Deuteronômio 9

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။-
1 Ouve, ó Israel: hoje tu vais passar o Jordão para entrares para desapossares nações maiores e mais fortes do que tu, cidades grandes e muradas até o céu;
2 လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-
2 um povo grande e alto, filhos dos anaquins, que tu conhecestes, e dos quais tens ouvido dizer: Quem poderá resistir aos filhos de Anaque?
3 သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''
3 Sabe, pois, hoje que o Senhor teu Deus é o que passa adiante de ti como um fogo consumidor; ele os destruirá, e os subjugará diante de ti; e tu os lançarás fora, e cedo os desfarás, como o Senhor te prometeu.
4 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ရှေ့​က​သူ​တို့​ကို​နှင်​ထုတ်​ပြီး​သော အ​ခါ သင်​တို့​နှင့်​ထိုက်​တန်​သော​ကြောင့် ထို​ပြည် သို့​သင်​တို့​ကို​ပို့​ဆောင်​၍​အ​ပိုင်​ပေး​တော်​မူ သည်​ဟု​မ​ဆို​ကြ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​မှု ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​ကို နှင်​ထုတ်​မည်​ဖြစ်​၏။-
4 Depois que o Senhor teu Deus os tiver lançado fora de diante de ti, não digas no teu coração: por causa da minha justiça é que o Senhor me introduziu nesta terra para a possuir. Porque pela iniqüidade destas nações é que o Senhor as lança fora de diante de ti.
5 သင်​တို့​၏​ကောင်း​မှု​ကု​သိုလ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပြည်​ကို​သင်​တို့​အား​ပေး​တော် မူ​သည်​မ​ဟုတ်။ ထို​သူ​တို့​ဆိုး​ယုတ်​သော​ကြောင့် လည်း​ကောင်း၊ သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ထား ခဲ့​သော​က​တိ​တော်​ကို​တည်​စေ​ရန် အ​လို​တော် ရှိ​သော​ကြောင့်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား သည်​ထို​သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​မည်။-
5 Não é por causa da tua justiça, nem pela retidão do teu coração que entras a possuir a sua terra, mas pela iniqüidade destas nações o Senhor teu Deus as lança fora de diante de ti, e para confirmar a palavra que o Senhor teu Deus jurou a teus pais, Abraão, Isaque e Jacó.
6 သင်​တို့​နှင့်​ထိုက်​တန်​သ​ဖြင့်​ထို​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သော​ပြည်​ကို သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခြင်း​မ​ဟုတ်​ကြောင်း​သိ မှတ်​ကြ​လော့။ သင်​တို့​သည်​ခေါင်း​မာ​သော လူ​မျိုး​ဖြစ်​၏။''
6 Sabe, pois, que não é por causa da tua justiça que o Senhor teu Deus te dá esta boa terra para a possuíres, pois tu és povo de dura cerviz.
7 ``သင်​တို့​သည်​တော​ကန္တာ​ရ​၌​ရှိ​စဉ်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက် တော်​ထွက်​စေ​ခဲ့​ကြောင်း​အ​မြဲ​သ​တိ​ရ​ကြ လော့။ သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​သော နေ့​မှ​စ​၍ ဤ​အရပ်​သို့​ရောက်​သည့်​နေ့​တိုင်​အောင် ကိုယ်​တော်​ကို​ပုန်​ကန်​ခဲ့​ကြ​၏။-
7 Lembra-te, e não te esqueças, de como provocaste à ira o Senhor teu Deus no deserto; desde o dia em que saíste da terra do Egito, até que chegaste a este lugar, foste rebelde contra o Senhor;
8 သိနာ​တောင်​မှာ​ပင်​ကိုယ်​တော်​ကို သင်​တို့​အား သေ​ကြေ​ပျက်​စီး​စေ​လောက်​အောင်​အ​မျက် တော်​ထွက်​စေ​ခဲ့​ကြ​၏။-
8 também em Horebe provocastes à ira o Senhor, e o Senhor se irou contra vós para vos destruir.
9 ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-
9 Quando subi ao monte a receber as tábuas de pedra, as tábuas do pacto que o Senhor fizera convosco, fiquei no monte quarenta dias e quarenta noites; não comi pão, nem bebi água.
10 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-
10 E o Senhor me deu as duas tábuas de pedra, escritas com o dedo de Deus; e nelas estavam escritas todas aquelas palavras que o Senhor tinha falado convosco no monte, do meio do fogo, no dia da assembléia.
11 ရက်​ပေါင်း​လေး​ဆယ်​ပြည့်​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​ကို​ငါ့ အား​ပေး​တော်​မူ​၏။''
11 Sucedeu, pois, que ao fim dos quarenta dias e quarenta noites, o Senhor me deu as duas tábuas de pedra, as tábuas do pacto.
12 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`အီ​ဂျစ် ပြည်​မှ​သင်​ထုတ်​ဆောင်​ခဲ့​သော​သင်​၏​လူ​တို့ သည် စက်​ဆုတ်​ဖွယ်​သော​အ​မှု​ကို​ပြု​ကြ​ပြီ ဖြစ်​သော​ကြောင့် တောင်​ပေါ်​မှ​ချက်​ချင်း​ဆင်း သွား​လော့။ သူ​တို့​သည်​ငါ​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ပစ်​ပယ်​၍ သူ​တို့​ကိုး​ကွယ်​ရန်​ရုပ်တု​ကို သွန်း​လုပ်​ကြ​ပြီ' ဟု​မိန့်​တော်​မူ​၏။''
12 E o Senhor me disse: Levanta-te, desce logo daqui, porque o teu povo, que tiraste do Egito, já se corrompeu; cedo se desviaram do caminho que eu lhes ordenei; fizeram para si uma imagem de fundição.
13 ``တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`သူ​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။-
13 Disse-me ainda o Senhor: Atentei para este povo, e eis que ele é povo de dura cerviz;
14 မည်​သူ​မျှ​သူ​တို့​ကို​သ​တိ​မ​ရ​စေ​ရန် သူ တို့​ကို​ငါ​ဖျက်​ဆီး​သုတ်​သင်​ပစ်​မည်​ဖြစ်​၍ ငါ့​ကို​မ​ဆီး​တား​နှင့်။ ထို့​နောက်​ငါ​သည်​သင့် အား​ထို​သူ​တို့​ထက်​များ​ပြား​၍ အင်​အား​ကြီး သော​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်' ဟု​မိန့်​တော် မူ​၏။''
14 deixa-me que o destrua, e apague o seu nome de debaixo do céu; e farei de ti nação mais poderosa e mais numerosa do que esta.
15 ``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-
15 Então me virei, e desci do monte, o qual ardia em fogo; e as duas tábuas do pacto estavam nas minhas duas mãos.
16 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သော​ပညတ်​တော်​ကို​နား​မ​ထောင် ဘဲ သင်​တို့​ကိုး​ကွယ်​ရန်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။-
16 Olhei, e eis que havíeis pecado contra o Senhor vosso Deus; tínheis feito para vós um bezerro de fundição; depressa vos tínheis desviado do caminho que o Senhor vos ordenara.
17 ထို့​ကြောင့်​ငါ​သည်​သင်​တို့​ရှေ့​တွင်​ကျောက်​ပြား များ​ကို​ပစ်​ချ​သ​ဖြင့် ကျောက်​ပြား​များ​ကျိုး ပဲ့​ကြေ​မွ​ကုန်​၏။-
17 Peguei então das duas tábuas e, arrojando-as das minhas mãos, quebrei-as diante dos vossos olhos.
18 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-
18 Prostrei-me perante o Senhor, como antes, quarenta dias e quarenta noites; não comi pão, nem bebi água, por causa de todo o vosso pecado que havíeis cometido, fazendo o que era mau aos olhos do Senhor, para o provocar a ira.
19 ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-
19 Porque temi por causa da ira e do furor com que o Senhor estava irado contra vós para vos destruir; porém ainda essa vez o Senhor me ouviu.
20 ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-
20 O Senhor se irou muito contra Arão para o destruir; mas também orei a favor de Arão ao mesmo tempo.
21 ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''
21 Então eu tomei o vosso pecado, o bezerro que tínheis feito, e o queimei a fogo e o pisei, moendo-o bem, até que se desfez em pó; e o seu pó lancei no ribeiro que descia do monte.
22 ``သင်​တို့​သည်​တ​ဗေ​ရ​အ​ရပ်၊ မ​ဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​အ​ရပ်​တို့​၌​ရှိ​စဉ်​က​လည်း ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​တော်​ထွက်​စေ ခဲ့​ကြ​သည်။-
22 Igualmente em Taberá, e em Massá, e em Quibrote-Hataavá provocastes à ira o Senhor.
23 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သွား​ရောက်​သိမ်း​ယူ​ရန် သင်​တို့​အား​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​သော​အ​ခါ သင်​တို့ သည်​ပုန်​ကန်​ကြ​၏။ ကိုယ်​တော်​ကို​မ​ယုံ၊ အ​မိန့်​တော်​ကို​နာ​မ​ခံ​ကြ။-
23 Quando também o Senhor vos enviou de Cades-Barnéia, dizendo: Subi, e possuí a terra que vos dei; vós vos rebelastes contra o mandado do Senhor vosso Deus, e não o crestes, e não obedecestes à sua voz.
24 သင်​တို့​သည်​ငါ​စ​တင်​သိ​ကျွမ်း​သည့်​အ​ချိန်​မှ စ​၍ ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန် ခဲ့​ကြ​၏။''
24 Tendes sido rebeldes contra o Senhor desde o dia em que vos conheci.
25 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​သုတ်​သင်​ဖျက် ဆီး​မည်​ဖြစ်​သော​ကြောင့် ငါ​သည်​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး ကိုယ်​တော်​၏​ရှေ့​မှောက်​တွင်​ပျပ်​ဝပ် လျက်​နေ​ခဲ့​၏။-
25 Assim me prostrei perante o Senhor; quarenta dias e quarenta noites estive prostrado, porquanto o Senhor ameaçara destruir-vos.
26 ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-
26 Orei ao Senhor, dizendo: ó Senhor Jeová, não destruas o teu povo, a tua herança, que resgataste com a tua grandeza, que tiraste do Egito com mão forte.
27 ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-
27 Lembra-te dos teus servos, Abraão, Isaque e Jacó; não atentes para a dureza deste povo, nem para a sua iniqüidade, nem para o seu pecado;
28 သို့​မ​ဟုတ်​လျှင်​အီ​ဂျစ်​အ​မျိုး​သား​တို့​က ကိုယ် တော်​သည်​သူ​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​သို့​ပို့​ဆောင်​နိုင်​စွမ်း​မ​ရှိ​ဟု​ဆို​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​မုန်း​သော​ကြောင့် သတ်​ပစ်​ရန်​တော ကန္တာ​ရ​သို့​ထုတ်​ဆောင်​ခဲ့​သည်​ဟု​လည်း​ဆို ကြ​ပါ​လိမ့်​မည်။-
28 para que o povo da terra de onde nos tiraste não diga: Porquanto o Senhor não pôde introduzi-los na terra que lhes prometera, passou a odiá-los, e os tirou para os matar no deserto.
29 စင်​စစ်​အား​ဖြင့်​သူ​တို့​သည်​ကိုယ်​တော်​၏​လူ မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​၍ အီ​ဂျစ်​ပြည်​မှ ကိုယ်​တော်​၏​မ​ဟာ​တန်​ခိုး​တော်​နှင့်​လက်​ရုံး တော်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ​ခဲ့​သူ​များ ပင်​ဖြစ်​ကြ​ပါ​သည်' ဟု​တောင်း​ပန်​လျှောက် ထား​ခဲ့​၏။''
29 Todavia são eles o teu povo, a sua herança, que tiraste com a sua grande força e com o teu braço estendido.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.