Ester 8

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို​နေ့​၌​ပင်​လျှင်​ဇေ​ရဇ်​မင်း​သည်​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ​ဟာ​မန်​ပိုင်​သည့် အိမ်​ရာ​ပစ္စည်း​မှန်​သ​မျှ​ကို မိ​ဖု​ရား​ဧ​သ​တာ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​က​မိ​မိ​သည် မော်​ဒ​ကဲ​နှင့်​ဆွေ​မျိုး​တော်​စပ်​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့် မော်​ဒ​ကဲ သည်​ထို​နေ့​မှ​အ​စ​ပြု​၍​မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​ခွင့်​ရ​ရှိ​လေ​သည်။-
1 Naquele mesmo dia, o rei Xerxes deu à rainha Ester todos os bens de Hamã, o inimigo dos judeus. E Mardoqueu foi trazido à presença do rei, pois Ester lhe dissera que este era seu parente.
2 မင်း​ကြီး​သည်​ဟာ​မန်​၏​ထံ​မှ​ပြန်​သိမ်း​သည့် တံ​ဆိပ်​လက်​စွပ်​တော်​ကို​ချွတ်​၍​မော်​ဒ​ကဲ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​လည်း ဟာ​မန်​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မော်​ဒ​ကဲ အား​အုပ်​ထိန်း​စေ​၏။
2 O rei tirou seu anel-selo, que havia tomado de Hamã, e o deu a Mardoqueu; e Ester o nomeou para administrar os bens de Hamã.
3 ထို​နောက်​ဧ​သ​တာ​သည်​မင်း​ကြီး​၏​ခြေ တော်​ရင်း​တွင်​ပျပ်​ဝပ်​လျက်​ငို​ယို​ကာ ယု​ဒ အ​မျိုး​သား​တို့​အား​ကွပ်​မျက်​ရန်​အ​တွက် အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟာ​မန်​ကြံ​စည် ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​တား​ဆီး ပေး​တော်​မူ​ရန်​တောင်း​ပန်​လေ​သည်။-
3 Mas Ester tornou a implorar ao rei, chorando aos seus pés, que revogasse o plano maligno de Hamã, o agagita, contra os judeus.
4 မင်း​ကြီး​သည်​သူ့​အား​ရွှေ​ရာ​ဇ​လှံ​တံ ကို​ကမ်း​ပေး​တော်​မူ​သ​ဖြင့် ဧ​သ​တာ သည်​ထ​၍​ရပ်​ပြီး​လျှင်၊-
4 Então o rei estendeu o cetro de ouro para Ester, e ela se levantou diante dele e disse:
5 ``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​လျှင် လည်း​ကောင်း၊ ကျွန်​တော်​မ​ကို​စိတ်​တော်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ လျောက်​ပတ် သည်​ဟု​ယူ​ဆ​တော်​မူ​လျှင်​လည်း​ကောင်း အင်​ပါ​ယာ​နိုင်ငံ​တော်​အ​တွင်း​ရှိ​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​အား​ကွပ်​မျက် ရန်​အာ​ဂတ် မှ​ဆင်း​သက်​သူ​ဟမ္မေဒါ​သ​၏​သား​ဟာ​မန် စီ​ရင်​ခဲ့​သည့်​အ​မိန့်​စာ​များ​ကို​ပယ်​ဖျက် သည့်​အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန် တော်​မူ​ပါ။-
5 "Se for do agrado do rei, se posso contar com o seu favor, e se ele considerar justo, que se escreva uma ordem revogando as cartas que Hamã, filho do agagita Hamedata, escreveu para que os judeus fossem exterminados em todas as províncias do império.
6 ကျွန်​တော်​မ​၏​အ​မျိုး​သား​ချင်း​များ​သည် ဤ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​လျက် ကျွန်​တော်​မ​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​များ သည်​လည်း​အ​သတ်​ခံ​ကြ​ရ​ပါ​မူ​ကျွန်​တော် မ​သည်​အ​ဘယ်​သို့​ရှု​စိမ့်​နိုင်​ပါ​အံ့​နည်း'' ဟု​လျှောက်​လေ​၏။
6 Pois, como suportarei ver a desgraça que cairá sobre meu o povo? Como suportarei a destruição da minha própria família? "
7 ထို​အ​ခါ​ဇေ​ရဇ်​မင်း​သည်​ဧ​သ​တာ​နှင့် ယု​ဒ​အမျိုး​သား​မော်​ဒ​ကဲ​အား``ငါ​သည် ဟာ​မန်​အား​ယု​ဒ​အ​မျိုး​သား​များ​ကို သတ်​ဖြတ်​ရန်​ကြံ​စည်​သည့်​အ​တွက်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​စေ​ခဲ့​ပြီ။ သူ​၏​အိမ်​ရာ​ပစ္စည်း များ​ကို​လည်း​ဧ​သ​တာ​အား​ပေး​ခဲ့​ပြီ။-
7 O rei Xerxes respondeu à rainha Ester e ao judeu Mardoqueu: "Mandei enforcar Hamã e dei os seus bens a Ester porque ele atentou contra os judeus.
8 သို့​ရာ​တွင်​ဘု​ရင့်​အ​မည်​ဖြင့်​ရေး​၍​လက်​စွပ် တော်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​အ​မိန့်​တော် စာ​ကို​မူ​မ​ဖျက်​မ​ပယ်​နိုင်။ သို့​သော်​လည်း သင်​တို့​အ​လို​ရှိ​သည့်​အ​တိုင်း​ယု​ဒ​အ​မျိုး သား​များ​ထံ​သို့​ငါ​၏​နာ​မည်​ဖြင့်​စာ​ရေး ၍​ဘု​ရင့်​လက်​စွပ်​တော်​တံ​ဆိပ်​ကို​ခတ်​နှိပ် လော့'' ဟု​မိန့်​တော်​မူ​၏။
8 Escrevam agora outro decreto em nome do rei, em favor dos judeus, como melhor lhes parecer, e selem-no com o anel-selo do rei, pois nenhum documento escrito em nome do rei e selado com o seu anel pode ser revogado".
9 ဤ​သို့​ဖြစ်​ပျက်​သည်​မှာ​သိ​ဝန်​ခေါ်​တ​တိ​ယ လ၊ နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ဖြစ်​၏။ မော်​ဒ​ကဲ သည်​မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ် ယူ​ကာ​ယု​ဒ​အ​မျိုး​သား​တို့​ထံ​သို့​လည်း ကောင်း၊ အိန္ဒိ​ယ​ပြည်​မှ​အဲ​သ​ရော​ပိ​ပြည် တိုင်​အောင်​တစ်​ရာ့​နှစ်​ဆယ့်​ခု​နစ်​ပြည်​နယ် ရှိ​ဘု​ရင်​ခံ​များ၊ အုပ်​ချုပ်​ရေး​မှူး​များ နှင့်​မင်း​အ​ရာ​ရှိ​များ​ထံ​သို့​အ​မှာ​စာ များ​ရေး​သား​ရန်​နှုတ်​တိုက်​ချ​ပေး​လေ သည်။ ထို​စာ​များ​ကို​ပြည်​နယ်​အ​သီး​သီး တွင်​အ​သုံး​ပြု​သည့်​ဘာ​သာ​စ​ကား များ​ဖြင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား တို့​အ​တွက်​ယု​ဒ​ဘာ​သာ​ဖြင့်​လည်း ကောင်း​ရေး​သား​ထား​သ​တည်း။-
9 Isso aconteceu no dia vinte e três do terceiro mês, o mês de sivã. Os secretários do rei foram imediatamente convocados e escreveram todas as ordens de Mardoqueu aos judeus, aos sátrapas, aos governadores e aos nobres das cento e vinte e sete províncias que se estendiam da Índia até a Etiópia. Essas ordens foram redigidas na língua e na escrita de cada província e de cada povo, e também na língua e na escrita dos judeus.
10 မော်​ဒ​ကဲ​သည်​ထို​စာ​တို့​ကို​ဇေ​ရဇ်​မင်း​၏ အ​မည်​ဖြင့်​ရေး​လျက် ဘု​ရင့်​လက်​စွပ်​တော် တံ​ဆိပ်​ခတ်​နှိပ်​ပြီး​လျှင်​စာ​ပို့​လု​လင်​တို့ အား ဘု​ရင့်​မြင်း​ဇောင်း​မှ​လျင်​မြန်​သည့် မြင်း​များ​ဖြင့်​သွား​ရောက်​ပေး​ပို့​စေ​၏။
10 Mardoqueu escreveu em nome do rei Xerxes, selou as cartas com o anel-selo do rei, e as enviou por meio de mensageiros montados em cavalos velozes, das estrebarias do próprio rei.
11 ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-
11 O decreto do rei concedia aos judeus de cada cidade o direito de reunir-se e de proteger-se, de destruir, matar e aniquilar qualquer força armada de qualquer povo ou província que os ameaçasse, a eles, suas mulheres e seus filhos, e de saquear os bens dos seus inimigos.
12 ထို​အ​မိန့်​တော်​သည်​ပေ​ရ​သိ​အင်​ပါ​ယာ နိုင်​ငံ​တစ်​ဝှန်း​လုံး​၌​ယု​ဒ​အ​မျိုး​သား တို့​အား သတ်​ဖြတ်​ရန်​သတ်​မှတ်​ထား​သည့် အာ​ဒါ​ခေါ်​ဒွါ​ဒ​သ​မ​လ​ဆယ့်​သုံး​ရက် နေ့​မှ​အ​စ​ပြု​၍​အ​တည်​ဖြစ်​စေ​ရ​မည်။-
12 O decretou entrou em vigor nas províncias do rei Xerxes no décimo terceiro dia do décimo segundo mês, o mês de adar.
13 ထို​နေ့​ကျ​ရောက်​လာ​သော​အ​ခါ​ယု​ဒ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​အား​လက်​စား​ချေ ရန်​အ​သင့်​ရှိ​နိုင်​ကြ​စေ​ရန် ထို​အ​မိန့်​တော် ကို​ဥ​ပ​ဒေ​အ​ဖြစ်​ပြ​ဋ္ဌာန်း​ကာ​ပြည်​နယ် တိုင်း​တွင်​လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​ရန် ဖြစ်​သည်။-
13 Uma cópia do texto do decreto foi publicada como lei em cada província e levada ao conhecimento do povo de cada nação, a fim de que naquele dia os judeus estivessem prontos para vingar-se dos seus inimigos.
14 သို့​ဖြစ်​၍​မြင်း​စီး​စာ​ပို့​လု​လင်​တို့​သည်​မင်း ကြီး​၏​အ​မိန့်​တော်​အ​ရ ဘု​ရင့်​မြင်း​တော် များ​ကို​စီး​၍​ခ​ရီး​ပြင်း​နှင်​ကြ​ကုန်​၏။ မြို့ တော်​ရှု​ရှန်​၌​လည်း​ထို​အ​မိန့်​ကို​ကြေ​ညာ ကြ​လေ​သည်။
14 Os mensageiros, montando cavalos das estrebarias do rei, saíram a galope, por causa da ordem do rei. O decreto também foi publicado na cidadela de Susã.
15 မော်​ဒ​ကဲ​သည်​မင်း​မြောက်​တန်​ဆာ​တည်း​ဟူ သော​ဝတ်​လဲ​အ​ဖြူ​နှင့်​အ​ပြာ​ကို​လည်း​ကောင်း၊ ခ​ရမ်း​ရောင်​ပိတ်​ချော​ဝတ်​လုံ​ကို​လည်း​ကောင်း ဝတ်​ဆင်​ကာ​ခန့်​ညား​သည်​ရွှေ​သ​ရ​ဖူ​ကို ဆောင်း​၍ နန်း​တော်​မှ​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ခါ​ရှု​ရှန်​မြို့​တစ်​မြို့​လုံး​သည်​သြ​ဘာ သံ​များ၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် သံ​များ​နှင့်​ဆူ​ညံ​သွား​၏။-
15 Mardoqueu saiu da presença do rei usando vestes reais em azul e branco, uma grande coroa de ouro e um manto púrpura de linho fino. E a cidadela de Susã exultava de alegria.
16 ယု​ဒ​အ​မျိုး​သား​တို့​သည်​စိတ်​သက်​သာ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​အ​သ​ရေ​မြင့် လာ​ကြ​၏။-
16 Para os judeus foi uma ocasião de felicidade, alegria, júbilo e honra.
17 မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။
17 Em cada província e em cada cidade, onde quer que chegasse o decreto do rei, havia alegria e júbilo entre os judeus, com banquetes e festas. Muitos que pertenciam a outros povos do reino tornaram-se judeus, porque o temor dos judeus tinha se apoderado deles.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ester 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.