2 Samuel 10

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန် ဘု​ရင်​နာ​ဟတ်​မင်း​ကွယ်​လွန်​၍​သူ​၏​သား တော်​ဟာ​နုန်​နန်း​တက်​၏။
1 Depois disto morreu o rei dos amonitas, e seu filho Hanum reinou em seu lugar.
2 ဒါ​ဝိဒ်​က``သူ​၏​ဖ​ခင်​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​သစ္စာ​စောင့်​ခဲ့​သည့်​နည်း​တူ ငါ​သည် လည်း​ဟာ​နုန်​အား​ကျေး​ဇူး​သစ္စာ​စောင့်​ရ​ပေ မည်'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ဟာ​နုန်​ထံ​သို့ နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​စေ​တ​မန်​များ ကို​လွှတ်​လိုက်​၏။ သို့​ရာ​တွင်​ထို​သူ​တို့ ရောက်​ရှိ​ကြ​သော​အ​ခါ၊-
2 Então disse Davi: usarei de benevolência para com Hanum, filho de Naás, como seu pai usou de benevolência para comigo. Davi, pois, enviou os seus servos para o consolar acerca de seu pai; e foram os servos de Davi à terra dos amonitas.
3 အမ္မုန်​ပြည်​သား​ခေါင်း​ဆောင်​များ​က​မိ​မိ​တို့ ဘု​ရင်​အား``ဒါ​ဝိဒ်​သည်​အ​ရှင့်​ခ​မည်း​တော်​ကို ဂုဏ်​ပြု​ရန်​အ​တွက် ဤ​လူ​များ​ကို​စေ​လွှတ် လိုက်​သည်​ဟု​အ​ရှင်​ထင်​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ သူ သည်​အ​ကျွန်ုပ်​တို့​ကို​နှိမ်​နင်း​နိုင်​ရန်​ဤ​မြို့ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​လို​၍​ဤ​သူ​တို့ အား​သူ​လျှို​အ​ဖြစ်​စေ​လွှတ်​လိုက်​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။
3 Então disseram os príncipes dos amonitas a seu senhor, Hanum: Pensas, porventura, que foi para honrar teu pai que Davi te enviou consoladores? Não te enviou antes os seus servos para reconhecerem esta cidade e para a espiarem, a fim de transtorná-la?
4 ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​ကို ဖမ်း​ဆီး​ကာ​မုတ်​ဆိတ်​တစ်​ခြမ်း​ကို​ရိတ်​၍ အင်္ကျီ​အ​ဝတ်​များ​ကို​ခါး​မှ​ဖြတ်​ပြီး လျှင်​ပြန်​၍​လွှတ်​လိုက်​လေ​သည်။-
4 Pelo que Hanum tomou os servos de Davi, rapou-lhes metade da barba, cortou-lhes metade dos vestidos, até as nádegas, e os despediu.
5 သူ​တို့​သည်​ပြန်​လာ​ရန်​အ​လွန်​ရှက်​ကြ​၏။ ထို​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သော​အ​ခါ လူ​စေ​လွှတ်​ပြီး​လျှင်​သူ​တို့​အား မိ​မိ​တို့ မုတ်​ဆိတ်​များ​ပြန်​၍​ရှည်​လာ​သည့်​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​တွင်​နေ​ပြီး​မှ​မြို့​တော်​သို့ ပြန်​လာ​ကြ​ရန်​မှာ​ကြား​တော်​မူ​လိုက်​၏။
5 Quando isso foi dito a Davi, enviou ele mensageiros a encontrá-los, porque aqueles homens estavam sobremaneira envergonhados; e mandou dizer-lhes: Deixai-vos estar em Jericó, até que vos torne a crescer a barba, e então voltai.
6 အမ္မုန်​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​အား​မိ​မိ​တို့ ရန်​ဘက်​ပြု​မိ​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​လာ သ​ဖြင့် ဗက်​ရ​ဟော​ဘ​မြို့​နှင့်​ဇော​ဘ​မြို့​တို့ မှ​ရှု​ရိ​စစ်​သည်​နှစ်​သောင်း​ကို​လည်း​ကောင်း၊ တော​ဘ​မြို့​မှ​လူ​တစ်​သောင်း​နှစ်​ထောင်​အ​ပြင် မာ​ခါ​မင်း​နှင့်​လူ​တစ်​ထောင်​ကို​လည်း​ကောင်း ငှား​ရမ်း​ကြ​၏။-
6 Vendo, pois, os amonitas que se haviam feito abomináveis para com Davi, enviaram e alugaram dos sírios de Bete-Reobe e dos sírios de Bete-Reobe e dos sírios de Sobá vinte mil homens de infantaria, e do rei de Maacá mil homens, e dos homens de Tobe doze mil.
7 ထို​သတင်း​ကို​ကြား​သိ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချီ​တက် စေ​၏။-
7 O que ouvindo Davi, enviou contra eles a Joabe com todo o exército dos valentes.
8 အမ္မုန်​ပြည်​သား​တို့​သည်​ရဗ္ဗာ​မြို့​မှ​ထွက်​ပြီး လျှင် မြို့​တံ​ခါး​အ​နီး​တွင်​နေ​ရာ​ယူ​ကြ​၏။ ရှု​ရိ​ပြည်​သား​များ၊ တော​ဘ​မြို့​သား​များ နှင့်​မာ​ခါ​၏​လူ​များ​အ​စ​ရှိ​သော​အ​ခြား သူ​တို့​မူ​ကား​လွင်​ပြင်​၌​နေ​ရာ​ယူ​ကြ လေ​သည်။
8 E saíram os amonitas, e ordenaram a batalha a entrada da porta; mas os sírios de Zobá e de Reobe, e os homens de Tobe e de Maacá estavam à parte no campo.
9 ရန်​သူ​တပ်​များ​သည်​မိ​မိ​တို့​အား​ရှေ့​နှင့်​နောက် မှ​တိုက်​ခိုက်​ကြ​မည်​ကို​သိ​သ​ဖြင့် ယွာ​ဘ​သည် လက်​ရွေး​စင်​ဣ​သ​ရေ​လ​စစ်​သည်​များ​ကို​ရှု​ရိ အ​မျိုး​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​စေ​၏။-
9 Vendo, pois, Joabe que a batalha estava preparada contra ele pela frente e pela retaguarda, escolheu alguns homens dentre a flor do exército de Israel, e formou-os em linha contra os sírios;
10 အ​ခြား​တပ်​သား​များ​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အဘိ​ရှဲ​သည်​လည်း​သူ​တို့​အား အမ္မုန်​ပြည်​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​ရာ ယူ​စေ​၏။-
10 e entregou o resto do povo a seu irmão Abisai, para que o formasse em linha contra os amonitas.
11 အ​ဘိ​ရှဲ​အား​ယွာ​ဘ​က``အ​ကယ်​၍​ရှု​ရိ​ပြည် သား​တို့​သည်​ငါ့​ကို​အ​နိုင်​ရ​လျက်​နေ​သည် ကို​တွေ့​ရှိ​ရ​လျှင် သင်​သည်​ငါ့​ထံ​စစ်​ကူ​လာ လော့။ အ​ကယ်​၍​သင့်​ကို​အမ္မုန်​ပြည်​သား​တို့ အ​နိုင်​ရ​နေ​ခဲ့​သော်​ငါ​သည်​သင့်​ထံ​သို့​စစ် ကူ​လာ​မည်။-
11 E disse-lhe: Se os sírios forem mais fortes do que eu, tu me virás em socorro; e se os amonitas forem mais fortes do que tu, eu irei em teu socorro.
12 ငါ​တို့​သည်​ရဲ​ရင့်​စွာ​ငါ​တို့​အ​မျိုး​သား​များ နှင့်​ငါ​တို့​ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက် အား​ကြိုး​မာန်​တက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
12 Tem bom ânimo, e sejamos corajosos pelo nosso povo, e pelas cidades de nosso Deus; e faça o Senhor o que bem lhe parecer.
13 ယွာ​ဘ​နှင့်​သူ​၏​လူ​တို့​သည်​တိုက်​ခိုက်​ရန် ရှေ့​သို့​ချီ​တက်​ကြ​လျှင် ရှု​ရိ​ပြည်​သား တို့​သည်​ထွက်​ပြေး​ကြ​၏။-
13 Então Joabe e o povo que estava com ele travaram a peleja contra os sírios; e estes fugiram diante dele.
14 ဤ​သို့​ရှု​ရိ​ပြည်​သား​တို့​ဆုတ်​ပြေး​ကြ​သည် ကို​အမ္မုန်​ပြည်​သား​တို့​မြင်​သော​အ​ခါ အ​ဘိ ရှဲ​ထံ​မှ​ထွက်​ပြေး​ကာ​မြို့​ထဲ​သို့​ပြန်​၍​ဝင် သွား​ကြ​၏။ ထို​အ​ခါ​ယွာ​ဘ​သည်​အမ္မုန်​ပြည် သား​နှင့်​တိုက်​ပွဲ​မှ​တပ်​ခေါက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လေ​၏။
14 E, vendo os amonitas que os sírios fugiam, também eles fugiram de diante de Abisai, e entraram na cidade. Então Joabe voltou dos amonitas e veio para Jerusalém.
15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် အ ရေး​ရှုံး​နိမ့်​ခဲ့​ကြောင်း​ရှု​ရိ​ပြည်​သား​တို့​သိ ရှိ​ကြ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​အ​ပေါင်း တို့​အား​တစ်​ဖန်​စု​ရုံး​စေ​ကြ​၏။-
15 Os sírios, vendo que tinham sido derrotados diante de Israel, trataram de refazer-se.
16 ဟာ​ဒ​ဒေ​ဇာ​မင်း​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ရှိ​ရှု​ရိ​ပြည်​သား​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​ဗိုလ်​ချုပ် ရှော​ဗက်​ကွပ်​ကဲ​လျက်​ဟေ​လံ​မြို့​သို့​ရောက် ရှိ​လာ​လေ​သည်။-
16 E Hadadézer mandou que viessem os sírios que estavam da outra banda do rio; e eles vieram a Helã, tendo à sua frente Sobaque, chefe do exército de Hadadézer.
17 ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​တပ်​များ​ကို​စု​ရုံး​စေ​၍ ယော်​ဒန် မြစ်​ကို​ကူး​ပြီး​လျှင်​ဟေ​လံ​မြို့​သို့​ချီ​တက် လေ​၏။ ထို​မြို့​တွင်​ရှု​ရိ​ပြည်​သား​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​မျက်​နှာ​မူ​လျက်​နေ​ရာ​ယူ ကြ​၏။ စစ်​ပွဲ​စ​တင်​သည်​နှင့်၊-
17 Davi, informado disto, ajuntou todo o Israel e, passando o Jordão, foi a Helã; e os sírios se puseram em ordem contra Davi, e pelejaram contra ele.
18 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ရှု​ရိ​ပြည် သား​တို့​အား​တိုက်​ထုတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ် ၏​လူ​တို့​က​ရှု​ရိ​စစ်​ရ​ထား​မှူး​ခု​နစ်​ရာ နှင့်​မြင်း​စီး​သူ​ရဲ​လေး​သောင်း​တို့​ကို​သုတ် သင်​ပြီး​လျှင် ရန်​သူ​ဗိုလ်​ချုပ်​ရှော​ဗက်​ကို လည်း​ဒဏ်​ရာ​ရ​စေ​၏။ ထို့​ကြောင့်​သူ​သည် စစ်​မြေ​ပြင်​၌​ပင်​သေ​ဆုံး​လေ​သည်။-
18 Os sírios, porém, fugiram de diante de Israel; e Davi matou deles os homens de setecentos carros, e quarenta mil homens de cavalaria; e feriu a Sobaque, general do exército, de sorte que ele morreu ali.
19 ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် မိ​မိ တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​စစ်​ပြေ​ငြိမ်း​ရန်​စေ့​စပ်​၍​သူ​တို့​၏​လက် အောက်​ခံ​ဖြစ်​လာ​ကြ​၏။ ရှု​ရိ​ပြည်​သား​တို့ သည်​လည်း​အမ္မုန်​ပြည်​သား​တို့​အား​နောက် တစ်​ဖန်​စစ်​မ​ကူ​ဝံ့​ကြ​တော့​ချေ။
19 Vendo, pois, todos os reis, servos de Hadadézer, que estavam derrotados diante de Israel, fizeram paz com Israel, e o serviram. E os sírios não ousaram mais socorrer aos amonitas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.