Atos 23
Common Language Bible (MYA) vs ARC
1 ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
1 E, pondo Paulo os olhos no conselho, disse: Varões irmãos, até ao dia de hoje tenho andado diante de Deus com toda a boa consciência.
2 ယဇ်ပုရောဟိတ်မင်းအာနနိသည်လည်း အနီးတွင်ရပ်နေသူများအား ပေါလု၏နှုတ် ကိုအရိုက်ခိုင်းလေ၏။-
2 Mas o sumo sacerdote, Ananias, mandou aos que estavam junto dele que o ferissem na boca.
3 ပေါလုက ``ထုံးဖြူသုတ်သည့်အုတ်ရိုး၊ သင့်ကို ဘုရားသခင်မုချဒဏ်ခတ်တော်မူမည်။ သင် သည်အကျွန်ုပ်အားတရားဥပဒေအရ စစ်ဆေးစီရင်ရန် တရားခွင်တွင်ထိုင်လျက် နေစဉ်၌ပင် အကျွန်ုပ်ကိုအရိုက်ခိုင်းခြင်း ဖြင့်တရားဥပဒေကိုချိုးဖောက်ပါသည် တကား'' ဟုဆို၏။
3 Então, Paulo lhe disse: Deus te ferirá, parede branqueada! Tu estás aqui assentado para julgar-me conforme a lei e, contra a lei, me mandas ferir?
4 အနီးတွင်ရပ်နေသူတို့က ``သင်သည်ဘုရား သခင်၏ယဇ်ပုရောဟိတ်မင်းကိုစော်ကားပါ သလော'' ဟုမေးကြလျှင်၊-
4 E os que ali estavam disseram: Injurias o sumo sacerdote de Deus?
5 ပေါလုက ``ညီအစ်ကိုတို့၊ ထိုသူသည်ယဇ် ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ပါ။ ကျမ်းစာတော်တွင် `သင်၏အမျိုးကိုအုပ် စိုးသောသူအားမကောင်းမပြောရ' ဟုဖော် ပြထားပါ၏'' ဟုဖြေကြားလေသည်။
5 E Paulo disse: Não sabia, irmãos, que era o sumo sacerdote; porque está escrito: Não dirás mal do príncipe do teu povo.
6 သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
6 E Paulo, sabendo que uma parte era de saduceus, e outra, de fariseus, clamou no conselho: Varões irmãos, eu sou fariseu, filho de fariseu! No tocante à esperança e ressurreição dos mortos sou julgado!
7 ထိုအခါဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့သည် အငြင်းပွားကြသဖြင့် တရားလွှတ်တော် အဖွဲ့သည်နှစ်ခြမ်းကွဲလေ၏။-
7 E, havendo dito isto, houve dissensão entre os fariseus e saduceus; e a multidão se dividiu.
8 (ဇဒ္ဒုကဲတို့ကသေခြင်းမှထမြောက်ရှင် ပြန်ခြင်းဟူသည်မရှိ။ ကောင်းကင်တမန်မရှိ။ နာမ်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ သို့သော် ဖာရိရှဲတို့ကထိုအရာသုံးပါးလုံးပင်ရှိ သည်ဟုယုံကြည်လက်ခံကြ၏။)-
8 Porque os saduceus dizem que não há ressurreição, nem anjo, nem espírito; mas os fariseus reconhecem uma e outra coisa.
9 သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။
9 E originou-se um grande clamor; e, levantando-se os escribas da parte dos fariseus, contendiam, dizendo: Nenhum mal achamos neste homem, e se algum espírito ou anjo lhe falou, não resistamos a Deus.
10 ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
10 E, havendo grande dissensão, o tribuno, temendo que Paulo fosse despedaçado por eles, mandou descer a soldadesca, para que o tirassem do meio deles e o levassem para a fortaleza.
11 ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
11 E, na noite seguinte, apresentando-se-lhe o Senhor, disse: Paulo, tem ânimo! Porque, como de mim testificaste em Jerusalém, assim importa que testifiques também em Roma.
12 နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။-
12 Quando já era dia, alguns dos judeus fizeram uma conspiração e juraram dizendo que não comeriam nem beberiam enquanto não matassem a Paulo.
13 ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
13 E eram mais de quarenta os que fizeram esta conjuração.
14 သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-
14 Estes foram ter com os principais dos sacerdotes e anciãos e disseram: Conjuramo-nos, sob pena de maldição, a nada provarmos até que matemos a Paulo.
15 သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
15 Agora, pois, vós, com o conselho, rogai ao tribuno que vo-lo traga amanhã, como querendo saber mais alguma coisa de seus negócios, e, antes que chegue, estaremos prontos para o matar.
16 သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
16 E o filho da irmã de Paulo, tendo ouvido acerca desta cilada, foi, e entrou na fortaleza, e o anunciou a Paulo.
17 ပေါလုသည်တပ်ခွဲမှူးတစ်ယောက်ကိုခေါ် ၍ ``ဤလူငယ်ကိုတပ်မှူးထံသို့ခေါ်ဆောင် သွားပါ။ တပ်မှူးအားလျှောက်ထားရန်ကိစ္စ တစ်ခုရှိပါသည်'' ဟုပြော၏။-
17 E Paulo, chamando a si um dos centuriões, disse: Leva este jovem ao tribuno, porque tem alguma coisa que lhe comunicar.
18 သို့ဖြစ်၍တပ်ခွဲမှူးသည်ထိုလူငယ်ကိုတပ်မှူး ထံသို့ခေါ်ဆောင်ခဲ့ပြီးနောက် ``အကျဉ်းသား ပေါလုသည်အကျွန်ုပ်ကိုခေါ်၍ဤလူငယ်ကို အရှင့်ထံသို့အပို့ခိုင်းပါသည်။ သူ့မှာအရှင့် အားလျှောက်ထားရန်ကိစ္စတစ်ခုရှိပါသည်'' ဟုလျှောက်၏။
18 Tomando-o ele, pois, o levou ao tribuno e disse: O preso Paulo, chamando-me a si, me rogou que te trouxesse este jovem, que tem alguma coisa que dizer-te.
19 တပ်မှူးသည်နှစ်ယောက်ချင်းပြောဆိုနိုင်ရန် ထို လူငယ်ကိုလက်ဆွဲ၍ဆိတ်ကွယ်ရာအရပ်တစ် ခုသို့ခေါ်သွား၏။ ထိုနောက် ``ငါ့အားသင်အဘယ် အရာကိုပြောလိုပါသနည်း'' ဟုမေး၏။
19 E o tribuno, tomando- o pela mão e pondo-se à parte, perguntou-lhe em particular: Que tens que me contar?
20 လူငယ်က ``ယုဒအာဏာပိုင်တို့သည်ပေါလု ၏အမှုကိုပိုမိုသေချာစုံစမ်းစစ်ဆေးလိုဟန် ဖြင့် အရှင့်အားပေါလုကိုနက်ဖြန်နေ့၌တရား လွှတ်တော်သို့ခေါ်ဆောင်ခဲ့ရန် မေတ္တာရပ်ခံကြ မည်ဟုတိုင်ပင်ညှိနှိုင်းထားကြပါ၏။-
20 E disse ele: Os judeus se concertaram rogar-te que amanhã leves Paulo ao conselho como tendo de inquirir dele mais alguma coisa ao certo.
21 သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
21 Mas tu não os creias, porque mais de quarenta homens dentre eles lhe andam armando ciladas, os quais se obrigaram, sob pena de maldição, a não comerem nem beberem até que o tenham morto; e já estão apercebidos, esperando de ti promessa.
22 တပ်မှူးက ``သင်သည်ဤကဲ့သို့ငါ့အားတိုင် ကြားခဲ့ကြောင်းအဘယ်သူအားမျှမပြော နှင့်'' ဟုဆို၍ထိုလူငယ်ကိုထွက်ခွာသွားစေ၏။
22 Então, o tribuno despediu o jovem, mandando-lhe que a ninguém dissesse que lhe havia contado aquilo.
23 ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
23 E, chamando dois centuriões, lhes disse: Aprontai para as três horas da noite duzentos soldados, e setenta de cavalo, e duzentos lanceiros para irem até Cesareia;
24 ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
24 e aparelhai cavalgaduras, para que, pondo nelas a Paulo, o levem salvo ao governador Félix.
25 တပ်မှူးသည်စာတစ်စောင်ကိုလည်းရေး၍ပေး လိုက်၏။
25 E escreveu uma carta que continha isto:
26 ထိုစာတွင် ``ကလောဒိလုသိထံမှအရှင် ဖေလဇ်မင်းထံသို့ရိုသေစွာအစီရင်ခံအပ် ပါသည်။-
26 Cláudio Lísias a Félix, potentíssimo governador, saúde.
27 ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
27 Este homem foi preso pelos judeus; e, estando já a ponto de ser morto por eles, sobrevim eu com a soldadesca e o livrei, informado de que era romano.
28 အကျွန်ုပ်သည်သူ့အားယုဒအမျိုးသားတို့ အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြကြောင်းကိုသိလို သဖြင့် သူတို့၏တရားလွှတ်တော်သို့ခေါ်ဆောင် သွားပါ၏။-
28 Querendo saber a causa por que o acusavam, o levei ao seu conselho.
29 ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
29 E achei que o acusavam de algumas questões da sua lei, mas que nenhum crime havia nele digno de morte ou de prisão.
30 ယုဒအမျိုးသားတို့သည်သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်းသတင်းကို ရရှိသဖြင့် အကျွန်ုပ်သည်သူ့အားအရှင့်ထံ သို့ချက်ချင်းစေလွှတ်လိုက်ပါ၏။ တရားလို များအားလည်းမိမိတို့၏အမှုကိုအရှင့် ရှေ့တော်တွင် လျှောက်လဲကြရန်ညွှန်ကြား လိုက်ပါသည်။ အရှင်ကျန်းမာပါစေသော'' ဟူ၍ပါရှိ၏။
30 E, sendo-me notificado que os judeus haviam de armar ciladas a esse homem, logo to enviei, mandando também aos acusadores que perante ti digam o que tiverem contra ele. Passa bem.
31 စစ်သားတို့သည်တပ်မှူး၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ သူတို့သည်ပေါလုကိုခေါ် ၍ထိုည၌ပင်အန္တိပတရိမြို့အထိပို့ ဆောင်ကြ၏။-
31 Tomando, pois, os soldados a Paulo, como lhes fora mandado, o trouxeram de noite a Antipátride.
32 နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
32 No dia seguinte, deixando aos de cavalo irem com ele, tornaram à fortaleza;
33 မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။-
33 os quais, logo que chegaram a Cesareia e entregaram a carta ao governador, lhe apresentaram Paulo.
34 ဘုရင်ခံမင်းသည်စာကိုဖတ်ပြီးနောက် ``သင် သည်အဘယ်ပြည်သားဖြစ်သနည်း'' ဟုပေါလု အားမေး၏။ ကိလိကိပြည်သားဖြစ်ကြောင်းကို ကြားသိသောအခါ၊-
34 E o governador, lida a carta, perguntou de que província era; e, sabendo que era da Cilícia,
35 ဘုရင်ခံမင်းက ``ဤအရပ်သို့သင်၏တရား လိုများရောက်ရှိလာကြသောအခါ သင်၏ အမှုကိုငါစစ်ဆေးမည်'' ဟုဆို၏။ ထိုနောက် ပေါလုအားဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့ သောနန်းတော်တွင်အစောင့်အကြပ်နှင့်ထား ရန်အမိန့်ပေးလေသည်။
35 disse: Ouvir-te-ei quando também aqui vierem os teus acusadores. E mandou que o guardassem no pretório de Herodes.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.