Deuteronômio 22

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​၏ နွား​သို့​မ​ဟုတ်​သိုး​တစ်​ကောင်​သည် မျက်​စိ လည်​လမ်း​မှား​နေ​သည်​ကို​တွေ့​ရ​လျှင် မ​မြင် ယောင်​ဆောင်​၍​မ​နေ​ဘဲ​ပိုင်​ရှင်​ထံ​သို့​ပြန် ပို့​ရ​မည်။-
1 Vendo extraviado o boi ou ovelha de teu irmão, não te esconderás deles; restituí-los-ás sem falta a teu irmão.
2 ထို​ပိုင်​ရှင်​နေ​ထိုင်​ရာ​အ​ရပ်​သည်​ခ​ရီး​ဝေး လျှင်​သော်​လည်း​ကောင်း၊ ပိုင်​ရှင်​မှာ​မည်​သူ​ဖြစ် ကြောင်း​မ​သိ​လျှင်​သော်​လည်း​ကောင်း ထို​နွား သို့​မ​ဟုတ်​သိုး​ကို​သင်​၏​အိမ်​သို့​ယူ​ဆောင် ခဲ့​လော့။ ပိုင်​ရှင်​ပေါ်​လျှင်​ပြန်​အပ်​လော့။-
2 E, se teu irmão não estiver perto de ti ou tu o não conheceres, recolhê-los-ás na tua casa, para que fiquem contigo até que teu irmão os busque, e tu lhos tornarás a dar.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း​ဖြစ် စေ၊ အ​ဝတ်​အ​ထည်​ဖြစ်​စေ၊ အ​ခြား​အ​ရာ တစ်​စုံ​တစ်​ခု​ဖြစ်​စေ​ပျောက်​ဆုံး​၍ သင်​တွေ့ လျှင်​ထို​နည်း​အ​တိုင်း​ဆောင်​ရွက်​ရ​မည်။''
3 Assim também farás com o seu jumento e assim farás com as suas vestes; assim farás também com toda coisa perdida, que se perder de teu irmão, e tu a achares; não te poderás esconder.
4 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း သို့​မ​ဟုတ်​နွား​သည် လမ်း​ပေါ်​တွင်​လဲ​နေ လျှင်​သင်​သည်​မ​ကူ​ညီ​ဘဲ​မ​နေ​နှင့်။ ဝိုင်း ၍​ထူ​ပေး​လော့။''
4 O jumento que é de teu irmão ou o seu boi não verás caídos no caminho e deles te esconderás; com ele os levantarás, sem falta.
5 ``အ​မျိုး​သ​မီး​တို့​သည်​ယောကျာ်း​တို့​၏ အ​ဝတ်​ကို​မ​ဝတ်​ရ။ ယောကျာ်း​တို့​သည်​လည်း အ​မျိုး​သ​မီး​တို့​၏​အ​ဝတ်​ကို​မ​ဝတ်​ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​သို့​ဝတ်​ဆင်​သော​သူ​များ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
5 Não haverá trajo de homem na mulher, e não vestirá o homem veste de mulher; porque qualquer que faz isto abominação é ao Senhor , teu Deus.
6 ``သင်​သည်​ငှက်​သိုက်​တစ်​ခု​ကို​သစ်​ပင်​ပေါ် ၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ၊ တွေ့​၍ ငှက်​မ​သည်​ဥ​များ​သို့​မ​ဟုတ်​ငှက်​က​လေး များ​ပေါ်​တွင်​ဝပ်​နေ​လျှင် ငှက်​မ​ကို​မ​ဖမ်း ယူ​ရ။-
6 Quando encontrares algum ninho de ave no caminho, em alguma árvore ou no chão, com passarinhos, ou ovos, e a mãe posta sobre os passarinhos ou sobre os ovos, não tomarás a mãe com os filhos;
7 ငှက်​က​လေး​များ​ကို​မူ​ဖမ်း​ယူ​နိုင်​သည်။ သို့ ရာ​တွင်​ငှက်​မ​ကို​လွှတ်​ရ​မည်။ ထို​သို့​ပြု​လျှင် သင်​သည်​အ​သက်​ရှည်​၍​ကြွယ်​ဝ​ချမ်း​သာ လိမ့်​မည်။
7 deixarás ir livremente a mãe e os filhos tomarás para ti; para que bem te vá, e para que prolongues os dias.
8 ``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။
8 Quando edificares uma casa nova, farás no telhado um parapeito, para que não ponhas culpa de sangue na tua casa, se alguém de alguma maneira cair dela.
9 ``စ​ပျစ်​ပင်​နှင့်​အ​တူ အ​ခြား​အ​သီး​အ​နှံ ပင်​မ​စိုက်​ရ။ ထို​သို့​စိုက်​လျှင်​စ​ပျစ်​သီး နှင့်​အ​ခြား​အ​သီး​အ​နှံ​ပင်​ကို​မ​စား သုံး​ရ။
9 Não semearás a tua vinha de diferentes espécies de semente, para que se não profane o fruto da semente que semeares e a novidade da vinha.
10 ``နွား​နှင့်​မြင်း​တပ်​၍​ထယ်​မ​ထွန်​ရ။
10 Com boi e com jumento juntamente não lavrarás.
11 ``သိုး​မွေး​နှင့်​ချည်​စပ်​၍​ရက်​သော​အ​ထည် ကို​မ​ဝတ်​ရ။
11 Não te vestirás de diversos estofos de lã e linho juntamente.
12 ``သင်​၏​ခြုံ​ထည်​ထောင့်​လေး​ထောင့်​တွင်​ပန်း ပွား​များ​တပ်​ဆင်​ရ​မည်။
12 Franjas porás nas quatro bordas da tua manta, com que te cobrires.
13 — ausente —
13 Quando um homem tomar mulher, e, entrando a ela, a aborrecer,
14 — ausente —
14 e lhe imputar coisas escandalosas, e contra ela divulgar má fama, dizendo: Tomei esta mulher e me cheguei a ela, porém não a achei virgem;
15 မိန်း​မ​၏​မိ​ဘ​တို့​က​သူ​တို့​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား ကို​ယူ​ဆောင်​၍ မြို့​အ​ကြီး​အ​ကဲ​ထံ​သို့​သွား ရောက်​ရ​ကြ​မည်။-
15 então, o pai da moça e sua mãe tomarão os sinais da virgindade da moça e levá-los-ão para fora aos anciãos da cidade, à porta.
16 ထို​မိန်း​မ​၏​ဖ​ခင်​က`အ​ကျွန်ုပ်​၏​သ​မီး​ကို ဤ​သူ​နှင့်​လက်​ထပ်​ပေး​စား​ခဲ့​ရာ သူ​သည် ယ​ခု​သ​မီး​ကို​စွန့်​လို​ပါ​သည်။-
16 E o pai da moça dirá aos anciãos: Eu dei minha filha por mulher a este homem, porém ele a aborreceu;
17 သူ​က​အ​ကျွန်ုပ်​၏​သ​မီး​သည်​အ​ပျို​မ​ဟုတ် ဟူ​၍​မ​တ​ရား​စွပ်​စွဲ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း သက်​သေ​အ​ထောက်​အ​ထား​အ​ဖြစ်​သွေး​စွန်း နေ​သော​မင်္ဂ​လာ​ဆောင်​အ​ခင်း​ကို​တင်​ပြ​ပါ သည်' ဟု​အ​ကြီး​အ​ကဲ​တို့​အား​လျှောက် ဆို​ရ​မည်။-
17 e eis que lhe imputou coisas escandalosas, dizendo: Não achei virgem tua filha; porém eis aqui os sinais da virgindade de minha filha. E estenderão o lençol diante dos anciãos da cidade.
18 ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က​လင် ယောကျာ်း​ကို​ရိုက်​၍​ဆုံး​မ​ရ​မည်။-
18 Então, os anciãos da mesma cidade tomarão aquele homem, e o castigarão,
19 ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။
19 e o condenarão em cem siclos de prata, e os darão ao pai da moça, porquanto divulgou má fama sobre uma virgem de Israel. E lhe será por mulher, e em todos os seus dias não a poderá despedir.
20 ``အ​ကယ်​၍​ထို​စွပ်​စွဲ​ချက်​သည်​မှန်​သ​ဖြင့် မိန်း​မ​သည်​အပျို​ဖြစ်​ကြောင်း​သက်​သေ အ​ထောက်​အ​ထား​မ​ပြ​နိုင်​လျှင်၊-
20 Porém, se este negócio for verdade, que a virgindade se não achou na moça,
21 မြို့​အ​ကြီး​အ​ကဲ​တို့​က​ဖ​ခင်​၏​အိမ်​ရှေ့ သို့​ခေါ်​ဆောင်​သွား​ပြီး​နောက် မြို့​သား​တို့​က သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ ထို​မိန်း​မ သည်​လက်​မ​ထပ်​မီ​ဖ​ခင်​၏​အိမ်​၌​ရှိ​နေ​စဉ် က​ပင် ကာ​မ​စပ်​ယှက်​မှု​ကို​ပြု​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှက်​ဖွယ်​သော​အ​မှု ကို​ကူး​လွန်​ခဲ့​လေ​ပြီ။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။
21 então, levarão a moça à porta da casa de seu pai, e os homens da sua cidade a apedrejarão com pedras, até que morra; pois fez loucura em Israel, prostituindo-se na casa de seu pai; assim, tirarás o mal do meio de ti.
22 ``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။
22 Quando um homem for achado deitado com mulher casada com marido, então, ambos morrerão, o homem que se deitou com a mulher e a mulher; assim, tirarás o mal de Israel.
23 ``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့် မြို့​ထဲ​၌​ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ လျှင်၊-
23 Quando houver moça virgem, desposada com algum homem, e um homem a achar na cidade e se deitar com ela,
24 သူ​တို့​နှစ်​ဦး​စ​လုံး​ကို​မြို့​ပြင်​သို့​ထုတ်​၍ ကျောက်​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ မိန်း​မ​သည်​မြို့ ထဲ​၌​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခဲ့​သော် ရ​နိုင်​ပါ​လျက်​နှင့် အ​ကူ​အ​ညီ​မ​တောင်း​ခြင်း ကြောင့်​သေ​ဒဏ်​ခံ​စေ​ရ​မည်။ ယောကျာ်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​ကြောင့်​သေ​ဒဏ်​ခံ စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။
24 então, trareis ambos à porta daquela cidade e os apedrejareis com pedras, até que morram; a moça, porquanto não gritou na cidade, e o homem, porquanto humilhou a mulher do seu próximo; assim, tirarás o mal do meio de ti.
25 ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့်​မြို့​ပြင်​၌​တွေ့​၍​မု​ဒိမ်း​ကျင့်​လျှင် ထို ယောကျာ်း​ကို​သာ​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
25 E, se algum homem, no campo, achar uma moça desposada, e o homem a forçar, e se deitar com ela, então, morrerá só o homem que se deitou com ela;
26 မိန်း​မ​သည်​သေ​ထိုက်​သော​အ​ပြစ်​မ​ကူး​လွန် သ​ဖြင့် သူ့​အား​ဒဏ်​မ​စီ​ရင်​စေ​ရ။ ဤ​အ​မှု သည်​ယောကျာ်း​တစ်​ဦး​က အ​ခြား​တစ်​ဦး​ကို ခိုက်​ရန်​ပြု​၍​သတ်​သော​အ​မှု​ကဲ့​သို့​ဖြစ် သည်။-
26 porém à moça não farás nada; a moça não tem culpa de morte; porque, como o homem que se levanta contra o seu próximo e lhe tira a vida, assim é este negócio.
27 ထို​ယောကျာ်း​သည်​မိန်း​မ​အား​မြို့​ပြင်​၌ မု​ဒိမ်း​ကျင့်​သည်​ဖြစ်​ရာ မိန်း​မ​က​အော်​ဟစ် ၍​အ​ကူ​အ​ညီ​တောင်း​သော်​လည်း​သူ့​အား ကယ်​မည့်​သူ​မ​ရှိ​သ​ဖြင့်​သူ​၌​အ​ပြစ်​မ​ရှိ။
27 Pois a achou no campo; a moça desposada gritou, e não houve quem a livrasse.
28 ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား​သူ​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား ခြင်း​မ​ရှိ​သော​မိန်း​မ​အား​မု​ဒိမ်း​ကျင့် သည်​ကို​မိ​လျှင်၊-
28 Quando um homem achar uma moça virgem, que não for desposada, e pegar nela, e se deitar com ela, e forem apanhados,
29 သူ​သည်​ထို​မိန်း​မ​၏​ဖ​ခင်​အား မင်္ဂ​လာ​ကြေး ငွေ​သား​ငါး​ဆယ်​ပေး​လျော်​စေ​ရ​မည်။ ထို​သူ သည်​မိန်း​မ​နှင့်​အဋ္ဌမ္မ​ကာ​မ​စပ်​ယှက်​ခဲ့​သ​ဖြင့် မိ​မိ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်။ သူ အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​ထို မိန်း​မ​ကို​မ​ကွာ​ရှင်း​စေ​ရ။
29 então, o homem que se deitou com ela dará ao pai da moça cinquenta siclos de prata; e, porquanto a humilhou, lhe será por mulher; não a poderá despedir em todos os seus dias.
30 ``မည်​သူ​မျှ​မိ​မိ​ဖခင်​၏​မယား​တစ်​ဦး​ဦး နှင့်​ဖောက်​ပြန်​၍​ဖခင်​အား​အ​ရှက်​မ​ခွဲ စေ​ရ။
30 Nenhum homem tomará a mulher de seu pai, nem descobrirá a ourela de seu pai.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.