2 Samuel 10
Common Language Bible (MYA) vs ARA
1 ကာလအနည်းငယ်ကြာသောအခါ အမ္မုန် ဘုရင်နာဟတ်မင်းကွယ်လွန်၍သူ၏သား တော်ဟာနုန်နန်းတက်၏။
1 Depois disto, morreu o rei dos filhos de Amom, e seu filho Hanum reinou em seu lugar.
2 ဒါဝိဒ်က``သူ၏ဖခင်နာဟတ်သည် ငါ့အား ကျေးဇူးသစ္စာစောင့်ခဲ့သည့်နည်းတူ ငါသည် လည်းဟာနုန်အားကျေးဇူးသစ္စာစောင့်ရပေ မည်'' ဟုမိန့်တော်မူပြီးလျှင်ဟာနုန်ထံသို့ နှစ်သိမ့်စကားပြောကြားရန်စေတမန်များ ကိုလွှတ်လိုက်၏။ သို့ရာတွင်ထိုသူတို့ ရောက်ရှိကြသောအခါ၊-
2 Então, disse Davi: Usarei de bondade para com Hanum, filho de Naás, como seu pai usou de bondade para comigo. E enviou Davi servos seus para o consolar acerca de seu pai; e vieram os servos de Davi à terra dos filhos de Amom.
3 အမ္မုန်ပြည်သားခေါင်းဆောင်များကမိမိတို့ ဘုရင်အား``ဒါဝိဒ်သည်အရှင့်ခမည်းတော်ကို ဂုဏ်ပြုရန်အတွက် ဤလူများကိုစေလွှတ် လိုက်သည်ဟုအရှင်ထင်မှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ သူ သည်အကျွန်ုပ်တို့ကိုနှိမ်နင်းနိုင်ရန်ဤမြို့ အခြေအနေကိုစုံစမ်းလို၍ဤသူတို့ အားသူလျှိုအဖြစ်စေလွှတ်လိုက်ခြင်း ဖြစ်ပါ၏'' ဟုလျှောက်ထားကြ၏။
3 Mas os príncipes dos filhos de Amom disseram a seu senhor, Hanum: Pensas que, por Davi te haver mandado consoladores, está honrando a teu pai? Porventura, não te enviou ele os seus servos para reconhecerem a cidade, espiá-la e destruí-la?
4 ဟာနုန်သည်ဒါဝိဒ်၏စေတမန်များကို ဖမ်းဆီးကာမုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အင်္ကျီအဝတ်များကိုခါးမှဖြတ်ပြီး လျှင်ပြန်၍လွှတ်လိုက်လေသည်။-
4 Tomou, então, Hanum os servos de Davi, e lhes rapou metade da barba, e lhes cortou metade das vestes até às nádegas, e os despediu.
5 သူတို့သည်ပြန်လာရန်အလွန်ရှက်ကြ၏။ ထိုအကြောင်းကိုဒါဝိဒ်ကြားသောအခါ လူစေလွှတ်ပြီးလျှင်သူတို့အား မိမိတို့ မုတ်ဆိတ်များပြန်၍ရှည်လာသည့်တိုင်အောင် ယေရိခေါမြို့တွင်နေပြီးမှမြို့တော်သို့ ပြန်လာကြရန်မှာကြားတော်မူလိုက်၏။
5 Sabedor disso, enviou Davi mensageiros a encontrá-los, porque estavam sobremaneira envergonhados. Mandou o rei dizer-lhes: Deixai-vos estar em Jericó, até que vos torne a crescer a barba; e, então, vinde.
6 အမ္မုန်ပြည်သားတို့သည်ဒါဝိဒ်အားမိမိတို့ ရန်ဘက်ပြုမိကြပြီဖြစ်ကြောင်းသိရှိလာ သဖြင့် ဗက်ရဟောဘမြို့နှင့်ဇောဘမြို့တို့ မှရှုရိစစ်သည်နှစ်သောင်းကိုလည်းကောင်း၊ တောဘမြို့မှလူတစ်သောင်းနှစ်ထောင်အပြင် မာခါမင်းနှင့်လူတစ်ထောင်ကိုလည်းကောင်း ငှားရမ်းကြ၏။-
6 Vendo, pois, os filhos de Amom que se haviam tornado odiosos a Davi, mandaram mensageiros tomar a soldo vinte mil homens de pé dos siros de Bete-Reobe e dos siros de Zobá, mil homens do rei de Maaca e doze mil de Tobe.
7 ထိုသတင်းကိုကြားသိသောအခါဒါဝိဒ်သည် ယွာဘနှင့်တပ်မတော်တစ်ခုလုံးကိုချီတက် စေ၏။-
7 O que ouvindo Davi, enviou contra eles a Joabe com todo o exército dos valentes.
8 အမ္မုန်ပြည်သားတို့သည်ရဗ္ဗာမြို့မှထွက်ပြီး လျှင် မြို့တံခါးအနီးတွင်နေရာယူကြ၏။ ရှုရိပြည်သားများ၊ တောဘမြို့သားများ နှင့်မာခါ၏လူများအစရှိသောအခြား သူတို့မူကားလွင်ပြင်၌နေရာယူကြ လေသည်။
8 Saíram os filhos de Amom e ordenaram a batalha à entrada da porta, e os siros de Zobá e Reobe e os homens de Tobe e Maaca estavam à parte no campo.
9 ရန်သူတပ်များသည်မိမိတို့အားရှေ့နှင့်နောက် မှတိုက်ခိုက်ကြမည်ကိုသိသဖြင့် ယွာဘသည် လက်ရွေးစင်ဣသရေလစစ်သည်များကိုရှုရိ အမျိုးသားတို့ဘက်သို့မျက်နှာမူ၍နေစေ၏။-
9 Vendo, pois, Joabe que estava preparada contra ele a batalha, tanto pela frente como pela retaguarda, escolheu dentre todos o que havia de melhor em Israel e os formou em linha contra os siros;
10 အခြားတပ်သားများကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူတို့အား အမ္မုန်ပြည်သားတို့ဘက်သို့မျက်နှာမူ၍နေရာ ယူစေ၏။-
10 e o resto do povo, entregou-o a Abisai, seu irmão, o qual o formou em linha contra os filhos de Amom.
11 အဘိရှဲအားယွာဘက``အကယ်၍ရှုရိပြည် သားတို့သည်ငါ့ကိုအနိုင်ရလျက်နေသည် ကိုတွေ့ရှိရလျှင် သင်သည်ငါ့ထံစစ်ကူလာ လော့။ အကယ်၍သင့်ကိုအမ္မုန်ပြည်သားတို့ အနိုင်ရနေခဲ့သော်ငါသည်သင့်ထံသို့စစ် ကူလာမည်။-
11 Disse Joabe: Se os siros forem mais fortes do que eu, tu me virás em socorro; e, se os filhos de Amom forem mais fortes do que tu, eu irei ao teu socorro.
12 ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
12 Sê forte, pois; pelejemos varonilmente pelo nosso povo e pelas cidades de nosso Deus; e faça o Senhor o que bem lhe parecer.
13 ယွာဘနှင့်သူ၏လူတို့သည်တိုက်ခိုက်ရန် ရှေ့သို့ချီတက်ကြလျှင် ရှုရိပြည်သား တို့သည်ထွက်ပြေးကြ၏။-
13 Então, avançou Joabe com o povo que estava com ele, e travaram peleja contra os siros; e estes fugiram de diante deles.
14 ဤသို့ရှုရိပြည်သားတို့ဆုတ်ပြေးကြသည် ကိုအမ္မုန်ပြည်သားတို့မြင်သောအခါ အဘိ ရှဲထံမှထွက်ပြေးကာမြို့ထဲသို့ပြန်၍ဝင် သွားကြ၏။ ထိုအခါယွာဘသည်အမ္မုန်ပြည် သားနှင့်တိုက်ပွဲမှတပ်ခေါက်၍ယေရုရှလင် မြို့သို့ပြန်လေ၏။
14 Vendo os filhos de Amom que os siros fugiam, também eles fugiram de diante de Abisai e entraram na cidade; voltou Joabe dos filhos de Amom e tornou a Jerusalém.
15 ဣသရေလအမျိုးသားတို့၏လက်တွင် အ ရေးရှုံးနိမ့်ခဲ့ကြောင်းရှုရိပြည်သားတို့သိ ရှိကြသောအခါ မိမိတို့၏တပ်အပေါင်း တို့အားတစ်ဖန်စုရုံးစေကြ၏။-
15 Vendo, pois, os siros que tinham sido desbaratados diante de Israel, tornaram a refazer-se.
16 ဟာဒဒေဇာမင်းသည်ဥဖရတ်မြစ်အရှေ့ ဘက်ရှိရှုရိပြည်သားတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ဟာဒဒေဇာမင်း၏ဗိုလ်ချုပ် ရှောဗက်ကွပ်ကဲလျက်ဟေလံမြို့သို့ရောက် ရှိလာလေသည်။-
16 E Hadadezer fez sair os siros que estavam do outro lado do rio, e vieram a Helã; Sobaque, chefe do exército de Hadadezer, marchava adiante deles.
17 ဤအကြောင်းကိုကြားသောအခါ ဒါဝိဒ်သည် ဣသရေလတပ်များကိုစုရုံးစေ၍ ယော်ဒန် မြစ်ကိုကူးပြီးလျှင်ဟေလံမြို့သို့ချီတက် လေ၏။ ထိုမြို့တွင်ရှုရိပြည်သားတို့သည် ဒါဝိဒ်ရှိရာသို့မျက်နှာမူလျက်နေရာယူ ကြ၏။ စစ်ပွဲစတင်သည်နှင့်၊-
17 Informado Davi, ajuntou a todo o Israel, passou o Jordão e foi a Helã; os siros se puseram em ordem de batalha contra Davi e pelejaram contra ele.
18 ဣသရေလအမျိုးသားတို့သည်ရှုရိပြည် သားတို့အားတိုက်ထုတ်လိုက်ကြ၏။ ဒါဝိဒ် ၏လူတို့ကရှုရိစစ်ရထားမှူးခုနစ်ရာ နှင့်မြင်းစီးသူရဲလေးသောင်းတို့ကိုသုတ် သင်ပြီးလျှင် ရန်သူဗိုလ်ချုပ်ရှောဗက်ကို လည်းဒဏ်ရာရစေ၏။ ထို့ကြောင့်သူသည် စစ်မြေပြင်၌ပင်သေဆုံးလေသည်။-
18 Porém os siros fugiram de diante de Israel, e Davi matou dentre os siros os homens de setecentos carros e quarenta mil homens de cavalo; também feriu a Sobaque, chefe do exército, de tal sorte que morreu ali.
19 ဟာဒဒေဇာ၏လက်အောက်ခံဘုရင်များသည် ဣသရေလအမျိုးသားတို့၏လက်တွင် မိမိ တို့အရေးရှုံးနိမ့်ကြပြီဖြစ်ကြောင်းသိရှိ ကြသောအခါ ဣသရေလအမျိုးသားတို့ နှင့်စစ်ပြေငြိမ်းရန်စေ့စပ်၍သူတို့၏လက် အောက်ခံဖြစ်လာကြ၏။ ရှုရိပြည်သားတို့ သည်လည်းအမ္မုန်ပြည်သားတို့အားနောက် တစ်ဖန်စစ်မကူဝံ့ကြတော့ချေ။
19 Vendo, pois, todos os reis, servos de Hadadezer, que foram vencidos, fizeram paz com Israel e o serviram; e temeram os siros de ainda socorrer aos filhos de Amom.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.