Êxodo 28

Common Language Bible (MYA) vs BKJ

Sair da comparação
1 ``သင်​၏​အစ်​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​ဖြစ် သော​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣသ​မာ​တို့ အ​ထဲ​က​ရွေး​ထုတ်​လော့။-
1 E toma para ti Arão, teu irmão, e seus filhos com ele, dentre os filhos de Israel, para que eles ministrem a mim no ofício sacerdotal: Arão, Nadabe e Abiú, Eleazar e Itamar, filhos de Arão.
2 သင့်​အစ်​ကို​အာ​ရုန်​အ​တွက်​ခန့်​ညား​ထည်​ဝါ သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချုပ်​လုပ်​ပေး ရ​မည်။-
2 E tu farás vestes santas para Arão, teu irmão, para glória e esplendor.
3 အာ​ရုန်​သည်​ငါ့​ထံ​၌​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဆက်​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​စေ​ရန်၊ ငါ​ကျွမ်း​ကျင်​မှု​ပ​ညာ​ပေး​ထား​သူ​တို့​ကို​ဆင့် ခေါ်​၍​သူ့​အ​တွက်​ဝတ်​စုံ​ကို​ချုပ်​စေ​ရ​မည်။-
3 E falarás a todos que são sábios de coração, a quem eu enchi com o espírito de sabedoria, que façam as vestes de Arão para consagrá-lo, para que ele ministre a mim no ofício sacerdotal.
4 ထို​သူ​တို့​ချုပ်​လုပ်​ရ​မည့်​အ​ထည်​ဝတ်​စုံ​တို့ သည်​ကား ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​ရုံ၊ ပန်း​ဖောက်​ထား သော​အင်္ကျီ၊ ခေါင်း​ပေါင်း၊ ခါး​ပန်း​တို့​ဖြစ်​သည်။ ထို အ​ဝတ်​တန်​ဆာ​တို့​သည်​သင်​၏​အစ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​သည်၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ် ငါ​၏​အ​မှု​ကို​ထမ်း​ဆောင်​ရာ​၌​ဝတ် ဆင်​ရ​မည့်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သည်။-
4 E estas são as vestes que farão: um peitoral, e um éfode, e um manto, e uma túnica bordada, uma mitra e um cinto; farão vestes sagradas para Arão, teu irmão, e seus filhos, para que eles ministrem a mim no ofício sacerdotal.
5 အ​တတ်​ပ​ညာ​ရှင်​တို့​သည်​ချုပ်​လုပ်​ရာ​၌ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ရွှေ​ချည်၊ ပိတ်​ချော၊ တို့​ကို​အ​သုံး​ပြု​ရ​မည်။
5 E tomarão ouro, e azul, e púrpura, e escarlate, e linho fino.
6 ``သင်​တိုင်း​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး၊ ရွှေ​ချည်၊ ပိတ်​ချော​တို့​နှင့်​ချုပ် ၍​ပန်း​ဖော်​ထား​ရ​မည်။-
6 E farão o éfode de ouro, de azul, e de púrpura, de escarlate, e linho fino torcido, de trabalho esmerado.
7 သင်​တိုင်း​နှစ်​စွန်း​ကို​ဆက်​စပ်​ရန်​ပ​ခုံး​သိုင်း ကြိုး​နှစ်​ပင်​ရှိ​ရ​မည်။-
7 Terá duas ombreiras unidas às suas duas pontas; e assim se unirá.
8 ရင်​စည်း​ကို​လည်း​အ​လား​တူ​ပစ္စည်း​တို့​ဖြင့်​ချုပ် လုပ်​၍ သင်​တိုင်း​နှင့်​တစ်​ဆက်​တည်း​ဖြစ်​စေ​ရ​မည်။-
8 E o cinto trançado do éfode, que está nele, será do mesmo, de acordo com a sua obra, de ouro, de azul, e púrpura, e escarlate, e linho fino torcido.
9 မ​ဟူ​ရာ​ကျောက်​နှစ်​လုံး​ကို​ယူ​၍၊ ၎င်း​တို့​အ​ပေါ် တွင် ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏ နာ​မည်​များ​ကို​ထွင်း​ရ​မည်။-
9 E tomarás duas pedras de ônix, e gravarás nelas os nomes dos filhos de Israel;
10 တစ်​လုံး​ပေါ်​တွင်​သား​ခြောက်​ယောက်​၏​နာ​မည် များ​ကို​ကြီး​စဉ်​ငယ်​လိုက်​ထွင်း​၍၊ အ​ခြား ကျောက်​တစ်​လုံး​ပေါ်​တွင် ကျန်​သော​သား​ခြောက် ယောက်​၏​နာ​မည်​ကို​ထွင်း​ရ​မည်။-
10 seis dos seus nomes em uma pedra, e os outros seis nomes do restante na outra pedra, de acordo com seu nascimento.
11 ပန်း​ထိမ်​ပ​ညာ​သည်​၏​လက်​စွမ်း​ဖြင့်​ကျောက်​နှစ် လုံး​ပေါ်​တွင် ယာ​ကုပ်​သား​တို့​၏​နာ​မည်​များ​ကို ထွင်း​၍၊ ထို​ကျောက်​များ​ကို​ရွှေ​ပန်း​ထည်​၌​ထည့် ထား​ရ​မည်။-
11 Como obra de escultor, como as gravuras de um selo, gravarás as duas pedras com os nomes dos filhos de Israel; as farás engastadas no ouro.
12 ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-
12 E colocarás as duas pedras nas ombreiras do éfode, por pedras de memorial para os filhos de Israel; e Arão levará seus nomes diante do SENHOR sobre os seus dois ombros por memorial.
13 ရွှေ​ပန်း​ထည်​နှစ်​ခု​ကို​ပြု​လုပ်​၍၊-
13 E farás engastes de ouro,
14 ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ပန်း​ထည်​များ​တွင် တပ်​ထား​ရ​မည်။
14 e duas correntes pequenas de ouro puro, tu farás o trabalho trançado, e prenderás as correntes aos engastes.
15 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​မည်​သို့​ရှိ​သည် ကို​သိ​နိုင်​ရန် အ​သုံး​ပြု​သည့်​ရင်​ဖုံး​ကို​ယဇ် ပု​ရော​ဟိတ်​မင်း​အ​တွက်​ချုပ်​လုပ်​လော့။ ရင်​ဖုံး ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း​များ​နှင့်​ချုပ်​လုပ် ၍​အ​လား​တူ​ပန်း​ဖော်​ထား​ရ​မည်။-
15 E farás o peitoral do juízo do trabalho esmerado; segundo a obra do éfode o farás; de ouro, de azul, e de púrpura, e de escarlate, e de linho fino torcido o farás.
16 ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား​အ​နံ ကိုး​လက်​မ​စီ​စ​တု​ရန်း​ဖြစ်​ရ​မည်။-
16 Será quadrado sendo dobrado; um palmo será o seu comprimento, e de um palmo será a sua largura.
17 ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက်​လေး​တန်း​တပ် ဆင်​ထား​ရ​မည်။ ပ​ထ​မ​အ​တန်း​တွင်​ပတ္တ​မြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-
17 E colocarás nele engastes de pedras, a saber, quatro fileiras de pedras: a primeira fileira será de um sárdio, de um topázio e de um carbúnculo; esta será a primeira fileira.
18 ဒု​တိ​ယ​အ​တန်း​တွင် မြ၊ နီ​လာ၊ စိန်၊-
18 E a segunda fileira será de uma esmeralda, de uma safira e de um diamante.
19 တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊-
19 E a terceira fileira será de um jacinto, de uma ágata e de uma ametista.
20 စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​တို့ ကို​ရွှေ​ပန်း​ထည်​များ​၌​ထည့်​သွင်း​ထား​ရ​မည်။-
20 E a quarta fileira será de berilo, de um ônix e de um jaspe; serão engastadas em ouro nos seus engastes.
21 ဣ​သ​ရေ​လ​တစ်​ဆယ်​နှစ်​မျိုး​ကို​ရည်​ဆောင်​၍ ကျောက်​မျက်​တစ်​ဆယ်​နှစ်​လုံး​တွင်​တစ်​လုံး​စီ ၌ ယာ​ကုပ်​၏​သား​တစ်​ယောက်​စီ​၏​နာ​မည်​ကို ထွင်း​ထား​ရ​မည်။-
21 E as pedras terão os nomes dos filhos de Israel, doze, de acordo com os seus nomes, esculpidos como os selos, cada um com seu nome, conforme as doze tribos.
22 ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ်​များ​ကို​ပြု​လုပ်​လော့။-
22 E farás sobre o peitoral pequenas correntes de obra de trança de ouro puro.
23 ရင်​ဖုံး​အ​ထက်​ထောင့်​စွန်း​များ​တွင်​ချိတ်​တပ် ဆင်​ရန် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​ရ​မည်။-
23 E farás sobre o peitoral dois anéis de ouro, e colocarás os dois anéis nas extremidades do peitoral.
24 ရွှေ​ကြိုး​အ​စ​နှစ်​စ​ကို​ကွင်း​နှစ်​ကွင်း​တွင်​တပ် ထား​ရ​မည်။-
24 E colocarás as duas correntes trançadas de ouro nos dois anéis que estão nas extremidades do peitoral.
25 အ​ခြား​ရွှေ​ကြိုး​နှစ်​စ​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု​တွင် တပ်​ဆင်​သ​ဖြင့် ရင်​ဖုံး​ကို​သင်​တိုင်း​ပ​ခုံး​သိုင်း ကြိုး​များ​နှင့်​ဆက်​လျက်​ရှိ​စေ​မည်။-
25 E as outras duas extremidades das duas correntes de trançadas prenderás nos dois engastes, e as colocarás nas ombreiras do éfode diante dele.
26 ထို​နောက်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​၍ သင် တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက်​ထောင့် အ​တွင်း​နား​တွင်​တပ်​ဆင်​ထား​ရ​မည်။-
26 E farás dois anéis de ouro, e os colocarás sobre as duas extremidades do peitoral, na sua borda, que está no lado do éfode por dentro.
27 ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု​လုပ်​၍၊ လှ​ပ​စွာ ရက်​ထား​သော​ရင်​စည်း​အ​ထက်၊ သင်​တိုင်း​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ဆင်​ထား​ရ​မည်။-
27 E outros dois anéis de ouro farás e os colocarás nos dois lados do éfode, para baixo, na parte dianteira, perto da sua outra juntura, sobre o cinto trançado do éfode.
28 ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင်​တိုင်း​မှ​ကွင်း​များ နှင့်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​သ​ဖြင့်၊ ရင်​ဖုံး​သည် လျှော​မ​ကျ​ဘဲ​ရင်​စည်း​အ​ထက်​တွင်​တည်​မြဲ နေ​မည်။
28 E ligarão o peitoral pelos seus anéis aos anéis do éfode com um laço de azul, para que esteja acima do cinto trançado do éfode, e para que o peitoral não se separe do éfode.
29 ``အာ​ရုန်​သည်​သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​သော အ​ခါ ရင်​ဖုံး​ကို​ဝတ်​ဆင်​ရ​မည်။ ရင်​ဖုံး​ပေါ် တွင်​ဣ​သ​ရေ​လ​အ​မျိုး​များ​၏​နာ​မည်​များ ပါ​ရှိ​သ​ဖြင့်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ ၏​လူ​မျိုး​တော်​ကို​အ​စဉ်​သ​တိ​ရ​လိမ့်​မည်။-
29 E Arão levará os nomes dos filhos de Israel no peitoral do juízo sobre o seu coração, quando ele entrar no lugar santo, para um memorial diante do SENHOR continuamente.
30 အာ​ရုန်​သည်​ငါ​၏​ရှေ့​တော်​သို့​ဝင်​သော​အ​ခါ ဥ​ရိမ်​နှင့်​သု​မိမ်​ ပါ​ဆောင်​လျက်​ဝင်​နိုင်​စေ​ရန်၊ သူ​၏​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ်​ကို​ထည့်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​လို​တော် မည်​သို့​ရှိ​သည်​ကို သိ​နိုင်​ရန်​အာ​ရုန်​သည်​ငါ ၏​ရှေ့​တော်​သို့​ဝင်​လာ​သော​အ​ခါ​တိုင်း​ဤ ရင်​ဖုံး​ကို​ဝတ်​ဆင်​ထား​ရ​မည်။
30 E colocarás no peitoral do juízo o Urim e o Tumim, e eles estarão sobre o coração de Arão quando ele entrar diante do SENHOR; e Arão levará o juízo dos filhos de Israel sobre o seu coração diante do SENHOR continuamente.
31 ``သင်​တိုင်း​ပေါ်​တွင်​ဝတ်​ရ​သော​ဝတ်​ရုံ​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ချုပ်​လုပ်​ရ​မည်။-
31 E farás o manto do éfode todo de azul.
32 ဦး​ခေါင်း​စွပ်​ရန်​လည်​ပေါက်​ရှိ​စေ​ရ​မည်။ ထို လည်​ပေါက်​မ​စုတ်​ပြဲ​စေ​ရန်​ပတ်​လည်​နား​ကို ရက်​ထည်​ဖြင့်​ကွပ်​ထား​ရ​မည်။-
32 E haverá uma abertura no topo dele, no seu meio; na sua abertura terá uma borda de obra tecida ao redor, como abertura de cota de malha, para que não se rompa.
33 — ausente —
33 E debaixo da sua borda farás romãs de azul, e de púrpura e de escarlate, em volta da sua borda, e sinos de ouro ao seu redor;
34 — ausente —
34 um sino de ouro e uma romã, um sino de ouro e uma romã, sobre a borda do manto ao seu redor.
35 အာ​ရုန်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ရ​သည့်​အ​ခါ​၌ ဤ​ဝတ်​ရုံ​ကို​ဝတ် ဆင်​ရ​မည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​အ​တွင်း ငါ​၏​ရှေ့​တော်​သို့​ဝင်​သည့်​အ​ခါ​ဖြစ်​စေ၊ ထို နေ​ရာ​မှ​ထွက်​လာ​သည့်​အ​ခါ​၌​ဖြစ်​စေ ဆည်း​လည်း​သံ​များ​ကို​ကြား​ရ​မည်​ဖြစ် သ​ဖြင့်​သူ​သည်​သေ​ဘေး​မှ​လွတ်​လိမ့်​မည်။
35 E isto estará sobre Arão para ministrar, e seu som será ouvido quando ele entrar no lugar santo diante do SENHOR, e quando sair, para que não morra.
36 ``ရွှေ​ပြား​တစ်​ချပ်​ကို​ပြု​လုပ်​ပြီး​လျှင် `ထာ ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟူ​၍ ကမ္ပည်း​ထိုး​ထား​လော့။-
36 E farás uma lâmina de ouro puro, e nela gravarás, como gravuras de selos: Santidade ao SENHOR.
37 န​ဖူး​အ​ထက်​ခေါင်း​ပေါင်း​ပေါ်​တွင်​ထို​ရွှေ ပြား​ကို​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ရ​မည်။-
37 E a colocarás sobre um cordão azul, para que esteja sobre a mitra; estará sobre a frente da mitra.
38 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ရာ​၌​မှား ယွင်း​ချွတ်​ချော်​မှု​ရှိ​သော်​လည်း၊ ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​နိုင်​ရန်​အာ​ရုန်​သည်​ရွှေ ပြား​ကို​န​ဖူး​ပေါ်​တွင်​တပ်​ဆင်​ထား​ရ​မည်။
38 E estará sobre a testa de Arão, para que Arão carregue a iniquidade das coisas sagradas, que os filhos de Israel santificarem em todas as suas ofertas santas; e sempre estará sobre a sua testa, para que sejam aceitos perante o SENHOR.
39 ``အင်္ကျီ​နှင့်​ခေါင်း​ပေါင်း​ကို​ပိတ်​ချော​ဖြင့် ရက်​လုပ်​၍ ခါး​ပန်း​ကို​ပန်း​ထိုး​ထား​ရ​မည်။
39 E bordarás a túnica de linho fino, e farás a mitra de linho fino, e farás o cinto de obra de bordador.
40 ``အာ​ရုန်​၏​သား​များ​ဝတ်​ဆင်​ရန်​ထည်​ဝါ​ခန့် ညား​သော​အင်္ကျီ၊ ခါး​ပန်း​နှင့်​ဦး​ထုပ်​ရှည်​များ ကို​ချုပ်​ပေး​ရ​မည်။-
40 E para os filhos de Arão farás túnicas, e farás para eles cintos, e tiaras lhes farás, para glória e formosura.
41 ထို​အ​ဝတ်​အင်္ကျီ​များ​ကို​သင်​၏​အစ်​ကို​အာ​ရုန် နှင့် သူ​၏​သား​တို့​အား​ဝတ်​ဆင်​ပေး​လော့။ ထို​နောက် သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင် ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သင်​သည်​သူ​တို့ အား​သံ​လွင်​ဆီ​ဖြင့်​ဘိ​သိက်​ပေး​လော့။-
41 E os colocarás sobre Arão, teu irmão, e seus filhos com ele, e os ungirás, e os consagrarás, e os santificarás, para que ministrem a mim no ofício sacerdotal.
42 သူ​တို့​၏​အ​ရှက်​လုံ​ရန်​ခါး​မှ​ပေါင်​အ​ထိ​ရှည် သော​အ​တွင်း​ခံ​ဘောင်း​ဘီ​တို​များ​ချုပ်​ပေး ရ​မည်။-
42 E lhes farás calções de linho para cobrir sua nudez; estender-se-ão dos lombos até as coxas.
43 အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ငါ​စံ​တော်​မူ ရာ​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရန်​ပလ္လင်​နား​သို့​ချဉ်း​ကပ်​သည့်​အ​ခါ​၌ ဖြစ်​စေ၊ အ​ရှက်​ပေါ်​၍​အ​သက်​မ​သေ​စေ​အံ့ ငှာ​ထို​ဘောင်း​ဘီ​တို​များ​ကို​ဝတ်​ဆင်​ရ​မည်။ ဤ​ပ​ညတ်​ကို​အာ​ရုန်​နှင့်​သူ​၏​အ​ဆက် အ​နွယ်​တို့​အ​မြဲ​စောင့်​ထိန်း​ရ​မည်။
43 E estarão sobre Arão e sobre seus filhos, quando eles entrarem no tabernáculo da congregação, ou quando se aproximarem do altar para ministrar no lugar santo, para que não carreguem iniquidade e morram; isto será um estatuto para sempre para ele e sua semente depois dele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.