Atos 19

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-
1 Enquanto Apolo estava em Corinto, Paulo atravessou as províncias superiores e chegou a Éfeso, onde achou alguns discípulos e indagou deles:
2 ``သင်​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ ယူ​ရ​ကြ​ပါ​၏​လော'' ဟု​မေး​၏။
2 Recebestes o Espírito Santo, quando abraçastes a fé? Responderam-lhe: Não, nem sequer ouvimos dizer que há um Espírito Santo!
3 ပေါ​လု​က ``ဤ​သို့​ဖြစ်​ပါ​မူ​သင်​တို့​သည် အ​ဘယ်​မည်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ခဲ့ ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
3 Então em que batismo fostes batizados?, perguntou Paulo. Disseram: No batismo de João.
4 ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။
4 Paulo então replicou: João só dava um batismo de penitência, dizendo ao povo que cresse naquele que havia de vir depois dele, isto é, em Jesus.
5 ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။-
5 Ouvindo isso, foram batizados em nome do Senhor Jesus.
6 ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။-
6 E quando Paulo lhes impôs as mãos, o Espírito Santo desceu sobre eles, e falavam em línguas estranhas e profetizavam.
7 သူ​တို့​အ​ရေ​အ​တွက်​မှာ​တစ်​ဆယ့်​နှစ်​ယောက် မျှ​ရှိ​သ​တည်း။-
7 Eram ao todo uns doze homens.
8 ပေါ​လု​သည်​သုံး​လ​တိုင်​တိုင်​တ​ရား​ဇ​ရပ်​တွင် အ​ချေ​အ​တင်​ဆွေး​နွေး​ကာ​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း လူ​တို့​နား​လည်​သ​ဘော ပေါက်​လာ​စေ​ရန်​မ​ကြောက်​မ​ရွံ့​ဘဲ​ဟော ပြော​၏။-
8 Paulo entrou na sinagoga e falou com desassombro por três meses, disputando e persuadindo-os acerca do Reino de Deus.
9 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ခေါင်း​မာ​၍​မ​ယုံ ကြည်​သ​ဖြင့် လူ​အ​ပေါင်း​တို့​ရှေ့​တွင်​သ​ခင်​ဘု​ရား ၏​လမ်း​စဉ်​တော်​ကို​ရှုတ်​ချ​ပြော​ဆို​ကြ​၏။ သို့ ဖြစ်​၍​ပေါ​လု​သည်​တ​ပည့်​တော်​တို့​ကို​ခေါ် ၍ ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​ပြီး​လျှင် တု​ရန္နု ၏​စာ​သင်​ခန်း​မ​ဆောင်​တွင်​နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပွဲ​များ​ကို​ကျင်း​ပ​၏။-
9 Mas, como alguns se endurecessem e não cressem, desacreditando a sua doutrina diante da multidão, apartou-se deles e reuniu à parte os discípulos, onde os ensinava diariamente na escola de um certo Tirano.
10 ဤ​သို့​နှစ်​နှစ်​တိုင်​တိုင်​ကျင်း​ပ​ရာ​အာ​ရှ​ပြည် တွင် နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​ဂ​ရိ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​ရ ကြ​၏။
10 Isto durou dois anos, de tal maneira que todos os habitantes da Ásia, judeus e gentios, puderam ouvir a palavra do Senhor.
11 ဘု​ရား​သ​ခင်​သည်​ပေါ​လု​အား​ဖြင့် အ​လွန် ထူး​ကဲ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လျက် နေ​တော်​မူ​၏။-
11 Deus fazia milagres extraordinários por intermédio de Paulo, de modo que lenços e outros panos que tinham tocado o seu corpo eram levados aos enfermos;
12 လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။-
12 e afastavam-se deles as doenças e retiravam-se os espíritos malignos.
13 ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-
13 Alguns judeus exorcistas que percorriam vários lugares inventaram invocar o nome do Senhor Jesus sobre os que se achavam possessos dos espíritos malignos, com as palavras: Esconjuro-vos por Jesus, a quem Paulo prega.
14 ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။
14 Assim procediam os sete filhos de um judeu chamado Cevas, sumo sacerdote.
15 သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။
15 Mas o espírito maligno replicou-lhes: Conheço Jesus e sei quem é Paulo. Mas vós, quem sois?
16 ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။-
16 Nisto o homem possuído do espírito maligno, saltando sobre eles, apoderou-se de dois deles e subjugou-os de tal maneira, que tiveram que fugir daquela casa feridos e com as roupas estraçalhadas.
17 ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။-
17 Este caso tornou-se {em breve} conhecido de todos os judeus e gregos de Éfeso, e encheu-os de temor e engrandeceram o nome do Senhor Jesus.
18 ယုံ​ကြည်​သူ​အ​များ​ပင်​လာ​ရောက်​၍ မိ​မိ တို့​သည်​မှော်​အ​တတ်​ကို​အ​သုံး​ပြု​မိ​ခဲ့ ကြောင်း ပွင့်​လင်း​စွာ​ဖော်​ပြ​ဝန်​ခံ​ကြ​၏။-
18 Muitos dos que haviam acreditado vinham confessar e declarar as suas obras.
19 မှော်​အ​တတ်​ကို​အ​သုံး​ပြု​ခဲ့​သူ​အ​များ​ပင် မိ​မိ​တို့​၏​ကျမ်း​စောင်​များ​ကို​စု​သိမ်း​ယူ​ဆောင် လာ​၍ လူ​ပုံ​အ​လယ်​တွင်​မီး​ရှို့​ကြ​၏။ ထို​စာ​အုပ် များ​၏​တန်​ဖိုး​ကို​တွက်​ချက်​ကြည့်​သော​အ​ခါ ငွေ​အ​သ​ပြာ​ငါး​သောင်း​မျှ​ရှိ​ကြောင်း​တွေ့ ရှိ​ကြ​၏။-
19 Muitos também, que tinham exercido artes mágicas, ajuntaram os seus livros e queimaram-nos diante de todos. Calculou-se o seu valor, e achou-se que montava a cinqüenta mil moedas de prata.
20 သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော်​အား ဖြင့် သာ​သ​နာ​တော်​သည်​ကြီး​ပွား​တိုး​တက် လျက်​နေ​၏။
20 Foi assim que o poder do Senhor fez crescer a palavra e a tornou sempre mais eficaz.
21 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-
21 Concluídas essas coisas, Paulo resolveu ir a Jerusalém, depois de atravessar a Macedônia e a Acaia. Depois de eu ter estado lá, disse ele, é necessário que veja também Roma.
22 သူ​သည်​မိ​မိ​၏​လက်​ထောက်​နှစ်​ယောက်​ဖြစ် သည့်​တိ​မော​သေ​နှင့်​ဧ​ရတ္တု​တို့​ကို​မာ​ကေ ဒေါ​နိ​ပြည်​သို့​စေ​လွှတ်​လိုက်​၏။ မိ​မိ​မူ​ကား အာရှ​ပြည်​တွင်​ကာ​လ​အ​နည်း​ငယ်​နေ​၏။
22 Enviou à Macedônia dois dos seus auxiliares, Timóteo e Erasto, mas ele mesmo se demorou ainda por algum tempo na Ásia.
23 ထို​အ​ချိန်​၌​သ​ခင်​ဘု​ရား​လမ်း​စဉ်​တော်​၏ အ​တွက်​ကြောင့် ဧ​ဖက်​မြို့​တွင်​ဆူ​ပူ​လှုပ်​ရှား မှု​ကြီး​တစ်​ရပ်​ဖြစ်​ပေါ်​လာ​၏။-
23 Por esse tempo, ocorreu um grande alvoroço a respeito do Evangelho.
24 ဒေ​မေ​တ​ရိ​နာ​မည်​ရှိ​သော​ငွေ​ပန်း​ထိမ်​ဆ​ရာ သည် အာ​တေ​မိ​နတ်​သ​မီး​၏​ငွေ​နတ်​ကွန်း​ပုံ​တူ က​လေး​များ​ကို​ပြု​လုပ်​ခြင်း​အား​ဖြင့် လက်​မှု ပ​ညာ​သည်​များ​အား​များ​စွာ​ငွေ​ဝင်​လမ်း​ဖြောင့် စေ​ခဲ့​၏။-
24 Um ourives, chamado Demétrio, que fazia de prata templozinhos de Ártemis, dava muito a ganhar aos artífices.
25 သူ​သည်​ထို​လုပ်​ငန်း​ဆိုင်​ရာ​အ​လုပ်​သ​မား​များ နှင့်​အ​လား​တူ လုပ်​ငန်း​ဆိုင်​ရာ​အ​ခြား​အ​လုပ် သ​မား​များ​ကို​စု​ရုံး​စေ​ပြီး​လျှင် ``အ​ချင်း​လူ တို့၊ ဤ​လုပ်​ငန်း​ဖြင့် ငါ​တို့​စီး​ပွား​လမ်း​ဖြောင့်​ခဲ့ ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။-
25 Convocou-os, juntamente com os demais operários do mesmo ramo, e disse: Conheceis o lucro que nos resulta desta indústria.
26 ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။-
26 Ora, estais vendo e ouvindo que não só em Éfeso, mas quase em toda a Ásia, esse Paulo tem persuadido e desencaminhado muita gente, dizendo que não são deuses os ídolos que são feitos por mãos de homens.
27 လူ​တို့​သည်​ငါ​တို့​၏​အ​တတ်​ကို​ကဲ့​ရဲ့​ပြော​ဆို မည်​သာ​မ​က​အာ​ရှ​ပြည်​နှင့်​တ​ကွ ကမ္ဘာ​တစ်​ဝန်း လုံး​ကိုး​ကွယ်​သည့်​အာ​တေ​မိ​နတ်​သ​မီး​ကြီး​၏ ဂုဏ်​အ​သ​ရေ​ညှိုး​နွမ်း​လျက် သူ​၏​နတ်​ကွန်း​သည် လည်း​မ​ရေ​မ​ရာ​ဖြစ်​ရ​တော့​မည့်​ဘေး​နှင့်​ရင် ဆိုင်​နေ​ရ​၏'' ဟု​ပြော​၏။
27 Daí não somente há perigo de que essa nossa corporação caia em descrédito, como também que o templo da grande Ártemis seja desconsiderado, e até mesmo seja despojada de sua majestade aquela que toda a Ásia e o mundo inteiro adoram.
28 ထို​စ​ကား​ကို​ကြား​လျှင်​လက်​မှု​ပ​ညာ​သည် တို့​သည် ဒေါ​သ​အ​မျက်​ထွက်​ကာ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု​ကြွေး​ကြော်​ကြ​၏။-
28 Estas palavras encheram-nos de ira e puseram-se a gritar: Viva a Ártemis dos efésios!
29 တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။-
29 A cidade alvoroçou-se e todos correram ao teatro levando consigo Caio e Aristarco, macedônios e companheiros de Paulo.
30 ပေါ​လု​သည်​မိ​မိ​ကိုယ်​တိုင်​ထို​လူ​ပ​ရိ​သတ် နှင့်​ရင်​ဆိုင်​လို​၏။ သို့​သော်​တ​ပည့်​တော်​တို့​က ထို​သို့​မ​ပြု​ရန်​ဆီး​တား​ကြ​၏။-
30 Paulo queria apresentar-se ao povo, mas os discípulos não o deixaram.
31 ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။-
31 Até alguns dos asiarcas, que eram seus amigos, enviaram-lhe recado, pedindo que não se aventurasse a ir ao teatro.
32 ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။-
32 Todos gritavam ao mesmo tempo. A assembléia era uma grande confusão e a maioria nem sabia por que se achavam ali reunidos.
33 လူ​များ​စု​သည်​မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး လျက်​နေ​ကြ​သည်​ကို​မ​သိ​ကြ။ ယု​ဒ​အ​မျိုး သား​တို့​သည်​အာ​လေ​ဇန္ဒြု​ကို​လူ​ပ​ရိ​သတ်​ရှေ့ သို့​သွား​စေ​သ​ဖြင့် လူ​ထု​အ​ထဲ​မှ​လူ​အ​ချို့ တို့​က​ထို​သူ​သည်​ဖြစ်​ပေါ်​လျက်​ရှိ​သည့်​အ​ရေး အ​ခင်း​နှင့်​ပတ်​သက်​သူ​ဖြစ်​မည်​ဟု​ယူ​ဆ ကြ​၏။ အာ​လေ​ဇန္ဒြု​သည်​ပ​ရိ​သတ်​အား ဆိတ်​ငြိမ်​ရန်​လက်​ရိပ်​ပြ​၏။ ချေ​ပ​ပြော​ဆို ရန်​ကြိုး​စား​၏။-
33 Então fizeram sair do meio da turba Alexandre, que os judeus empurravam para a frente. Alexandre, fazendo sinal com a mão, queria dar satisfação ao povo.
34 သို့​ရာ​တွင်​သူ​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည် ကို လူ​တို့​သိ​ကြ​သော​အ​ခါ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု နှစ်​နာ​ရီ​ကြာ​မျှ​သံ​ပြိုင်​ကြွေး​ကြော်​ကြ​၏။
34 Mas quando perceberam que ele era judeu, todos a uma voz gritaram pelo espaço de quase duas horas: Viva a Ártemis dos efésios!
35 နောက်​ဆုံး​၌​မြို့​စာ​ရေး​သည်​လူ​ပ​ရိ​သတ်​တို့ အား ဆိတ်​ဆိတ်​နေ​စေ​ပြီး​လျှင် ``ဧဖက်​မြို့​သား တို့၊ ဧ​ဖက်​မြို့​တော်​သည်​ကြီး​မြတ်​သည့်​အာ တေ​မိ​နတ်​သ​မီး​၏​နတ်​ကွန်း​နှင့် ကောင်း​ကင် ဘုံ​မှ​ကျ​လာ​သည့်​ရုပ်​တု​တော်​တည်​ရှိ​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​လူ​တိုင်း​သိ​၏။-
35 Então o escrivão da cidade {veio} para apaziguar a multidão e disse: Efésios, que homem há que não saiba que a cidade de Éfeso cultua a grande Ártemis, e que a sua estátua caiu dos céus?
36 ဤ​အ​ချက်​ကို​အ​ဘယ်​သူ​မျှ​မ​ငြင်း​ဆို​နိုင်။ သို့​ဖြစ်​၍​သင်​တို့​သည်​ဆိတ်​ဆိတ်​နေ​သင့်​ကြ​၏။ မ​ဆင်​ခြင်​ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​သင့်။-
36 Se isso é incontestável, convém que vos sossegueis e nada façais inconsideradamente.
37 သင်​တို့​သည်​ထို​သူ​တို့​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ သူ​တို့​သည်​ငါ​တို့​၏​ဗိ​မာန်​တော်​ထဲ​ဝင် ၍​လု​ယက်​ခြင်း​မ​ပြု။ ငါ​တို့​၏​နတ်​သ​မီး​ကို စော်​ကား​သော​စ​ကား​ကို​လည်း​မ​ပြော။-
37 Estes homens, que aqui trouxestes, não são sacrílegos nem blasfemadores da vossa deusa.
38 သို့​ဖြစ်​၍​ဒေ​မေ​တ​ရိ​နှင့်​အ​ပေါင်း​ပါ​လက်​မှု ပ​ညာ​သည်​များ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား တ​ရား​စွဲ​ဆို​လို​လျှင် တ​ရား​ရုံး​ဖွင့်​ရက်​များ နှင့်​အာ​ဏာ​ပိုင်​များ​ရှိ​သ​ဖြင့် ရုံး​တော်​တွင် တ​ရား​စွဲ​ဆို​နိုင်​ပါ​၏။-
38 Mas, se Demétrio e os outros artífices têm alguma queixa contra alguém, os tribunais estão abertos e aí estão os magistrados: institua-se um processo contra eles.
39 သို့​ရာ​တွင်​သင်​တို့​မှာ​အ​ခြား​အ​မှု​ကိစ္စ​ရှိ ပါ​က တ​ရား​ဝင်​အ​စည်း​အ​ဝေး​၌​စီ​ရင် ဆုံး​ဖြတ်​ရ​မည်။-
39 Se tendes reclamação a fazer, a assembléia legal decidirá.
40 ယ​နေ့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​သည် ငါ​တို့ ကြောင့်​ဖြစ်​ရ​သည်​ဟု​အ​စွပ်​အ​စွဲ​ခံ​ရ​စ​ရာ ရှိ​၏။ ဤ​သို့​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စ​ရာ​အ​ကြောင်း မ​ရှိ။ ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​ရ​သည်​ကို ငါ​တို့​ခိုင် လုံ​သည့်​အ​ကြောင်း​ပြ​ချက်​ပေး​နိုင်​ကြ​မည် မ​ဟုတ်'' ဟု​ဆို​၏။-
40 Do que se deu hoje, até corremos risco de sermos acusados de rebelião, porque não há motivo algum que nos permita justificar este concurso.
41 ဤ​သို့​ဆို​ပြီး​လျှင်​မြို့​စာ​ရေး​သည်​လူ​ပ​ရိ သတ်​တို့​အား ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​စေ လေ​သည်။
41 A estas palavras, dissolveu-se a aglomeração.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.