eles, para cobrirem a pele nua; irão da cintura às coxas.
43 အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။
43 Esses calções estarão sobre Arão e sobre seus filhos, quando entrarem na tenda do encontro ou quando se aproximarem do altar para ministrar no santuário, para que não incorram em iniquidade e morram. Isto será estatuto perpétuo para ele e para sua posteridade depois dele.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.