Ester 8
Common Language Bible (MYA) vs ARA
1 ထိုနေ့၌ပင်လျှင်ဇေရဇ်မင်းသည်ယုဒ အမျိုးသားတို့၏ရန်သူဟာမန်ပိုင်သည့် အိမ်ရာပစ္စည်းမှန်သမျှကို မိဖုရားဧသတာ အားပေးတော်မူ၏။ ဧသတာကမိမိသည် မော်ဒကဲနှင့်ဆွေမျိုးတော်စပ်ကြောင်းကို မင်းကြီးအားလျှောက်ထားသဖြင့် မော်ဒကဲ သည်ထိုနေ့မှအစပြု၍မင်းကြီး၏ရှေ့ တော်သို့ဝင်ခွင့်ရရှိလေသည်။-
1 Naquele mesmo dia, deu o rei Assuero à rainha Ester a casa de Hamã, inimigo dos judeus; e Mordecai veio perante o rei, porque Ester lhe fez saber que era seu parente.
2 မင်းကြီးသည်ဟာမန်၏ထံမှပြန်သိမ်းသည့် တံဆိပ်လက်စွပ်တော်ကိုချွတ်၍မော်ဒကဲ အားပေးတော်မူ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ရာပစ္စည်းများကိုမော်ဒကဲ အားအုပ်ထိန်းစေ၏။
2 Tirou o rei o seu anel, que tinha tomado a Hamã, e o deu a Mordecai. E Ester pôs a Mordecai por superintendente da casa de Hamã.
3 ထိုနောက်ဧသတာသည်မင်းကြီး၏ခြေ တော်ရင်းတွင်ပျပ်ဝပ်လျက်ငိုယိုကာ ယုဒ အမျိုးသားတို့အားကွပ်မျက်ရန်အတွက် အာဂတ်မှဆင်းသက်သူဟာမန်ကြံစည် ခဲ့သည့်ဘေးအန္တရာယ်ဆိုးကိုတားဆီး ပေးတော်မူရန်တောင်းပန်လေသည်။-
3 Falou mais Ester perante o rei e se lhe lançou aos pés; e, com lágrimas, lhe implorou que revogasse a maldade de Hamã, o agagita, e a trama que havia empreendido contra os judeus.
4 မင်းကြီးသည်သူ့အားရွှေရာဇလှံတံ ကိုကမ်းပေးတော်မူသဖြင့် ဧသတာ သည်ထ၍ရပ်ပြီးလျှင်၊-
4 Estendeu o rei para Ester o cetro de ouro. Então, ela se levantou, pôs-se de pé diante do rei
5 ``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-
5 e lhe disse: Se bem parecer ao rei, se eu achei favor perante ele, se esta coisa é reta diante do rei, e se nisto lhe agrado, escreva-se que se revoguem os decretos concebidos por Hamã, filho de Hamedata, o agagita, os quais ele escreveu para aniquilar os judeus que há em todas as províncias do rei.
6 ကျွန်တော်မ၏အမျိုးသားချင်းများသည် ဤဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရလျက် ကျွန်တော်မ၏ဆွေမျိုးအရင်းအချာများ သည်လည်းအသတ်ခံကြရပါမူကျွန်တော် မသည်အဘယ်သို့ရှုစိမ့်နိုင်ပါအံ့နည်း'' ဟုလျှောက်လေ၏။
6 Pois como poderei ver o mal que sobrevirá ao meu povo? E como poderei ver a destruição da minha parentela?
7 ထိုအခါဇေရဇ်မင်းသည်ဧသတာနှင့် ယုဒအမျိုးသားမော်ဒကဲအား``ငါသည် ဟာမန်အားယုဒအမျိုးသားများကို သတ်ဖြတ်ရန်ကြံစည်သည့်အတွက်လည်ဆွဲ တိုင်၌ကွပ်မျက်စေခဲ့ပြီ။ သူ၏အိမ်ရာပစ္စည်း များကိုလည်းဧသတာအားပေးခဲ့ပြီ။-
7 Então, disse o rei Assuero à rainha Ester e ao judeu Mordecai: Eis que dei a Ester a casa de Hamã, e a ele penduraram numa forca, porquanto intentara matar os judeus.
8 သို့ရာတွင်ဘုရင့်အမည်ဖြင့်ရေး၍လက်စွပ် တော်တံဆိပ်ခတ်နှိပ်ထားသည့်အမိန့်တော် စာကိုမူမဖျက်မပယ်နိုင်။ သို့သော်လည်း သင်တို့အလိုရှိသည့်အတိုင်းယုဒအမျိုး သားများထံသို့ငါ၏နာမည်ဖြင့်စာရေး ၍ဘုရင့်လက်စွပ်တော်တံဆိပ်ကိုခတ်နှိပ် လော့'' ဟုမိန့်တော်မူ၏။
8 Escrevei, pois, aos judeus, como bem vos parecer, em nome do rei, e selai-o com o anel do rei; porque os decretos feitos em nome do rei e que com o seu anel se selam não se podem revogar.
9 ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
9 Então, foram chamados, sem detença, os secretários do rei, aos vinte e três dias do mês de sivã, que é o terceiro mês. E, segundo tudo quanto ordenou Mordecai, se escreveu um edito para os judeus, para os sátrapas, para os governadores e para os príncipes das províncias que se estendem da Índia à Etiópia, cento e vinte e sete províncias, a cada uma no seu próprio modo de escrever, e a cada povo na sua própria língua; e também aos judeus segundo o seu próprio modo de escrever e a sua própria língua.
10 မော်ဒကဲသည်ထိုစာတို့ကိုဇေရဇ်မင်း၏ အမည်ဖြင့်ရေးလျက် ဘုရင့်လက်စွပ်တော် တံဆိပ်ခတ်နှိပ်ပြီးလျှင်စာပို့လုလင်တို့ အား ဘုရင့်မြင်းဇောင်းမှလျင်မြန်သည့် မြင်းများဖြင့်သွားရောက်ပေးပို့စေ၏။
10 Escreveu-se em nome do rei Assuero, e se selou com o anel do rei; as cartas foram enviadas por intermédio de correios montados em ginetes criados na coudelaria do rei.
11 ထိုအမိန့်စာများတွင်မင်းကြီးသည်ယုဒ အမျိုးသားတို့အား မိမိတို့၏အသက် ဘေးကိုကာကွယ်ရန်အတွက်စုရုံးခွင့်ပြု တော်မူကြောင်းပါရှိလေသည်။ မည်သည့် ပြည်နယ်၌မဆိုယုဒယောကျာ်းနှင့်ဇနီး သားသမီးများကိုလက်နက်စွဲကိုင်တိုက် ခိုက်လာသောအဘယ်လူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိကြ၏။ သူ တို့အားတစ်ယောက်မကျန်သတ်ဖြတ် ပြီးလျှင်သူတို့၏ပစ္စည်းများကိုလုယူ နိုင်လေသည်။-
11 Nelas, o rei concedia aos judeus de cada cidade que se reunissem e se dispusessem para defender a sua vida, para destruir, matar e aniquilar de vez toda e qualquer força armada do povo da província que viessem contra eles, crianças e mulheres, e que se saqueassem os seus bens,
12 ထိုအမိန့်တော်သည်ပေရသိအင်ပါယာ နိုင်ငံတစ်ဝှန်းလုံး၌ယုဒအမျိုးသား တို့အား သတ်ဖြတ်ရန်သတ်မှတ်ထားသည့် အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက် နေ့မှအစပြု၍အတည်ဖြစ်စေရမည်။-
12 num mesmo dia, em todas as províncias do rei Assuero, no dia treze do duodécimo mês, que é o mês de adar.
13 ထိုနေ့ကျရောက်လာသောအခါယုဒအမျိုး သားတို့သည်ရန်သူများအားလက်စားချေ ရန်အသင့်ရှိနိုင်ကြစေရန် ထိုအမိန့်တော် ကိုဥပဒေအဖြစ်ပြဋ္ဌာန်းကာပြည်နယ် တိုင်းတွင်လူအပေါင်းတို့အားကြေညာရန် ဖြစ်သည်။-
13 A carta, que determinava a proclamação do edito em todas as províncias, foi enviada a todos os povos, para que os judeus se preparassem para aquele dia, para se vingarem dos seus inimigos.
14 သို့ဖြစ်၍မြင်းစီးစာပို့လုလင်တို့သည်မင်း ကြီး၏အမိန့်တော်အရ ဘုရင့်မြင်းတော် များကိုစီး၍ခရီးပြင်းနှင်ကြကုန်၏။ မြို့ တော်ရှုရှန်၌လည်းထိုအမိန့်ကိုကြေညာ ကြလေသည်။
14 Os correios, montados em ginetes que se usavam no serviço do rei, saíram incontinenti, impelidos pela ordem do rei; e o edito foi publicado na cidadela de Susã.
15 မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
15 Então, Mordecai saiu da presença do rei com veste real azul-celeste e branco, como também com grande coroa de ouro e manto de linho fino e púrpura; e a cidade de Susã exultou e se alegrou.
16 ယုဒအမျိုးသားတို့သည်စိတ်သက်သာ ရွှင်လန်းဝမ်းမြောက်လျက်အသရေမြင့် လာကြ၏။-
16 Para os judeus houve felicidade, alegria, regozijo e honra.
17 မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။
17 Também em toda província e em toda cidade aonde chegava a palavra do rei e a sua ordem, havia entre os judeus alegria e regozijo, banquetes e festas; e muitos, dos povos da terra, se fizeram judeus, porque o temor dos judeus tinha caído sobre eles.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ester 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.