Êxodo 11

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ငါ​သည်​အီ​ဂျစ် ဘု​ရင်​နှင့်​အီ​ဂျစ်​ပြည်​သား​တို့​အား​နောက်​ဆုံး ဒဏ်​ခတ်​မည်။ ထို​နောက်​သူ​သည်​သင်​တို့​အား သွား​ခွင့်​ပြု​လိမ့်​မည်။ စင်​စစ်​အား​ဖြင့်​သင်​တို့ အား​လုံး​ကို​ဤ​ပြည်​မှ​နှင်​ထုတ်​လိမ့်​မည်။-
1 O Senhor disse a Moisés: — Trarei só mais uma praga sobre Faraó e sobre o Egito. Então ele os deixará sair daqui. E, quando deixar que vocês saiam, é certo que ele os expulsará totalmente.
2 ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​မိန်း​မ အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​အိမ်​နီး​ချင်း​တို့ ထံ​မှ ရွှေ၊ ငွေ၊ တန်​ဆာ​များ​ကို​တောင်း​ယူ ကြ​ရန်​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-
2 Fale, agora, aos ouvidos do povo que todo homem peça ao seu vizinho e que toda mulher peça à sua vizinha objetos de prata e de ouro.
3 အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ရို​သေ​လေး​စား​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​ပြု​ပြင်​တော်​မူ​၏။ စင်​စစ်​အား​ဖြင့် ဘု​ရင်​၏​မှူး​မတ်​ပြည်​သူ​တို့​က​မော​ရှေ အား​အ​လွန်​ကြီး​မြတ်​သော​ပ္ဂိုလ်​ဖြစ်​သည် ဟု​ခံ​ယူ​ထား​ကြ​၏။
3 E o Senhor fez com que o seu povo encontrasse favor da parte dos egípcios. Além disso, o próprio Moisés era homem famoso na terra do Egito, aos olhos dos oficiais de Faraó e aos olhos do povo.
4 ထို​နောက်​မော​ရှေ​က​ဘု​ရင်​အား``ထာ​ဝ​ရ ဘု​ရား​က `သန်း​ခေါင်​ယံ​အ​ချိန်​တွင် ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​ထံ​သို့​ကြွ​လာ​၍၊-
4 Moisés disse: — Assim diz o
5 အီ​ဂျစ်​ပြည်​တွင်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ စ​၍ ကြိတ်​ဆုံ​ကြိတ်​သော​ကျွန်​မ​၏​သား​ဦး တိုင်​အောင် သား​ဦး​ဟူ​သ​မျှ​တို့​ကို​သေ​စေ​မည်။ တိ​ရစ္ဆာန်​အ​ပေါင်း​တို့​၏​သား​ဦး​ပေါက်​မှန် သ​မျှ​ကို​လည်း​သေ​စေ​မည်။-
5 E todo primogênito na terra do Egito morrerá, desde o primogênito de Faraó, que se assenta no seu trono, até o primogênito da escrava que mói a farinha, e todo primogênito dos animais.
6 ရှေး​အ​ခါ​၌​လည်း​မ​ကြုံ​စ​ဖူး၊ နောင်​အ​ခါ​၌ လည်း​ကြုံ​ရ​မည်​မ​ဟုတ်​သော​ဟစ်​အော်​မြည်​တမ်း ခြင်း​အ​သံ​ကို အီ​ဂျစ်​တစ်​ပြည်​လုံး​တွင်​ကြား​ရ လိမ့်​မည်။-
6 Haverá grande clamor em toda a terra do Egito, como nunca houve antes, nem haverá jamais.
7 သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ သို့​မ​ဟုတ်​တိ​ရစ္ဆာန်​အား​ခွေး​တစ်​ကောင်​မျှ​ပင် ဟောင်​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ခွဲ​ခြား​ကြောင်း​သင်​တို့​သိ​ရ ကြ​မည်' ဟု​မိန့်​တော်​မူ​၏။-
7 Porém contra nenhum dos filhos de Israel, desde os homens até os animais, nem mesmo um cão rosnará, para que vocês saibam que o Senhor fez distinção entre os egípcios e os israelitas.”
8 ထို​အ​ခါ​သင်​၏​မှူး​မတ်​တို့​သည်​ကျွန်ုပ်​ထံ​သို့ လာ​၍​ပျပ်​ဝပ်​လျက်`သင်​နှင့်​သင်​၏​လူ​စု​အ​ပေါင်း တို့​ထွက်​သွား​ကြ​ပါ' ဟု​ရှိ​ခိုး​တောင်း​ပန်​ကြ လိမ့်​မည်။ ထို​နောက်​မှ​ကျွန်ုပ်​ထွက်​သွား​ပါ​မည်'' ဟု​လျှောက်​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဒေါ​သ​အ​မျက်​ထွက်​လျက်​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။
8 E Moisés continuou: — Então todos esses seus oficiais descerão a mim e se inclinarão diante de mim, dizendo: “Saiam daqui, você e todo o povo que o segue.” E, depois disto, sairei. E, enfurecido, Moisés se retirou da presença de Faraó.
9 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​အ​မှု​များ​ကို များ​ပြား​စွာ​ပြ​နိုင်​ရန် ဘု​ရင်​သည်​သင်​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-
9 Então o Senhor disse a Moisés: — Faraó não vai ouvir vocês, para que as minhas maravilhas se multipliquem na terra do Egito.
10 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ရှေ့​၌​အံ့ ဖွယ်​သော​အ​မှု​တို့​ကို​ပြ​သော်​လည်း ထာ​ဝ​ရ ဘု​ရား​သည်​သူ့​ကို​ခေါင်း​မာ​စေ​သ​ဖြင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​တိုင်း​ပြည် မှ​ထွက်​ခွင့်​မ​ပြု​ဘဲ​နေ​သ​တည်း။
10 Moisés e Arão fizeram todas essas maravilhas diante de Faraó. Mas o Senhor endureceu o coração de Faraó, que não permitiu que os filhos de Israel saíssem da sua terra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.