Deuteronômio 22
Common Language Bible (MYA) vs BKJ
1 ``ဣသရေလအမျိုးသားချင်းတစ်ဦး၏ နွားသို့မဟုတ်သိုးတစ်ကောင်သည် မျက်စိ လည်လမ်းမှားနေသည်ကိုတွေ့ရလျှင် မမြင် ယောင်ဆောင်၍မနေဘဲပိုင်ရှင်ထံသို့ပြန် ပို့ရမည်။-
1 Se vires extraviado o boi do teu irmão, ou a sua ovelha, não te desinteressarás deles; de qualquer maneira, os trará de volta ao teu irmão.
2 ထိုပိုင်ရှင်နေထိုင်ရာအရပ်သည်ခရီးဝေး လျှင်သော်လည်းကောင်း၊ ပိုင်ရှင်မှာမည်သူဖြစ် ကြောင်းမသိလျှင်သော်လည်းကောင်း ထိုနွား သို့မဟုတ်သိုးကိုသင်၏အိမ်သို့ယူဆောင် ခဲ့လော့။ ပိုင်ရှင်ပေါ်လျှင်ပြန်အပ်လော့။-
2 E se teu irmão não estiver perto de ti, ou se não o conheceres, então trarás ele à tua própria casa, e estará contigo até que teu irmão o busque, e o restituirás a ele.
3 ဣသရေလအမျိုးသားချင်း၏မြည်းဖြစ် စေ၊ အဝတ်အထည်ဖြစ်စေ၊ အခြားအရာ တစ်စုံတစ်ခုဖြစ်စေပျောက်ဆုံး၍ သင်တွေ့ လျှင်ထိုနည်းအတိုင်းဆောင်ရွက်ရမည်။''
3 De igual maneira, farás com o seu jumento; e o mesmo farás com a sua veste; e com todas as coisas perdidas de teu irmão, que ele tiver perdido, e que encontrares, farás do mesmo modo; não podes esconder-te.
4 ``ဣသရေလအမျိုးသားချင်း၏မြည်း သို့မဟုတ်နွားသည် လမ်းပေါ်တွင်လဲနေ လျှင်သင်သည်မကူညီဘဲမနေနှင့်။ ဝိုင်း ၍ထူပေးလော့။''
4 Não verás o jumento de teu irmão, ou o seu boi caídos pelo caminho, e não te esconderás deles; certamente o ajudarás a levantá-los outra vez.
5 ``အမျိုးသမီးတို့သည်ယောကျာ်းတို့၏ အဝတ်ကိုမဝတ်ရ။ ယောကျာ်းတို့သည်လည်း အမျိုးသမီးတို့၏အဝတ်ကိုမဝတ်ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုသို့ဝတ်ဆင်သောသူများကို စက်ဆုပ်ရွံရှာတော်မူ၏။
5 A mulher não vestirá aquilo que pertence a um homem, e um homem não vestirá a veste de uma mulher; porque todos os que fazem isso são uma abominação para o SENHOR teu Deus.
6 ``သင်သည်ငှက်သိုက်တစ်ခုကိုသစ်ပင်ပေါ် ၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ တွေ့၍ ငှက်မသည်ဥများသို့မဟုတ်ငှက်ကလေး များပေါ်တွင်ဝပ်နေလျှင် ငှက်မကိုမဖမ်း ယူရ။-
6 Se por acaso vires um ninho de ave no caminho, em uma árvore, ou no chão, quer sejam filhotes ou ovos, e a mãe sobre os filhotes, ou sobre os ovos, não pegarás a mãe com os filhotes,
7 ငှက်ကလေးများကိုမူဖမ်းယူနိုင်သည်။ သို့ ရာတွင်ငှက်မကိုလွှတ်ရမည်။ ထိုသို့ပြုလျှင် သင်သည်အသက်ရှည်၍ကြွယ်ဝချမ်းသာ လိမ့်မည်။
7 mas deixarás ir a mãe, e ficarás com os filhotes; para que te vá bem, e para que possas prolongar os teus dias.
8 ``သင်သည်အိမ်သစ်တစ်ဆောင်ကိုဆောက်သည့် အခါ အမိုးစွန်းပတ်လည်တွင်အကာအရံ ရှိစေရမည်။ ထိုသို့ကာရံထားလျှင်တစ်စုံ တစ်ယောက်သောသူသည် အမိုးပေါ်မှလိမ့် ကျသေဆုံးခဲ့သော်သင်၏တာဝန်မဟုတ်။
8 Quando edificares uma casa nova, farás um parapeito para o teu telhado, para que não tragas sangue sobre a tua casa, se algum homem cair de lá.
9 ``စပျစ်ပင်နှင့်အတူ အခြားအသီးအနှံ ပင်မစိုက်ရ။ ထိုသို့စိုက်လျှင်စပျစ်သီး နှင့်အခြားအသီးအနှံပင်ကိုမစား သုံးရ။
9 Não semearás a tua vinha com sementes diferentes, para que o fruto da tua semente, que semeaste, e o fruto da tua vinha, não se contaminem.
10 ``နွားနှင့်မြင်းတပ်၍ထယ်မထွန်ရ။
10 Não lavrarás com um boi e um jumento juntos.
11 ``သိုးမွေးနှင့်ချည်စပ်၍ရက်သောအထည် ကိုမဝတ်ရ။
11 Não vestirás uma veste de tipos diferentes, como linho e lã juntos.
12 ``သင်၏ခြုံထည်ထောင့်လေးထောင့်တွင်ပန်း ပွားများတပ်ဆင်ရမည်။
12 Farás franjas para os quatro cantos da tua veste, com que te cobres.
13 — ausente —
13 Se algum homem tomar uma esposa, e entrar a ela, e a odiar,
14 — ausente —
14 e tiver oportunidade de falar contra ela, e lhe trouxer má reputação, e disser: Eu tomei esta mulher, e quando me cheguei a ela, descobri que não era virgem;
15 မိန်းမ၏မိဘတို့ကသူတို့၏သမီးသည် အပျိုဖြစ်ကြောင်းသက်သေအထောက်အထား ကိုယူဆောင်၍ မြို့အကြီးအကဲထံသို့သွား ရောက်ရကြမည်။-
15 então o pai da donzela e a sua mãe tomarão e apresentarão os sinais da virgindade da donzela aos anciãos da cidade, junto à porta,
16 ထိုမိန်းမ၏ဖခင်က`အကျွန်ုပ်၏သမီးကို ဤသူနှင့်လက်ထပ်ပေးစားခဲ့ရာ သူသည် ယခုသမီးကိုစွန့်လိုပါသည်။-
16 e o pai da donzela dirá aos anciãos: Dei minha filha a este homem como esposa, e ele a odeia;
17 သူကအကျွန်ုပ်၏သမီးသည်အပျိုမဟုတ် ဟူ၍မတရားစွပ်စွဲပါသည်။ သို့ရာတွင် အကျွန်ုပ်၏သမီးသည် အပျိုဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ်သွေးစွန်း နေသောမင်္ဂလာဆောင်အခင်းကိုတင်ပြပါ သည်' ဟုအကြီးအကဲတို့အားလျှောက် ဆိုရမည်။-
17 e eis que teve oportunidade de falar contra ela, dizendo: Não achei virgem a tua filha; mas estes são os sinais da virgindade de minha filha. E eles estenderão o pano diante dos anciãos da cidade.
18 ထိုအခါမြို့အကြီးအကဲတို့ကလင် ယောကျာ်းကိုရိုက်၍ဆုံးမရမည်။-
18 E os anciãos daquela cidade tomarão esse homem e o punirão;
19 ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။
19 e o castigarão em cem shekels de prata, e os darão ao pai da donzela, porque ele trouxe má fama a uma virgem de Israel, e ela será sua esposa, e ele não poderá despedi-la em todos os seus dias.
20 ``အကယ်၍ထိုစွပ်စွဲချက်သည်မှန်သဖြင့် မိန်းမသည်အပျိုဖြစ်ကြောင်းသက်သေ အထောက်အထားမပြနိုင်လျှင်၊-
20 Mas se isto for verdade, e os sinais da virgindade não forem encontrados na donzela,
21 မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
21 então eles levarão a donzela até a porta da casa do seu pai, e os homens da sua cidade a apedrejarão com pedras, para que morra; porque ela fez tolice em Israel, agindo como prostituta na casa do seu pai; assim afastarás o mal do teu meio.
22 ``ယောကျာ်းတစ်ယောက်ကလင်ရှိမယားတစ် ဦးနှင့် ကာမစပ်ယှက်နေသည်ကိုမိလျှင် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်သင်တို့သည်ဤဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။
22 Se um homem for encontrado deitado com uma mulher que tenha um marido, então ambos deverão morrer, tanto o homem que se deitou com a mulher, como a mulher; assim afastarás o mal de Israel.
23 ``အကယ်၍ယောကျာ်းတစ်ဦးသည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့် မြို့ထဲ၌ကာမစပ်ယှက်နေသည်ကိုမိ လျှင်၊-
23 Se uma donzela que é virgem for prometida a um esposo, e um homem a encontrar na cidade, e se deitar com ela,
24 သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
24 então trareis a ambos à porta da cidade, e os apedrejareis com pedras, para que morram; a donzela, porque não gritou quando estava na cidade; e o homem, porque ele humilhou a esposa do seu próximo; assim afastarás o mal do vosso meio.
25 ``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့်မြို့ပြင်၌တွေ့၍မုဒိမ်းကျင့်လျှင် ထို ယောကျာ်းကိုသာသေဒဏ်စီရင်ရမည်။-
25 Mas se um homem encontrar uma donzela prometida no campo, e o homem a forçar e se deitar com ela, então somente o homem que se deitar com ela morrerá;
26 မိန်းမသည်သေထိုက်သောအပြစ်မကူးလွန် သဖြင့် သူ့အားဒဏ်မစီရင်စေရ။ ဤအမှု သည်ယောကျာ်းတစ်ဦးက အခြားတစ်ဦးကို ခိုက်ရန်ပြု၍သတ်သောအမှုကဲ့သို့ဖြစ် သည်။-
26 mas à donzela nada farás; não há na donzela nenhum pecado merecedor de morte; pois é como quando um homem se levanta contra o seu próximo e o mata. Assim é este caso,
27 ထိုယောကျာ်းသည်မိန်းမအားမြို့ပြင်၌ မုဒိမ်းကျင့်သည်ဖြစ်ရာ မိန်းမကအော်ဟစ် ၍အကူအညီတောင်းသော်လည်းသူ့အား ကယ်မည့်သူမရှိသဖြင့်သူ၌အပြစ်မရှိ။
27 porque a achou no campo, e a donzela prometida gritou, e não houve ninguém que a salvasse.
28 ``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြားသူနှင့်လက်ထပ်ရန်စေ့စပ်ထား ခြင်းမရှိသောမိန်းမအားမုဒိမ်းကျင့် သည်ကိုမိလျှင်၊-
28 Se um homem encontrar uma donzela que é uma virgem, que não é prometida, e a tomar e se deitar com ela, e eles forem encontrados;
29 သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။
29 então o homem que se deitou com ela dará ao pai da donzela cinquenta shekels de prata, e ela será sua esposa; porque ele a humilhou, não poderá despedi-la em todos os seus dias.
30 ``မည်သူမျှမိမိဖခင်၏မယားတစ်ဦးဦး နှင့်ဖောက်ပြန်၍ဖခင်အားအရှက်မခွဲ စေရ။
30 Um homem não tomará a esposa do seu pai, nem descobrirá o manto do seu pai.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Deuteronômio 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.