Atos 27
Common Language Bible (MYA) vs ARIB
1 ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-
1 E, como se determinou que navegássemos para a Itália, entregaram Paulo e alguns outros presos a um centurião por nome Júlio, da corte augusta.
2 ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
2 E, embarcando em um navio de Adramítio, que estava prestes a navegar em demanda dos portos pela costa da Ásia, fizemo-nos ao mar, estando conosco Aristarco, macedônio de Tessalônica.
3 နောက်တစ်နေ့၌ကျွန်ုပ်တို့သည်ဇိဒုန်မြို့သို့ ဆိုက်ကပ်ကြ၏။ ယုလိသည်ပေါလုကိုသနား ကြင်နာစိတ်ရှိသဖြင့် မိတ်ဆွေများထံသွား ရောက်တွေ့ဆုံခွင့်ပြု၏။-
3 No dia seguinte chegamos a Sidom, e Júlio, tratando Paulo com bondade, permitiu-lhe ir ver os amigos e receber deles os cuidados necessários.
4 ထိုသူတို့အားလည်းပေါလုကိုပြုစုလုပ်ကျွေး ခွင့်ပေး၏။ ထိုမြို့မှထွက်ခွာကြသောအခါ လေဆန်နှင့်ကြုံနေသဖြင့် ကုပရုကျွန်းလေ ရိပ်ကိုခို၍ရွက်လွှင့်ရကြ၏။-
4 Partindo dali, fomos navegando a sotavento de Chipre, porque os ventos eram contrários.
5 ထိုနောက်ကိလိကိပြည်နှင့်ပံဖုလိပြည်ပင် လယ်ပြင်ကိုဖြတ်၍ကူးကြရာ လုကိပြည် မုရမြို့သို့ရောက်ကြ၏။-
5 Tendo atravessado o mar ao longo da Cilícia e Panfília, chegamos a Mirra, na Lícia.
6 ထိုမြို့တွင်ဣတလိပြည်သို့သွားမည့်အာလေ ဇန္ဒြိမြို့မှရောက်ရှိလာသောသင်္ဘောတစ်စင်းကို တွေ့သဖြင့် တပ်မှူးသည်ကျွန်ုပ်တို့အားထို သင်္ဘောပေါ်သို့တက်စေ၏။
6 Ali o centurião achou um navio de Alexandria que navegava para a Itália, e nos fez embarcar nele.
7 ကျွန်ုပ်တို့သည်တရွေ့ရွေ့ရက်ပေါင်းများစွာရွက် လွှင့်ပြီးနောက် ကနိဒ်မြို့အနီးသို့ခက်ခက်ခဲခဲ နှင့်ရောက်ကြ၏။ လေမသင့်၍ရှေ့သို့မသွား နိုင်သဖြင့်ကျွန်ုပ်တို့သည်သာလမုန်အငူ အနီးမှဖြတ်၍ ကရေတေကျွန်းတောင်ဘက် လေရိပ်ကိုခိုလျက်ရွက်လွှင့်ကြ၏။-
7 Navegando vagarosamente por muitos dias, e havendo chegado com dificuldade defronte de Cnido, não nos permitindo o vento ir mais adiante, navegamos a sotavento de Creta, à altura de Salmone;
8 ပင်လယ်ကမ်းနှင့်ခပ်နီးနီးရွက်လွှင့်လျက် ခက် ခက်ခဲခဲနှင့်လာသဲမြို့အနီးဆိပ်သာယာ ဟုခေါ်သောအရပ်သို့ရောက်ကြ၏။
8 e, costeando-a com dificuldade, chegamos a um lugar chamado Bons Portos, perto do qual estava a cidade de Laséia.
9 ကျွန်ုပ်တို့သည်ထိုအရပ်တွင်ရက်ပေါင်းမျာစွာ ရပ်နားခဲ့ကြရာ အပြစ်ဖြေရာပွဲနေ့အခါ ပင်လွန်၍လာပြီ။ ထို့ကြောင့်ပင်လယ်ခရီးပြု ရန်ဘေးအန္တရာယ်မကင်းတော့ပေ။ သို့ဖြစ်၍ ပေါလုက၊-
9 Havendo decorrido muito tempo e tendo-se tornado perigosa a navegação, porque já havia passado o jejum, Paulo os advertia,
10 ``အချင်းတို့၊ ယခုအခါ၌ပင်လယ်ခရီး ပြုမည်ဆိုပါက သင်္ဘောနှင့်ကုန်ပစ္စည်းများ သာမကကျွန်ုပ်တို့၏အသက်ပါဆုံးရှုံး စရာရှိကြောင်းငါတွေ့မြင်၏'' ဟုသတိ ပေးစကားပြောကြား၏။-
10 dizendo-lhes: Senhores, vejo que a viagem vai ser com avaria e muita perda não só para a carga e o navio, mas também para as nossas vidas.
11 သို့ရာတွင်တပ်မှူးသည်ပေါလု၏စကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့၏စကားကို ပို၍ယုံ၏။-
11 Mas o centurião dava mais crédito ao piloto e ao dono do navio do que às coisas que Paulo dizia.
12 ဤဆိပ်ကမ်းတွင်ဆောင်းကာလပတ်လုံးရပ်နား ရန်မသင့်သဖြင့် လူများစုကဤဆိပ်ကမ်းမှ ထွက်ခွာပြီးလျှင် ဖြစ်နိုင်ပါကဖိနိတ်မြို့သို့ ရောက်အောင်သွား၍ဆောင်းရာသီအတွက်ရပ် နားလိုကြ၏။ ဖိနိတ်ဆိပ်ကမ်းကားကရေတေ ကျွန်းတွင်ရှိ၍ အနောက်တောင်နှင့်အနောက် မြောက်သို့မျက်နှာမူလျက်ရှိသတည်း။
12 E não sendo o porto muito próprio para invernar, os mais deles foram de parecer que daí se fizessem ao mar para ver se de algum modo podiam chegar a Fênice, um porto de Creta que olha para o nordeste e para o sueste, para ali invernar.
13 တောင်လေပြေကလေးစ၍တိုက်ခတ်လာသော အခါ သင်္ဘောသားတို့သည်မိမိတို့၏အကြံ အောင်မည်ဟုထင်မှတ်လျက် ကျောက်ဆူးကိုနုတ် ပြီးလျှင်သင်္ဘောကိုကရေတေကမ်းခြေတစ် လျှောက်ကပ်နိုင်သမျှကပ်၍ရွက်လွှင့်ကြ၏။-
13 Soprando brandamente o vento sul, e supondo eles terem alcançado o que desejavam, levantaram ferro e iam costeando Creta bem de perto.
14 သို့ရာတွင်မကြာမီပင်အရှေ့မြောက်ရာသီ လေဟုနာမည်ရှိသောလေသည် ကုန်းဘက်မှ အဟုန်ပြင်းစွာတိုက်ခတ်လာလေသည်။-
14 Mas não muito depois desencadeou-se do lado da ilha um tufão de vento chamado euro-aquilão;
15 သင်္ဘောသည်လေအဟုန်တွင်မိသဖြင့် ထိုလေ ကိုရင်ဆိုင်ရန်မတတ်နိုင်တော့ပေ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည်လက်လျှော့လိုက်ရကြ၏။ လေ တိုက်ရာသို့လွင့်ပါသွားကြပြီးနောက်၊-
15 e, sendo arrebatado o navio e não podendo navegar contra o vento, cedemos à sua força e nos deixávamos levar.
16 ကလောဒေခေါ်ကျွန်းငယ်တောင်ဘက်သို့ရောက်ရှိ သောအခါ လေပြင်းဒဏ်မှအနည်းငယ်အကွယ် အကာရရှိကြ၏။ ထိုအရပ်တွင်သင်္ဘောနောက် မှအသက်ကယ်လှေငယ်ကိုမပျက်စီးစေရန် အနိုင်နိုင်ကြိုးစားကြ၏။-
16 Correndo a sota-vento de uma pequena ilha chamada Clauda, somente a custo pudemos segurar o batel,
17 သင်္ဘောသားတို့သည်ထိုလှေကိုဆွဲတင်ပြီးလျှင် သင်္ဘောဝမ်းကိုကြိုးများဖြင့်ပတ်၍ခိုင်ခန့်အောင် ပြုကြ၏။ သူတို့သည်သုရတိသောင်တွင်သင်္ဘော တင်မည်စိုးသဖြင့် ရွက်ကိုလျှော့ချလိုက်ပြီး လျှင်သင်္ဘောကိုလေတိုက်ရာသို့မျောပါစေ ကြ၏။
17 o qual recolheram, usando então os meios disponíveis para cingir o navio; e, temendo que fossem lançados na Sirte, arriaram os aparelhos e se deixavam levar.
18 နောက်တစ်နေ့၌လည်းလေပြင်းမုန်တိုင်းဆက် လက်တိုက်ခတ်နေသဖြင့် သူတို့သည်ကုန်ပစ္စည်း အချို့ကိုသင်္ဘောပေါ်မှပစ်ချကြ၏။-
18 Como fôssemos violentamente açoitados pela tempestade, no dia seguinte começaram a alijar a carga ao mar.
19 တတိယနေ့၌သင်္ဘောနှင့်စပ်ဆိုင်သောကုန် ပစ္စည်းတန်ဆာအချို့ကိုပစ်ချကြ၏။-
19 E ao terceiro dia, com as próprias mãos lançaram os aparelhos do navio.
20 ကျွန်ုပ်တို့သည်ရက်ပေါင်းများစွာနေနှင့် ကြယ်နက္ခတ်များကိုမတွေ့မမြင်နိုင်ကြ။ လေသည်ဆက်၍အရှိန်ပြင်းစွာတိုက်ခတ် လျက်ရှိ၏။ နောက်ဆုံး၌ကျွန်ုပ်တို့သည် သေ ဘေးမှလွတ်မြောက်နိုင်တော့မည်မဟုတ် ဟုစိတ်လျှော့လိုက်ကြ၏။
20 Não aparecendo por muitos dia nem sol nem estrelas, e sendo nós ainda batidos por grande tempestade, fugiu-nos afinal toda a esperança de sermos salvos.
21 လူတို့သည်ကာလကြာမြင့်စွာအစာ မစားဘဲနေကြပြီးနောက် ပေါလုသည် သူတို့အလယ်တွင်ရပ်၍ ``အချင်းတို့၊ သင် တို့သည်ငါ့စကားကိုနားထောင်၍ ကရေ တေကျွန်းမှမထွက်မခွာဘဲနေသင့်ကြ၏။ သို့နေခဲ့ကြမူဤသို့ပျက်စီးဆုံးရှုံးမှု နှင့်ရင်ဆိုင်ကြရမည်မဟုတ်။-
21 Havendo eles estado muito tempo sem comer, Paulo, pondo-se em pé no meio deles, disse: Senhores, devíeis ter-me ouvido e não ter partido de Creta, para evitar esta avaria e perda.
22 သို့သော်အားမငယ်ကြနှင့်။ သင်တို့အနက် မည်သူတစ်စုံတစ်ယောက်မျှအသက်ဆုံးရှုံး ရမည်မဟုတ်။ သင်္ဘောသာလျှင်ဆုံးရှုံးရ လိမ့်မည်။-
22 E agora vos exorto a que tenhais bom ânimo, pois não se perderá vida alguma entre vós, mas somente o navio.
23 ငါ၏အရှင်၊ ငါကိုးကွယ်သောဘုရားသခင် ၏ကောင်းကင်တမန်သည်လွန်ခဲ့သောညက ငါ့ထံသို့လာလျက်၊-
23 Porque esta noite me apareceu um anjo do Deus de quem eu sou e a quem sirvo,
24 `ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
24 dizendo: Não temas, Paulo, importa que compareças perante César, e eis que Deus te deu todos os que navegam contigo.
25 သို့ဖြစ်၍အားမငယ်ကြနှင့်။ ငါသည်ဘုရား သခင်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့်ငါ့ အားကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။-
25 Portanto, senhores, tende bom ânimo; pois creio em Deus que há de suceder assim como me foi dito.
26 သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။
26 Contudo é necessário irmos dar em alguma ilha.
27 တစ်ဆယ့်လေးရက်မြောက်သောည၌ ကျွန်ုပ်တို့ သင်္ဘောသည်မြေထဲပင်လယ်တွင်လေပြင်းမုန် တိုင်းတိုက်ခတ်ရာသို့မျောပါလျက်ရှိ၏။ သန်း ခေါင်အချိန်ခန့်တွင်သင်္ဘောသားတို့သည် ကမ်း တစ်ခုခုနှင့်နီးလာသည်ဟုရိပ်စားမိကြ၏။-
27 Quando chegou a décima quarta noite, sendo nós ainda impelidos pela tempestade no mar de Ádria, pela meia-noite, suspeitaram os marinheiros a proximidade de terra;
28 သူတို့သည်ရေတိမ်ရေနက်ကိုတိုင်းကြည့်ကြ သောအခါ ပေတစ်ရာ့နှစ်ဆယ်ရှိကြောင်းတွေ့ ရကြ၏။ ရှေ့သို့အနည်းငယ်သွားပြီးနောက် တစ်ဖန်တိုင်းကြည့်ပြန်ရာပေကိုးဆယ်ရှိ သည်ကိုတွေ့ရ၏။-
28 e lançando a sonda, acharam vinte braças; passando um pouco mais adiante, e tornando a lançar a sonda, acharam quinze braças.
29 သူတို့သည်ကျောက်ဆောင်နှင့်တိုက်မိမည်စိုး သဖြင့် သင်္ဘောပဲ့ပိုင်းမှကျောက်ဆူးလေးခု ကိုချပြီးလျှင် ``မိုးလင်းပါစေ'' ဟုဆုတောင်း ကြ၏။-
29 Ora, temendo irmos dar em rochedos, lançaram da popa quatro âncoras, e esperaram ansiosos que amanhecesse.
30 သင်္ဘောသားများသည်သင်္ဘောဦးပိုင်းမှကျောက် ဆူးချမည့်ဟန်ဖြင့် အသက်ကယ်လှေကိုလျှော ချ၍ထွက်ပြေးရန်ကြိုးစားကြစဉ်၊-
30 Procurando, entrementes, os marinheiros fugir do navio, e tendo arriado o batel ao mar sob pretexto de irem lançar âncoras pela proa,
31 ပေါလုသည်တပ်မှူးနှင့်စစ်သားများအား ``ဤ သင်္ဘောသားတို့သည်သင်္ဘောပေါ်တွင်မနေကြ လျှင် သင်တို့ကိုယ်တိုင်အသက်ချမ်းသာရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်'' ဟုပြော လေ၏။-
31 disse Paulo ao centurião e aos soldados: Se estes não ficarem no navio, não podereis salvar-vos.
32 ထိုအခါစစ်သားတို့သည်အသက်ကယ်လှေ ကြိုးများကိုခုတ်ဖြတ်၍ လှေကိုအောက်သို့ ချလိုက်ကြ၏။
32 Então os soldados cortaram os cabos do batel e o deixaram cair.
33 မိုးလင်းခါနီး၌ပေါလုသည်ထိုသူအပေါင်း တို့အား အစာစားရန်တိုက်တွန်းလို၍ ``သင် တို့သည်အဘယ်သို့ဖြစ်မည်ကိုစောင့်မျှော်ကာ အငတ်ခံလျက်နေခဲ့ကြသည်မှာတစ်ဆယ့် လေးရက်ရှိပေပြီ။ သင်တို့သည်မည်သည့် အစားအစာကိုမျှမစားခဲ့ကြ။-
33 Enquanto amanhecia, Paulo rogava a todos que comessem alguma coisa, dizendo: É já hoje o décimo quarto dia que esperais e permaneceis em jejum, não havendo provado coisa alguma.
34 သင်တို့ဆက်လက်အသက်ရှင်နိုင်ရေးအတွက် အစားအစာစားကြရန်ငါတောင်းပန်ပါ၏။ သင်တို့တစ်စုံတစ်ယောက်၏ဦးခေါင်းမှဆံ ခြည်တစ်ပင်မျှပင်လျှင်ပျက်စီးဆုံးရှုံး ရလိမ့်မည်မဟုတ်'' ဟုဆို၏။-
34 Rogo-vos, portanto, que comais alguma coisa, porque disso depende a vossa segurança; porque nem um cabelo cairá da cabeça de qualquer de vós.
35 ထိုနောက်ပေါလုသည်မုန့်ကိုယူပြီးလျှင် ထို သူအားလုံးတို့၏ရှေ့တွင်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကို ဖဲ့၍စားလေ၏။-
35 E, havendo dito isto, tomou o pão, deu graças a Deus na presença de todos e, partindo-o começou a comer.
36 ထိုအခါထိုသူအားလုံးပင်အားတက်လာ ကြပြီးလျှင် အစားအစာစားကြကုန်၏။-
36 Então todos cobraram ânimo e se puseram também a comer.
37 သင်္ဘောပေါ်တွင်စုစုပေါင်းလူနှစ်ရာခုနစ် ဆယ့်ခြောက်ယောက်ရှိ၏။-
37 Éramos ao todo no navio duzentas e setenta e seis almas.
38 လူတိုင်းဝအောင်စားကြပြီးသောအခါ သင်္ဘောကိုပေါ့စေရန် ဂျုံဆန်ရှိသမျှကို ပင်လယ်ထဲသို့ပစ်ချကြ၏။
38 Depois de saciados com a comida, começaram a aliviar o navio, alijando o trigo no mar.
39 မိုးလင်းသောအခါသင်္ဘောသားတို့သည် မိမိ တို့မည်သည့်အရပ်သို့ရောက်ရှိနေမှန်းမသိ ကြသော်လည်း ပင်လယ်ကွေ့ကမ်းခြေတစ်ခုကို တွေ့မြင်ကြသဖြင့် ဖြစ်နိုင်ပါကထိုကမ်းခြေ ပေါ်သို့သင်္ဘောကိုထိုးတင်ရန်ဆုံးဖြတ်ကြ၏။-
39 Quando amanheceu, não reconheciam a terra; divisavam, porém, uma enseada com uma praia, e consultavam se poderiam nela encalhar o navio.
40 သူတို့သည်ကျောက်ကြိုးကိုဖြတ်၍ကျောက်ဆူး များကိုပင်လယ်ထဲသို့ချလိုက်ကြ၏။ တစ်ချိန် တည်းမှာပင်ပဲ့ထိန်းတက်များမှကြိုးတို့ကို လည်းဖြေကြ၏။ ထိုနောက်သင်္ဘောဦးမှရွက် ကိုတင်၍ကမ်းခြေဘက်သို့ရွက်တိုက်ကြ၏။-
40 Soltando as âncoras, deixaram-nas no mar, largando ao mesmo tempo as amarras do leme; e, içando ao vento a vela da proa, dirigiram-se para a praia.
41 သို့ရာတွင်သင်္ဘောသည်ရေတိမ်ရာသို့ရောက်၍ သောင်တင်နေတော့၏။ သင်္ဘောဦးသည်သောင်တွင် စိုက်လျက်နေသဖြင့်လှုပ်ရှား၍မရ။ သင်္ဘော ပဲ့ပိုင်းမှာမူလှိုင်းလုံးများရိုက်သဖြင့်ကျိုး ပျက်စပြုလာ၏။
41 Dando, porém, num lugar onde duas correntes se encontravam, encalharam o navio; e a proa, encravando-se, ficou imóvel, mas a popa se desfazia com a força das ondas.
42 ထိုအခါစစ်သားများသည်အကျဉ်းသားတို့ ရေကူး၍ထွက်ပြေးမည်ကိုစိုးရိမ်သဖြင့် သူ တို့အားအသေသတ်ရန်ကြံစည်ကြ၏။-
42 Então o parecer dos soldados era que matassem os presos para que nenhum deles fugisse, escapando a nado.
43 သို့သော်တပ်မှူးသည်ပေါလုကိုကယ်ဆယ်လို သဖြင့် စစ်သားများ၏အကြံအစည်အတိုင်း မပြုလုပ်ရန်တားမြစ်ပြီးလျှင် ဦးစွာပထမ ရေကူးတတ်သူတို့အားသင်္ဘောပေါ်မှခုန်ချ စေပြီးနောက်ကုန်းသို့ကူးစေ၏။-
43 Mas o centurião, querendo salvar a Paulo, estorvou-lhes este intento; e mandou que os que pudessem nadar fossem os primeiros a lançar-se ao mar e alcançar a terra;
44 ထို့နောက်ကျန်သောသူတို့အားပျဉ်ပြားများ ကိုသော်လည်းကောင်း၊ သင်္ဘောပျက်မှသင်္ဘောအပိုင်း အစများကိုသော်လည်းကောင်းစီး၍ကူးကြ ရန်အမိန့်ပေး၏။ ဤနည်းအားဖြင့်ကျွန်ုပ်တို့ အားလုံးပင်ဘေးလွတ်၍ကုန်းပေါ်သို့ရောက် ကြသတည်း။
44 e que os demais se salvassem, uns em tábuas e outros em quaisquer destroços do navio. Assim chegaram todos à terra salvos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.