2 Samuel 5
Common Language Bible (MYA) vs ARIB
1 ထိုအခါဣသရေလအနွယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာရောက်၍ဒါဝိဒ် အား``အရှင်နှင့်အကျွန်ုပ်တို့သည်သွေးသား ချင်းဖြစ်ကြပါ၏။-
1 Então todas as tribos de Israel vieram a Davi em Hebrom e disseram: Eis-nos aqui, teus ossos e tua carne!
2 အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
2 Além disso, outrora, quando Saul ainda reinava sobre nós, eras tu o que saías e entravas com Israel; e também o Senhor te disse: Tu apascentarás o meu povo de Israel, e tu serás chefe sobre Israel.
3 ထို့ကြောင့်ဣသရေလခေါင်းဆောင်အပေါင်းတို့ သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်လာကြ ၏။ ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် သူတို့နှင့်သစ္စာကတိပြုတော်မူသဖြင့် သူ တို့ကဒါဝိဒ်အားဣသရေလဘုရင်အဖြစ် ဘိသိက်ပေးကြ၏။-
3 Assim, pois, todos os anciãos de Israel vieram ter com o rei em Hebrom; e o rei Davi fez aliança com eles em Hebrom, perante o Senhor; e ungiram a Davi rei sobre Israel.
4 ဒါဝိဒ်ဘုရင်ဖြစ်သောအခါအသက်သုံး ဆယ်ရှိ၏။ သူသည်နှစ်ပေါင်းလေးဆယ်တိုင် တိုင်နန်းစံတော်မူရလေသည်။-
4 Trinta anos tinha Davi quando começou a reinar, e reinou quarenta anos.
5 ယုဒပြည်ဘုရင်အဖြစ်ဖြင့်ဟေဗြုန်မြို့တွင် ခုနစ်နှစ်ခွဲ၊ ဣသရေလပြည်တစ်ခုလုံးနှင့် ယုဒပြည်ဘုရင်အဖြစ်ဖြင့် ယေရုရှလင် မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော်မူ သတည်း။
5 Em Hebrom reinou sete anos e seis meses sobre Judá, e em Jerusalém reinou trinta e três anos sobre todo o Israel e Judá.
6 ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။-
6 Depois partiu o rei com os seus homens para Jerusalém, contra os jebuseus, que habitavam naquela terra, os quais disseram a Davi: Não entrarás aqui; os cegos e es coxos te repelirão; querendo dizer: Davi de maneira alguma entrará aqui.
7 (သို့ရာတွင်ဒါဝိဒ်သည်ဇိအုန်ခံတပ်ကို သိမ်းယူနိုင်ခဲ့သဖြင့် ယင်းသည်ဒါဝိဒ်မြို့ ဟုနာမည်တွင်လာလေသည်။)
7 Todavia Davi tomou a fortaleza de Sião; esta é a cidade de Davi.
8 ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။)
8 Ora, Davi disse naquele dia: Todo o que ferir os jebuseus, suba ao canal, e fira a esses coxos e cegos, a quem a alma de Davi aborrece. Por isso se diz: Nem cego nem, coxo entrara na casa.
9 ဒါဝိဒ်သည်ခံတပ်ကိုသိမ်းယူတော်မူပြီး နောက်ထိုခံတပ်အတွင်း၌နေထိုင်တော်မူ ၍ယင်းကိုဒါဝိဒ်မြို့ဟုသမုတ်တော်မူ၏။ မင်း ကြီးသည်ထိုခံတပ်ပတ်လည်တွင်တောင်ကုန်း အရှေ့၊ မြေဖို့ထားရာအရပ်မှအစပြု၍ မြို့ကိုတည်တော်မူ၏။-
9 Assim habitou Davi na fortaleza, e chamou-a cidade de Davi; e foi levantando edifícios em redor, desde Milo para dentro.
10 အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား သည်ဒါဝိဒ်နှင့်အတူရှိတော်မူသည်ဖြစ်၍ သူ၏တန်ခိုးအာဏာသည်ပို၍ပို၍လွှမ်းမိုး လာလေသည်။
10 Davi ia-se engrandecendo cada vez mais, porque o Senhor Deus dos exércitos era com ele.
11 တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
11 Hirão, rei de Tiro, enviou mensageiros a Davi, e madeira de cedro, e carpinteiros e pedreiros, que edificaram para Davi uma casa.
12 ထို့ကြောင့်ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားအတည် ပြုတော်မူကြောင်းနှင့်ကိုယ်တော်သည် မိမိ လူမျိုးတော်၏အကျိုးကိုထောက်၍ သူ၏ နိုင်ငံကိုသာယာဝပြောစေတော်မူ လျက်ရှိကြောင်းကိုသိမြင်လာလေသည်။
12 Entendeu, pois, Davi que o Senhor o confirmara rei sobre Israel, e que exaltara e reino dele por amar do seu povo Israel.
13 ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းရွှေ့သွားပြီး နောက်ယေရုရှလင်မြို့တွင်မောင်းမများနှင့် မိဖုရားများကို ထပ်မံသိမ်းပိုက်တော်မူ သဖြင့်သားသမီးများကိုထပ်မံရရှိ တော်မူပြန်၏။-
13 Davi tomou ainda para si concubinas e mulheres de Jerusalém, depois que viera de Hebrom; e nasceram a Davi mais filhos e filhas.
14 ယေရုရှလင်မြို့တွင်ရရှိသောသားသမီး များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊-
14 São estes os nomes dos que lhe nasceram em Jerusalém: Samua, Sobabe, Natã, Salomão,
15 ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
15 Ibar, Elisua, Nefegue, Jafia,
16 ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်တို့ ဖြစ်ကြ၏။
16 Elisama, e Eliadá e Elifelete.
17 ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-
17 Quando os filisteus ouviram que Davi fora ungido rei sobre Israel, subiram todos em busca dele. Ouvindo isto, Davi desceu à fortaleza.
18 ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်း ကိုသိမ်းပိုက်လိုက်ကြ၏။-
18 Os filisteus vieram, e se estenderam pelo vale de Refaim.
19 ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
19 Pelo que Davi consultou ao Senhor, dizendo: Subirei contra os filisteus? entregar-mos-ás nas mãos? Respondeu o Senhor a Davi: Sobe, pois eu entregarei os filisteus nas tuas mãos.
20 ထာဝရဘုရားက``သွားလော့။ ငါသည်သင့် အားအောင်ပွဲခံစေတော်မူမည်'' ဟုမိန့်တော် မူသဖြင့်ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့သို့ သွား၍ဖိလိတ္တိအမျိုးသားတို့အားဖြိုခွင်း ပြီးလျှင်``ထာဝရဘုရားသည်အဟုန်ပြင်း သည့်ရေလျှံမြစ်ကဲ့သို့ငါ၏ရန်သူများကို ဖြိုခွင်းတော်မူလေပြီ'' ဟုမြွက်ဆို၏။ သို့ ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိန်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်၏။-
20 Então foi Davi a Baal-Perazim, e ali os derrotou; e disse: O Senhor rompeu os meus inimigos diante de mim, como as águas rompem barreiras. Por isso chamou o nome daquele lugar Baal-Perazim.
21 ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုး ကွယ်သောရုပ်တုများကိုထိုအရပ်တွင်စွန့် ပစ်ခဲ့ကြသဖြင့် ယင်းတို့ကိုဒါဝိဒ်၏လူ တို့ကသိမ်းယူကြလေသည်။
21 Os filisteus deixaram lá os seus ídolos, e Davi e os seus homens os levaram.
22 ထိုနောက်ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ် ချိုင့်ဝှမ်းသို့ပြန်လာပြီးလျှင်ထိုအရပ်ကို သိမ်းပိုက်ကြပြန်၏။-
22 Tornaram ainda os filisteus a subir, e se espalharam pelo vale de Refaim.
23 ဒါဝိဒ်သည်ထာဝရဘုရားထံတစ်ဖန်စုံစမ်း မေးလျှောက်ပြန်၏။ ကိုယ်တော်က``သူတို့အား ဤအရပ်မှနေ၍မတိုက်မခိုက်နှင့်။ သူတို့ ၏တပ်နောက်ဘက်ပိုင်းကိုကွေ့၍သွားပြီး လျှင်ပိုးစာတောအနီးမှတိုက်ခိုက်လော့။-
23 E Davi consultou ao Senhor, que respondeu: Não subirás; mas rodeia-os por detrás, e virás sobre eles por defronte dos balsameiros.
24 သင်သည်သစ်ပင်များထိပ်၌စစ်ချီသံကို ကြားသောအခါစတင်တိုက်ခိုက်လော့။ ထို အခါ၌ငါသည်ဖိလိတ္တိတပ်ကိုချေမှုန်း ရန်သင်၏ရှေ့မှကြွနှင့်မည်''ဟုမိန့်တော်မူ၏။-
24 E há de ser que, ouvindo tu o ruído de marcha pelas copas dos balsameiros, então te apressarás, porque é o Senhor que sai diante de ti, a ferir o arraial dos filisteus.
25 ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
25 Fez, pois, Davi como o Senhor lhe havia ordenado; e feriu os filisteus desde Geba, até chegar a Gezer.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.