Deuteronômio 21

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ``အ​ကယ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် ကွင်း​ပြင်​၌ လက်​သည်​မ​ပေါ်​သော​လူ​သေ​အ​လောင်း​တစ်​ခု ကို​တွေ့​ရ​အံ့။-
1 — Se na terra que o Senhor , seu Deus, lhes dá para que tomem posse dela, alguém for achado morto, caído no campo, sem que se saiba quem o matou,
2 သင်​တို့​၏​အ​ကြီး​အ​ကဲ​များ​နှင့်​တ​ရား​သူ ကြီး​တို့​သည်​ကွင်း​ဆင်း​၍ လူ​သေ​အ​လောင်း တွေ့​ရှိ​သော​အ​ရပ်​နှင့်​နီး​စပ်​ရာ​မြို့​များ​၏ အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ရ​မည်။-
2 os anciãos e os juízes devem sair e medir a distância entre o morto e as cidades ao redor.
3 ထို့​နောက်​အ​လောင်း​နှင့်​အနီး​ဆုံး​မြို့​မှ​အ​ကြီး အ​ကဲ​တို့​သည် ထမ်း​ပိုး​မ​တင်​ရ​သေး​သော နွား​မ​တမ်း​မ​တစ်​ကောင်​ကို​ရွေး​ရ​မည်။-
3 Os anciãos da cidade mais próxima do morto tomarão uma novilha do rebanho, que ainda não tenha sido usada no trabalho, nem puxado com o jugo,
4 ထို​နွား​မ​ကို​ရေ​မ​ခန်း​သည့်​ချောင်း​အ​နီး ရှိ​မြေ​ရိုင်း​တစ်​ကွက်​သို့​ခေါ်​ဆောင်​၍ ထို နေ​ရာ​တွင်​နွား​မ​၏​လည်​ကို​ချိုး​၍​သတ် ရ​မည်။-
4 e a trarão a um vale de águas correntes, que não foi lavrado, nem semeado; e ali, naquele vale, desnucarão a novilha.
5 လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထို အ​ရပ်​သို့​သွား​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​လက်​ရောက်​ကူး​လွန်​မှု​မှန်​သ​မျှ​တွင် သူ တို့​စီ​ရင်​ဆုံး​ဖြတ်​ရ​သော​ကြောင့်​တည်း။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​အား​အ​မှု​တော်​ကို​ဆောင်​ရန်​နှင့် ထာ​ဝ​ရ ဘု​ရား​၏​အ​ခွင့်​အာ​ဏာ​ဖြင့်​ကောင်း​ချီး ပေး​ရန်​ရွေး​ကောက်​ထား​တော်​မူ​၏။-
5 Então se aproximarão os sacerdotes, filhos de Levi, porque o Senhor , o Deus de vocês, os escolheu para o servirem, para abençoarem em nome do Senhor e, por sua palavra, decidirem toda demanda e todo caso de violência.
6 ထို့​နောက်​လူ​သေ​အ​လောင်း​တွေ့​ရှိ​ရာ​အ​ရပ် နှင့်​အ​နီး​ဆုံး​မြို့​မှ​အ​ကြီး​အ​ကဲ​အ​ပေါင်း တို့​သည် နွား​မ​အ​ပေါ်​တွင်​လက်​ကို​ရေ​ဆေး လျက်၊-
6 Todos os anciãos dessa cidade mais próxima do morto lavarão as mãos sobre a novilha desnucada no vale
7 `အ​ကျွန်ုပ်​တို့​သည်​ထို​သူ​ကို​မ​သတ်​ပါ။ မည်​သူ​သတ်​သည်​ဟူ​၍​အ​ကျွန်ုပ်​တို့​မ​သိ ပါ။-
7 e dirão: “As nossas mãos não derramaram este sangue, e os nossos olhos não viram quem o derramou.
8 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အီဂျစ်​ပြည် မှ​ကယ်​တင်​ခဲ့​သော ဣ​သ​ရေ​လ​လူ​မျိုး​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ တစ်​ယောက်​ကို​သတ်​သော​အ​ပြစ်​သည် အ​ကျွန်ုပ် တို့​အ​ပေါ်​တွင်​မ​ကျ​ရောက်​ပါ​စေ​နှင့်' ဟု ဆို​ရ​မည်။-
8 Perdoa o teu povo de Israel, que tu, ó Senhor , resgataste, e não ponhas a culpa do sangue inocente no meio do teu povo de Israel.” E a culpa daquele sangue lhe será perdoada.
9 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​ခြင်း​ဖြင့် သင်​တို့​သည် လူ​အ​သက်​ကို​သတ်​ခြင်း​အပြစ်​မှ​ကင်း လွတ်​ကြ​လိမ့်​မည်။''
9 Assim vocês eliminarão a culpa do sangue inocente do meio de vocês, pois farão o que é reto aos olhos do Senhor .
10 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် စစ်​ပွဲ​အောင်​စေ​သ​ဖြင့် သင်​တို့​သည် သုံ့​ပန်း​များ​ကို​လက်​ရ​ဖမ်း​ဆီး​မိ​သော အ​ခါ၊-
10 Quando vocês saírem para fazer guerra aos seus inimigos, e o Senhor , seu Deus, os entregar nas suas mãos e vocês fizerem prisioneiros de guerra,
11 သုံ့​ပန်း​များ​ထဲ​မှ​ရုပ်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ကို​မြင်​၍ နှစ်​သက်​သ​ဖြင့်​လက်​ထပ်​ယူ လို​ပေ​လိမ့်​မည်။-
11 se algum de vocês vir entre eles uma mulher bonita, gostar dela e quiser tomá-la por esposa,
12 သူ့​ကို​သင်​၏​အိမ်​သို့​ခေါ်​ဆောင်​၍​သူ​၏​ဆံ​ပင် ကို​ရိတ်​စေ​ရ​မည်။ လက်​သည်း​များ​ကို​လှီး​စေ ရ​မည်။-
12 deve levá-la para casa, onde ela rapará a cabeça, cortará as unhas,
13 အ​ဝတ်​အ​စား​များ​ကို​လဲ​စေ​ရ​မည်။ သူ​သည် သင်​၏​အိမ်​တွင်​နေ​ထိုင်​၍ သူ​၏​မိ​ဘ​များ အ​တွက်​တစ်​လ​ကြာ​မျှ​ဝမ်း​နည်း​ပူ​ဆွေး စေ​ရ​မည်။-
13 e trocará a roupa que estava usando ao ser capturada. Ela permanecerá em casa e ficará de luto pelo pai e pela mãe durante um mês. Depois disto você pode tomá-la; você será o seu marido e ela será a sua mulher.
14 ထို့​နောက်​သင်​သည်​သူ့​ကို​မ​ယား​အ​ဖြစ်​သိမ်း ပိုက်​နိုင်​သည်။ နောင်​အ​ခါ​သူ​နှင့်​မ​ပေါင်း​သင်း လို​လျှင် လွတ်​လပ်​စွာ​သွား​ခွင့်​ပြု​ရ​မည်။ သင် သည်​သူ့​အား​မ​ယား​အ​ဖြစ်​အ​တင်း​အ​ဋ္ဌမ္မ သိမ်း​ပိုက်​ခဲ့​သည်​ဖြစ်​သော​ကြောင့် ကျွန်​အ​ဖြစ် မ​စေ​စား​ရ။ ငွေ​နှင့်​လည်း​မ​ရောင်း​ရ။''
14 E, se você não gostar mais dela, deixe que ela vá para onde quiser. Você não pode vendê-la por dinheiro nem maltratá-la, porque a humilhou.
15 ``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​တွင်​မ​ယား​နှစ် ယောက်​ရှိ​လျှင် မ​ယား​နှစ်​ယောက်​စ​လုံး​တွင် သား​ယောကျာ်း​များ​ဖွား​မြင်​အံ့။ သား​ဦး​သည် သူ​ပို​၍​ချစ်​သော​မ​ယား​၏​သား​မ​ဟုတ်။-
15 — Se um homem tiver duas mulheres, uma a quem ama e outra a quem não ama, e as duas lhe derem filhos, e o primogênito for da que ele não ama,
16 ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-
16 no dia em que repartir a herança entre os filhos, não poderá dar a primogenitura ao filho da amada, preferindo-o ao filho da que ele não ama e que é de fato o primogênito.
17 သား​ဦး​သည်​သူ​ပို​၍​ချစ်​သော​မယား​၏​သား မ​ဟုတ်​သော်​လည်း သူ​ရ​သင့်​ရ​ထိုက်​သော​အမွေ ဥစ္စာ​နှစ်​ဆ​ကို​ပေး​ရ​မည်။ ထို​သား​သည်​သား ဦး​ဖြစ်​သည်​ကို​အ​သိ​အ​မှတ်​ပြု​လျက် သူ့ အား​တ​ရား​ဝင်​ရ​ထိုက်​သော​ဝေ​စု​ကို​ပေး ရ​မည်။''
17 Pelo contrário, deve reconhecer por primogênito o filho da mulher que ele não ama, dando-lhe dobrada porção de tudo o que possuir, porque aquele é o primogênito do seu vigor; o direito da primogenitura é dele.
18 ``မိ​ဘ​တို့​ဆုံး​မ​သော်​လည်း​မ​နာ​ခံ ခေါင်း​မာ​၍ တော်​လှန်​တတ်​သော​သား​ရှိ​လျှင်၊-
18 — Se alguém tiver um filho teimoso e rebelde, que não obedece à voz de seu pai nem à voz de sua mãe e, mesmo quando castigado, não lhes dá ouvidos,
19 မိ​ဘ​တို့​သည်​ထို​သား​ကို​မြို့​၏​အ​ကြီး အ​ကဲ​တို့​ထံ​တွင်​အ​စစ်​ဆေး​ခံ​စေ​ရ​မည်။-
19 seu pai e sua mãe o pegarão e o levarão aos anciãos da cidade, junto ao portão daquele lugar,
20 မိ​ဘ​တို့​က`အ​ကျွန်ုပ်​တို့​၏​သား​သည်​ခေါင်း မာ​၍​မိ​ဘ​ကို​တော်​လှန်​၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​ပါ။ ငွေ​ကို​ဖြုန်း​တီး​၍​အ​ရက် သေ​စာ​သောက်​ကြူး​ပါ​သည်' ဟူ​၍​လျှောက် ဆို​ရ​မည်။-
20 e dirão: “Este nosso filho é rebelde e teimoso, não dá ouvidos à nossa voz, é comilão e beberrão.”
21 ထို့​နောက်​မြို့​သား​အ​ပေါင်း​တို့​က ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထို​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် ကြောက်​ရွံ့​ကြ​လိမ့်​မည်။''
21 Então todos os homens da cidade o apedrejarão até que morra. Assim vocês eliminarão o mal do meio de vocês; todo o Israel ouvirá e temerá.
22 ``သေ​ဒဏ်​ထိုက်​သော​ပြစ်​မှု​ကြောင့် အ​သေ သတ်​ခြင်း​ခံ​ရ​သူ​၏​အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​လျှင်၊-
22 — Se alguém tiver cometido um pecado que é passível da pena de morte, e tiver sido morto, e vocês o pendurarem num madeiro,
23 ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''
23 o seu cadáver não deve permanecer no madeiro durante a noite. É preciso sepultá-lo no mesmo dia, pois o que for pendurado no madeiro é maldito de Deus. Assim vocês não contaminarão a terra que o Senhor , seu Deus, lhes dá por herança.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.