Êxodo 11
Common Language Bible (MYA) vs NVI
1 ထာဝရဘုရားက မောရှေအား``ငါသည်အီဂျစ် ဘုရင်နှင့်အီဂျစ်ပြည်သားတို့အားနောက်ဆုံး ဒဏ်ခတ်မည်။ ထိုနောက်သူသည်သင်တို့အား သွားခွင့်ပြုလိမ့်မည်။ စင်စစ်အားဖြင့်သင်တို့ အားလုံးကိုဤပြည်မှနှင်ထုတ်လိမ့်မည်။-
1 Disse então o Senhor a Moisés: "Enviarei ainda mais uma praga sobre o faraó e sobre o Egito. Somente depois desta ele os deixará sair daqui e até os expulsará totalmente.
2 ဣသရေလအမျိုးသားယောကျာ်းမိန်းမ အပေါင်းတို့သည် မိမိတို့၏အိမ်နီးချင်းတို့ ထံမှ ရွှေ၊ ငွေ၊ တန်ဆာများကိုတောင်းယူ ကြရန်ပြောလော့'' ဟုမိန့်တော်မူ၏။-
2 Diga ao povo, tanto aos homens como às mulheres, que peça aos seus vizinhos objetos de prata e de ouro".
3 အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုး သားတို့အား ရိုသေလေးစားစေရန်ထာဝရ ဘုရားပြုပြင်တော်မူ၏။ စင်စစ်အားဖြင့် ဘုရင်၏မှူးမတ်ပြည်သူတို့ကမောရှေ အားအလွန်ကြီးမြတ်သောပ္ဂိုလ်ဖြစ်သည် ဟုခံယူထားကြ၏။
3 O Senhor tornou os egípcios favoráveis ao povo, e o próprio Moisés era tido em alta estima no Egito pelos conselheiros do faraó e pelo povo.
4 ထိုနောက်မောရှေကဘုရင်အား``ထာဝရ ဘုရားက `သန်းခေါင်ယံအချိန်တွင် ငါသည် အီဂျစ်ပြည်သားတို့ထံသို့ကြွလာ၍၊-
4 Disse, pois, Moisés ao faraó: "Assim diz o Senhor: ‘Por volta da meia-noite, passarei por todo o Egito.
5 အီဂျစ်ပြည်တွင်ဘုရင်၏နန်းလျာသားဦးမှ စ၍ ကြိတ်ဆုံကြိတ်သောကျွန်မ၏သားဦး တိုင်အောင် သားဦးဟူသမျှတို့ကိုသေစေမည်။ တိရစ္ဆာန်အပေါင်းတို့၏သားဦးပေါက်မှန် သမျှကိုလည်းသေစေမည်။-
5 Todos os primogênitos do Egito morrerão, desde o filho mais velho do faraó, herdeiro do trono, até o filho mais velho da escrava que trabalha no moinho, e também todas as primeiras crias do gado.
6 ရှေးအခါ၌လည်းမကြုံစဖူး၊ နောင်အခါ၌ လည်းကြုံရမည်မဟုတ်သောဟစ်အော်မြည်တမ်း ခြင်းအသံကို အီဂျစ်တစ်ပြည်လုံးတွင်ကြားရ လိမ့်မည်။-
6 Haverá grande pranto em todo o Egito, como nunca houve antes nem jamais haverá.
7 သို့သော်လည်းဣသရေလအမျိုးသားလူ သို့မဟုတ်တိရစ္ဆာန်အားခွေးတစ်ကောင်မျှပင် ဟောင်မည်မဟုတ်။ ဤနည်းအားဖြင့်ငါထာဝရ ဘုရားသည်အီဂျစ်အမျိုးသားနှင့် ဣသရေလ အမျိုးသားတို့ကိုခွဲခြားကြောင်းသင်တို့သိရ ကြမည်' ဟုမိန့်တော်မူ၏။-
7 Entre os israelitas, porém, nem sequer um cão latirá contra homem ou animal’. Então vocês saberão que o Senhor faz distinção entre o Egito e Israel!
8 ထိုအခါသင်၏မှူးမတ်တို့သည်ကျွန်ုပ်ထံသို့ လာ၍ပျပ်ဝပ်လျက်`သင်နှင့်သင်၏လူစုအပေါင်း တို့ထွက်သွားကြပါ' ဟုရှိခိုးတောင်းပန်ကြ လိမ့်မည်။ ထိုနောက်မှကျွန်ုပ်ထွက်သွားပါမည်'' ဟုလျှောက်လေ၏။ ထိုနောက်မောရှေသည် ဒေါသအမျက်ထွက်လျက်ဘုရင်ထံမှ ထွက်သွားလေ၏။
8 Todos esses seus conselheiros virão a mim e se ajoelharão diante de mim, suplicando: ‘Saiam você e todo o povo que o segue! ’ Só então eu sairei". E, com grande ira, Moisés saiu da presença do faraó.
9 ထာဝရဘုရားကမောရှေအား``ငါသည် အီဂျစ်ပြည်တွင်အံ့ဖွယ်သောအမှုများကို များပြားစွာပြနိုင်ရန် ဘုရင်သည်သင်၏ စကားကိုနားမထောင်ဘဲနေလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။-
9 O Senhor tinha dito a Moisés: "O faraó não lhes dará ouvidos, a fim de que os meus prodígios se multipliquem no Egito".
10 မောရှေနှင့်အာရုန်တို့သည်ဘုရင်ရှေ့၌အံ့ ဖွယ်သောအမှုတို့ကိုပြသော်လည်း ထာဝရ ဘုရားသည်သူ့ကိုခေါင်းမာစေသဖြင့် ဣသရေလအမျိုးသားတို့အားတိုင်းပြည် မှထွက်ခွင့်မပြုဘဲနေသတည်း။
10 Moisés e Arão realizaram todos esses prodígios diante do faraó, mas o Senhor lhe endureceu o coração, e ele não quis deixar os israelitas saírem do país.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.