Deuteronômio 9
Common Language Bible (MYA) vs ARA
1 ``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။-
1 Ouve, ó Israel, tu passas, hoje, o Jordão para entrares a possuir nações maiores e mais fortes do que tu; cidades grandes e amuralhadas até aos céus;
2 လူတို့သည်အရပ်မြင့်၍ခွန်အားဗလကောင်း ၏။ သူတို့သည်အလွန်ထွားကြိုင်းသဖြင့် မည် သူမျှသူတို့ကိုမယှဉ်ပြိုင်နိုင်ကြောင်းသင် တို့ကြားဖူးခဲ့ကြပြီ။-
2 povo grande e alto, filhos dos anaquins, que tu conheces e de que já ouvistes: Quem poderá resistir aos filhos de Enaque?
3 သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
3 Sabe, pois, hoje, que o Senhor , teu Deus, é que passa adiante de ti; é fogo que consome, e os destruirá, e os subjugará diante de ti; assim, os desapossarás e, depressa, os farás perecer, como te prometeu o Senhor .
4 ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အရှေ့ကသူတို့ကိုနှင်ထုတ်ပြီးသော အခါ သင်တို့နှင့်ထိုက်တန်သောကြောင့် ထိုပြည် သို့သင်တို့ကိုပို့ဆောင်၍အပိုင်ပေးတော်မူ သည်ဟုမဆိုကြနှင့်။ သူတို့၏ဆိုးယုတ်မှု ကြောင့် ထာဝရဘုရားသည်ထိုသူတို့ကို နှင်ထုတ်မည်ဖြစ်၏။-
4 Quando, pois, o Senhor , teu Deus, os tiver lançado de diante de ti, não digas no teu coração: Por causa da minha justiça é que o Senhor me trouxe a esta terra para a possuir, porque, pela maldade destas gerações, é que o Senhor as lança de diante de ti.
5 သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။-
5 Não é por causa da tua justiça, nem pela retitude do teu coração que entras a possuir a sua terra, mas pela maldade destas nações o Senhor , teu Deus, as lança de diante de ti; e para confirmar a palavra que o Senhor , teu Deus, jurou a teus pais, Abraão, Isaque e Jacó.
6 သင်တို့နှင့်ထိုက်တန်သဖြင့်ထိုအစာရေစာ ပေါကြွယ်ဝသောပြည်ကို သင်တို့အားထာဝရ ဘုရားပေးတော်မူခြင်းမဟုတ်ကြောင်းသိ မှတ်ကြလော့။ သင်တို့သည်ခေါင်းမာသော လူမျိုးဖြစ်၏။''
6 Sabe, pois, que não é por causa da tua justiça que o Senhor , teu Deus, te dá esta boa terra para possuí-la, pois tu és povo de dura cerviz.
7 ``သင်တို့သည်တောကန္တာရ၌ရှိစဉ်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားအား အမျက် တော်ထွက်စေခဲ့ကြောင်းအမြဲသတိရကြ လော့။ သင်တို့သည်အီဂျစ်ပြည်မှထွက်သော နေ့မှစ၍ ဤအရပ်သို့ရောက်သည့်နေ့တိုင်အောင် ကိုယ်တော်ကိုပုန်ကန်ခဲ့ကြ၏။-
7 Lembrai-vos e não vos esqueçais de que muito provocastes à ira o Senhor , vosso Deus, no deserto; desde o dia em que saístes do Egito até que chegastes a este lugar, rebeldes fostes contra o Senhor ;
8 သိနာတောင်မှာပင်ကိုယ်တော်ကို သင်တို့အား သေကြေပျက်စီးစေလောက်အောင်အမျက် တော်ထွက်စေခဲ့ကြ၏။-
8 pois, em Horebe, tanto provocastes à ira o Senhor , que a ira do Senhor se acendeu contra vós para vos destruir.
9 ထာဝရဘုရားနှင့်သင်တို့ပြုသောပဋိညာဉ် ကိုရေးထားသောကျောက်ပြားများကိုလက်ခံ ခြင်းငှာ ငါသည်တောင်ပေါ်သို့တက်သွား၏။ အရက်လေးဆယ်ပတ်လုံးငါသည်မစား သောက်ဘဲတောင်ပေါ်တွင်နေ၏။-
9 Subindo eu ao monte a receber as tábuas de pedra, as tábuas da aliança que o Senhor fizera convosco, fiquei no monte quarenta dias e quarenta noites; não comi pão, nem bebi água.
10 ထိုနောက်ထာဝရဘုရားသည် ကျောက်ပြားနှစ် ချပ်ကိုငါ့အားပေးတော်မူသည်။ ယင်းကျောက် ပြားများသည်သင်တို့တောင်ခြေတွင်စုရုံး ကြသောနေ့၌ ထာဝရဘုရားမီးထဲမှမိန့် ကြားသောပညတ်တော်များကို မိမိလက်တော် ဖြင့်အက္ခရာတင်ထားသည့်ကျောက်ပြားများ ဖြစ်သည်။-
10 Deu-me o Senhor as duas tábuas de pedra, escritas com o dedo de Deus; e, nelas, estavam todas as palavras segundo o Senhor havia falado convosco no monte, do meio do fogo, estando reunido todo o povo.
11 ရက်ပေါင်းလေးဆယ်ပြည့်သောအခါထာဝရ ဘုရားသည် ထိုပဋိညာဉ်ကျောက်ပြားကိုငါ့ အားပေးတော်မူ၏။''
11 Ao fim dos quarenta dias e quarenta noites, o Senhor me deu as duas tábuas de pedra, as tábuas da aliança.
12 ``ထို့နောက်ထာဝရဘုရားကငါ့အား`အီဂျစ် ပြည်မှသင်ထုတ်ဆောင်ခဲ့သောသင်၏လူတို့ သည် စက်ဆုတ်ဖွယ်သောအမှုကိုပြုကြပြီ ဖြစ်သောကြောင့် တောင်ပေါ်မှချက်ချင်းဆင်း သွားလော့။ သူတို့သည်ငါမိန့်မှာတော်မူသမျှ ကိုပစ်ပယ်၍ သူတို့ကိုးကွယ်ရန်ရုပ်တုကို သွန်းလုပ်ကြပြီ' ဟုမိန့်တော်မူ၏။''
12 E o Senhor me disse: Levanta-te, desce depressa daqui, porque o teu povo, que tiraste do Egito, já se corrompeu; cedo se desviou do caminho que lhe ordenei; imagem fundida para si fez.
13 ``တစ်ဖန်ထာဝရဘုရားက ငါ့အား`သူတို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။-
13 Falou-me ainda o Senhor , dizendo: Atentei para este povo, e eis que ele é povo de dura cerviz.
14 မည်သူမျှသူတို့ကိုသတိမရစေရန် သူ တို့ကိုငါဖျက်ဆီးသုတ်သင်ပစ်မည်ဖြစ်၍ ငါ့ကိုမဆီးတားနှင့်။ ထို့နောက်ငါသည်သင့် အားထိုသူတို့ထက်များပြား၍ အင်အားကြီး သောလူမျိုး၏ဖခင်ဖြစ်စေမည်' ဟုမိန့်တော် မူ၏။''
14 Deixa-me que o destrua e apague o seu nome de debaixo dos céus; e te faça a ti nação mais forte e mais numerosa do que esta.
15 ``သို့ဖြစ်၍ငါသည်ပဋိညာဉ်ကျောက်ပြား နှစ်ပြားကိုယူဆောင်၍ တောင်ပေါ်မှပြန်ဆင်းခဲ့ သည်။ တောင်မှမီးတောက်မီးလျှံများထွက် လျက်ရှိ၏။-
15 Então, me virei e desci do monte; e o monte ardia em fogo; as duas tábuas da aliança estavam em ambas as minhas mãos.
16 သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်မှာသောပညတ်တော်ကိုနားမထောင် ဘဲ သင်တို့ကိုးကွယ်ရန်နွားသူငယ်ရုပ်တုကို သွန်းလုပ်သဖြင့် ထာဝရဘုရားအားပြစ်မှား ကြသည်ကိုငါတွေ့မြင်ရ၏။-
16 Olhei, e eis que havíeis pecado contra o Senhor , vosso Deus; tínheis feito para vós outros um bezerro fundido; cedo vos desviastes do caminho que o Senhor vos ordenara.
17 ထို့ကြောင့်ငါသည်သင်တို့ရှေ့တွင်ကျောက်ပြား များကိုပစ်ချသဖြင့် ကျောက်ပြားများကျိုး ပဲ့ကြေမွကုန်၏။-
17 Então, peguei as duas tábuas, e as arrojei das minhas mãos, e as quebrei ante os vossos olhos.
18 သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။-
18 Prostrado estive perante o Senhor , como dantes, quarenta dias e quarenta noites; não comi pão e não bebi água, por causa de todo o vosso pecado que havíeis cometido, fazendo mal aos olhos do Senhor , para o provocar à ira.
19 ထာဝရဘုရားက သင်တို့အားသေကြေ ပျက်စီးစေမည့်အမျက်တော်ကိုငါကြောက်၏။ သို့သော်လည်းထာဝရဘုရားသည် ငါ၏ တောင်းပန်လျှောက်ထားခြင်းကိုတစ်ဖန် နားညောင်းတော်မူ၏။-
19 Pois temia por causa da ira e do furor com que o Senhor tanto estava irado contra vós outros para vos destruir; porém ainda esta vez o Senhor me ouviu.
20 ထာဝရဘုရားသည်အာရုန်ကိုလည်းအမျက် တော်ထွက်သဖြင့် အဆုံးစီရင်ရန်အကြံတော် ရှိ၏။ ထို့ကြောင့်ငါသည် အာရုန်အတွက်ကို လည်းတောင်းပန်လျှောက်ထား၏။-
20 O Senhor se irou muito contra Arão para o destruir; mas também orei por Arão ao mesmo tempo.
21 ငါသည်သင်တို့အားအပြစ်ရောက်စေသည့် နွားရုပ်တုကို မီးထဲသို့ပစ်ချလိုက်၏။ ထို့ နောက်နွားရုပ်တုကိုအမှုန့်ဖြစ်အောင်ထု ထောင်း၍ အမှုန့်ကိုတောင်ကျချောင်းထဲသို့ သွန်းချခဲ့၏။''
21 Porém tomei o vosso pecado, o bezerro que tínheis feito, e o queimei, e o esmaguei, moendo-o bem, até que se desfez em pó; e o seu pó lancei no ribeiro que descia do monte.
22 ``သင်တို့သည်တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်တို့၌ရှိစဉ်ကလည်း ထာဝရဘုရားအားအမျက်တော်ထွက်စေ ခဲ့ကြသည်။-
22 Também em Taberá, em Massá e em Quibrote-Hataavá provocastes muito a ira do Senhor .
23 ထာဝရဘုရားပေးတော်မူသောပြည်ကို သွားရောက်သိမ်းယူရန် သင်တို့အားကာဒေရှ ဗာနာအရပ်မှစေလွှတ်သောအခါ သင်တို့ သည်ပုန်ကန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ အမိန့်တော်ကိုနာမခံကြ။-
23 Quando também o Senhor vos enviou de Cades-Barneia, dizendo: Subi e possuí a terra que vos dei, rebeldes fostes ao mandado do Senhor , vosso Deus, e não o crestes, e não obedecestes à sua voz.
24 သင်တို့သည်ငါစတင်သိကျွမ်းသည့်အချိန်မှ စ၍ ယနေ့အထိထာဝရဘုရားကိုပုန်ကန် ခဲ့ကြ၏။''
24 Rebeldes fostes contra o Senhor , desde o dia em que vos conheci.
25 ``ထာဝရဘုရားသည် သင်တို့အားသုတ်သင်ဖျက် ဆီးမည်ဖြစ်သောကြောင့် ငါသည်ရက်ပေါင်းလေး ဆယ်ပတ်လုံး ကိုယ်တော်၏ရှေ့မှောက်တွင်ပျပ်ဝပ် လျက်နေခဲ့၏။-
25 Prostrei-me, pois, perante o Senhor e, quarenta dias e quarenta noites, estive prostrado; porquanto o Senhor dissera que vos queria destruir.
26 ငါက`အရှင်ထာဝရဘုရား၊ ကိုယ်တော်၏မဟာ တန်ခိုးတော်နှင့်လက်ရုံးတော်အားဖြင့် အီဂျစ် ပြည်မှကယ်တင်ထုတ်ဆောင်ခဲ့သောကိုယ်တော် ၏လူမျိုးတော်ကို သုတ်သင်ဖျက်ဆီးတော် မမူပါနှင့်။-
26 Orei ao Senhor , dizendo: Ó Senhor Deus! Não destruas o teu povo e a tua herança, que resgataste com a tua grandeza, que tiraste do Egito com poderosa mão.
27 ကိုယ်တော်၏အစေခံများဖြစ်သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကိုအောက်မေ့သတိရတော် မူ၍ ဤလူမျိုးတော်၏ခေါင်းမာမှု၊ မိုက်မဲမှု၊ အပြစ်ကူးလွန်မှုတို့ကိုသည်းခံတော်မူပါ။-
27 Lembra-te dos teus servos Abraão, Isaque e Jacó; não atentes para a dureza deste povo, nem para a sua maldade, nem para o seu pecado,
28 သို့မဟုတ်လျှင်အီဂျစ်အမျိုးသားတို့က ကိုယ် တော်သည်သူတို့အားကတိထားတော်မူသော ပြည်သို့ပို့ဆောင်နိုင်စွမ်းမရှိဟုဆိုကြပါ လိမ့်မည်။ ကိုယ်တော်သည်ကိုယ်တော်၏လူမျိုး တော်ကိုမုန်းသောကြောင့် သတ်ပစ်ရန်တော ကန္တာရသို့ထုတ်ဆောင်ခဲ့သည်ဟုလည်းဆို ကြပါလိမ့်မည်။-
28 para que o povo da terra donde nos tiraste não diga: Não tendo podido o Senhor introduzi-los na terra de que lhes tinha falado e porque os aborrecia, os tirou para matá-los no deserto.
29 စင်စစ်အားဖြင့်သူတို့သည်ကိုယ်တော်၏လူ မျိုးတော်အဖြစ်ရွေးချယ်၍ အီဂျစ်ပြည်မှ ကိုယ်တော်၏မဟာတန်ခိုးတော်နှင့်လက်ရုံး တော်အားဖြင့် ထုတ်ဆောင်တော်မူခဲ့သူများ ပင်ဖြစ်ကြပါသည်' ဟုတောင်းပန်လျှောက် ထားခဲ့၏။''
29 Todavia, são eles o teu povo e a tua herança, que tiraste com a tua grande força e com o braço estendido.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Deuteronômio 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.