Atos 23

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ပေါ​လု​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် များ​ကို​စေ့​စေ့​ကြည့်​လျက် ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ယ​နေ့​တိုင်​အောင်​တစ်​သက်​လုံး ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​နေ​ထိုင်​ပြု​ကျင့်​ခဲ့​ပါ​၏'' ဟု​ပြော​၏။-
1 Paulo olhou fixamente para o conselho dos líderes do povo e disse: “Irmãos, tenho vivido diante de Deus com a consciência limpa”.
2 ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​န​နိ​သည်​လည်း အ​နီး​တွင်​ရပ်​နေ​သူ​များ​အား ပေါ​လု​၏​နှုတ် ကို​အ​ရိုက်​ခိုင်း​လေ​၏။-
2 No mesmo instante, o sumo sacerdote Ananias ordenou aos que estavam perto de Paulo que lhe dessem um tapa na boca.
3 ပေါ​လု​က ``ထုံး​ဖြူ​သုတ်​သည့်​အုတ်​ရိုး၊ သင့်​ကို ဘု​ရား​သ​ခင်​မု​ချ​ဒဏ်​ခတ်​တော်​မူ​မည်။ သင် သည်​အ​ကျွန်ုပ်​အား​တ​ရား​ဥ​ပ​ဒေ​အ​ရ စစ်​ဆေး​စီ​ရင်​ရန် တ​ရား​ခွင်​တွင်​ထိုင်​လျက် နေ​စဉ်​၌​ပင် အ​ကျွန်ုပ်​ကို​အ​ရိုက်​ခိုင်း​ခြင်း ဖြင့်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ပါ​သည် တ​ကား'' ဟု​ဆို​၏။
3 Então Paulo lhe disse: “Deus o ferirá, seu grande hipócrita! Que espécie de juiz é o senhor, desrespeitando a lei ao mandar me agredir dessa forma?”.
4 အ​နီး​တွင်​ရပ်​နေ​သူ​တို့​က ``သင်​သည်​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ကို​စော်​ကား​ပါ သ​လော'' ဟု​မေး​ကြ​လျှင်၊-
4 Os que estavam perto de Paulo lhe disseram: “Você ousa insultar o sumo sacerdote de Deus?”.
5 ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ထို​သူ​သည်​ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ ပါ။ ကျမ်း​စာ​တော်​တွင် `သင်​၏​အ​မျိုး​ကို​အုပ် စိုး​သော​သူ​အား​မ​ကောင်း​မ​ပြော​ရ' ဟု​ဖော် ပြ​ထား​ပါ​၏'' ဟု​ဖြေ​ကြား​လေ​သည်။
5 “Irmãos, não sabia que ele era o sumo sacerdote”, respondeu Paulo. “Pois as Escrituras dizem: ‘Não fale mal de suas autoridades’.”
6 သူ​သည်​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ထဲ​တွင်​လူ တစ်​စု​က ဖာ​ရိ​ရှဲ​များ​ဖြစ်​၍​အ​ခြား​တစ်​စု က​ဇဒ္ဒု​ကဲ​များ​ဖြစ်​ကြောင်း​ကို​သိ​မြင်​သော အ​ခါ ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ဖာ​ရိ​ရှဲ ဖြစ်​ပါ​၏။ ဖာ​ရိ​ရှဲ​၏​သား​လည်း​ဖြစ်​ပါ​၏။ သေ​သူ​တို့​သည်​ရှင်​ပြန်​ထ​မြောက်​မည်​ကို မျှော်​လင့်​သူ​ဖြစ်​သ​ဖြင့် ယ​ခု​အ​ကျွန်ုပ်​သည် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​၏'' ဟု တ​ရား​လွှတ်​တော်​တွင်​ကြွေး​ကြော်​လေ ၏။
6 Sabendo Paulo que alguns membros do conselho dos líderes do povo eram saduceus e outros fariseus, gritou: “Irmãos, sou fariseu, como eram meus antepassados! E estou sendo julgado por causa de minha esperança na ressurreição dos mortos!”.
7 ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​တို့​သည် အ​ငြင်း​ပွား​ကြ​သ​ဖြင့် တ​ရား​လွှတ်​တော် အ​ဖွဲ့​သည်​နှစ်​ခြမ်း​ကွဲ​လေ​၏။-
7 Quando Paulo disse isso, o conselho se dividiu, fariseus contra saduceus,
8 (ဇဒ္ဒု​ကဲ​တို့​က​သေ​ခြင်း​မှ​ထ​မြောက်​ရှင် ပြန်​ခြင်း​ဟူ​သည်​မ​ရှိ။ ကောင်း​ကင်​တ​မန်​မ​ရှိ။ နာမ်​ဝိ​ညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ သို့​သော် ဖာ​ရိ​ရှဲ​တို့​က​ထို​အ​ရာ​သုံး​ပါး​လုံး​ပင်​ရှိ သည်​ဟု​ယုံ​ကြည်​လက်​ခံ​ကြ​၏။)-
8 pois os saduceus afirmam não haver ressurreição, nem anjos, nem espíritos, mas os fariseus creem em todas essas coisas.
9 သူ​တို့​ဟစ်​အော်​ပြော​ဆို​မှု​သည်​ပို​မို​ကျယ် လောင်​လာ​တော့​၏။ ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ် ဆ​ရာ​အ​ချို့​တို့​သည်​ထ​၍ ``ဤ​သူ​၌​အ​ဘယ် အ​ပြစ်​ကို​မျှ​ငါ​တို့​မ​တွေ့။ ဝိ​ညာဉ်​တစ်​ပါး က​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တစ် ပါး​က​သော်​လည်း​ကောင်း​သူ့​အား​မြွက်​ဆို ကောင်း​မြွက်​ဆို​ခဲ့​လိမ့်​မည်'' ဟု​ငြင်း​ခုံ​ပြော ဆို​ကြ​၏။
9 Houve grande alvoroço. Alguns dos mestres da lei que eram fariseus se levantaram e começaram a discutir energicamente. “Não vemos nada de errado com este homem!”, gritavam. “Talvez um espírito ou um anjo tenha falado a ele!”
10 ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။
10 A discussão ficou cada vez mais violenta, e o comandante teve medo de que Paulo fosse feito em pedaços. Assim, ordenou que os soldados o retirassem à força e o levassem de volta à fortaleza.
11 ထို​ည​၌​သ​ခင်​ဘု​ရား​သည်​ပေါ​လု​၏​အ​နီး​၌ ရပ်​လျက် ``မ​ကြောက်​နှင့်။ သင်​သည်​ယေ​ရု​ရှ​လင် မြို့​တွင် ငါ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ခဲ့​သည် နည်း​တူ​ရော​မ​မြို့​တွင်​လည်း​သက်​သေ​ခံ​ရ​ဦး မည်'' ဟု​မိန့်​တော်​မူ​၏။
11 Naquela noite, o Senhor apareceu a Paulo e disse: “Tenha ânimo, Paulo! Assim como você testemunhou a meu respeito aqui em Jerusalém, deve fazê-lo também em Roma”.
12 နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​၌​ယု​ဒ​အ​မျိုး​သား အ​ချို့​တို့​သည်​တွေ့​ဆုံ​၍ ``ပေါ​လု​ကို​မ​သတ်​ရ မ​ချင်း​ငါ​တို့​မ​စား​မ​သောက်​ဘဲ​နေ​မည်'' ဟု အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​၏။-
12 Na manhã seguinte, alguns judeus se juntaram para conspirar, jurando solenemente que não comeriam nem beberiam antes de matar Paulo.
13 ဤ​သို့​လျှို့​ဝှက်​ကြံ​စည်​ကြ​သူ​များ​၏​ဦး ရေ​မှာ​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။-
13 A conspiração envolveu mais de quarenta homens.
14 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ သာ​ရေး​ခေါင်း​ဆောင်​များ​ထံ​သွား​၍ ``အ​ကျွန်ုပ် တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့် အ​ရာ​ကို​မျှ​မ​စား​မ​သောက်​ပါ​ဟု​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​ကြ​ပါ​၏။-
14 Foram aos principais sacerdotes e aos líderes do povo e lhes disseram: “Juramos solenemente, sob pena de castigo divino, que não comeremos nem beberemos antes de matar Paulo.
15 သို့​ဖြစ်​၍​အ​ရှင်​တို့​နှင့်​တ​ရား​လွှတ်​တော်​အ​ဖွဲ့ ဝင်​တို့​သည် ပေါ​လု​၏​အ​မှု​ကို​ပို​မို​သေ​ချာ စွာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန်​ပြု​လျက် ရော​မ​တပ် မှူး​အား​သူ့​ကို​အ​ရှင်​တို့​ထံ​သို့​ခေါ်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ​ပါ။ အ​ရှင်​တို့​ထံ​သို့​မ​ရောက် မီ​ပင် သူ့​ကို​သတ်​ရန်​အ​ကျွန်ုပ်​တို့​အ​သင့် စောင့်​နေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
15 Agora peçam, vocês e o conselho dos líderes do povo, que o comandante traga Paulo de volta ao conselho. Finjam que os senhores desejam examinar o caso com mais detalhes. Nós o mataremos no caminho”.
16 သို့​သော်​ထို​အ​ကြံ​အ​စည်​ကို​ပေါ​လု​နှ​မ​၏ သား​သည်​ကြား​သိ​သွား​သ​ဖြင့် ရဲ​တိုက်​ထဲ ကို​ဝင်​ပြီး​လျှင်​ပေါ​လု​အား​ပြော​ကြား​၏။-
16 Contudo, o sobrinho de Paulo, filho de sua irmã, soube do plano deles e foi à fortaleza contar a seu tio.
17 ပေါ​လု​သည်​တပ်​ခွဲ​မှူး​တစ်​ယောက်​ကို​ခေါ် ၍ ``ဤ​လူ​ငယ်​ကို​တပ်​မှူး​ထံ​သို့​ခေါ်​ဆောင် သွား​ပါ။ တပ်​မှူး​အား​လျှောက်​ထား​ရန်​ကိစ္စ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ပြော​၏။-
17 Então Paulo mandou chamar um dos oficiais romanos e disse: “Leve este rapaz ao comandante. Ele tem algo importante para lhe contar”.
18 သို့​ဖြစ်​၍​တပ်​ခွဲ​မှူး​သည်​ထို​လူ​ငယ်​ကို​တပ်​မှူး ထံ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​နောက် ``အ​ကျဉ်း​သား ပေါ​လု​သည်​အ​ကျွန်ုပ်​ကို​ခေါ်​၍​ဤ​လူ​ငယ်​ကို အ​ရှင့်​ထံ​သို့​အ​ပို့​ခိုင်း​ပါ​သည်။ သူ့​မှာ​အ​ရှင့် အား​လျှောက်​ထား​ရန်​ကိစ္စ​တစ်​ခု​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။
18 O oficial o levou ao comandante e explicou: “O preso Paulo me chamou e pediu que eu trouxesse ao senhor este rapaz, pois ele tem algo a lhe contar”.
19 တပ်​မှူး​သည်​နှစ်​ယောက်​ချင်း​ပြော​ဆို​နိုင်​ရန် ထို လူ​ငယ်​ကို​လက်​ဆွဲ​၍​ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ် ခု​သို့​ခေါ်​သွား​၏။ ထို​နောက် ``ငါ့​အား​သင်​အ​ဘယ် အ​ရာ​ကို​ပြော​လို​ပါ​သ​နည်း'' ဟု​မေး​၏။
19 O comandante tomou o rapaz pela mão e o levou à parte. “O que você quer me dizer?”, perguntou.
20 လူ​ငယ်​က ``ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ပေါ​လု ၏​အ​မှု​ကို​ပို​မို​သေ​ချာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန် ဖြင့် အ​ရှင့်​အား​ပေါ​လု​ကို​နက်​ဖြန်​နေ့​၌​တ​ရား လွှတ်​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ မည်​ဟု​တိုင်​ပင်​ညှိ​နှိုင်း​ထား​ကြ​ပါ​၏။-
20 O sobrinho de Paulo respondeu: “Alguns judeus pedirão que o senhor apresente Paulo diante da reunião do conselho amanhã, fingindo que desejam obter mais informações.
21 သူ​တို့​၏​တောင်း​လျှောက်​ချက်​ကို​မ​လိုက်​လျော ပါ​နှင့်။ လမ်း​တွင်​လူ​လေး​ဆယ်​ကျော်​ပုန်း​ကွယ် ချောင်း​မြောင်း​စောင့်​ဆိုင်း​လျက်​ရှိ​ပါ​၏။ ထို​သူ တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မ​စား မ​သောက်​ဘဲ​နေ​မည်​ဟု​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ထား ကြ​ပါ​၏။ ယ​ခု​ပင်​သူ​တို့​သည်​ပေါ​လု​ကို သတ်​ရန်​အ​သင့်​ပြင်​ဆင်​ကာ အ​ရှင်​၏​ဆုံး ဖြတ်​ချက်​ကို​စောင့်​ဆိုင်း​လျက်​ရှိ​နေ​ကြ​ပါ ပြီ'' ဟု​လျှောက်​၏။
21 Não acredite neles. Há mais de quarenta homens emboscados para matar Paulo. Juraram solenemente, sob pena de castigo divino, que não comeriam nem beberiam antes de matá-lo. Estão de prontidão, apenas esperando sua permissão”.
22 တပ်​မှူး​က ``သင်​သည်​ဤ​ကဲ့​သို့​ငါ့​အား​တိုင် ကြား​ခဲ့​ကြောင်း​အ​ဘယ်​သူ​အား​မျှ​မ​ပြော နှင့်'' ဟု​ဆို​၍​ထို​လူ​ငယ်​ကို​ထွက်​ခွာ​သွား​စေ​၏။
22 O comandante despediu o rapaz e o advertiu: “Não deixe ninguém saber que você me contou isso”.
23 ထို​နောက်​တပ်​မှူး​သည်​တပ်​ခွဲ​မှူး​နှစ်​ယောက်​ကို ခေါ်​၍ ``ယ​နေ့​ည​ကိုး​နာ​ရီ​အ​ချိန်​၌​ကဲ​သ​ရိ မြို့​သို့​သွား​ရန်​စစ်​သား​နှစ်​ရာ၊ မြင်း​တပ်​သား ခု​နစ်​ဆယ်​နှင့်​လှံ​တပ်​သား​နှစ်​ရာ​တို့​ကို​ယ​နေ့ ည​ကိုး​နာ​ရီ​၌​ထွက်​ခွာ​ရန်​အ​သင့်​ရှိ​စေ​ကြ လော့။-
23 Então o comandante chamou dois de seus oficiais e ordenou: “Preparem duzentos soldados para partir a Cesareia hoje às nove da noite. Levem também duzentos lanceiros e setenta soldados a cavalo.
24 ပေါ​လု​အ​တွက်​မြင်း​များ​ကို​လည်း​အ​သင့် ပြင်​ထား​လော့။ သူ့​ကို​ဘု​ရင်​ခံ​မင်း​ဖေ​လဇ် ထံ​သို့​ကြပ်​မတ်​၍​ပို့​ကြ​လော့'' ဟု​အ​မိန့် ပေး​၏။-
24 Providenciem um cavalo para Paulo e levem-no em segurança ao governador Félix”.
25 တပ်​မှူး​သည်​စာ​တစ်​စောင်​ကို​လည်း​ရေး​၍​ပေး လိုက်​၏။
25 Em seguida, escreveu a seguinte carta ao governador:
26 ထို​စာ​တွင် ``က​လော​ဒိ​လု​သိ​ထံ​မှ​အ​ရှင် ဖေ​လဇ်​မင်း​ထံ​သို့​ရို​သေ​စွာ​အ​စီ​ရင်​ခံ​အပ် ပါ​သည်။-
26 “De Cláudio Lísias ao excelentíssimo governador Félix. Saudações.
27 ယု​ဒ​အ​မျိုး​သား​တို့​သည်​ဤ​သူ့​ကို​ဖမ်း​ဆီး ၍​သတ်​မည်​ပြု​ကြ​ပါ​၏။ သူ​သည်​ရော​မ​နိုင်​ငံ သား​ဖြစ်​ကြောင်း​ကို​အ​ကျွန်ုပ်​ကြား​သိ​ရ သ​ဖြင့် စစ်​သား​များ​နှင့်​အ​တူ​သွား​၍​သူ့ အား​ကယ်​ဆယ်​ခဲ့​ပါ​၏။-
27 “Este homem foi capturado por alguns judeus que estavam prestes a matá-lo quando cheguei com meus soldados. Ao ser informado de que ele era cidadão romano, transferi-o para um lugar seguro.
28 အ​ကျွန်ုပ်​သည်​သူ့​အား​ယု​ဒ​အ​မျိုး​သား​တို့ အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​ကြောင်း​ကို​သိ​လို သ​ဖြင့် သူ​တို့​၏​တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင် သွား​ပါ​၏။-
28 Então levei-o diante do conselho supremo dos judeus para investigar o motivo das acusações.
29 ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​မိ​မိ​တို့​၏ ပ​ညတ်​တ​ရား​ဆိုင်​ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ် သက်​၍​ပြစ်​တင်​စွပ်​စွဲ​ကြ​ပါ​သည်။ သူ့​မှာ​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်၊ သို့​မ​ဟုတ်​ထောင်​ဒဏ် ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြောင်း​ကို​အ​ကျွန်ုပ်​တွေ့​ရှိ​ပါ​၏။-
29 Não demorei a descobrir que ele era acusado de algo relacionado à lei religiosa, sem dúvida nada que justificasse a pena de morte ou mesmo a prisão.
30 ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လျက်​ရှိ​ကြောင်း​သ​တင်း​ကို ရ​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​သည်​သူ့​အား​အ​ရှင့်​ထံ သို့​ချက်​ချင်း​စေ​လွှတ်​လိုက်​ပါ​၏။ တ​ရား​လို များ​အား​လည်း​မိ​မိ​တို့​၏​အ​မှု​ကို​အ​ရှင့် ရှေ့​တော်​တွင် လျှောက်​လဲ​ကြ​ရန်​ညွှန်​ကြား လိုက်​ပါ​သည်။ အ​ရှင်​ကျန်း​မာ​ပါ​စေ​သော'' ဟူ​၍​ပါ​ရှိ​၏။
30 Fui informado, porém, de uma conspiração para matá-lo e enviei-o de imediato ao senhor. Também informei aos acusadores que devem apresentar suas denúncias diante do senhor”.
31 စစ်​သား​တို့​သည်​တပ်​မှူး​၏​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​ပေါ​လု​ကို​ခေါ် ၍​ထို​ည​၌​ပင်​အန္တိ​ပ​တ​ရိ​မြို့​အ​ထိ​ပို့ ဆောင်​ကြ​၏။-
31 Naquela noite, os soldados cumpriram as ordens que haviam recebido e levaram Paulo até Antipátride.
32 နောက်​တစ်​နေ့​၌​ခြေ​လျင်​တပ်​သား​များ​သည် ရဲ​တိုက်​သို့​ပြန်​လာ​ခဲ့​ကြ​၏။ မြင်း​တပ်​သား များ​သည်​ပေါ​လု​နှင့်​အ​တူ​ဆက်​လက်​ခ​ရီး ပြု​ရန်​ဖြစ်​၏။-
32 Voltaram à fortaleza na manhã seguinte, enquanto a cavalaria prosseguiu com ele.
33 မြင်း​တပ်​သား​များ​သည်​ကဲ​သ​ရိ​မြို့​သို့​ရောက် သော​အ​ခါ တပ်​မှူး​၏​စာ​ကို​ဘု​ရင်​ခံ​မင်း​အား ပေး​ဆက်​ကာ​ပေါ​လု​ကို​ရှေ့​တော်​သို့​သွင်း ကြ​၏။-
33 Quando chegaram a Cesareia, apresentaram Paulo e a carta ao governador Félix.
34 ဘု​ရင်​ခံ​မင်း​သည်​စာ​ကို​ဖတ်​ပြီး​နောက် ``သင် သည်​အ​ဘယ်​ပြည်​သား​ဖြစ်​သ​နည်း'' ဟု​ပေါ​လု အား​မေး​၏။ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​ကြောင်း​ကို ကြား​သိ​သော​အ​ခါ၊-
34 O governador leu a carta e perguntou a Paulo de que província ele era. “Da Cilícia”, respondeu Paulo.
35 ဘု​ရင်​ခံ​မင်း​က ``ဤ​အ​ရပ်​သို့​သင်​၏​တ​ရား လို​များ​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ သင်​၏ အ​မှု​ကို​ငါ​စစ်​ဆေး​မည်'' ဟု​ဆို​၏။ ထို​နောက် ပေါ​လု​အား​ဟေ​ရုဒ်​မင်း​ကြီး​ဆောက်​လုပ်​ခဲ့ သော​နန်း​တော်​တွင်​အ​စောင့်​အ​ကြပ်​နှင့်​ထား ရန်​အ​မိန့်​ပေး​လေ​သည်။
35 “Ouvirei seu caso pessoalmente quando seus acusadores chegarem”, disse o governador. Em seguida, ordenou que Paulo fosse mantido na prisão do palácio que Herodes havia construído.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.