2 Samuel 5

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​လာ​ရောက်​၍​ဒါ​ဝိဒ် အား``အ​ရှင်​နှင့်​အ​ကျွန်ုပ်​တို့​သည်​သွေး​သား ချင်း​ဖြစ်​ကြ​ပါ​၏။-
1 Então todas as tribos de Israel vieram a Davi, em Hebrom, e falaram, dizendo: Eis-nos aqui, somos teus ossos e tua carne.
2 အ​တိတ်​ကာ​လ​၌​ရှော​လု​ဘု​ရင်​ဖြစ်​စဉ်​အ​ခါ က​အ​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​၍​စစ်​ပွဲ​ဝင်​ခဲ့ ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း`သင်​သည်​ငါ ၏​လူ​မျိုး​တော်​ကို​ခေါင်း​ဆောင်​ရ​မည်။ သူ​တို့​၏ ဘု​ရင်​ဖြစ်​ရ​မည်' ဟု​အ​ရှင့်​အား​မိန့်​တော်​မူ ခဲ့​ပါ​၏'' ဟု​လျှောက်​ကြ​၏။-
2 E também outrora, sendo Saul ainda rei sobre nós, eras tu o que saías e entravas com Israel; e também o Senhor te disse: Tu apascentarás o meu povo de Israel, e tu serás príncipe sobre Israel.
3 ထို့​ကြောင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​အ​ပေါင်း​တို့ သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​ကြ ၏။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် သူ​တို့​နှင့်​သစ္စာ​က​တိ​ပြု​တော်​မူ​သ​ဖြင့် သူ တို့​က​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။-
3 Assim, pois, todos os anciãos de Israel vieram ao rei, em Hebrom; e o rei Davi fez com eles acordo em Hebrom, perante o Senhor; e ungiram a Davi rei sobre Israel.
4 ဒါ​ဝိဒ်​ဘုရင်​ဖြစ်​သော​အ​ခါ​အ​သက်​သုံး ဆယ်​ရှိ​၏။ သူ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​နန်း​စံ​တော်​မူ​ရ​လေ​သည်။-
4 Da idade de trinta anos era Davi quando começou a reinar; quarenta anos reinou.
5 ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဟေ​ဗြုန်​မြို့​တွင် ခု​နစ်​နှစ်​ခွဲ၊ ဣ​သ​ရေ​လ​ပြည်​တစ်​ခု​လုံး​နှင့် ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော်​မူ သ​တည်း။
5 Em Hebrom reinou sobre Judá sete anos e seis meses, e em Jerusalém reinou trinta e três anos sobre todo o Israel e Judá.
6 ဒါ​ဝိဒ်​မင်း​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​သူ​ယေ​ဗု​သိ အ​မျိုး​သား​တို့​က ထို​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​မ​ဝင်​နိုင်​အောင်​မျက် မ​မြင်​များ​နှင့်​ခြေ​ဆွံ့​သူ​များ​ပင်​ဆီး​တား နိုင်​ပါ​၏'' ဟု​ဆို​ကြ​၏။-
6 E partiu o rei com os seus homens a Jerusalém, contra os jebuseus que habitavam naquela terra; e falaram a Davi, dizendo: Não entrarás aqui, pois os cegos e os coxos te repelirão, querendo dizer: Não entrará Davi aqui.
7 (သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)
7 Porém Davi tomou a fortaleza de Sião; esta é a cidade de Davi.
8 ထို​နေ့​၌​ဒါ​ဝိဒ်​က​မိ​မိ​၏​လူ​တို့​အား``ယေ ဗု​သိ​အ​မျိုး​သား​တို့​ကို​ငါ​မုန်း​သ​ကဲ့​သို့ မုန်း​သူ​တို့​အား​သတ်​ဖြတ်​မည့်​သူ​ရှိ​လျှင် ရေ​ပြွန်​ခေါင်း​အ​တွင်း​မှ​နေ​၍​မြို့​ထဲ​သို့​ဝင် ပြီး​လျှင်​မျက်​မ​မြင်​ခြေ​ဆွံ့​သူ​တို့​အား​တိုက် ခိုက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ (ထို​အ​ကြောင်း ကို​အ​စွဲ​ပြု​၍``မျက်​မ​မြင်​နှင့်​ခြေ​ဆွံ့​သူ​တို့ သည်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​မ​ဝင် ရ​ကြ'' ဟု​ဆို​လေ့​ရှိ​လေ​သည်။)
8 Porque Davi disse naquele dia: Qualquer que ferir aos jebuseus, suba ao canal e fira aos coxos e aos cegos, a quem a alma de Davi odeia. Por isso se diz: Nem cego nem coxo entrará nesta casa.
9 ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။-
9 Assim habitou Davi na fortaleza, e a chamou a cidade de Davi; e Davi foi edificando em redor, desde Milo para dentro.
10 အ​နန္တ​တန်ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်​၍ သူ​၏​တန်​ခိုး​အာ​ဏာ​သည်​ပို​၍​ပို​၍​လွှမ်း​မိုး လာ​လေ​သည်။
10 E Davi ia, cada vez mais, aumentando e crescendo, porque o Senhor Deus dos Exércitos era com ele.
11 တု​ရု​ဘု​ရင်​ဟိ​ရံ​မင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​လေ​၏။ နန်း​တော်​တည် ဆောက်​ရန်​အ​တွက်​သစ်​က​တိုး​သစ်၊ လက်​သ​မား နှင့်​ပန်း​ရန်​ဆ​ရာ​များ​ကို​လည်း​ပေး​ပို့​လိုက်​၏။-
11 E Hirão, rei de Tiro, enviou mensageiros a Davi, e madeira de cedro, e carpinteiros, e pedreiros que edificaram a Davi uma casa.
12 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣသ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​တည် ပြု​တော်​မူ​ကြောင်း​နှင့်​ကိုယ်​တော်​သည် မိ​မိ လူ​မျိုး​တော်​၏​အ​ကျိုး​ကို​ထောက်​၍ သူ​၏ နိုင်​ငံ​ကို​သာ​ယာ​ဝ​ပြော​စေ​တော်​မူ လျက်​ရှိ​ကြောင်း​ကို​သိ​မြင်​လာ​လေ​သည်။
12 E entendeu Davi que o Senhor o confirmara rei sobre Israel, e que exaltara o seu reino por amor do seu povo.
13 ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​မှ​ပြောင်း​ရွှေ့​သွား​ပြီး နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​မောင်း​မ​များ​နှင့် မိ​ဖု​ရား​များ​ကို ထပ်​မံ​သိမ်း​ပိုက်​တော်​မူ သ​ဖြင့်​သား​သ​မီး​များ​ကို​ထပ်​မံ​ရ​ရှိ တော်​မူ​ပြန်​၏။-
13 E tomou Davi mais concubinas e mulheres de Jerusalém, depois que viera de Hebrom; e nasceram a Davi mais filhos e filhas.
14 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​သ​မီး များ​မှာ​ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊-
14 E estes são os nomes dos que lhe nasceram em Jerusalém: Samua, e Sobabe, e Natã, e Salomão,
15 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ နေ​ဖက်၊ ယာ​ဖျာ၊
15 E Ibar, e Elisua, e Nefegue, e Jafia,
16 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​တို့ ဖြစ်​ကြ​၏။
16 E Elisama, e Eliada, e Elifelete.
17 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​ခြင်း​ကို​ခံ​ရ​ကြောင်း​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သ​ဖြင့်​သူ့​ကို​ဖမ်း​ဆီး ရန်​ချီ​တက်​လာ​ကြ​၏။ ထို​သ​တင်း​ကို​ဒါ​ဝိဒ် ကြား​သော​အ​ခါ​ခံ​တပ်​ရှိ​ရာ​သို့​ကြွ​တော် မူ​၏။-
17 Ouvindo, pois, os filisteus que haviam ungido a Davi rei sobre Israel, todos os filisteus subiram em busca de Davi; o que ouvindo Davi, desceu à fortaleza.
18 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း ကို​သိမ်း​ပိုက်​လိုက်​ကြ​၏။-
18 E os filisteus vieram, e se estenderam pelo vale de Refaim.
19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ်​တော် ကျွန်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကိုယ်​တော့်​ကျွန်​အား​အောင်​ပွဲ​ခံ​စေ တော်​မူ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။
19 E Davi consultou ao Senhor, dizendo: Subirei contra os filisteus? Entregar-mos-ás nas minhas mãos? E disse o Senhor a Davi: Sobe, porque certamente entregarei os filisteus nas tuas mãos.
20 ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ ငါ​သည်​သင့် အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​မိန့်​တော် မူ​သ​ဖြင့်​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား​၍​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဖြို​ခွင်း ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟုန်​ပြင်း သည့်​ရေ​လျှံ​မြစ်​ကဲ့​သို့​ငါ​၏​ရန်​သူ​များ​ကို ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ သို့ ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိန်​ဟု ခေါ်​ဝေါ်​ကြ​ခြင်း​ဖြစ်​၏။-
20 Então foi Davi a Baal-Perazim; e feriu-os ali Davi, e disse: Rompeu o Senhor a meus inimigos diante de mim, como quem rompe águas. Por isso chamou o nome daquele lugar Baal-Perazim.
21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး ကွယ်​သော​ရုပ်​တု​များ​ကို​ထို​အ​ရပ်​တွင်​စွန့် ပစ်​ခဲ့​ကြ​သ​ဖြင့် ယင်း​တို့​ကို​ဒါ​ဝိဒ်​၏​လူ တို့​က​သိမ်း​ယူ​ကြ​လေ​သည်။
21 E deixaram ali os seus ídolos; e Davi e os seus homens os tomaram.
22 ထို​နောက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ် ချိုင့်​ဝှမ်း​သို့​ပြန်​လာ​ပြီး​လျှင်​ထို​အ​ရပ်​ကို သိမ်း​ပိုက်​ကြ​ပြန်​၏။-
22 E os filisteus tornaram a subir, e se estenderam pelo vale de Refaim.
23 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တစ်​ဖန်​စုံ​စမ်း မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``သူ​တို့​အား ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​မ​ခိုက်​နှင့်။ သူ​တို့ ၏​တပ်​နောက်​ဘက်​ပိုင်း​ကို​ကွေ့​၍​သွား​ပြီး လျှင်​ပိုး​စာ​တော​အ​နီး​မှ​တိုက်​ခိုက်​လော့။-
23 E Davi consultou ao Senhor, o qual disse: Não subirás; mas rodeia por detrás deles, e virás a eles por defronte das amoreiras.
24 သင်​သည်​သစ်​ပင်​များ​ထိပ်​၌​စစ်​ချီ​သံ​ကို ကြား​သော​အ​ခါ​စ​တင်​တိုက်​ခိုက်​လော့။ ထို အ​ခါ​၌​ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ချေ​မှုန်း ရန်​သင်​၏​ရှေ့​မှ​ကြွ​နှင့်​မည်''ဟု​မိန့်​တော်​မူ​၏။-
24 E há de ser que, ouvindo tu um estrondo de marcha pelas copas das amoreiras, então te apressarás; porque o Senhor saiu então diante de ti, a ferir o arraial dos filisteus.
25 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လိုက်​နာ​၍​ဖိ​လိတ္တိ​တပ်​ကို ဂေ​ဗ​မြို့​မှ​ဂါ​ဇ​ရ​မြို့​တိုင်​အောင်​နှင်​ထုတ် နိုင်​လေ​သည်။
25 E fez Davi assim como o Senhor lhe tinha ordenado; e feriu os filisteus desde Geba, até chegar a Gezer.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.