Atos 19
Common Language Bible (MYA) vs ARC
1 ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊-
1 E sucedeu que, enquanto Apolo estava em Corinto, Paulo, tendo passado por todas as regiões superiores, chegou a Éfeso e, achando ali alguns discípulos,
2 ``သင်တို့သည်ယုံကြည်သူများဖြစ်လာကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကိုခံ ယူရကြပါ၏လော'' ဟုမေး၏။
2 disse-lhes: Recebestes vós já o Espírito Santo quando crestes? E eles disseram-lhe: Nós nem ainda ouvimos que haja Espírito Santo.
3 ပေါလုက ``ဤသို့ဖြစ်ပါမူသင်တို့သည် အဘယ်မည်သောဗတ္တိဇံမင်္ဂလာကိုခံခဲ့ ကြပါသနည်း'' ဟုမေး၏။
3 Perguntou-lhes, então: Em que sois batizados, então? E eles disseram: No batismo de João.
4 ပေါလုက ``ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် နောင်တရသူတို့အဖို့ဖြစ်၏။ ယောဟန်သည် မိမိ၏နောက်တွင်ကြွလာတော်မူမည့်အရှင် ကိုယုံကြည်ရမည်ဟု ဣသရေလအမျိုးသား တို့အားဟောပြောခဲ့၏။ ထိုအရှင်ကားသခင် ယေရှုပေတည်း'' ဟုဆို၏။
4 Mas Paulo disse: Certamente João batizou com o batismo do arrependimento, dizendo ao povo que cresse no que após ele havia de vir, isto é, em Jesus Cristo.
5 ထိုစကားကိုကြားလျှင်သူတို့သည် သခင် ယေရှု၏နာမတော်ကိုအမှီပြု၍ဗတ္တိဇံ မင်္ဂလာခံကြ၏။-
5 E os que ouviram foram batizados em nome do Senhor Jesus.
6 ပေါလုသည်သူတို့၏ဦးခေါင်းအပေါ်မှာ လက်ကိုတင်လိုက်သောအခါ သန့်ရှင်းသောဝိညာဉ် တော်သည်သူတို့၏အပေါ်သို့သက်ရောက်တော် မူ၏။ ထိုအခါသူတို့သည်ထူးဆန်းသောဘာ သာစကားများကိုပြောကြ၏။ ဘုရားသခင် ၏တရားတော်ကိုလည်းဟောပြောကြေညာ ကြ၏။-
6 E, impondo-lhes Paulo as mãos, veio sobre eles o Espírito Santo; e falavam línguas e profetizavam.
7 သူတို့အရေအတွက်မှာတစ်ဆယ့်နှစ်ယောက် မျှရှိသတည်း။-
7 Estes eram, ao todo, uns doze varões.
8 ပေါလုသည်သုံးလတိုင်တိုင်တရားဇရပ်တွင် အချေအတင်ဆွေးနွေးကာဘုရားသခင်၏ နိုင်ငံတော်အကြောင်း လူတို့နားလည်သဘော ပေါက်လာစေရန်မကြောက်မရွံ့ဘဲဟော ပြော၏။-
8 E, entrando na sinagoga, falou ousadamente por espaço de três meses, disputando e persuadindo-os acerca do Reino de Deus.
9 သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။-
9 Mas, como alguns deles se endurecessem e não obedecessem, falando mal do Caminho perante a multidão, retirou-se deles e separou os discípulos, disputando todos os dias na escola de um certo Tirano.
10 ဤသို့နှစ်နှစ်တိုင်တိုင်ကျင်းပရာအာရှပြည် တွင် နေထိုင်သူယုဒအမျိုးသားများနှင့်ဂရိ အမျိုးသားအပေါင်းတို့သည် သခင်ဘုရား ၏နှုတ်ကပတ်တရားတော်ကိုကြားနာရ ကြ၏။
10 E durou isto por espaço de dois anos, de tal maneira que todos os que habitavam na Ásia ouviram a palavra do Senhor Jesus, tanto judeus como gregos.
11 ဘုရားသခင်သည်ပေါလုအားဖြင့် အလွန် ထူးကဲသောနိမိတ်လက္ခဏာများကိုပြလျက် နေတော်မူ၏။-
11 E Deus, pelas mãos de Paulo, fazia maravilhas extraordinárias,
12 လူတို့သည်ပေါလုကိုင်တွယ်အသုံးပြုသည့် ပဝါ၊ အဝတ်အထည်စသည်တို့ကိုပင်သူနာ များနှင့်နတ်မိစ္ဆာပူးဝင်သူများထံဆောင်ယူ သွားသဖြင့် သူနာတို့သည်ရောဂါများပျောက် ကင်း၍နတ်မိစ္ဆာတို့သည် မိမိတို့ပူးဝင်သူထံ မှထွက်ခွာသွားကြ၏။-
12 de sorte que até os lenços e aventais se levavam do seu corpo aos enfermos, e as enfermidades fugiam deles, e os espíritos malignos saíam.
13 ယုဒအမျိုးသားနယ်လှည့်ပယောဂဆရာ အချို့တို့သည် သခင်ယေရှု၏နာမတော်အား ဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်ရန်ကြိုးစားကြ ၏။ သူတို့က ``ပေါလုဟောပြောသောယေရှု၏ နာမကိုတိုင်တည်၍သင့်ကိုငါနှင်ထုတ်၏'' ဟုလူကိုပူးဝင်နေသောနတ်မိစ္ဆာအားဆို ကြ၏။-
13 E alguns dos exorcistas judeus, ambulantes, tentavam invocar o nome do Senhor Jesus sobre os que tinham espíritos malignos, dizendo: Esconjuro-vos por Jesus, a quem Paulo prega.
14 ဤပယောဂဆရာတို့ကားယဇ်ပုရောဟိတ် ကြီးသကေဝ၏သားခုနစ်ယောက်ဖြစ်သတည်း။
14 Os que faziam isto eram sete filhos de Ceva, judeu, principal dos sacerdotes.
15 သို့ရာတွင်နတ်မိစ္ဆာက ``ယေရှုကိုငါသိ၏။ ပေါလုကိုလည်းငါသိ၏။ သို့သော်သင်တို့ကား မည်သူများနည်း'' ဟုသူတို့အားမေးလေ၏။
15 Respondendo, porém, o espírito maligno, disse: Conheço a Jesus e bem sei quem é Paulo; mas vós, quem sois?
16 ထိုနောက်နတ်မိစ္ဆာပူးဝင်နေသူသည် သူတို့ အားအပြင်းအထန်သတ်ပုတ်တိုက်ခိုက်ရာ သူတို့သည်အရေးရှုံးနိမ့်လျက်အနာတရ ဖြစ်ပြီးလျှင်အဝတ်များစုတ်ပြဲ၍ ထိုအိမ် မှထွက်ပြေးရကြလေသည်။-
16 E, saltando neles o homem que tinha o espírito maligno e assenhoreando-se de dois, pôde mais do que eles; de tal maneira que, nus e feridos, fugiram daquela casa.
17 ထိုအဖြစ်အပျက်အကြောင်းကိုဧဖက်မြို့ တွင်နေထိုင်သူ ယုဒအမျိုးသားများနှင့် ဂရိအမျိုးသားအပေါင်းတို့ကြားသိကြ ၏။ သူတို့သည်ထိတ်လန့်တုန်လှုပ်လျက် သခင် ယေရှု၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။-
17 E foi isto notório a todos os que habitavam em Éfeso, tanto judeus como gregos; e caiu temor sobre todos eles, e o nome do Senhor Jesus era engrandecido.
18 ယုံကြည်သူအများပင်လာရောက်၍ မိမိ တို့သည်မှော်အတတ်ကိုအသုံးပြုမိခဲ့ ကြောင်း ပွင့်လင်းစွာဖော်ပြဝန်ခံကြ၏။-
18 Muitos dos que tinham crido vinham, confessando e publicando os seus feitos.
19 မှော်အတတ်ကိုအသုံးပြုခဲ့သူအများပင် မိမိတို့၏ကျမ်းစောင်များကိုစုသိမ်းယူဆောင် လာ၍ လူပုံအလယ်တွင်မီးရှို့ကြ၏။ ထိုစာအုပ် များ၏တန်ဖိုးကိုတွက်ချက်ကြည့်သောအခါ ငွေအသပြာငါးသောင်းမျှရှိကြောင်းတွေ့ ရှိကြ၏။-
19 Também muitos dos que seguiam artes mágicas trouxeram os seus livros e os queimaram na presença de todos, e, feita a conta do seu preço, acharam que montava a cinquenta mil peças de prata.
20 သို့ဖြစ်၍သခင်ဘုရား၏တန်ခိုးတော်အား ဖြင့် သာသနာတော်သည်ကြီးပွားတိုးတက် လျက်နေ၏။
20 Assim, a palavra do Senhor crescia poderosamente e prevalecia.
21 ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
21 E, cumpridas estas coisas, Paulo propôs, em espírito, ir a Jerusalém, passando pela Macedônia e pela Acaia, dizendo: Depois que houver estado ali, importa-me ver também Roma.
22 သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။
22 E, enviando à Macedônia dois daqueles que o serviam, Timóteo e Erasto, ficou ele por algum tempo na Ásia.
23 ထိုအချိန်၌သခင်ဘုရားလမ်းစဉ်တော်၏ အတွက်ကြောင့် ဧဖက်မြို့တွင်ဆူပူလှုပ်ရှား မှုကြီးတစ်ရပ်ဖြစ်ပေါ်လာ၏။-
23 Naquele mesmo tempo, houve um não pequeno alvoroço acerca do Caminho.
24 ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။-
24 Porque um certo ourives da prata, por nome Demétrio, que fazia, de prata, nichos de Diana, dava não pouco lucro aos artífices,
25 သူသည်ထိုလုပ်ငန်းဆိုင်ရာအလုပ်သမားများ နှင့်အလားတူ လုပ်ငန်းဆိုင်ရာအခြားအလုပ် သမားများကိုစုရုံးစေပြီးလျှင် ``အချင်းလူ တို့၊ ဤလုပ်ငန်းဖြင့် ငါတို့စီးပွားလမ်းဖြောင့်ခဲ့ ကြောင်းကိုသင်တို့သိကြ၏။-
25 aos quais, havendo-os ajuntado com os oficiais de obras semelhantes, disse: Varões, vós bem sabeis que deste ofício temos a nossa prosperidade;
26 ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
26 e bem vedes e ouvis que não só em Éfeso, mas até quase em toda a Ásia, este Paulo tem convencido e afastado uma grande multidão, dizendo que não são deuses os que se fazem com as mãos.
27 လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။
27 Não somente há o perigo de que a nossa profissão caia em descrédito, mas também de que o próprio templo da grande deusa Diana seja estimado em nada, vindo a majestade daquela que toda a Ásia e o mundo veneram a ser destruída.
28 ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။-
28 Ouvindo isto, encheram-se de ira e clamaram, dizendo: Grande é a Diana dos efésios!
29 တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
29 E encheu-se de confusão toda a cidade, e unânimes correram ao teatro, arrebatando a Gaio e a Aristarco, macedônios, companheiros de Paulo na viagem.
30 ပေါလုသည်မိမိကိုယ်တိုင်ထိုလူပရိသတ် နှင့်ရင်ဆိုင်လို၏။ သို့သော်တပည့်တော်တို့က ထိုသို့မပြုရန်ဆီးတားကြ၏။-
30 E, querendo Paulo apresentar-se ao povo, não lho permitiram os discípulos.
31 ပေါလု၏အဆွေဖြစ်သောနယ်အာဏာပိုင် အချို့တို့ကလည်း မြို့တော်ခန်းမကြီးထဲ သို့မဝင်ရန်လူလွှတ်၍တောင်းပန်ကြ၏။-
31 Também alguns dos principais da Ásia, que eram seus amigos, lhe rogaram que não se apresentasse no teatro.
32 ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။-
32 Uns, pois, clamavam de uma maneira, outros, de outra, porque o ajuntamento era confuso; e os mais deles não sabiam por que causa se tinham ajuntado.
33 လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။-
33 Então, tiraram Alexandre dentre a multidão, impelindo-o os judeus para diante; e Alexandre, acenando com a mão, queria dar razão disto ao povo.
34 သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။
34 Mas, quando conheceram que era judeu, todos unanimemente levantaram a voz, clamando por espaço de quase duas horas: Grande é a Diana dos efésios!
35 နောက်ဆုံး၌မြို့စာရေးသည်လူပရိသတ်တို့ အား ဆိတ်ဆိတ်နေစေပြီးလျှင် ``ဧဖက်မြို့သား တို့၊ ဧဖက်မြို့တော်သည်ကြီးမြတ်သည့်အာ တေမိနတ်သမီး၏နတ်ကွန်းနှင့် ကောင်းကင် ဘုံမှကျလာသည့်ရုပ်တုတော်တည်ရှိရာ ဌာနတော်ဖြစ်ကြောင်းကိုလူတိုင်းသိ၏။-
35 Então, o escrivão da cidade, tendo apaziguado a multidão, disse: Varões efésios, qual é o homem que não sabe que a cidade dos efésios é a guardadora do templo da grande deusa Diana e da imagem que desceu de Júpiter?
36 ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။-
36 Ora, não podendo isto ser contraditado, convém que vos aplaqueis e nada façais temerariamente;
37 သင်တို့သည်ထိုသူတို့ကို ဤနေရာသို့ခေါ်ဆောင် ခဲ့ကြ၏။ သူတို့သည်ငါတို့၏ဗိမာန်တော်ထဲဝင် ၍လုယက်ခြင်းမပြု။ ငါတို့၏နတ်သမီးကို စော်ကားသောစကားကိုလည်းမပြော။-
37 porque estes homens que aqui trouxestes nem são sacrílegos nem blasfemam da vossa deusa.
38 သို့ဖြစ်၍ဒေမေတရိနှင့်အပေါင်းပါလက်မှု ပညာသည်များသည် လူတစ်စုံတစ်ယောက်အား တရားစွဲဆိုလိုလျှင် တရားရုံးဖွင့်ရက်များ နှင့်အာဏာပိုင်များရှိသဖြင့် ရုံးတော်တွင် တရားစွဲဆိုနိုင်ပါ၏။-
38 Mas, se Demétrio e os artífices que estão com ele têm alguma coisa contra alguém, há audiências e há procônsules; que se acusem uns aos outros.
39 သို့ရာတွင်သင်တို့မှာအခြားအမှုကိစ္စရှိ ပါက တရားဝင်အစည်းအဝေး၌စီရင် ဆုံးဖြတ်ရမည်။-
39 Mas, se alguma outra coisa demandais, averiguar-se-á em legítimo ajuntamento.
40 ယနေ့ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါတို့ ကြောင့်ဖြစ်ရသည်ဟုအစွပ်အစွဲခံရစရာ ရှိ၏။ ဤသို့ရုတ်ရုတ်သဲသဲဖြစ်စရာအကြောင်း မရှိ။ ရုတ်ရုတ်သဲသဲဖြစ်ရသည်ကို ငါတို့ခိုင် လုံသည့်အကြောင်းပြချက်ပေးနိုင်ကြမည် မဟုတ်'' ဟုဆို၏။-
40 Na verdade, até corremos perigo de que, por hoje, sejamos acusados de sedição, não havendo causa alguma com que possamos justificar este concurso.
41 ဤသို့ဆိုပြီးလျှင်မြို့စာရေးသည်လူပရိ သတ်တို့အား ထိုနေရာမှထွက်ခွာသွားစေ လေသည်။
41 E, tendo dito isto, despediu o ajuntamento.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.