Colossenses 3

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ကြ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင် ၏​လက်​ယာ​တော်​ဘက်​တွင်​ခ​ရစ်​တော်​ထိုင် လျက်​နေ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​၌​ရှိ​သော အ​ရာ​တို့​ကို​လို​ချင်​တောင့်​တ​ကြ​လော့။-
1 Se, portanto, ressuscitastes com Cristo, buscai as coisas lá do alto, onde Cristo está sentado à direita de Deus.
2 လော​က​တွင်​ရှိ​သော​အ​ရာ​တို့​ကို​စိတ်​မ​စွဲ လမ်း​ဘဲ အ​ထက်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​ကို စိတ်​စွဲ​လမ်း​ကြ​လော့။-
2 Afeiçoai-vos às coisas lá de cima, e não às da terra.
3 အ​ဘယ်​ကြောင့်​ဆို​သော်​သေ​ပြီး​သော​သင်​တို့ အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘု​ရား သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​သော​ကြောင့်​တည်း။-
3 Porque estais mortos e a vossa vida está escondida com Cristo em Deus.
4 သင်​တို့​အ​သက်​အ​စစ်​အ​မှန်​သည်​ခ​ရစ်​တော် ဖြစ်​သည်။ ကိုယ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း အ​သ​ရေ​တော်​ကို​ခံ​စား​ရ​ကြ​လတ္တံ့။
4 Quando Cristo, vossa vida, aparecer, então também vós aparecereis com ele na glória.
5 သို့​ဖြစ်​၍​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​စွာ ကျင့်​ခြင်း၊ ပြင်း​ပြ​သော​တ​ဏှာ​ရမ္မက်၊ မ​ကောင်း​မှု ပြု​လုပ်​လို​သော​စိတ်​ရှိ​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း​အ​စ​ရှိ​သော​လော​ကီ​အာ​သာ​ရမ္မက်​များ ကို​သေ​စေ​ကြ​လော့။ (လော​ဘ​ကူး​ခြင်း​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တစ်​မျိုး​ပင်​ဖြစ်​၏။-)
5 Mortificai, pois, os vossos membros no que têm de terreno: a devassidão, a impureza, as paixões, os maus desejos, a cobiça, que é uma idolatria.
6 ထို​ကဲ့​သို့​သော​အာ​သာ​ရမ္မက်​များ​ကြောင့်​ဘု​ရား သ​ခင်​၏​စ​ကား​ကို​မ​နာ​ခံ​သော​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​ပေ​အံ့။-
6 Dessas coisas provém a ira de Deus sobre os descrentes.
7 အ​ခါ​တစ်​ပါး​က​သင်​တို့​ကိုယ်​တိုင်​လည်း​ထို အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​လျက် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြ​၏။
7 Outrora também vós assim vivíeis, mergulhados como estáveis nesses vícios.
8 သို့​သော်​ယ​ခု​အ​ခါ​၌​သင်​တို့​သည်​အ​မျက် ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မုန်း​တီး​ခြင်း၊ သူ​တစ် ပါး​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ ညစ်​ညမ်း​သော စ​ကား​ကို​ပြော​ဆို​ခြင်း​စ​သည်​တို့​ကို​ပယ် ရှား​ကြ​လော့။-
8 Agora, porém, deixai de lado todas estas coisas: ira, animosidade, maledicência, maldade, palavras torpes da vossa boca,
9 တစ်ဦး​နှင့်​တစ်​ဦး​လိမ်​လည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည်​အ​ကျင့်​ဆိုး​များ​နှင့်​တ​ကွ​လူ ဟောင်း​ကို​ချွတ်​ပယ်​ကာ၊-
9 nem vos enganeis uns aos outros. Vós vos despistes do homem velho com os seus vícios,
10 လူ​သစ်​ကို​ဝတ်​ဆင်​ကြ​လေ​ပြီ။ ဖန်​ဆင်း​တော်​မူ ရှင်​ဘု​ရား​သ​ခင်​သည် ထို​လူ​သစ်​အား​မိ​မိ​၏ ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​အ​မြဲ​အ​သစ်​ပြု​ပြင် လျက်​နေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ သင်​တို့​သည်​ကိုယ်​တော်​ကို​ပြည့်​ဝ​စုံ​လင်​စွာ သိ​ကျွမ်း​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။-
10 e vos revestistes do novo, que se vai restaurando constantemente à imagem daquele que o criou, até atingir o perfeito conhecimento.
11 သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။
11 Aí não haverá mais grego nem judeu, nem bárbaro nem cita, nem escravo nem livre, mas somente Cristo, que será tudo em todos.
12 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍ မိ​မိ ပိုင်​ဆိုင်​သူ​များ​ဖြစ်​ရန်​ရွေး​ချယ်​တော်​မူ​သ​ဖြင့် က​ရု​ဏာ​ပြ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ စိတ် နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း တို့​ကို​ဝတ်​ဆင်​ကြ​လော့။-
12 Portanto, como eleitos de Deus, santos e queridos, revesti-vos de entranhada misericórdia, de bondade, humildade, doçura, paciência.
13 သင်​တို့​သည်​အ​ချင်း​ချင်း​အ​ပေါ်​တွင်​အ​ပြစ် တင်​စ​ရာ​ရှိ​ပါ​လျှင် သည်း​ခံ​လျက်​အ​ပြစ်​ဖြေ လွှတ်​ကြ​လော့။ သ​ခင်​ဘု​ရား​သည်​သင်​တို့ အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ သင် တို့​သည်​လည်း​အ​ချင်း​ချင်း​အား​အ​ပြစ်​ဖြေ လွှတ်​ရ​ကြ​မည်။-
13 Suportai-vos uns aos outros e perdoai-vos mutuamente, toda vez que tiverdes queixa contra outrem. Como o Senhor vos perdoou, assim perdoai também vós.
14 ဤ​အ​ရည်​အ​သွေး​များ​ကို​မေတ္တာ​ဖြင့်​ဖြည့်​စွက် လော့။ မေတ္တာ​သည်​အ​ရာ​ခပ်​သိမ်း​ကို​စု​စည်း​၍ လုံး​ဝ​စည်း​လုံး​ညီ​ညွတ်​စေ​သ​တည်း။-
14 Mas, acima de tudo, revesti-vos da caridade, que é o vínculo da perfeição.
15 သင်​တို့​ကို​လမ်း​ပြ​ရန်​ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ သည့်​ငြိမ်​သက်​ခြင်း​နှင့်​အ​ညီ သင်​တို့​ဆုံး​ဖြတ် ချက်​များ​ချ​မှတ်​ကြ​လော့။ ထို​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​နိုင်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​တစ်​ခု​တည်း​သော​ကိုယ်​ခန္ဓာ အ​ဖြစ်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့​၏။ သို့ ဖြစ်​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။-
15 Triunfe em vossos corações a paz de Cristo, para a qual fostes chamados a fim de formar um único corpo. E sede agradecidos.
16 ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-
16 A palavra de Cristo permaneça entre vós em toda a sua riqueza, de sorte que com toda a sabedoria vos possais instruir e exortar mutuamente. Sob a inspiração da graça cantai a Deus de todo o coração salmos, hinos e cânticos espirituais.
17 သို့​ဖြစ်​၍​သင်​တို့​သည်​ပြော​ဆို​ပြု​မူ​ရာ​တွင် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​ထောက်​၍​ပြော​ဆို​ပြု​မူ​ကြ လော့။ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ဖ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
17 Tudo quanto fizerdes, por palavra ou por obra, fazei-o em nome do Senhor Jesus, dando por ele graças a Deus Pai.
18 ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။-
18 Mulheres, sede submissas a vossos maridos, porque assim convém, no Senhor.
19 ခင်​ပွန်း​ဖြစ်​သူ​တို့၊ ဇ​နီး​များ​ကို​ချစ်​ကြ​လော့။ သူ​တို့​အား​ကြမ်း​တမ်း​စွာ​မ​ပြု​ကြ​နှင့်။
19 Maridos, amai as vossas mulheres e não as trateis com aspereza.
20 သား​သ​မီး​ဖြစ်​သူ​တို့၊ မိ​ဘ​စ​ကား​ကို​အ​စဉ် နား​ထောင်​ကြ​လော့။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု၊ ပြု​ကျင့်​အပ်​သော အ​မှု​ဖြစ်​၏။-
20 Filhos, obedecei em tudo a vossos pais, porque isto agrada ao Senhor.
21 ဖ​ခင်​ဖြစ်​သူ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး အောင်​မ​ဆွ​နှင့်။ သို့​ပြု​ပါ​လျှင်​သူ​တို့​သည်​စိတ် အား​လျော့​ကြ​လိမ့်​မည်။
21 Pais, deixai de irritar vossos filhos, para que não se tornem desanimados.
22 ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​ကို​ပိုင်​သော​သ​ခင်​များ ၏​စ​ကား​ကို​အ​ရာ​ရာ​တွင်​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​မျက်​နှာ​ရ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​လျှင်​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​သည် မ​ဟုတ်၊ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ သော​အား​ဖြင့် သူ​တို့​၏​စ​ကား​ကို​ရိုး​ဖြောင့် သော​စိတ်​နှင့်​နား​ထောင်​ကြ​လော့။-
22 Servos, obedecei em tudo a vossos senhores terrenos, servindo não por motivo de que estais sendo vistos, como quem busca agradar a homens, mas com sinceridade de coração, por temor a Deus.
23 အ​ဘယ်​အ​မှု​ကို​ပြု​သည်​မ​ဆို​သင်​တို့​သည် လူ​၏​အ​လို​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​၏ အ​လို​ကို​ဆောင်​ရွက်​သ​ကဲ့​သို့​အ​စွမ်း​ရှိ သ​မျှ​ဖြင့်​လုပ်​ဆောင်​ကြ​လော့။-
23 Tudo o que fizerdes, fazei-o de bom coração, como para o Senhor e não para os homens,
24 မိ​မိ​၏​လူ​စု​တော်​အား​သ​ခင်​ဘု​ရား​က​တိ ထား​တော်​မူ​သော ဆု​လာဘ်​ကို​သင်​တို့​သည်​ရ မည်​ဖြစ်​ကြောင်း​နှ​လုံး​သွင်း​ကြ​လော့။ ခ​ရစ် တော်​သည်​သာ​လျှင်​သင်​တို့​၏​သ​ခင်​အ​စစ် အ​မှန်​ဖြစ်​တော်​မူ​၏။-
24 certos de que recebereis, como recompensa, a herança das mãos do Senhor. Servi a Cristo, Senhor.
25 ဒု​စ​ရိုက်​သ​မား​သည်​ထိုက်​သင့်​သော​အ​ပြစ်​ဒဏ် ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​တ​ရား​စီ​ရင်​ရာ​တွင်​မျက်​နှာ​ကြီး ငယ်​လိုက်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​သည်။
25 Quem cometer injustiça, pagará pelo que fez injustamente; e não haverá distinção de pessoas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.