Êxodo 16

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဧ​လိမ်​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​သည်။ အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​လ​တစ် ဆယ်​ငါး​ရက်​နေ့​တွင် ဧ​လိမ်​အ​ရပ်​နှင့်​သိ​နာ တောင်​စပ်​ကြား​ရှိ​သိန်​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ရောက်​ရှိ​ကြ​၏။-
1 O povo de Israel saiu de Elim e foi para o deserto de Sim, que fica entre Elim e o monte Sinai. Chegaram ali no dia quinze do segundo mês depois da sua saída do Egito.
2 ထို​တော​ကန္တာ​ရ​၌​ထို​သူ​တို့​က​မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-
2 Ali, no deserto, todos eles começaram a reclamar contra Moisés e Arão,
3 ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို အီ​ဂျစ်​ပြည်​၌ သေ​စေ​ခဲ့​လျှင်​သာ​၍​ကောင်း မည်။ ထို​ပြည်​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​မဲ ဟင်း​နှင့်​မုန့်​ကို​ဝ​အောင်​စား​ရ​ကြ​၏။ ယ​ခု မှာ​မူ​အ​ကျွန်ုပ်​တို့​အား​လုံး​အ​စာ​ငတ်​၍ သေ​စေ​ခြင်း​ငှာ၊ ဤ​တော​ကန္တာ​ရ​သို့​ပို့​ဆောင် ခဲ့​ပါ​သည်​တ​ကား'' ဟု​ညည်း​ညူ​အ​ပြစ် တင်​ကြ​၏။
3 dizendo assim: — Teria sido melhor que o
4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။-
4 O Senhor Deus disse a Moisés: — Agora eu vou fazer chover do céu pão para vocês. E o povo deverá sair, e cada um deverá juntar uma porção que dê para um dia. Assim eu os porei à prova para saber se eles vão obedecer às minhas ordens.
5 ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​ခါ​တိုင်း​နေ့ ထက်​မုန့်​နှစ်​ဆ​ကို​စု​သိမ်း​ထား​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
5 No sexto dia deverão juntar e preparar o dobro do que costumam juntar nos outros dias.
6 ထို​ကြောင့်​မော​ရှေ​နှင့်​အာ​ရုန်​တို့​က ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား``သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ရှင်​သည် ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သင်​တို့​ယ​နေ့ ည​နေ​တွင်​သိ​ရ​လိမ့်​မည်။-
6 Então Moisés e Arão disseram ao povo: — Hoje à tarde vocês ficarão sabendo que foi o
7 နံ​နက်​အ​ချိန်​သို့​ရောက်​လျှင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​တော် ကို​မြင်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​သင် တို့​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပြီ။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ရ​သူ​များ ဖြစ်​သ​ဖြင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သာ​အ​ပြစ်​တင်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ဆို လေ​၏။-
7 Amanhã de manhã vocês verão a glória do Senhor , pois o Senhor ouviu as reclamações de vocês contra ele. Foi contra ele, e não contra nós, que vocês reclamaram; pois, afinal de contas, quem somos nós?
8 တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။
8 E Moisés continuou: — É Deus, o
9 မော​ရှေ​က​အာ​ရုန်​အား``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​သို့ လာ​ရောက်​ကြ​ရန်​ဆင့်​ဆို​လော့။ ကိုယ်​တော် သည်​သူ​တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ ကို​ကြား​ရ​ပြီ'' ဟု​ဆို​လေ​၏။-
9 Aí Moisés disse a Arão: — Diga a todo o povo que venha e fique diante de Deus, o
10 အာ​ရုန်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း​ဆင့်​ဆို နေ​စဉ် သူ​တို့​သည်​တော​ကန္တာ​ရ​ဘက်​သို့​မျှော် ကြည့်​လိုက်​သော​အ​ခါ မိုး​တိမ်​၌​ထာ​ဝ​ရ ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​ရုတ်​တ​ရက်​ပေါ်​လာ​သည်​ကို​ဖူး​မြင် ရ​ကြ​လေ​၏။-
10 Enquanto Arão estava falando a todo o povo, eles olharam para o deserto, e, de repente, a glória do Senhor apareceu numa nuvem.
11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
11 E o Senhor disse a Moisés:
12 ``ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​အ​ပြစ်​တင်​သံ​ကို​ကြား​ရ​ပြီ။ သူ တို့​သည်​ည​ဦး​ယံ​၌​အ​သား​ကို​စား​ရ​ကြ မည်။ နံ​နက်​တွင်​မုန့်​ကို​လို​သ​မျှ​ရ​ကြ​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​သည်​ကို သူ​တို့​သိ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သူ​တို့​အား​ဆင့် ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
12 — Eu tenho ouvido as reclamações dos israelitas. Diga-lhes que hoje à tarde, antes de escurecer, eles comerão carne. E amanhã de manhã comerão pão à vontade. Aí ficarão sabendo que eu, o Senhor , sou o Deus deles.
13 ထို​နေ့​ည​နေ​တွင်​စ​ခန်း​တစ်​ခု​လုံး​နေ​ရာ အ​နှံ့​အ​ပြား​၌ ငုံး​ငှက်​များ​ဆင်း​သက်​လာ ၏။ နံ​နက်​တွင်​စ​ခန်း​ပတ်​လည်​၌​နှင်း​ကျ လေ​၏။-
13 À tarde apareceu um grande bando de codornas; eram tantas, que cobriram o acampamento. E no dia seguinte, de manhã, havia orvalho em volta de todo o acampamento.
14 နှင်း​ကွဲ​သော​အ​ခါ​တော​ကန္တာ​ရ​၏​မြေ​ပေါ် တွင် ပါး​လွှာ​သော​အ​ချပ်​က​လေး​များ​ကျန် ရစ်​ခဲ့​၏။ ထို​အ​ချပ်​က​လေး​များ​သည်​ဆီး နှင်း​ပေါက်​ကဲ့​သို့​နူး​ညံ့​၏။-
14 Quando o orvalho secou, por cima da areia do deserto ficou uma coisa parecida com escamas, fina como a geada no chão.
15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။
15 Os israelitas viram aquilo e não sabiam o que era. Então perguntaram uns aos outros: — O que é isso? Moisés lhes disse: — Isso é o alimento que o
16 လူ​တိုင်း​မိ​မိ​လို​သ​မျှ​ကို​စု​သိမ်း​ရ​မည်။ လူ တစ်​ဦး​စီ​က မိ​မိ​အိမ်​၌​ရှိ​သ​မျှ​သော​သူ အား​လုံး​တို့​အ​တွက် တစ်​ယောက်​လျှင်​တစ်​ပြည် ကျ​စု​သိမ်း​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။
16 Esta é a ordem que ele deu: “Cada um de vocês deverá juntar o que for necessário para comer, de acordo com o número de pessoas que houver na família, dois litros por pessoa.”
17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မိန့် တော်​အ​တိုင်း​စု​သိမ်း​ကြ​ရာ​၌​အ​ချို့​တို့ က​ပို​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လျော့ ၍​လည်း​ကောင်း​စု​သိမ်း​ကြ​၏။-
17 E assim fizeram os israelitas. Uns pegaram mais, e outros, menos.
18 သို့​ရာ​တွင်​တောင်း​နှင့်​ခြင်​ကြည့်​သော​အ​ခါ ပို ၍​စု​သိမ်း​သူ​က​များ​များ​မ​ပို၊ လျော့​၍​စု သိမ်း​သူ​လည်း​များ​များ​မ​လျော့​ဘဲ​ရ​ရှိ ကြ​၏။ အ​သီး​သီး​မိ​မိ​လို​သ​မျှ​စု​သိမ်း ရ​ရှိ​လေ​၏။-
18 Quando mediram, aconteceu que os que haviam pegado muito não tinham demais; e não faltava nada para os que haviam pegado pouco. Cada um havia pegado exatamente o necessário para comer.
19 မော​ရှေ​က​သူ​တို့​အား``မည်​သူ​မျှ​နက်​ဖြန် နေ့​အ​တွက်​ချန်​မ​ထား​ရ'' ဟု​မှာ​ကြား​၏။-
19 Então Moisés lhes disse: — Ninguém deverá guardar nada para o dia seguinte.
20 သို့​သော်​လည်း​အ​ချို့​သော​သူ​တို့​သည်​မော​ရှေ ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ မုန့်​အ​ချို့​ကို နောက်​တစ်​နေ့​အ​ထိ​ချန်​ထား​ကြ​၏။ နောက် တစ်​နေ့​နံ​နက်​တွင်​ထို​မုန့်​၌​ပိုး​ကျ​၍​ပုပ် သိုး​သွား​၏။ သို့​ဖြစ်​၍​မော​ရှေ​သည်​ထို​သူ တို့​အား​အ​မျက်​ထွက်​၏။-
20 Mas alguns não obedeceram à ordem de Moisés e guardaram uma parte daquele alimento. E no dia seguinte o que tinha sido guardado estava cheio de bichos e cheirava mal. Aí Moisés ficou muito irritado com eles.
21 နံ​နက်​တိုင်း​သူ​တို့​သည်​မိ​မိ​တို့​တစ်​ဦး​စီ​လို သ​မျှ​မုန့်​ကို​စု​သိမ်း​ကြ​၏။ နေ​ပူ​လာ​သော အ​ခါ​မြေ​ပြင်​ပေါ်​တွင်​ကျန်​ရှိ​သော​မုန့်​တို့ သည်​အ​ရည်​ပျော်​ကုန်​၏။
21 Todas as manhãs cada um pegava o necessário para comer naquele dia, pois o calor do sol derretia o que ficava no chão.
22 ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​တစ်​ဦး​လျှင် နှစ် ပြည်​ကျ​ဖြင့်​ရိက္ခာ​နှစ်​ဆ​စု​သိမ်း​ရ​ကြ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် အား​လုံး​တို့​က ထို​အ​ကြောင်း​ကို​မော​ရှေ အား​ပြော​ပြ​ကြ​သော​အ​ခါ၊-
22 No sexto dia pegaram o dobro, isto é, quatro litros para cada pessoa. Os líderes do povo foram e contaram a Moisés o que estava acontecendo.
23 မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-
23 E Moisés lhes disse: — Amanhã é dia de descanso, o sábado santo, separado para Deus, o
24 သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း စား​စ​ရာ​ကို နက်​ဖြန်​နေ့​အ​ထိ​ချန်​ထား ရာ​ပိုး​မ​ကျ၊ မ​ပုပ်​သိုး​ဘဲ​ရှိ​လေ​၏။-
24 Conforme a ordem de Moisés, todos guardaram para o dia seguinte o que havia sobrado. E não cheirou mal, nem criou bicho.
25 မော​ရှေ​က``ယ​နေ့​သည်​သင်​တို့​အ​လုပ်​မှ​ရပ် နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ် သော​ဥ​ပုသ်​နေ့​ဖြစ်​သ​ဖြင့် ယ​မန်​နေ့​က​ချန် ထား​သော​စား​စ​ရာ​ကို​စား​ကြ​လော့။ စ​ခန်း အ​ပြင်​ဘက်​၌​စား​စ​ရာ​ရှာ​တွေ့​နိုင်​မည် မ​ဟုတ်။-
25 Moisés disse: — Comam isto hoje, pois é sábado, o dia de descanso separado para Deus, o
26 ထို့​ကြောင့်​သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး မုန့်​ကို​စု​သိမ်း​ရ​မည်။ နား​ရက်​ဖြစ်​သော​သတ္တမ နေ့​တွင်​စား​စ​ရာ​ရ​ရှိ​နိုင်​မည်​မ​ဟုတ်'' ဟု ဆို​လေ​၏။
26 Recolham esse alimento durante seis dias; porém no sétimo dia, que é o dia de descanso, não haverá alimento no chão.
27 သတ္တ​မ​နေ့​တွင်​အ​ချို့​သော​သူ​တို့​သည် မုန့် ထွက်​ရှာ​ကြ​သော်​လည်း​မ​တွေ့​ရ​ချေ။-
27 No sétimo dia algumas pessoas saíram para pegar o alimento, porém não acharam nada.
28 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-
28 Então o Senhor Deus disse a Moisés: — Até quando vocês vão desobedecer às minhas ordens e às minhas
29 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နား​ရက် ကို​ပေး​ပြီ။ သို့​ဖြစ်​၍​ဆ​ဋ္ဌ​မ​နေ့​တွင်​နှစ်​ရက် စာ​မုန့်​ကို​သင်​တို့​အား​ငါ​ပေး​မည်။ သတ္တမ​နေ့ တွင်​လူ​တိုင်း​မိ​မိ​ရှိ​ရာ​အ​ရပ်​၌​နေ​ရ​မည်။ မည်​သူ​မျှ​အိမ်​မှ​မ​ထွက်​ခွာ​ရ'' ဟု​မိန့်​တော် မူ​၏။-
29 Lembrem que eu, o Senhor , dei a vocês um dia de descanso e foi por isso que no sexto dia eu lhes dei alimento para dois dias. No sétimo dia fiquem todos onde estiverem; ninguém deverá sair de casa.
30 ထို​ကြောင့်​လူ​တို့​သည်​သတ္တမ​နေ့​တွင်​အ​လုပ်​မှ ရပ်​နား​ကြ​၏။
30 Assim, o povo não trabalhou no sétimo dia.
31 ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-
31 Os israelitas deram àquele alimento o nome de maná . Ele era parecido com uma sementinha branca e tinha gosto de bolo de mel.
32 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရာ​၌ တော​ကန္တာ​ရ တွင်​ငါ​တို့​အား​ကျွေး​မွေး​တော်​မူ​သော​မန္န မုန့်​ကို ငါ​တို့​၏​နောင်​လာ​နောက်​သား​များ တွေ့​မြင်​နိုင်​စေ​ရန် မန္န​မုန့်​အ​နည်း​ငယ်​ကို သိမ်း​ဆည်း​ထား​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်'' ဟု​ဆို​လေ​၏။-
32 Moisés disse: — O
33 ထို​နောက်​မော​ရှေ​က​အာရုန်​ကို``မန္န​မုန့်​တစ် ပြည်​ကို​အိုး​တစ်​လုံး​တွင်​ထည့်​၍ ငါ​တို့ ၏​နောင်​လာ​နောက်​သား​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ထား​လော့'' ဟု​ဆို​၏။-
33 Então Moisés disse a Arão: — Pegue uma vasilha, ponha nela dois litros de maná e coloque-a na presença de Deus, o
34 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​ကို မိန့်​ကြား​သည့် အ​တိုင်း အာ​ရုန်​သည်​ထို​အိုး​ကို​သိမ်း​ဆည်း ထား​ရန်​အ​တွက်​ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင် ချ​ထား​လေ​၏။-
34 Arão fez como o Senhor havia ordenado a Moisés e colocou a vasilha diante da arca da aliança para que ficasse guardada ali.
35 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ နေ​ထိုင်​မည့်​ပြည်​သို့​ရောက်​သည့်​တိုင်​အောင် မန္န​မုန့်​ကို​နှစ်​ပေါင်း​လေး​ဆယ်​စား​သုံး​ရ ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်​နယ်​စပ် သို့​ရောက်​သည်​အ​ထိ​မန္န​မုန့်​ကို​စား​ရ ကြ​၏။-
35 Durante quarenta anos os israelitas tiveram maná para comer, até que chegaram a uma terra habitada, isto é, até que chegaram à fronteira de Canaã.
36 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ချင်​ခွက် ဖြစ်​သော​တစ်​သြ​မဲ​မှာ​ပြည်​ဝက်​ခန့် ဖြစ်​၏။)
36 A porção de maná para cada pessoa era a décima parte da medida padrão , que tinha vinte litros.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.