2 Samuel 12
Common Language Bible (MYA) vs ARA
1 ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
1 O Senhor enviou Natã a Davi. Chegando Natã a Davi, disse-lhe: Havia numa cidade dois homens, um rico e outro pobre.
2 သူဌေးတွင်နွားနှင့်သိုးအမြောက်အမြားရှိ၏။-
2 Tinha o rico ovelhas e gado em grande número;
3 သူဆင်းရဲ၌ကားမိမိဝယ်ထားသောသိုးကလေး တစ်ကောင်သာရှိ၏။ သူသည်ထိုသိုးငယ်ကိုကြည့်ရှု စောင့်ရှောက်၏။ သိုးငယ်သည်သမီးသဖွယ်အိမ်တွင် သားသမီးများနှင့်အတူကြီးပြင်းလာသည်။ သူသည်သိုးငယ်အားမိမိစားသည့်အစား အစာကိုကျွေးတတ်၏။ မိမိ၏သောက်ရေခွက် မှရေကိုတိုက်၍ပေါင်ပေါ်တွင်ချီပွေ့ထား တတ်၏။-
3 mas o pobre não tinha coisa nenhuma, senão uma cordeirinha que comprara e criara, e que em sua casa crescera, junto com seus filhos; comia do seu bocado e do seu copo bebia; dormia nos seus braços, e a tinha como filha.
4 တစ်နေ့သ၌သူဌေး၏အိမ်သို့ဧည့်သည်တစ် ယောက်ရောက်ရှိလာ၏။ သူဌေးသည်ဧည့်ဝတ် ပြုရန်အတွက်မိမိ၏သိုးနွားကိုမသတ် လိုသဖြင့် သူဆင်းရဲ၏သိုးငယ်ကိုယူ၍ သတ်ပြီးလျှင်ဧည့်သည်အားကျွေးမွေးရန် ချက်ပါ၏'' ဟုလျှောက်၏။
4 Vindo um viajante ao homem rico, não quis este tomar das suas ovelhas e do gado para dar de comer ao viajante que viera a ele; mas tomou a cordeirinha do homem pobre e a preparou para o homem que lhe havia chegado.
5 ထိုအခါဒါဝိဒ်သည်ထိုသူဌေးအားလွန်စွာ အမျက်ထွက်သဖြင့်``ဤသို့သောအမှုကိုပြုသူ သည်သေဒဏ်ခံသင့်ကြောင်းအသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆိုပါ၏။-
5 Então, o furor de Davi se acendeu sobremaneira contra aquele homem, e disse a Natã: Tão certo como vive o Senhor , o homem que fez isso deve ser morto.
6 သူသည်ဤသို့ရက်စက်သည့်အမှုကိုပြုသည့် အတွက် မိမိယူထားသည့်သိုးငယ်တစ်ကောင် အစားလေးဆပြန်၍ပေးလျော်စေရမည်'' ဟုမိန့်တော်မူ၏။
6 E pela cordeirinha restituirá quatro vezes, porque fez tal coisa e porque não se compadeceu.
7 နာသန်က``ထိုသူကားအရှင်မင်းကြီးပင်ဖြစ် ပါ၏။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်ကို ဣသရေလဘုရင်အဖြစ်ခန့်ထား၍ရှောလု လက်မှကယ်ဆယ်ခဲ့၏။-
7 Então, disse Natã a Davi: Tu és o homem. Assim diz o Senhor , Deus de Israel: Eu te ungi rei sobre Israel e eu te livrei das mãos de Saul;
8 သင့်အားရှောလု၏နိုင်ငံနှင့်မိဖုရားတို့ ကိုပေးအပ်ခဲ့၏။ ဣသရေလပြည်နှင့်ယုဒ ပြည်တို့ကိုအစိုးရသောဘုရင်ဖြစ်စေခဲ့၏။ အကယ်၍ဤမျှနှင့်မလုံလောက်သေးပါ မူငါသည်သင့်အားနှစ်ဆတိုး၍ပေးဦး မည်ဖြစ်သည်။-
8 dei-te a casa de teu senhor e as mulheres de teu senhor em teus braços e também te dei a casa de Israel e de Judá; e, se isto fora pouco, eu teria acrescentado tais e tais coisas.
9 သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။-
9 Por que, pois, desprezaste a palavra do Senhor , fazendo o que era mau perante ele? A Urias, o heteu, feriste à espada; e a sua mulher tomaste por mulher, depois de o matar com a espada dos filhos de Amom.
10 သင်သည်ငါ့အမိန့်တော်ကိုမနာခံဘဲ ဥရိယ၏ဇနီးကိုသိမ်းယူသောကြောင့် သင်၏ဆွေစဉ်မျိုးဆက်တိုင်း၌သေခြင်း ဆိုးဖြင့်သေရသူများရှိလိမ့်မည်။-
10 Agora, pois, não se apartará a espada jamais da tua casa, porquanto me desprezaste e tomaste a mulher de Urias, o heteu, para ser tua mulher.
11 ငါသည်သင်၏မိသားစုထဲမှပင်သင့်အား ဒုက္ခပေးမည့်သူတစ်ဦးကိုပေါ်ပေါက်လာ စေမည်။ သင်၏မယားများကိုအခြားသူ အားငါပေးအပ်သည်ကိုသင်မြင်ရလိမ့်မည်။ ထိုသူသည်သင်၏မယားတို့နှင့်နေ့ခင်း ကြောင်တောင်၌ကိုယ်လက်နှီးနှောမှုကိုပြု လိမ့်မည်။-
11 Assim diz o Senhor : Eis que da tua própria casa suscitarei o mal sobre ti, e tomarei tuas mulheres à tua própria vista, e as darei a teu próximo, o qual se deitará com elas, em plena luz deste sol.
12 သင်သည်ထိုအပြစ်ကိုဆိတ်ကွယ်ရာ၌ပြု ခဲ့၏။ ငါမူကားဣသရေလအမျိုးသား တစ်ရပ်လုံးတွေ့မြင်နိုင်ရန် ထိုအမှုကိုနေ့ ခင်းကြောင်တောင်၌ဖြစ်ပွားစေမည်' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆို၏။
12 Porque tu o fizeste em oculto, mas eu farei isto perante todo o Israel e perante o sol.
13 ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
13 Então, disse Davi a Natã: Pequei contra o Senhor . Disse Natã a Davi: Também o Senhor te perdoou o teu pecado; não morrerás.
14 သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
14 Mas, posto que com isto deste motivo a que blasfemassem os inimigos do Senhor , também o filho que te nasceu morrerá.
15 အိမ်သို့ပြန်လေ၏။
15 Então, Natã foi para sua casa. E o
16 ဒါဝိဒ်သည်ထိုကလေးကျန်းမာလာစေရန် ဘုရားသခင်အားဆုတောင်းပတ္ထနာပြု၏။ မင်းကြီးသည်အဘယ်အစားအစာကိုမျှ မစား။ ညစဉ်ညတိုင်းမိမိ၏အခန်းသို့ဝင် ပြီးလျှင် ကြမ်းပြင်ပေါ်တွင်တစ်ညဥ့်လုံးလှဲ လျောင်းလျက်နေ၏။-
16 Buscou Davi a Deus pela criança; jejuou Davi e, vindo, passou a noite prostrado em terra.
17 နန်းတွင်းအရာရှိများသည်လာ၍သူ့အား ကြိုးစားပြီးအထခိုင်းကြသော်လည်း မင်း ကြီးသည်ငြင်းဆန်လျက်သူတို့နှင့်အတူ အစားအစာသုံးဆောင်တော်မမူ။-
17 Então, os anciãos da sua casa se achegaram a ele, para o levantar da terra; porém ele não quis e não comeu com eles.
18 သီတင်းတစ်ပတ်မျှကြာသောအခါကလေး ငယ်သည်သေဆုံးသွားသဖြင့် ဒါဝိဒ်၏မှူး မတ်တို့သည်ထိုသတင်းကိုသူ့အားမပြော ဝံ့ကြ။ သူတို့က``ကလေးငယ်အသက်ရှင် လျက်ရှိစဉ်အခါ၌မင်းကြီးသည် ငါတို့ လျှောက်ထားချက်များကိုပြန်၍ပင်ဖြေ ကြားတော်မမူပါ။ သို့ဖြစ်၍ကလေးငယ် သေကြောင်းကိုသူ့အားငါတို့အဘယ်သို့ လျှောက်ထားနိုင်ပါမည်နည်း။ သူသည်မိမိ ကိုယ်ကိုအန္တရာယ်ပြုကောင်းပြုလိမ့်မည်''ဟု ဆိုကြ၏။
18 Ao sétimo dia, morreu a criança; e temiam os servos de Davi informá-lo de que a criança era morta, porque diziam: Eis que, estando a criança ainda viva, lhe falávamos, porém não dava ouvidos à nossa voz; como, pois, lhe diremos que a criança é morta? Porque mais se afligirá.
19 ဒါဝိဒ်သည်ထိုသူတို့အချင်းချင်းတီးတိုး ပြောဆိုနေကြသည်ကိုမြင်လျှင် ကလေး သေကြောင်းကိုရိပ်မိသဖြင့်သူတို့အား``ကလေး သေပြီလော'' ဟုမေး၏။
19 Viu, porém, Davi que seus servos cochichavam uns com os outros e entendeu que a criança era morta, pelo que disse aos seus servos: É morta a criança? Eles responderam: Morreu.
20 ဒါဝိဒ်သည်ကြမ်းပြင်ပေါ်မှထ၍ ရေချိုး ခေါင်းဖီးပြီးလျှင်အဝတ်အစားများကို လဲ၏။ ထိုနောက်ထာဝရဘုရား၏အိမ်တော် သို့သွား၍ဝတ်ပြုကိုးကွယ်၏။ နန်းတော် သို့ပြန်လည်ရောက်ရှိလာသောအခါမင်း ကြီးသည် စားသောက်ဖွယ်တို့ကိုတောင်း၍ ချက်ချင်းပင်စားတော်ခေါ်လေသည်။-
20 Então, Davi se levantou da terra; lavou-se, ungiu-se, mudou de vestes, entrou na Casa do Senhor e adorou; depois, veio para sua casa e pediu pão; puseram-no diante dele, e ele comeu.
21 မှူးမတ်များက``အကျွန်ုပ်တို့သည်အရှင်ပြု တော်မူပုံကိုနားမလည်နိုင်ကြပါ။ အရှင် သည်ကလေးအသက်ရှင်နေစဉ်အခါက ငိုယိုလျက်အစားအစာကိုမစားဘဲနေ ပါ၏။ သို့ရာတွင်ယခုကလေးသေဆုံးသည် နှင့်တစ်ပြိုင်နက်ထ၍စားတော်ခေါ်ပါသည် တကား'' ဟုလျှောက်ထားကြ၏။
21 Disseram-lhe seus servos: Que é isto que fizeste? Pela criança viva jejuaste e choraste; porém, depois que ela morreu, te levantaste e comeste pão.
22 ဒါဝိဒ်ကလည်း``ကလေးအသက်ရှင်နေစဉ် အခါ၌ငါသည်အစာရှောင်လျက်ငိုယို လျက်နေသည်မှာမှန်ပါ၏။ ထာဝရဘုရား သည်ငါ့ကိုသနားသဖြင့် ကလေး၏အသက် ကိုချမ်းသာပေးလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။-
22 Respondeu ele: Vivendo ainda a criança, jejuei e chorei, porque dizia: Quem sabe se o Senhor se compadecerá de mim, e continuará viva a criança?
23 သို့သော်ယခုမှာကလေးသေဆုံးပြီဖြစ် ၍ငါသည် အဘယ်ကြောင့်အစာရှောင်ရမည် နည်း။ ငါသည်ကလေးအားအသက်ပြန်၍ ရှင်စေနိုင်မည်လော။ တစ်နေ့သောအခါ၌ ငါသည်သူရှိရာအရပ်သို့သွားရလိမ့်မည်။ သူမူကားငါ့ထံသို့အဘယ်အခါမျှ ပြန်လာနိုင်တော့မည်မဟုတ်'' ဟုပြန်၍ မိန့်တော်မူ၏။
23 Porém, agora que é morta, por que jejuaria eu? Poderei eu fazê-la voltar? Eu irei a ela, porém ela não voltará para mim.
24 ထိုနောက်ဒါဝိဒ်သည်သူ၏မိဖုရားဗာသ ရှေဘအား နှစ်သိမ့်စေပြီးနောက်သူနှင့်ကိုယ် လက်နှီးနှောမှုကိုပြု၏။ ဗာသရှေဘသည် လည်းသားယောကျာ်းလေးကိုဖွားမြင်လေ သည်။ ထိုသားကိုဒါဝိဒ်သည်ရှောလမုန်ဟု နာမည်မှည့်၏။ ထာဝရဘုရားသည်ထို သူငယ်ကိုချစ်မြတ်နိုးတော်မူသဖြင့်၊-
24 Então, Davi veio a Bate-Seba, consolou-a e se deitou com ela; teve ela um filho a quem Davi deu o nome de Salomão; e o Senhor o amou.
25 မိမိချစ်မြတ်နိုးမှုကိုထောက်၍ထိုသူငယ် ကိုယေဒိဒိ ဟုနာမည်မှည့်ရန်ပရောဖက်နာသန်အား အမိန့်ပေးတော်မူ၏။
25 Davi o entregou nas mãos do profeta Natã, e este lhe chamou Jedidias, por amor do Senhor .
26 ဤအတောအတွင်း၌ယွာဘသည် အမ္မုန်ပြည် ၏မြို့တော်ရဗ္ဗာမြို့ကိုတိုက်ခိုက်သဖြင့်မြို့ တော်ကျခါနီးသောအခါ၊-
26 Entretanto, pelejou Joabe contra Rabá, dos filhos de Amom, e tomou a cidade real.
27 ဒါဝိဒ်ထံသို့``အကျွန်ုပ်သည်ရဗ္ဗာမြို့ကို တိုက်ခိုက်၍ရေကန်ကိုသိမ်းယူပြီးပါပြီ။-
27 Então, mandou Joabe mensageiros a Davi e disse: Pelejei contra Rabá e tomei a cidade das águas.
28 အရှင်သည်ကျန်ရှိနေသေးသောစစ်သည် အလုံးအရင်းနှင့်ကြွတော်မူ၍ ထိုမြို့ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည်ထိုမြို့ကို သိမ်းယူသူအဖြစ်ဖြင့်နာမည်ကောင်းမယူ လိုပါ'' ဟုစေတမန်များကိုလွှတ်၍ အစီရင်ခံလေသည်။-
28 Ajunta, pois, agora o resto do povo, e cerca a cidade, e toma-a, para não suceder que, tomando-a eu, se aclame sobre ela o meu nome.
29 ထို့ကြောင့်ဒါဝိဒ်သည်မိမိ၏စစ်သည်တော် များကိုစုရုံး၍ ရဗ္ဗာမြို့သို့သွားရောက်တိုက် ခိုက်နှိမ်နင်းတော်မူ၏။-
29 Reuniu, pois, Davi a todo o povo, e marchou para Rabá, e pelejou contra ela, e a tomou.
30 မင်းကြီးသည်မိလကုံနတ်ဘုရားရုပ်တု၏ ဦးခေါင်းမှရွှေသရဖူကိုယူ၍ဆောင်းတော် မူ၏။ ထိုသရဖူကားအလေးချိန်ခွက်တစ် ဆယ်ရှိ၍အဖိုးထိုက်သည့်ကျောက်မျက်တစ် လုံးတပ်ဆင်ထား၏။ မင်းကြီးသည်ကျောက် မျက်ကိုချွတ်၍မိမိသရဖူတွင်တပ်ဆင်၏။ မင်းကြီးသည်ထိုမြို့မှတိုက်ရာပါပစ္စည်း အမြောက်အမြားကိုလည်းသိမ်းယူတော် မူ၏။-
30 Tirou a coroa da cabeça do seu rei; o peso da coroa era de um talento de ouro, e havia nela pedras preciosas, e foi posta na cabeça de Davi; e da cidade levou mui grande despojo.
31 ထိုမြို့မှလူတို့အားခေါ်ဆောင်ကာ လွှ၊ ပေါက် တူး၊ ပုဆိန်တို့ဖြင့်လုပ်ကိုင်ရသောအလုပ် ကြမ်းကိုလည်းကောင်း၊ အုတ်ဖုတ်သောအလုပ် ကိုလည်းကောင်းလုပ်စေတော်မူ၏။ မင်းကြီး သည်အမ္မုန်ပြည်၏အခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်လုပ်ကိုင်စေ တော်မူ၏။ ထိုနောက်သူနှင့်သူ၏လူတို့ သည်ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
31 Trazendo o povo que havia nela, fê-lo passar a serras, e a picaretas, e a machados de ferro, e em fornos de tijolos; e assim fez a todas as cidades dos filhos de Amom. Voltou Davi com todo o povo para Jerusalém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.