Êxodo 16
Common Language Bible (MYA) vs VC
1 ဣသရေလအမျိုးသားအပေါင်းတို့သည် ဧလိမ်အရပ်မှထွက်ခွာခဲ့ကြသည်။ အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယလတစ် ဆယ်ငါးရက်နေ့တွင် ဧလိမ်အရပ်နှင့်သိနာ တောင်စပ်ကြားရှိသိန်ဟုခေါ်သောတော ကန္တာရသို့ရောက်ရှိကြ၏။-
1 Toda a assembléia dos israelitas partiu de Elim e foi para o deserto de Sin, situado entre Elim e o Sinai. Era o décimo quinto dia do segundo mês após sua saída do Egito.
2 ထိုတောကန္တာရ၌ထိုသူတို့ကမောရှေနှင့် အာရုန်တို့အား၊-
2 Toda a assembléia dos israelitas pôs-se a murmurar contra Moisés e Aarão no deserto.
3 ``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
3 Disseram-lhes: "Oxalá tivéssemos sido mortos pela mão do Senhor no Egito, quando nos assentávamos diante das panelas de carne e tínhamos pão em abundância! Vós nos conduzistes a este deserto, para matardes de fome toda esta multidão."
4 ထိုအခါထာဝရဘုရားက မောရှေ အား``ငါသည်သင်တို့အားလုံးအတွက်မိုး ကောင်းကင်မှမုန့်ကိုချပေးမည်။ သူတို့သည် နေ့စဉ်ထွက်၍တစ်နေ့စာအတွက်မုန့်ကိုစု သိမ်းရကြမည်။ ဤနည်းအားဖြင့်သူတို့ သည် ငါ၏မိန့်မှာချက်အတိုင်းလိုက်နာ သည်၊ မလိုက်နာသည်ကိုငါသိရမည်။-
4 O Senhor disse a Moisés: "Vou fazer chover pão do alto do céu. Sairá o povo e colherá diariamente a porção de cada dia. Pô-lo-ei desse modo à prova, para ver se andará ou não segundo minhas ordens.
5 ဆဋ္ဌမနေ့တွင်သူတို့သည်ခါတိုင်းနေ့ ထက်မုန့်နှစ်ဆကိုစုသိမ်းထားစေရမည်'' ဟုမိန့်တော်မူ၏။
5 No sexto dia, quando prepararem o que tiverem ajuntado haverá o dobro do que recolhem cada dia."
6 ထိုကြောင့်မောရှေနှင့်အာရုန်တို့က ဣသရေလ အမျိုးသားအပေါင်းတို့အား``သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအရှင်သည် ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသင်တို့ယနေ့ ညနေတွင်သိရလိမ့်မည်။-
6 Moisés e Aarão disseram a todos os israelitas: "Esta tarde, sabereis que foi o Senhor quem vos tirou do Egito,
7 နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
7 e amanhã pela manhã vereis a sua glória, porque ele ouviu as vossas murmurações contra ele. Nós, porém, quem somos nós para que murmureis contra nós?"
8 တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။
8 Moisés disse: "Isso acontecerá quando o Senhor vos der, esta tarde, carne para comerdes e, amanhã pela manhã, pão em abundância, porque ele ouviu as murmurações que proferistes contra ele. Nós, porém, quem somos? Não é contra nós que murmurastes, mas contra o Senhor."
9 မောရှေကအာရုန်အား``ဣသရေလအမျိုး သားတို့ကို ထာဝရဘုရား၏ရှေ့တော်သို့ လာရောက်ကြရန်ဆင့်ဆိုလော့။ ကိုယ်တော် သည်သူတို့၏အပြစ်တင်ညည်းညူသံ ကိုကြားရပြီ'' ဟုဆိုလေ၏။-
9 Moisés disse a Aarão: "Dize a toda a assembléia dos israelitas: apresentai-vos diante do Senhor, porque ele ouviu vossas murmurações".
10 အာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။-
10 Enquanto Aarão falava a toda a assembléia dos israelitas, olharam para o deserto e eis que apareceu na nuvem a glória do Senhor!
11 ထာဝရဘုရားကမောရှေအား၊-
11 E o Senhor disse a Moisés:
12 ``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
12 "Ouvi as murmurações dos israelitas. Dize-lhes: esta tarde, antes que escureça, comereis carne e, amanhã de manhã, vos fartareis de pão; e sabereis que sou o Senhor, vosso Deus".
13 ထိုနေ့ညနေတွင်စခန်းတစ်ခုလုံးနေရာ အနှံ့အပြား၌ ငုံးငှက်များဆင်းသက်လာ ၏။ နံနက်တွင်စခန်းပတ်လည်၌နှင်းကျ လေ၏။-
13 À tarde, com efeito, subiram codornizes {do horizonte} e cobriram o acampamento; e, no dia seguinte pela manhã, havia uma camada de orvalho em torno de todo o acampamento.
14 နှင်းကွဲသောအခါတောကန္တာရ၏မြေပေါ် တွင် ပါးလွှာသောအချပ်ကလေးများကျန် ရစ်ခဲ့၏။ ထိုအချပ်ကလေးများသည်ဆီး နှင်းပေါက်ကဲ့သို့နူးညံ့၏။-
14 E, tendo evaporado esse orvalho, eis que sobre a superfície do deserto estava uma coisa miúda, granulosa, miúda como a geada sobre a terra!
15 ဣသရေလအမျိုးသားတို့သည်အချပ် ကလေးများကိုမြင်လျှင် မည်သည့်အရာ ဖြစ်ကြောင်းမသိသဖြင့်``ဤအရာဘာ လဲ'' ဟူ၍အချင်းချင်းမေးမြန်းကြ၏။
15 Vendo isso, disseram os filhos de Israel uns aos outros: "Que é isso?", pois não sabiam o que era. Moisés disse-lhes: "Este é o pão que o Senhor vos manda para comer.
16 လူတိုင်းမိမိလိုသမျှကိုစုသိမ်းရမည်။ လူ တစ်ဦးစီက မိမိအိမ်၌ရှိသမျှသောသူ အားလုံးတို့အတွက် တစ်ယောက်လျှင်တစ်ပြည် ကျစုသိမ်းရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်တော်မူသည်'' ဟုဆိုလေ၏။
16 Eis o que vos ordena o Senhor: ajunte cada um o quanto lhe for necessário para comer; para aqueles que estão em sua tenda, um gomor por cabeça, segundo o número das pessoas."
17 ဣသရေလအမျိုးသားတို့သည် အမိန့် တော်အတိုင်းစုသိမ်းကြရာ၌အချို့တို့ ကပို၍လည်းကောင်း၊ အချို့တို့ကလျော့ ၍လည်းကောင်းစုသိမ်းကြ၏။-
17 Assim fizeram os israelitas: ajuntaram uns mais, outros menos.
18 သို့ရာတွင်တောင်းနှင့်ခြင်ကြည့်သောအခါ ပို ၍စုသိမ်းသူကများများမပို၊ လျော့၍စု သိမ်းသူလည်းများများမလျော့ဘဲရရှိ ကြ၏။ အသီးသီးမိမိလိုသမျှစုသိမ်း ရရှိလေ၏။-
18 Mas, quando se media com o gomor, aconteceu que o que tinha ajuntado muito não tinha demais e, ao que tinha ajuntado pouco, não lhe faltava: cada um havia recolhido segundo a sua necessidade.
19 မောရှေကသူတို့အား``မည်သူမျှနက်ဖြန် နေ့အတွက်ချန်မထားရ'' ဟုမှာကြား၏။-
19 Moisés disse-lhes: "Ninguém reserve dele para o dia seguinte."
20 သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
20 Alguns não o ouviram e guardaram dele até pela manhã; mas criou vermes e cheirou mal. Moisés irritou-se contra eles.
21 နံနက်တိုင်းသူတို့သည်မိမိတို့တစ်ဦးစီလို သမျှမုန့်ကိုစုသိမ်းကြ၏။ နေပူလာသော အခါမြေပြင်ပေါ်တွင်ကျန်ရှိသောမုန့်တို့ သည်အရည်ပျော်ကုန်၏။
21 Todas as manhãs fizeram a sua provisão, cada um segundo suas necessidades. E, quando vinha o calor do sol, derretia-se.
22 ဆဋ္ဌမနေ့တွင်သူတို့သည်တစ်ဦးလျှင် နှစ် ပြည်ကျဖြင့်ရိက္ခာနှစ်ဆစုသိမ်းရကြသည်။ ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် အားလုံးတို့က ထိုအကြောင်းကိုမောရှေ အားပြောပြကြသောအခါ၊-
22 No sexto dia, recolheram uma dupla quantidade de alimento, dois gomores para cada um. Vieram todos os chefes da assembléia e contaram-no a Moisés.
23 မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
23 Este lhes disse: "É isso o que o Senhor ordenou. Amanhã é um dia de repouso, o sábado consagrado ao Senhor. Por isso, o que tendes a cozer no forno, cozei-o, e o que tendes a cozer em água, cozei-o; e o que sobrar, ponde-o de lado até pela manhã."
24 သူတို့သည်မောရှေမှာကြားသည့်အတိုင်း စားစရာကို နက်ဖြန်နေ့အထိချန်ထား ရာပိုးမကျ၊ မပုပ်သိုးဘဲရှိလေ၏။-
24 Guardaram-no até o dia seguinte, segundo a ordem de Moisés; e não cheirou mal, nem se acharam vermes nele.
25 မောရှေက``ယနေ့သည်သင်တို့အလုပ်မှရပ် နားရာနေ့၊ ထာဝရဘုရားအတွက်ဆက်ကပ် သောဥပုသ်နေ့ဖြစ်သဖြင့် ယမန်နေ့ကချန် ထားသောစားစရာကိုစားကြလော့။ စခန်း အပြင်ဘက်၌စားစရာရှာတွေ့နိုင်မည် မဟုတ်။-
25 "Comei-o hoje, disse Moisés, porque é o dia do sábado do Senhor; hoje não o achareis no campo.
26 ထို့ကြောင့်သင်တို့သည်ခြောက်ရက်ပတ်လုံး မုန့်ကိုစုသိမ်းရမည်။ နားရက်ဖြစ်သောသတ္တမ နေ့တွင်စားစရာရရှိနိုင်မည်မဟုတ်'' ဟု ဆိုလေ၏။
26 Durante seis dias o ajuntareis; mas o sétimo é o sábado: nele não haverá.
27 သတ္တမနေ့တွင်အချို့သောသူတို့သည် မုန့် ထွက်ရှာကြသော်လည်းမတွေ့ရချေ။-
27 {No sétimo dia alguns saíram para fazer sua provisão, mas nada encontraram.
28 ထိုအခါထာဝရဘုရားကမောရှေအား``သင် တို့သည် ငါ၏ပညတ်များကိုမည်မျှလောက် ကြာအောင်မလိုက်နာဘဲနေကြမည်နည်း။-
28 Então o Senhor disse a Moisés: 'Até quando vos recusareis a observar meus mandamentos e minhas leis?'}
29 ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။-
29 Considerai que, se o Senhor vos deu o sábado, vos dá ele no sexto dia alimento para dois dias. Fique cada um onde está, e ninguém saia de sua habitação no sétimo dia".
30 ထိုကြောင့်လူတို့သည်သတ္တမနေ့တွင်အလုပ်မှ ရပ်နားကြ၏။
30 Assim o povo repousou no sétimo dia.
31 ဣသရေလအမျိုးသားတို့က ထိုစားစရာ ကိုမန္နမုန့်ဟူ၍နာမည်မှည့်ခေါ်ကြ၏။ ထို မုန့်သည်နံနံစေ့နှင့်တူ၏။ အရောင်ဖြူ၍ ပျားရည်နှင့်လုပ်သောမုန့်ချပ်ကဲ့သို့အရ သာရှိ၏။-
31 Os israelitas deram a esse alimento o nome de maná. Assemelhava-se à semente de coentro: era branco e tinha o sabor de uma torta de mel.
32 မောရှေက``ထာဝရဘုရားသည်ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရာ၌ တောကန္တာရ တွင်ငါတို့အားကျွေးမွေးတော်မူသောမန္န မုန့်ကို ငါတို့၏နောင်လာနောက်သားများ တွေ့မြင်နိုင်စေရန် မန္နမုန့်အနည်းငယ်ကို သိမ်းဆည်းထားရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်မှာတော်မူသည်'' ဟုဆိုလေ၏။-
32 Moisés disse: "Eis o que ordena o Senhor: que se encha dele um gomor para ser conservado para vossas gerações futuras, a fim de que vejam o pão com que vos sustentei no deserto, depois de vos ter tirado do Egito".
33 ထိုနောက်မောရှေကအာရုန်ကို``မန္နမုန့်တစ် ပြည်ကိုအိုးတစ်လုံးတွင်ထည့်၍ ငါတို့ ၏နောင်လာနောက်သားများအတွက် ထာဝရဘုရား၏ရှေ့တော်၌ထားလော့'' ဟုဆို၏။-
33 E Moisés disse a Aarão: "Toma uma vasilha e põe nela a quantia de um gomor de maná, e deposita-o diante do Senhor, a fim de conservá-lo para vossos descendentes".
34 ထာဝရဘုရားကမောရှေကို မိန့်ကြားသည့် အတိုင်း အာရုန်သည်ထိုအိုးကိုသိမ်းဆည်း ထားရန်အတွက်ပဋိညာဉ်သေတ္တာရှေ့တွင် ချထားလေ၏။-
34 Aarão, segundo a ordem do Senhor a Moisés, depositou-o diante do Testemunho para ser conservado.
35 ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။-
35 Os israelitas comeram o maná durante quarenta anos, até a sua chegada a uma terra habitada. Comeram o maná até que chegaram aos confins da terra de Canaã.
36 (ဣသရေလအမျိုးသားတို့၏ချင်ခွက် ဖြစ်သောတစ်သြမဲမှာပြည်ဝက်ခန့် ဖြစ်၏။)
36 {O gomor é a décima parte do efá.}
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.