Atos 27

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဖေတ္တု​သည်​ကျွန်ုပ်​တို့​ကို​ဣ​တ​လိ​ပြည်​သို့ သင်္ဘော​ဖြင့်​ပို့​ရန်​ဆုံး​ဖြတ်​ပြီး​နောက် ပေါ​လု နှင့်​အ​ခြား​အ​ကျဉ်း​သား​အ​ချို့​တို့​ကို ဧ​က ရာဇ်​မင်း​တပ်​တော်​ဟု​ခေါ်​သော​တစ်​ထောင်​တပ် မှ​တပ်​မှူး​ယု​လ​လက်​သို့​ပေး​အပ်​လိုက်​၏။-
1 Logo que foi determinado que embarcássemos para a Itália, Paulo foi entregue com outros presos a um centurião da coorte Augusta, chamado Júlio.
2 ကျွန်ုပ်​တို့​သည်​အာ​ရှ​နယ်​ကမ်း​ခြေ​တစ်​လျှောက် ရှိ​သော သင်္ဘော​ဆိပ်​မြို့​များ​သို့​သွား​မည့်​ဆဲ​ဆဲ ဖြစ်​သော​သင်္ဘော​တစ်​စင်း​ပေါ်​သို့​တက်​၍​ရွက် လွှင့်​ကြ​၏။ ထို​သင်္ဘော​သည်​အာ​ဒြ​မုတ္တိ​မြို့​မှ လာ​သော​သင်္ဘော​ဖြစ်​၏။ မာ​ကေ​ဒေါ​နိ​ပြည် သက်​သာ​လော​နိတ်​မြို့​သား​အာ​ရိတ္တ​ခု​သည် လည်း​ကျွန်ုပ်​တို့​နှင့်​အ​တူ​ပါ​လာ​၏။-
2 Embarcamos num navio de Adramito que devia costear as terras da Ásia, e levantamos âncora. Em nossa companhia estava Aristarco, macedônio de Tessalônica.
3 နောက်​တစ်​နေ့​၌​ကျွန်ုပ်​တို့​သည်​ဇိ​ဒုန်​မြို့​သို့ ဆိုက်​ကပ်​ကြ​၏။ ယု​လိ​သည်​ပေါ​လု​ကို​သ​နား ကြင်​နာ​စိတ်​ရှိ​သ​ဖြင့် မိတ်​ဆွေ​များ​ထံ​သွား ရောက်​တွေ့​ဆုံ​ခွင့်​ပြု​၏။-
3 No dia seguinte, fazendo escala em Sidônia, Júlio, usando de bondade com Paulo, permitiu-lhe ir ver os seus amigos e prover-se do que havia de necessário.
4 ထို​သူ​တို့​အား​လည်း​ပေါ​လု​ကို​ပြု​စု​လုပ်​ကျွေး ခွင့်​ပေး​၏။ ထို​မြို့​မှ​ထွက်​ခွာ​ကြ​သော​အ​ခါ လေ​ဆန်​နှင့်​ကြုံ​နေ​သ​ဖြင့် ကု​ပ​ရု​ကျွန်း​လေ ရိပ်​ကို​ခို​၍​ရွက်​လွှင့်​ရ​ကြ​၏။-
4 Dali, fazendo-nos ao mar, fomos navegando perto das costas de Chipre, por nos serem contrários os ventos.
5 ထို​နောက်​ကိ​လိ​ကိ​ပြည်​နှင့်​ပံ​ဖု​လိ​ပြည်​ပင် လယ်​ပြင်​ကို​ဖြတ်​၍​ကူး​ကြ​ရာ လု​ကိ​ပြည် မု​ရ​မြို့​သို့​ရောက်​ကြ​၏။-
5 Tendo atravessado o mar da Cilícia e da Panfília, chegamos a Mira, cidade da Lícia.
6 ထို​မြို့​တွင်​ဣ​တ​လိ​ပြည်​သို့​သွား​မည့်​အာ​လေ ဇန္ဒြိ​မြို့​မှ​ရောက်​ရှိ​လာ​သော​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် တပ်​မှူး​သည်​ကျွန်ုပ်​တို့​အား​ထို သင်္ဘော​ပေါ်​သို့​တက်​စေ​၏။
6 O centurião encontrou ali um navio de Alexandria, que rumava para a Itália, e fez-nos passar para ele.
7 ကျွန်ုပ်​တို့​သည်​တ​ရွေ့​ရွေ့​ရက်​ပေါင်း​များ​စွာ​ရွက် လွှင့်​ပြီး​နောက် က​နိဒ်​မြို့​အ​နီး​သို့​ခက်​ခက်​ခဲ​ခဲ နှင့်​ရောက်​ကြ​၏။ လေ​မ​သင့်​၍​ရှေ့​သို့​မ​သွား နိုင်​သ​ဖြင့်​ကျွန်ုပ်​တို့​သည်​သာ​လ​မုန်​အ​ငူ အ​နီး​မှ​ဖြတ်​၍ က​ရေ​တေ​ကျွန်း​တောင်​ဘက် လေ​ရိပ်​ကို​ခို​လျက်​ရွက်​လွှင့်​ကြ​၏။-
7 Por muitos dias navegamos lentamente e com dificuldade até diante de Cnido, onde o vento não nos permitiu aportar.
8 ပင်​လယ်​ကမ်း​နှင့်​ခပ်​နီး​နီး​ရွက်​လွှင့်​လျက် ခက် ခက်​ခဲ​ခဲ​နှင့်​လာ​သဲ​မြို့​အ​နီး​ဆိပ်​သာ​ယာ ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။
8 Fomos então costeando ao sul da ilha de Creta, junto ao cabo Salmona. Navegando com dificuldade ao longo da costa, chegamos afinal a um lugar, a que chamam Bons Portos, perto do qual está a cidade de Lasaia.
9 ကျွန်ုပ်​တို့​သည်​ထို​အ​ရပ်​တွင်​ရက်​ပေါင်း​မျာ​စွာ ရပ်​နား​ခဲ့​ကြ​ရာ အ​ပြစ်​ဖြေ​ရာ​ပွဲ​နေ့​အ​ခါ ပင်​လွန်​၍​လာ​ပြီ။ ထို့​ကြောင့်​ပင်​လယ်​ခ​ရီး​ပြု ရန်​ဘေး​အန္တရာယ်​မ​ကင်း​တော့​ပေ။ သို့​ဖြစ်​၍ ပေါ​လု​က၊-
9 Passara o tempo - já havia passado a época do jejum - e a navegação se tornava perigosa. Paulo advertiu-os:
10 ``အ​ချင်း​တို့၊ ယ​ခု​အ​ခါ​၌​ပင်​လယ်​ခ​ရီး ပြု​မည်​ဆို​ပါ​က သင်္ဘော​နှင့်​ကုန်​ပစ္စည်း​များ သာ​မ​က​ကျွန်ုပ်​တို့​၏​အ​သက်​ပါ​ဆုံး​ရှုံး စ​ရာ​ရှိ​ကြောင်း​ငါ​တွေ့​မြင်​၏'' ဟု​သ​တိ ပေး​စ​ကား​ပြော​ကြား​၏။-
10 Amigos, vejo que a navegação não se fará sem perigo e sem graves danos, não somente ao navio e à sua carga, mas ainda às nossas vidas.
11 သို့​ရာ​တွင်​တပ်​မှူး​သည်​ပေါ​လု​၏​စ​ကား​ထက် ရေ​ယာဉ်​မှူး​နှင့်​သင်္ဘော​ပိုင်​ရှင်​တို့​၏​စ​ကား​ကို ပို​၍​ယုံ​၏။-
11 O centurião, porém, dava mais crédito ao piloto e ao mestre do que ao que Paulo dizia.
12 ဤ​ဆိပ်​ကမ်း​တွင်​ဆောင်း​ကာ​လ​ပတ်​လုံး​ရပ်​နား ရန်​မ​သင့်​သ​ဖြင့် လူ​များ​စု​က​ဤ​ဆိပ်​ကမ်း​မှ ထွက်​ခွာ​ပြီး​လျှင် ဖြစ်​နိုင်​ပါ​က​ဖိ​နိတ်​မြို့​သို့ ရောက်​အောင်​သွား​၍​ဆောင်း​ရာ​သီ​အ​တွက်​ရပ် နား​လို​ကြ​၏။ ဖိ​နိတ်​ဆိပ်​ကမ်း​ကား​က​ရေ​တေ ကျွန်း​တွင်​ရှိ​၍ အ​နောက်​တောင်​နှင့်​အ​နောက် မြောက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သ​တည်း။
12 O porto era impróprio para passar o inverno, pelo que a maior parte deles foi de parecer que se retornasse ao mar, na esperança de chegar a Fenice, para passar ali o inverno, por ser esse um porto de Creta, abrigado dos ventos do sudeste e do nordeste.
13 တောင်​လေ​ပြေ​က​လေး​စ​၍​တိုက်​ခတ်​လာ​သော အ​ခါ သင်္ဘော​သား​တို့​သည်​မိ​မိ​တို့​၏​အ​ကြံ အောင်​မည်​ဟု​ထင်​မှတ်​လျက် ကျောက်​ဆူး​ကို​နုတ် ပြီး​လျှင်​သင်္ဘော​ကို​က​ရေ​တေ​ကမ်း​ခြေ​တစ် လျှောက်​ကပ်​နိုင်​သ​မျှ​ကပ်​၍​ရွက်​လွှင့်​ကြ​၏။-
13 Soprava então brandamente o vento sul. Julgavam poder executar os seus planos. Levantaram a âncora e foram costeando de perto a ilha de Creta.
14 သို့​ရာ​တွင်​မ​ကြာ​မီ​ပင်​အ​ရှေ့​မြောက်​ရာ​သီ လေ​ဟု​နာ​မည်​ရှိ​သော​လေ​သည် ကုန်း​ဘက်​မှ အ​ဟုန်​ပြင်း​စွာ​တိုက်​ခတ်​လာ​လေ​သည်။-
14 Mas, não muito depois, veio do lado da ilha um tufão chamado Euroaquilão.
15 သင်္ဘော​သည်​လေ​အ​ဟုန်​တွင်​မိ​သ​ဖြင့် ထို​လေ ကို​ရင်​ဆိုင်​ရန်​မ​တတ်​နိုင်​တော့​ပေ။ သို့​ဖြစ်​၍ ကျွန်ုပ်​တို့​သည်​လက်​လျှော့​လိုက်​ရ​ကြ​၏။ လေ တိုက်​ရာ​သို့​လွင့်​ပါ​သွား​ကြ​ပြီး​နောက်၊-
15 Sem poder resistir à ventania, o navio foi arrebatado e deixamo-nos arrastar.
16 က​လော​ဒေ​ခေါ်​ကျွန်း​ငယ်​တောင်​ဘက်​သို့​ရောက်​ရှိ သော​အ​ခါ လေ​ပြင်း​ဒဏ်​မှ​အ​နည်း​ငယ်​အ​ကွယ် အ​ကာ​ရ​ရှိ​ကြ​၏။ ထို​အ​ရပ်​တွင်​သင်္ဘော​နောက် မှ​အ​သက်​ကယ်​လှေ​ငယ်​ကို​မ​ပျက်​စီး​စေ​ရန် အ​နိုင်​နိုင်​ကြိုး​စား​ကြ​၏။-
16 Impelidos rapidamente para uma pequena ilha chamada Cauda, conseguimos, com muito esforço, recolher o batel.
17 သင်္ဘော​သား​တို့​သည်​ထို​လှေ​ကို​ဆွဲ​တင်​ပြီး​လျှင် သင်္ဘော​ဝမ်း​ကို​ကြိုး​များ​ဖြင့်​ပတ်​၍​ခိုင်​ခန့်​အောင် ပြု​ကြ​၏။ သူ​တို့​သည်​သု​ရ​တိ​သောင်​တွင်​သင်္ဘော တင်​မည်​စိုး​သ​ဖြင့် ရွက်​ကို​လျှော့​ချ​လိုက်​ပြီး လျှင်​သင်္ဘော​ကို​လေ​တိုက်​ရာ​သို့​မျော​ပါ​စေ ကြ​၏။
17 Içaram-no e, depois, como meio de segurança, cingiram o navio com cabos. Então, temendo encalhar em Sirte, arriaram as velas e entregaram-se à mercê dos ventos.
18 နောက်​တစ်​နေ့​၌​လည်း​လေ​ပြင်း​မုန်​တိုင်း​ဆက် လက်​တိုက်​ခတ်​နေ​သ​ဖြင့် သူ​တို့​သည်​ကုန်​ပစ္စည်း အ​ချို့​ကို​သင်္ဘော​ပေါ်​မှ​ပစ်​ချ​ကြ​၏။-
18 No dia seguinte, sendo a tempestade ainda mais violenta, atiraram fora a carga.
19 တ​တိ​ယ​နေ့​၌​သင်္ဘော​နှင့်​စပ်​ဆိုင်​သော​ကုန် ပစ္စည်း​တန်​ဆာ​အ​ချို့​ကို​ပစ်​ချ​ကြ​၏။-
19 No terceiro dia, atiramos para fora com as nossas próprias mãos os acessórios do navio.
20 ကျွန်ုပ်​တို့​သည်​ရက်​ပေါင်း​များ​စွာ​နေ​နှင့် ကြယ်​နက္ခတ်​များ​ကို​မ​တွေ့​မ​မြင်​နိုင်​ကြ။ လေ​သည်​ဆက်​၍​အ​ရှိန်​ပြင်း​စွာ​တိုက်​ခတ် လျက်​ရှိ​၏။ နောက်​ဆုံး​၌​ကျွန်ုပ်​တို့​သည် သေ ဘေး​မှ​လွတ်​မြောက်​နိုင်​တော့​မည်​မ​ဟုတ် ဟု​စိတ်​လျှော့​လိုက်​ကြ​၏။
20 Ora, não aparecendo por muitos dias nem sol nem estrelas e sendo batidos por forte tempestade, tínhamos por fim perdido toda a esperança de sermos salvos.
21 လူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ​အ​စာ မ​စား​ဘဲ​နေ​ကြ​ပြီး​နောက် ပေါ​လု​သည် သူ​တို့​အ​လယ်​တွင်​ရပ်​၍ ``အ​ချင်း​တို့၊ သင် တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​၍ က​ရေ တေ​ကျွန်း​မှ​မ​ထွက်​မ​ခွာ​ဘဲ​နေ​သင့်​ကြ​၏။ သို့​နေ​ခဲ့​ကြ​မူ​ဤ​သို့​ပျက်​စီး​ဆုံး​ရှုံး​မှု နှင့်​ရင်​ဆိုင်​ကြ​ရ​မည်​မ​ဟုတ်။-
21 Desde muito tempo ninguém havia comido nada. Paulo levantou-se no meio deles e disse: Amigos, deveras devíeis ter-me atendido e não ter saído de Creta, e assim evitar esse perigo e essas perdas.
22 သို့​သော်​အား​မ​ငယ်​ကြ​နှင့်။ သင်​တို့​အ​နက် မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ဆုံး​ရှုံး ရ​မည်​မ​ဟုတ်။ သင်္ဘော​သာ​လျှင်​ဆုံး​ရှုံး​ရ လိမ့်​မည်။-
22 Agora, porém, vos admoesto a que tenhais coragem, pois não perecerá nenhum de vós, mas somente o navio.
23 ငါ​၏​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​လွန်​ခဲ့​သော​ည​က ငါ့​ထံ​သို့​လာ​လျက်၊-
23 Esta noite apareceu-me um anjo de Deus, a quem pertenço e a quem sirvo, o qual me disse:
24 `ပေါ​လု၊ မ​ကြောက်​နှင့်။ သင်​သည်​ဧ​က​ရာဇ်​ဘု​ရင် ရှေ့​တော်​သို့​ရောက်​ရ​မည်။ ဘု​ရား​သ​ခင်​သည်​သင့် ကို​ထောက်​ထား​တော်​မူ​သ​ဖြင့် သင်​နှင့်​အ​တူ သင်္ဘော​စီး​ခဲ့​ကြ​သူ​အ​ပေါင်း​တို့​အား​သေ​ဘေး မှ​လွတ်​မြောက်​စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​ပါ​၏။-
24 Não temas, Paulo. É necessário que compareças diante de César. Deus deu-te todos os que navegam contigo.
25 သို့​ဖြစ်​၍​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သူ​ဖြစ်​၏။ ထို့​ကြောင့်​ငါ့ အား​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​ပျက်​လိမ့်​မည်။-
25 Por isso, amigos, coragem! Eu confio em Deus que há de acontecer como me foi dito.
26 သို့​ရာ​တွင်​ငါ​တို့​သင်္ဘော​သည်​ကျွန်း​တစ်​ခု တွင်​သောင်​တင်​လိမ့်​မည်'' ဟု​ဆို​၏။
26 Vamos dar a uma ilha.
27 တစ်​ဆယ့်​လေး​ရက်​မြောက်​သော​ည​၌ ကျွန်ုပ်​တို့ သင်္ဘော​သည်​မြေ​ထဲ​ပင်​လယ်​တွင်​လေ​ပြင်း​မုန် တိုင်း​တိုက်​ခတ်​ရာ​သို့​မျော​ပါ​လျက်​ရှိ​၏။ သန်း ခေါင်​အ​ချိန်​ခန့်​တွင်​သင်္ဘော​သား​တို့​သည် ကမ်း တစ်​ခု​ခု​နှင့်​နီး​လာ​သည်​ဟု​ရိပ်​စား​မိ​ကြ​၏။-
27 Já estávamos na décima quarta noite, pelo mar Adriático, quando, pela meia-noite, os marinheiros pressentiram que estavam perto de alguma terra.
28 သူ​တို့​သည်​ရေ​တိမ်​ရေ​နက်​ကို​တိုင်း​ကြည့်​ကြ သော​အ​ခါ ပေ​တစ်​ရာ့​နှစ်​ဆယ်​ရှိ​ကြောင်း​တွေ့ ရ​ကြ​၏။ ရှေ့​သို့​အ​နည်း​ငယ်​သွား​ပြီး​နောက် တစ်​ဖန်​တိုင်း​ကြည့်​ပြန်​ရာ​ပေ​ကိုး​ဆယ်​ရှိ သည်​ကို​တွေ့​ရ​၏။-
28 Então, atirando a sonda, perceberam que a profundidade era de vinte braças. Depois, um pouco mais adiante, viram que era de quinze braças.
29 သူ​တို့​သည်​ကျောက်​ဆောင်​နှင့်​တိုက်​မိ​မည်​စိုး သ​ဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ​ကျောက်​ဆူး​လေး​ခု ကို​ချ​ပြီး​လျှင် ``မိုး​လင်း​ပါ​စေ'' ဟု​ဆု​တောင်း ကြ​၏။-
29 Temendo que déssemos em algum recife, lançaram quatro âncoras da popa, esperando ansiosos que amanhecesse o dia.
30 သင်္ဘော​သား​များ​သည်​သင်္ဘော​ဦး​ပိုင်း​မှ​ကျောက် ဆူး​ချ​မည့်​ဟန်​ဖြင့် အ​သက်​ကယ်​လှေ​ကို​လျှော ချ​၍​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​စဉ်၊-
30 Imediatamente, os marinheiros procuraram fugir e, sob o pretexto de largar as âncoras da proa, lançaram o bote ao mar.
31 ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-
31 Paulo disse ao centurião e aos soldados: Se estes homens não permanecerem no navio, não podereis salvar-vos.
32 ထို​အ​ခါ​စစ်​သား​တို့​သည်​အ​သက်​ကယ်​လှေ ကြိုး​များ​ကို​ခုတ်​ဖြတ်​၍ လှေ​ကို​အောက်​သို့ ချ​လိုက်​ကြ​၏။
32 Os soldados cortaram, então, os cabos do bote e deixaram-no cair.
33 မိုး​လင်း​ခါ​နီး​၌​ပေါ​လု​သည်​ထို​သူ​အ​ပေါင်း တို့​အား အ​စာ​စား​ရန်​တိုက်​တွန်း​လို​၍ ``သင် တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စောင့်​မျှော်​ကာ အ​ငတ်​ခံ​လျက်​နေ​ခဲ့​ကြ​သည်​မှာ​တစ်​ဆယ့် လေး​ရက်​ရှိ​ပေ​ပြီ။ သင်​တို့​သည်​မည်​သည့် အ​စား​အ​စာ​ကို​မျှ​မ​စား​ခဲ့​ကြ။-
33 Enquanto ia amanhecendo, Paulo encorajou a todos que comessem alguma coisa, e disse: Já faz hoje catorze dias que estais em jejum, sem comer nada.
34 သင်​တို့​ဆက်​လက်​အ​သက်​ရှင်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​စား​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။ သင်​တို့​တစ်​စုံ​တစ်​ယောက်​၏​ဦး​ခေါင်း​မှ​ဆံ ခြည်​တစ်​ပင်​မျှ​ပင်​လျှင်​ပျက်​စီး​ဆုံး​ရှုံး ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-
34 Rogo-vos que comais alguma coisa, no interesse de vossa vida, porque nem um cabelo da cabeça de alguém de vós perecerá.
35 ထို​နောက်​ပေါ​လု​သည်​မုန့်​ကို​ယူ​ပြီး​လျှင် ထို သူ​အား​လုံး​တို့​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို ဖဲ့​၍​စား​လေ​၏။-
35 Tendo dito isso, tomou do pão, pronunciou uma bênção na presença de todos e, depois de parti-lo, começou a comer.
36 ထို​အ​ခါ​ထို​သူ​အား​လုံး​ပင်​အား​တက်​လာ ကြ​ပြီး​လျှင် အ​စား​အ​စာ​စား​ကြ​ကုန်​၏။-
36 Com isso, todos cobraram ânimo e puseram-se igualmente a comer.
37 သင်္ဘော​ပေါ်​တွင်​စု​စု​ပေါင်း​လူ​နှစ်​ရာ​ခု​နစ် ဆယ့်​ခြောက်​ယောက်​ရှိ​၏။-
37 No navio éramos ao todo duzentas e setenta e seis pessoas.
38 လူ​တိုင်း​ဝ​အောင်​စား​ကြ​ပြီး​သော​အ​ခါ သင်္ဘော​ကို​ပေါ့​စေ​ရန် ဂျုံ​ဆန်​ရှိ​သ​မျှ​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​၏။
38 Depois de terem comido à vontade, aliviaram o navio, atirando o trigo ao mar.
39 မိုး​လင်း​သော​အ​ခါ​သင်္ဘော​သား​တို့​သည် မိ​မိ တို့​မည်​သည့်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ ကြ​သော်​လည်း ပင်​လယ်​ကွေ့​ကမ်း​ခြေ​တစ်​ခု​ကို တွေ့​မြင်​ကြ​သ​ဖြင့် ဖြစ်​နိုင်​ပါ​က​ထို​ကမ်း​ခြေ ပေါ်​သို့​သင်္ဘော​ကို​ထိုး​တင်​ရန်​ဆုံး​ဖြတ်​ကြ​၏။-
39 Afinal, clareou o dia. Os marinheiros não reconheceram a terra, mas viram uma enseada com uma praia, na qual tencionavam encalhar o navio, caso o pudessem.
40 သူ​တို့​သည်​ကျောက်​ကြိုး​ကို​ဖြတ်​၍​ကျောက်​ဆူး များ​ကို​ပင်​လယ်​ထဲ​သို့​ချ​လိုက်​ကြ​၏။ တစ်​ချိန် တည်း​မှာ​ပင်​ပဲ့​ထိန်း​တက်​များ​မှ​ကြိုး​တို့​ကို လည်း​ဖြေ​ကြ​၏။ ထို​နောက်​သင်္ဘော​ဦး​မှ​ရွက် ကို​တင်​၍​ကမ်း​ခြေ​ဘက်​သို့​ရွက်​တိုက်​ကြ​၏။-
40 Levantaram as âncoras e largaram ao mesmo tempo as amarras dos lemes. Desfraldaram ao vento a vela mestra e rumaram para a praia.
41 သို့​ရာ​တွင်​သင်္ဘော​သည်​ရေ​တိမ်​ရာ​သို့​ရောက်​၍ သောင်​တင်​နေ​တော့​၏။ သင်္ဘော​ဦး​သည်​သောင်​တွင် စိုက်​လျက်​နေ​သ​ဖြင့်​လှုပ်​ရှား​၍​မ​ရ။ သင်္ဘော ပဲ့​ပိုင်း​မှာ​မူ​လှိုင်း​လုံး​များ​ရိုက်​သ​ဖြင့်​ကျိုး ပျက်​စ​ပြု​လာ​၏။
41 Mas deram numa língua de terra, e o navio encalhou aí. A proa, encalhada, permanecia imóvel, ao mesmo tempo que a popa se abria com a força do mar.
42 ထို​အ​ခါ​စစ်​သား​များ​သည်​အ​ကျဉ်း​သား​တို့ ရေ​ကူး​၍​ထွက်​ပြေး​မည်​ကို​စိုး​ရိမ်​သ​ဖြင့် သူ တို့​အား​အ​သေ​သတ်​ရန်​ကြံ​စည်​ကြ​၏။-
42 Os soldados tencionavam matar os presos, por temerem que algum deles fugisse a nado.
43 သို့​သော်​တပ်​မှူး​သည်​ပေါ​လု​ကို​ကယ်​ဆယ်​လို သ​ဖြင့် စစ်​သား​များ​၏​အ​ကြံ​အ​စည်​အ​တိုင်း မ​ပြု​လုပ်​ရန်​တား​မြစ်​ပြီး​လျှင် ဦး​စွာ​ပ​ထ​မ ရေ​ကူး​တတ်​သူ​တို့​အား​သင်္ဘော​ပေါ်​မှ​ခုန်​ချ စေ​ပြီး​နောက်​ကုန်း​သို့​ကူး​စေ​၏။-
43 O centurião, porém, querendo salvar Paulo, impediu que o fizessem e ordenou que aqueles que pudessem nadar fossem os primeiros a lançar-se ao mar e alcançar a terra.
44 ထို့​နောက်​ကျန်​သော​သူ​တို့​အား​ပျဉ်​ပြား​များ ကို​သော်​လည်း​ကောင်း၊ သင်္ဘော​ပျက်​မှ​သင်္ဘော​အ​ပိုင်း အ​စ​များ​ကို​သော်​လည်း​ကောင်း​စီး​၍​ကူး​ကြ ရန်​အ​မိန့်​ပေး​၏။ ဤ​နည်း​အား​ဖြင့်​ကျွန်ုပ်​တို့ အား​လုံး​ပင်​ဘေး​လွတ်​၍​ကုန်း​ပေါ်​သို့​ရောက် ကြ​သ​တည်း။
44 Os demais, uns atingiram a terra em tábuas, outros em cima dos destroços do navio. Desse modo, todos conseguiram chegar à terra, sãos e salvos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.