2 Samuel 12

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​နာ​သန်​အား ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​တော်​မူ​သ​ဖြင့် နာ​သန်​သည် သွား​၍​မင်း​ကြီး​အား``အ​ခါ​တစ်​ပါး​က​တစ်​မြို့ တည်း​နေ​လူ​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည်​ချမ်း သာ​ကြွယ်​ဝ​၍​တစ်​ယောက်​က​ဆင်း​ရဲ​၏။-
1 O Senhor enviou Natã a Davi. Natã foi falar com Davi e lhe disse: — Havia numa cidade dois homens, um rico e outro pobre.
2 သူ​ဌေး​တွင်​နွား​နှင့်​သိုး​အ​မြောက်​အ​မြား​ရှိ​၏။-
2 O rico tinha ovelhas e gado em grande número,
3 သူ​ဆင်း​ရဲ​၌​ကား​မိ​မိ​ဝယ်​ထား​သော​သိုး​က​လေး တစ်​ကောင်​သာ​ရှိ​၏။ သူ​သည်​ထို​သိုး​ငယ်​ကို​ကြည့်​ရှု စောင့်​ရှောက်​၏။ သိုး​ငယ်​သည်​သမီး​သ​ဖွယ်​အိမ်​တွင် သား​သ​မီး​များ​နှင့်​အ​တူ​ကြီး​ပြင်း​လာ​သည်။ သူ​သည်​သိုး​ငယ်​အား​မိ​မိ​စား​သည့်​အ​စား အ​စာ​ကို​ကျွေး​တတ်​၏။ မိ​မိ​၏​သောက်​ရေ​ခွက် မှ​ရေ​ကို​တိုက်​၍​ပေါင်​ပေါ်​တွင်​ချီ​ပွေ့​ထား တတ်​၏။-
3 mas o pobre não tinha coisa nenhuma, a não ser uma cordeirinha que havia comprado. Ele a criou, e ela cresceu em sua casa, junto com os seus filhos. Comia da sua comida e bebia do seu copo. Dormia nos seus braços, e ele a tinha como filha.
4 တစ်​နေ့​သ​၌​သူ​ဌေး​၏​အိမ်​သို့​ဧည့်​သည်​တစ် ယောက်​ရောက်​ရှိ​လာ​၏။ သူ​ဌေး​သည်​ဧည့်​ဝတ် ပြု​ရန်​အ​တွက်​မိ​မိ​၏​သိုး​နွား​ကို​မ​သတ် လို​သ​ဖြင့် သူ​ဆင်း​ရဲ​၏​သိုး​ငယ်​ကို​ယူ​၍ သတ်​ပြီး​လျှင်​ဧည့်​သည်​အား​ကျွေး​မွေး​ရန် ချက်​ပါ​၏'' ဟု​လျှောက်​၏။
4 Certo dia chegou um viajante à casa do homem rico, e este não quis pegar uma das suas ovelhas ou um dos seus bois para dar de comer ao visitante que havia chegado; em vez disso, pegou a cordeirinha do homem pobre e a preparou para o homem que havia chegado.
5 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထို​သူ​ဌေး​အား​လွန်​စွာ အ​မျက်​ထွက်​သ​ဖြင့်``ဤ​သို့​သော​အ​မှု​ကို​ပြု​သူ သည်​သေ​ဒဏ်​ခံ​သင့်​ကြောင်း​အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​ပါ​၏။-
5 Então o furor de Davi se acendeu contra aquele homem, e ele disse a Natã: — Tão certo como vive o
6 သူ​သည်​ဤ​သို့​ရက်​စက်​သည့်​အ​မှု​ကို​ပြု​သည့် အ​တွက် မိ​မိ​ယူ​ထား​သည့်​သိုး​ငယ်​တစ်​ကောင် အ​စား​လေး​ဆ​ပြန်​၍​ပေး​လျော်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
6 E pela cordeirinha restituirá quatro vezes, porque fez uma coisa dessas e porque não se compadeceu.
7 နာ​သန်​က``ထို​သူ​ကား​အ​ရှင်​မင်း​ကြီး​ပင်​ဖြစ် ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား​၍​ရှော​လု လက်​မှ​ကယ်​ဆယ်​ခဲ့​၏။-
7 Então Natã disse a Davi: — Esse homem é você. Assim diz o
8 သင့်​အား​ရှော​လု​၏​နိုင်​ငံ​နှင့်​မိ​ဖု​ရား​တို့ ကို​ပေး​အပ်​ခဲ့​၏။ ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တို့​ကို​အ​စိုး​ရ​သော​ဘု​ရင်​ဖြစ်​စေ​ခဲ့​၏။ အ​ကယ်​၍​ဤ​မျှ​နှင့်​မ​လုံ​လောက်​သေး​ပါ မူ​ငါ​သည်​သင့်​အား​နှစ်​ဆ​တိုး​၍​ပေး​ဦး မည်​ဖြစ်​သည်။-
8 Eu lhe dei a casa de seu senhor e as mulheres de seu senhor em seus braços. Também lhe dei a casa de Israel e de Judá. E, se isto fosse pouco, eu teria acrescentado tais e tais coisas.
9 သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​ဆိုး ညစ်​မှု​ကို​ပြု​ဘိ​သ​နည်း။ သင်​သည်​ဥ​ရိ​ယ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​ခဲ့​၏။ အမ္မုန်​ပြည် သား​တို့​အား​သူ့​ကို​သတ်​ခွင့်​ပေး​ပြီး​လျှင် သူ ၏​ဇ​နီး​ကို​သိမ်း​ပိုက်​ခဲ့​ပါ​သည်​တ​ကား။-
9 Por que, então, você desprezou a palavra do Senhor , fazendo o que era mau aos olhos dele? Com a espada você matou Urias, o heteu. Você tomou por esposa a mulher dele, depois de o matar com a espada dos filhos de Amom.
10 သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။-
10 Agora, pois, a espada jamais se afastará da sua casa, porque você me desprezou e tomou a mulher de Urias, o heteu, para ser sua mulher.”
11 ငါ​သည်​သင်​၏​မိ​သား​စု​ထဲ​မှ​ပင်​သင့်​အား ဒုက္ခ​ပေး​မည့်​သူ​တစ်​ဦး​ကို​ပေါ်​ပေါက်​လာ စေ​မည်။ သင်​၏​မ​ယား​များ​ကို​အ​ခြား​သူ အား​ငါ​ပေး​အပ်​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ထို​သူ​သည်​သင်​၏​မ​ယား​တို့​နှင့်​နေ့​ခင်း ကြောင်​တောင်​၌​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု လိမ့်​မည်။-
11 Assim diz o Senhor : “Eis que farei com que de sua própria casa venha o mal sobre você. Tomarei as suas mulheres à sua própria vista e as darei a outro homem, que se deitará com elas em plena luz do dia.
12 သင်​သည်​ထို​အ​ပြစ်​ကို​ဆိတ်​ကွယ်​ရာ​၌​ပြု ခဲ့​၏။ ငါ​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ရပ်​လုံး​တွေ့​မြင်​နိုင်​ရန် ထို​အ​မှု​ကို​နေ့ ခင်း​ကြောင်​တောင်​၌​ဖြစ်​ပွား​စေ​မည်' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​၏။
12 Porque você o fez em segredo, mas eu farei isso diante de todo o Israel e em plena luz do dia.”
13 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ'' ဟု​ဝန်​ချ​လျှင်​နာ​သန် က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​ပြစ်​ကို ဖြေ​လွှတ်​၍​သေ​ဒဏ်​မှ​ချမ်း​သာ​စေ​တော် မူ​ပြီ။-
13 Então Davi disse a Natã: — Pequei contra o E Natã respondeu: — Também o
14 သို့​ရာ​တွင်​သင်​သည်​ထို​အ​ပြစ်​ကို​ကူး​လွန် ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​အား​လွန်​စွာ​မ​ထီ မဲ့​မြင်​ပြု​ရာ​ရောက်​သ​ဖြင့်​သင့်​က​လေး သည်​သေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​ပြီး​လျှင်၊-
14 Mas, porque com isto você deu motivo a que os inimigos do Senhor blasfemassem, também o filho que lhe nasceu morrerá.
15 အိမ်​သို့​ပြန်​လေ​၏။
15 Então Natã foi para a sua casa. E o
16 ဒါ​ဝိဒ်​သည်​ထို​က​လေး​ကျန်း​မာ​လာ​စေ​ရန် ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ မင်း​ကြီး​သည်​အ​ဘယ်​အ​စား​အ​စာ​ကို​မျှ မ​စား။ ည​စဉ်​ည​တိုင်း​မိ​မိ​၏​အ​ခန်း​သို့​ဝင် ပြီး​လျှင် ကြမ်း​ပြင်​ပေါ်​တွင်​တစ်​ညဥ့်​လုံး​လှဲ လျောင်း​လျက်​နေ​၏။-
16 Davi suplicou a Deus pela criança. Davi jejuava e, entrando em casa, passava a noite deitado no chão.
17 နန်း​တွင်း​အ​ရာ​ရှိ​များ​သည်​လာ​၍​သူ့​အား ကြိုး​စား​ပြီး​အ​ထ​ခိုင်း​ကြ​သော်​လည်း မင်း ကြီး​သည်​ငြင်း​ဆန်​လျက်​သူ​တို့​နှင့်​အ​တူ အ​စား​အ​စာ​သုံး​ဆောင်​တော်​မ​မူ။-
17 Então os anciãos do seu palácio se aproximaram dele, para o levantar do chão; porém ele não quis e não comeu com eles.
18 သီတင်း​တစ်​ပတ်​မျှ​ကြာ​သော​အ​ခါ​က​လေး ငယ်​သည်​သေ​ဆုံး​သွား​သ​ဖြင့် ဒါ​ဝိဒ်​၏​မှူး မတ်​တို့​သည်​ထို​သ​တင်း​ကို​သူ့​အား​မ​ပြော ဝံ့​ကြ။ သူ​တို့​က``က​လေး​ငယ်​အ​သက်​ရှင် လျက်​ရှိ​စဉ်​အ​ခါ​၌​မင်း​ကြီး​သည် ငါ​တို့ လျှောက်​ထား​ချက်​များ​ကို​ပြန်​၍​ပင်​ဖြေ ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍​က​လေး​ငယ် သေ​ကြောင်း​ကို​သူ့​အား​ငါ​တို့​အ​ဘယ်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ သူ​သည်​မိ​မိ ကိုယ်​ကို​အန္တ​ရာယ်​ပြု​ကောင်း​ပြု​လိမ့်​မည်''ဟု ဆို​ကြ​၏။
18 No sétimo dia, a criança morreu. E os servos de Davi ficaram com medo de informá-lo de que a criança estava morta, porque diziam: — Quando a criança ainda estava viva, falávamos com ele, mas ele não dava ouvidos à nossa voz. Como, então, vamos dizer a ele que a criança morreu? Poderá fazer alguma loucura!
19 ဒါ​ဝိဒ်​သည်​ထို​သူ​တို့​အ​ချင်း​ချင်း​တီး​တိုး ပြော​ဆို​နေ​ကြ​သည်​ကို​မြင်​လျှင် က​လေး သေ​ကြောင်း​ကို​ရိပ်​မိ​သ​ဖြင့်​သူ​တို့​အား``က​လေး သေ​ပြီ​လော'' ဟု​မေး​၏။
19 Mas Davi notou que os seus servos cochichavam uns com os outros e entendeu que a criança havia morrido. Então perguntou: — A criança morreu? Eles responderam: — Morreu.
20 ဒါ​ဝိဒ်​သည်​ကြမ်း​ပြင်​ပေါ်​မှ​ထ​၍ ရေ​ချိုး ခေါင်း​ဖီး​ပြီး​လျှင်​အ​ဝတ်​အ​စား​များ​ကို လဲ​၏။ ထို​နောက်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော် သို့​သွား​၍​ဝတ်​ပြု​ကိုး​ကွယ်​၏။ နန်း​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ​မင်း ကြီး​သည် စား​သောက်​ဖွယ်​တို့​ကို​တောင်း​၍ ချက်​ချင်း​ပင်​စား​တော်​ခေါ်​လေ​သည်။-
20 Então Davi se levantou do chão, lavou-se, ungiu-se, trocou de roupa, entrou na Casa do Senhor e adorou. Depois, voltou para o palácio e pediu comida; puseram-na diante dele, e ele comeu.
21 မှူး​မတ်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​ပြု တော်​မူ​ပုံ​ကို​နား​မ​လည်​နိုင်​ကြ​ပါ။ အ​ရှင် သည်​က​လေး​အ​သက်​ရှင်​နေ​စဉ်​အ​ခါ​က ငို​ယို​လျက်​အ​စား​အ​စာ​ကို​မ​စား​ဘဲ​နေ ပါ​၏။ သို့​ရာ​တွင်​ယ​ခု​က​လေး​သေ​ဆုံး​သည် နှင့်​တစ်​ပြိုင်​နက်​ထ​၍​စား​တော်​ခေါ်​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။
21 O seus servos lhe disseram: — Que é isto que o senhor fez? Pela criança viva o senhor jejuou e chorou, mas, depois que ela morreu, se levantou e se pôs a comer!
22 ဒါ​ဝိဒ်​က​လည်း``က​လေး​အ​သက်​ရှင်​နေ​စဉ် အ​ခါ​၌​ငါ​သည်​အ​စာ​ရှောင်​လျက်​ငို​ယို လျက်​နေ​သည်​မှာ​မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​သ​နား​သ​ဖြင့် က​လေး​၏​အ​သက် ကို​ချမ်း​သာ​ပေး​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။-
22 Davi respondeu: — Enquanto a criança ainda estava viva, jejuei e chorei, porque dizia: “Talvez o
23 သို့​သော်​ယ​ခု​မှာ​က​လေး​သေ​ဆုံး​ပြီ​ဖြစ် ၍​ငါ​သည် အ​ဘယ်​ကြောင့်​အ​စာ​ရှောင်​ရ​မည် နည်း။ ငါ​သည်​က​လေး​အား​အ​သက်​ပြန်​၍ ရှင်​စေ​နိုင်​မည်​လော။ တစ်​နေ့​သော​အ​ခါ​၌ ငါ​သည်​သူ​ရှိ​ရာ​အ​ရပ်​သို့​သွား​ရ​လိမ့်​မည်။ သူ​မူ​ကား​ငါ့​ထံ​သို့​အ​ဘယ်​အ​ခါ​မျှ ပြန်​လာ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ပြန်​၍ မိန့်​တော်​မူ​၏။
23 Mas agora que ela morreu, por que jejuar? Poderei eu trazê-la de volta? Eu irei até ela, mas ela não voltará para mim.
24 ထို​နောက်​ဒါ​ဝိဒ်​သည်​သူ​၏​မိ​ဖု​ရား​ဗာ​သ ရှေ​ဘ​အား နှစ်​သိမ့်​စေ​ပြီး​နောက်​သူ​နှင့်​ကိုယ် လက်​နှီး​နှော​မှု​ကို​ပြု​၏။ ဗာ​သ​ရှေ​ဘ​သည် လည်း​သား​ယောကျာ်း​လေး​ကို​ဖွား​မြင်​လေ သည်။ ထို​သား​ကို​ဒါ​ဝိဒ်​သည်​ရှော​လ​မုန်​ဟု နာ​မည်​မှည့်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​ငယ်​ကို​ချစ်​မြတ်​နိုး​တော်​မူ​သ​ဖြင့်၊-
24 Então Davi consolou Bate-Seba, sua mulher. Teve relações com ela, e ela teve um filho, a quem Davi deu o nome de Salomão; e o Senhor o amou.
25 မိ​မိ​ချစ်​မြတ်​နိုး​မှု​ကို​ထောက်​၍​ထို​သူ​ငယ် ကို​ယေ​ဒိ​ဒိ ဟု​နာ​မည်​မှည့်​ရန်​ပ​ရော​ဖက်​နာ​သန်​အား အ​မိန့်​ပေး​တော်​မူ​၏။
25 Davi o entregou nas mãos do profeta Natã, e este lhe chamou Jedidias, por causa do Senhor .
26 ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊-
26 Enquanto isso, Joabe atacou Rabá, dos filhos de Amom, e tomou a cidade real.
27 ဒါ​ဝိဒ်​ထံ​သို့``အ​ကျွန်ုပ်​သည်​ရဗ္ဗာ​မြို့​ကို တိုက်​ခိုက်​၍​ရေ​ကန်​ကို​သိမ်း​ယူ​ပြီး​ပါ​ပြီ။-
27 Então Joabe mandou mensageiros a Davi, dizendo: — Lutei contra Rabá e tomei a cidade das águas.
28 အ​ရှင်​သည်​ကျန်​ရှိ​နေ​သေး​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​ကြွ​တော်​မူ​၍ ထို​မြို့​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ထို​မြို့​ကို သိမ်း​ယူ​သူ​အ​ဖြစ်​ဖြင့်​နာ​မည်​ကောင်း​မ​ယူ လို​ပါ'' ဟု​စေ​တ​မန်​များ​ကို​လွှတ်​၍ အ​စီ​ရင်​ခံ​လေ​သည်။-
28 Reúna agora o resto do exército e cerque a cidade para tomá-la; do contrário, se eu a tomar, ela poderia ser chamada pelo meu nome.
29 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​၏​စစ်​သည်​တော် များ​ကို​စု​ရုံး​၍ ရဗ္ဗာ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​နှိမ်​နင်း​တော်​မူ​၏။-
29 Então Davi reuniu todo o povo, marchou para Rabá, lutou contra ela, e a tomou.
30 မင်း​ကြီး​သည်​မိ​လ​ကုံ​နတ်​ဘု​ရား​ရုပ်​တု​၏ ဦး​ခေါင်း​မှ​ရွှေ​သ​ရ​ဖူ​ကို​ယူ​၍​ဆောင်း​တော် မူ​၏။ ထို​သ​ရ​ဖူ​ကား​အ​လေး​ချိန်​ခွက်​တစ် ဆယ်​ရှိ​၍​အ​ဖိုး​ထိုက်​သည့်​ကျောက်​မျက်​တစ် လုံး​တပ်​ဆင်​ထား​၏။ မင်း​ကြီး​သည်​ကျောက် မျက်​ကို​ချွတ်​၍​မိ​မိ​သ​ရ​ဖူ​တွင်​တပ်​ဆင်​၏။ မင်း​ကြီး​သည်​ထို​မြို့​မှ​တိုက်​ရာ​ပါ​ပစ္စည်း အ​မြောက်​အ​မြား​ကို​လည်း​သိမ်း​ယူ​တော် မူ​၏။-
30 Tirou a coroa da cabeça do seu rei. O peso da coroa era de trinta e quatro quilos de ouro, e havia nela pedras preciosas. Essa coroa foi posta na cabeça de Davi. E da cidade ele levou muitos despojos.
31 ထို​မြို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​ကာ လွှ၊ ပေါက် တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ကိုင်​ရ​သော​အ​လုပ် ကြမ်း​ကို​လည်း​ကောင်း၊ အုတ်​ဖုတ်​သော​အ​လုပ် ကို​လည်း​ကောင်း​လုပ်​စေ​တော်​မူ​၏။ မင်း​ကြီး သည်​အမ္မုန်​ပြည်​၏​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​လုပ်​ကိုင်​စေ တော်​မူ​၏။ ထို​နောက်​သူ​နှင့်​သူ​၏​လူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။
31 Também trouxe o povo que havia nela, e os fez trabalhar com serras, picaretas, machados de ferro e em fornos de tijolos. Davi fez o mesmo com todas as cidades dos filhos de Amom. Depois voltou com todo o exército para Jerusalém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.