Colossenses 3
Common Language Bible (MYA) vs ARIB
1 သင်တို့သည်ခရစ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထမြောက်ကြပြီဖြစ်၍ ဘုရားသခင် ၏လက်ယာတော်ဘက်တွင်ခရစ်တော်ထိုင် လျက်နေတော်မူရာ ကောင်းကင်ဘုံ၌ရှိသော အရာတို့ကိုလိုချင်တောင့်တကြလော့။-
1 Se, pois, fostes ressuscitados juntamente com Cristo, buscai as coisas que são de cima, onde Cristo está assentado à destra de Deus.
2 လောကတွင်ရှိသောအရာတို့ကိုစိတ်မစွဲ လမ်းဘဲ အထက်ဘုံ၌ရှိသောအရာတို့ကို စိတ်စွဲလမ်းကြလော့။-
2 Pensai nas coisas que são de cima, e não nas que são da terra;
3 အဘယ်ကြောင့်ဆိုသော်သေပြီးသောသင်တို့ အသက်သည် ခရစ်တော်နှင့်အတူဘုရား သခင်၌ဝှက်ထားလျက်ရှိသောကြောင့်တည်း။-
3 porque morrestes, e a vossa vida está escondida com Cristo em Deus.
4 သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။
4 Quando Cristo, que é a nossa vida, se manifestar, então também vós vos manifestareis com ele em glória.
5 သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-)
5 Exterminai, pois, as vossas inclinações carnais; a prostituição, a impureza, a paixão, a vil concupiscência, e a avareza, que é idolatria;
6 ထိုကဲ့သို့သောအာသာရမ္မက်များကြောင့်ဘုရား သခင်၏စကားကိုမနာခံသောသူများသည် အမျက်တော်သင့်ကြပေအံ့။-
6 pelas quais coisas vem a ira de Deus sobre os filhos da desobediência;
7 အခါတစ်ပါးကသင်တို့ကိုယ်တိုင်လည်းထို အပြစ်ဒုစရိုက်များကိုကူးလွန်လျက် အသက်ရှင်နေထိုင်ခဲ့ကြ၏။
7 nas quais também em outro tempo andastes, quando vivíeis nelas;
8 သို့သော်ယခုအခါ၌သင်တို့သည်အမျက် ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ သူတစ် ပါးအသရေကိုဖျက်ခြင်း၊ ညစ်ညမ်းသော စကားကိုပြောဆိုခြင်းစသည်တို့ကိုပယ် ရှားကြလော့။-
8 mas agora despojai-vos também de tudo isto: da ira, da cólera, da malícia, da maledicência, das palavras torpes da vossa boca;
9 တစ်ဦးနှင့်တစ်ဦးလိမ်လည်၍မပြောဆိုကြနှင့်။ သင်တို့သည်အကျင့်ဆိုးများနှင့်တကွလူ ဟောင်းကိုချွတ်ပယ်ကာ၊-
9 não mintais uns aos outros, pois que já vos despistes do homem velho com os seus feitos,
10 လူသစ်ကိုဝတ်ဆင်ကြလေပြီ။ ဖန်ဆင်းတော်မူ ရှင်ဘုရားသခင်သည် ထိုလူသစ်အားမိမိ၏ ပုံသဏ္ဌာန်တော်နှင့်အညီအမြဲအသစ်ပြုပြင် လျက်နေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ သင်တို့သည်ကိုယ်တော်ကိုပြည့်ဝစုံလင်စွာ သိကျွမ်းလာကြစေရန်ပင်ဖြစ်ပေသည်။-
10 e vos vestistes do novo, que se renova para o pleno conhecimento, segundo a imagem daquele que o criou;
11 သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။
11 onde não há grego nem judeu, circuncisão nem incircuncisão, bárbaro, cita, escravo ou livre, mas Cristo é tudo em todos.
12 သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။-
12 Revestí-vos, pois, como eleitos de Deus, santos e amados, de coração compassivo, de benignidade, humildade, mansidão, longanimidade,
13 သင်တို့သည်အချင်းချင်းအပေါ်တွင်အပြစ် တင်စရာရှိပါလျှင် သည်းခံလျက်အပြစ်ဖြေ လွှတ်ကြလော့။ သခင်ဘုရားသည်သင်တို့ အားအပြစ်ဖြေလွှတ်တော်မူသကဲ့သို့ သင် တို့သည်လည်းအချင်းချင်းအားအပြစ်ဖြေ လွှတ်ရကြမည်။-
13 suportando-vos e perdoando-vos uns aos outros, se alguém tiver queixa contra outro; assim como o Senhor vos perdoou, assim fazei vós também.
14 ဤအရည်အသွေးများကိုမေတ္တာဖြင့်ဖြည့်စွက် လော့။ မေတ္တာသည်အရာခပ်သိမ်းကိုစုစည်း၍ လုံးဝစည်းလုံးညီညွတ်စေသတည်း။-
14 E, sobre tudo isto, revestí-vos do amor, que é o vínculo da perfeição.
15 သင်တို့ကိုလမ်းပြရန်ခရစ်တော်ထံမှရရှိ သည့်ငြိမ်သက်ခြင်းနှင့်အညီ သင်တို့ဆုံးဖြတ် ချက်များချမှတ်ကြလော့။ ထိုငြိမ်သက်ခြင်း ကိုသင်တို့ခံစားနိုင်ကြစေရန်ဘုရားသခင် သည်သင်တို့ကိုတစ်ခုတည်းသောကိုယ်ခန္ဓာ အဖြစ်ခေါ်ယူရွေးကောက်တော်မူခဲ့၏။ သို့ ဖြစ်၍ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
15 E a paz de Cristo, para a qual também fostes chamados em um corpo, domine em vossos corações; e sede agradecidos.
16 ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
16 A palavra de Cristo habite em vós ricamente, em toda a sabedoria; ensinai-vos e admoestai-vos uns aos outros, com salmos, hinos e cânticos espirituais, louvando a Deus com gratidão em vossos corações.
17 သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
17 E tudo quanto fizerdes por palavras ou por obras, fazei-o em nome do Senhor Jesus, dando por ele graças a Deus Pai.
18 ဇနီးဖြစ်သူတို့၊ ခင်ပွန်းများ၏အုပ်စိုးခြင်းကို ခံယူကြလော့။ သင်တို့သည်ခရစ်ယာန်များ အနေဖြင့်ဤသို့ခံယူသင့်ကြ၏။-
18 Vós, mulheres, sede submissas a vossos maridos, como convém no Senhor.
19 ခင်ပွန်းဖြစ်သူတို့၊ ဇနီးများကိုချစ်ကြလော့။ သူတို့အားကြမ်းတမ်းစွာမပြုကြနှင့်။
19 Vós, maridos, amai a vossas mulheres, e não as trateis asperamente.
20 သားသမီးဖြစ်သူတို့၊ မိဘစကားကိုအစဉ် နားထောင်ကြလော့။ ဤအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှု၊ ပြုကျင့်အပ်သော အမှုဖြစ်၏။-
20 Vós, filhos, obedecei em tudo a vossos pais; porque isto é agradável ao Senhor.
21 ဖခင်ဖြစ်သူတို့၊ သားသမီးများကိုစိတ်ဆိုး အောင်မဆွနှင့်။ သို့ပြုပါလျှင်သူတို့သည်စိတ် အားလျော့ကြလိမ့်မည်။
21 Vós, pais, não irriteis a vossos filhos, para que não fiquem desanimados.
22 ကျွန်ဖြစ်သူတို့၊ သင်တို့ကိုပိုင်သောသခင်များ ၏စကားကိုအရာရာတွင်နားထောင်ကြလော့။ သင်တို့သည်မျက်နှာရရန်သူတို့၏ရှေ့မှောက် ၌သာလျှင်သူတို့၏စကားကိုနားထောင်သည် မဟုတ်၊ သခင်ဘုရားကိုကြောက်ရွံ့ရိုသေ သောအားဖြင့် သူတို့၏စကားကိုရိုးဖြောင့် သောစိတ်နှင့်နားထောင်ကြလော့။-
22 Vós, servos, obedecei em tudo a vossos senhores segundo a carne, não servindo somente à vista como para agradar aos homens, mas em singeleza de coração, temendo ao Senhor.
23 အဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။-
23 E tudo quanto fizerdes, fazei-o de coração, como ao Senhor, e não aos homens,
24 မိမိ၏လူစုတော်အားသခင်ဘုရားကတိ ထားတော်မူသော ဆုလာဘ်ကိုသင်တို့သည်ရ မည်ဖြစ်ကြောင်းနှလုံးသွင်းကြလော့။ ခရစ် တော်သည်သာလျှင်သင်တို့၏သခင်အစစ် အမှန်ဖြစ်တော်မူ၏။-
24 sabendo que do Senhor recebereis como recompensa a herança; servi a Cristo, o Senhor.
25 ဒုစရိုက်သမားသည်ထိုက်သင့်သောအပြစ်ဒဏ် ကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်တရားစီရင်ရာတွင်မျက်နှာကြီး ငယ်လိုက်တော်မမူသောကြောင့်ဖြစ်သည်။
25 Pois quem faz injustiça receberá a paga da injustiça que fez; e não há acepção de pessoas.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Colossenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.