Deuteronômio 21
Common Language Bible (MYA) vs ARIB
1 ``အကယ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် ကွင်းပြင်၌ လက်သည်မပေါ်သောလူသေအလောင်းတစ်ခု ကိုတွေ့ရအံ့။-
1 Se na terra que o Senhor teu Deus te dá para a possuíres, for encontrado algum morto caído no campo, sem que se saiba quem o matou,
2 သင်တို့၏အကြီးအကဲများနှင့်တရားသူ ကြီးတို့သည်ကွင်းဆင်း၍ လူသေအလောင်း တွေ့ရှိသောအရပ်နှင့်နီးစပ်ရာမြို့များ၏ အကွာအဝေးကိုတိုင်းတာရမည်။-
2 sairão os teus anciãos e os teus juízes, e medirão as distâncias dali até as cidades que estiverem em redor do morto;
3 ထို့နောက်အလောင်းနှင့်အနီးဆုံးမြို့မှအကြီး အကဲတို့သည် ထမ်းပိုးမတင်ရသေးသော နွားမတမ်းမတစ်ကောင်ကိုရွေးရမည်။-
3 e será que, na cidade mais próxima do morto, os anciãos da mesma tomarão uma novilha da manada, que ainda não tenha trabalhado nem tenha puxado na canga,
4 ထိုနွားမကိုရေမခန်းသည့်ချောင်းအနီး ရှိမြေရိုင်းတစ်ကွက်သို့ခေါ်ဆောင်၍ ထို နေရာတွင်နွားမ၏လည်ကိုချိုး၍သတ် ရမည်။-
4 trarão a novilha a um vale de águas correntes, que nunca tenha sido lavrado nem semeado, e ali, naquele vale, quebrarão o pescoço à novilha.
5 လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
5 Então se achegarão os sacerdotes, filhos de Levi; pois o Senhor teu Deus os escolheu para o servirem, e para abençoarem em nome do Senhor; e segundo a sua sentença se determinará toda demanda e todo ferimento;
6 ထို့နောက်လူသေအလောင်းတွေ့ရှိရာအရပ် နှင့်အနီးဆုံးမြို့မှအကြီးအကဲအပေါင်း တို့သည် နွားမအပေါ်တွင်လက်ကိုရေဆေး လျက်၊-
6 e todos os anciãos da mesma cidade, a mais próxima do morto, lavarão as mãos sobre a novilha cujo pescoço foi quebrado no vale,
7 `အကျွန်ုပ်တို့သည်ထိုသူကိုမသတ်ပါ။ မည်သူသတ်သည်ဟူ၍အကျွန်ုပ်တို့မသိ ပါ။-
7 e, protestando, dirão: As nossas mãos não derramaram este sangue, nem os nossos olhos o viram.
8 အို ထာဝရဘုရား၊ ကိုယ်တော်အီဂျစ်ပြည် မှကယ်တင်ခဲ့သော ဣသရေလလူမျိုး၏ အပြစ်ကိုလွှတ်တော်မူပါ။ အကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်တော်မူပါ။ အပြစ်မဲ့သူ တစ်ယောက်ကိုသတ်သောအပြစ်သည် အကျွန်ုပ် တို့အပေါ်တွင်မကျရောက်ပါစေနှင့်' ဟု ဆိုရမည်။-
8 Perdoa, ó Senhor, ao teu povo Israel, que tu resgataste, e não ponhas o sangue inocente no meio de teu povo Israel. E aquele sangue lhe será perdoado.
9 သို့ဖြစ်၍ထာဝရဘုရားမိန့်မှာသည့် အတိုင်းဆောင်ရွက်ခြင်းဖြင့် သင်တို့သည် လူအသက်ကိုသတ်ခြင်းအပြစ်မှကင်း လွတ်ကြလိမ့်မည်။''
9 Assim tirarás do meio de ti o sangue inocente, quando fizeres o que é reto aos olhos do Senhor.
10 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် စစ်ပွဲအောင်စေသဖြင့် သင်တို့သည် သုံ့ပန်းများကိုလက်ရဖမ်းဆီးမိသော အခါ၊-
10 Quando saíres à peleja contra os teus inimigos, e o Senhor teu Deus os entregar nas tuas mãos, e os levares cativos,
11 သုံ့ပန်းများထဲမှရုပ်အဆင်းလှသောအမျိုး သမီးကိုမြင်၍ နှစ်သက်သဖြင့်လက်ထပ်ယူ လိုပေလိမ့်မည်။-
11 se vires entre os cativas uma mulher formosa à vista e, afeiçoando-te a ela, quiseres tomá-la por mulher,
12 သူ့ကိုသင်၏အိမ်သို့ခေါ်ဆောင်၍သူ၏ဆံပင် ကိုရိတ်စေရမည်။ လက်သည်းများကိုလှီးစေ ရမည်။-
12 então a trarás para a tua casa; e ela, tendo rapado a cabeça, cortado as unhas,
13 အဝတ်အစားများကိုလဲစေရမည်။ သူသည် သင်၏အိမ်တွင်နေထိုင်၍ သူ၏မိဘများ အတွက်တစ်လကြာမျှဝမ်းနည်းပူဆွေး စေရမည်။-
13 e despido as vestes do seu cativeiro, ficará na tua casa, e chorará a seu pai e a sua mãe um mês inteiro; depois disso estarás com ela, e serás seu marido e ela será tua mulher.
14 ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။''
14 E, se te enfadares dela, deixá-la-ás ir à sua vontade; mas de modo nenhum a venderás por dinheiro, nem a tratarás como escrava, porque a humilhaste.
15 ``အကယ်၍ယောကျာ်းတစ်ဦးတွင်မယားနှစ် ယောက်ရှိလျှင် မယားနှစ်ယောက်စလုံးတွင် သားယောကျာ်းများဖွားမြင်အံ့။ သားဦးသည် သူပို၍ချစ်သောမယား၏သားမဟုတ်။-
15 Se um homem tiver duas mulheres, uma a quem ama e outra a quem despreza, e ambas lhe tiverem dado filhos, e o filho primogênito for da desprezada,
16 ထိုသူသည်မိမိ၏သားတို့အားအမွေခွဲဝေ ပေးသောအခါ သူပို၍ချစ်သောမယား၏သား အားသားဦးရထိုက်သောဝေစုကိုမပေးရ။-
16 quando fizer herdar a seus filhos o que tiver, não poderá dar a primogenitura ao filho da amada, preferindo-o ao filha da desprezada, que é o primogênito;
17 သားဦးသည်သူပို၍ချစ်သောမယား၏သား မဟုတ်သော်လည်း သူရသင့်ရထိုက်သောအမွေ ဥစ္စာနှစ်ဆကိုပေးရမည်။ ထိုသားသည်သား ဦးဖြစ်သည်ကိုအသိအမှတ်ပြုလျက် သူ့ အားတရားဝင်ရထိုက်သောဝေစုကိုပေး ရမည်။''
17 mas ao filho da aborrecida reconhecerá por primogênito, dando-lhe dobrada porção de tudo quanto tiver, porquanto ele é as primícias da sua força; o direito da primogenitura é dele.
18 ``မိဘတို့ဆုံးမသော်လည်းမနာခံ ခေါင်းမာ၍ တော်လှန်တတ်သောသားရှိလျှင်၊-
18 Se alguém tiver um filho contumaz e rebelde, que não obedeça à voz de seu pai e à voz de sua mãe, e que, embora o castiguem, não lhes dê ouvidos,
19 မိဘတို့သည်ထိုသားကိုမြို့၏အကြီး အကဲတို့ထံတွင်အစစ်ဆေးခံစေရမည်။-
19 seu pai e sua mãe, pegando nele, o levarão aos anciãos da sua cidade, e à porta do seu lugar;
20 မိဘတို့က`အကျွန်ုပ်တို့၏သားသည်ခေါင်း မာ၍မိဘကိုတော်လှန်၍ မိဘစကားကို နားမထောင်ပါ။ ငွေကိုဖြုန်းတီး၍အရက် သေစာသောက်ကြူးပါသည်' ဟူ၍လျှောက် ဆိုရမည်။-
20 e dirão aos anciãos da cidade: Este nosso filho é contumaz e rebelde; não dá ouvidos à nossa voz; é comilão e beberrão.
21 ထို့နောက်မြို့သားအပေါင်းတို့က ထိုသားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ ဤနည်းအား ဖြင့်သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။ ဣသရေလအမျိုးသားအပေါင်း တို့သည် ထိုသတင်းကိုကြားရသဖြင့် ကြောက်ရွံ့ကြလိမ့်မည်။''
21 Então todos os homens da sua cidade o apedrejarão, até que morra; assim exterminarás o mal do meio de ti; e todo o Israel, ouvindo isso, temerá.
22 ``သေဒဏ်ထိုက်သောပြစ်မှုကြောင့် အသေ သတ်ခြင်းခံရသူ၏အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားလျှင်၊-
22 Se um homem tiver cometido um pecado digno de morte, e for morto, e o tiveres pendurado num madeiro,
23 ညအိပ်၍မထားရ။ အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားခြင်းသည်တိုင်းပြည်အတွက် အမင်္ဂလာဖြစ်သောကြောင့် အလောင်းကိုနေ့ ချင်းတွင်းမြှုပ်နှံရမည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူမည့်ပြည် ကို မညစ်ညမ်းစေရန်ထိုအလောင်းကိုမြှုပ်နှံ လော့။''
23 o seu cadáver não permanecerá toda a noite no madeiro, mas certamente o enterrarás no mesmo dia; porquanto aquele que é pendurado é maldito de Deus. Assim não contaminarás a tua terra, que o Senhor teu Deus te dá em herança.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Deuteronômio 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.