2 Reis 7
Common Language Bible (MYA) vs VC
1 ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
1 Eliseu disse-lhe: Ouvi o que diz o Senhor: Amanhã, a esta mesma hora, uma medida de flor de farinha valerá um siclo à porta de Samaria, e duas medidas de cevada, também um siclo.
2 မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
2 O oficial, em cujo braço se apoiava o rei, respondeu ao homem de Deus: Ainda que o Senhor fizesse janelas no céu, seria possível semelhante coisa? Tu o verás com os teus olhos, respondeu Eliseu, mas não comerás.
3 အရေပြားရောဂါစွဲကပ်သူလူလေးယောက်တို့ သည် မြို့တံခါးပြင်တွင်ထိုင်လျက်``ငါတို့သည် မသေမချင်းဤအရပ်တွင်အဘယ်ကြောင့် စောင့်နေရကြမည်နည်း။-
3 Ora, estavam quatro leprosos à porta da cidade, os quais disseram entre si: Por que ficarmos nós aqui até morrermos?
4 မြို့ထဲသို့ဝင်လျှင်ငါတို့အစာငတ်၍သေရ မည်။ ဤအရပ်တွင်နေလျှင်လည်းသေရကြမည်။ ထို့ကြောင့်ရှုရိတပ်စခန်းသို့ငါတို့သွားကြ ကုန်အံ့။ သူတို့ထားလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။-
4 Se formos para a cidade, morreremos, porque reina a fome ali; se ficarmos aqui, morreremos da mesma sorte. Vinde: passemos ao acampamento dos sírios; quem sabe se eles nos pouparão a vida, e viveremos? Se eles nos matarem, pois bem, morreremos.
5 ထိုနောက်သူတို့သည်မှောင်စပြုချိန်၌ရှုရိတပ် စခန်းသို့သွားကြ၏။ သို့ရာတွင်ထိုအရပ်သို့ ရောက်သောအခါ လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရကြ။-
5 Ao anoitecer partiram para o acampamento dos sírios, mas, ao chegarem aos limites do acampamento, viram que não havia mais ninguém.
6 ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
6 O Senhor tinha feito ouvir no acampamento dos sírios um estrondo de carros, de cavalaria e de um grande exército, e disseram uns aos outros: Isso é certamente o rei de Israel que assalariou contra nós os reis dos hiteus e dos egípcios.
7 သို့ဖြစ်၍ထိုညဦး၌သူတို့သည်မိမိတို့၏ တဲများ၊ မြင်းများနှင့်မြည်းတို့ကိုစွန့်ကာ အ သက်ဘေးမှလွတ်ရန်ထွက်ပြေးကြကုန်၏။ သူ တို့၏တပ်စခန်းကိုမူရှိမြဲအတိုင်းထားခဲ့ ကြ၏။
7 Levantaram-se, pois, ao anoitecer, e fugiram, deixando ali suas tendas, cavalos, jumentos, abandonando o acampamento tal como estava, e só cuidando de salvar a própria vida.
8 ထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။-
8 Os leprosos, pois, chegando à extremidade do acampamento, entraram numa tenda, e, depois de terem comido e bebido, tomaram consigo ouro, prata e vestes, que foram esconder para si. Voltaram em seguida e entraram noutra tenda, e esconderam também o que puderam carregar dali.
9 သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။-
9 Então disseram um para o outro: Não está bem o que fazemos; hoje é um dia de boas novas. Se calarmos e esperarmos até o romper da aurora, seremos castigados. Vamos e informemos a casa do rei.
10 ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
10 Foram e contaram o sucedido aos guardas da porta da cidade, dizendo-lhes: Entramos no acampamento dos sírios: não há ali ninguém, nem uma voz humana sequer, só há cavalos, jumentos amarrados e as tendas tais como foram levantadas.
11 တံခါးစောင့်တို့သည်ထိုသတင်းကိုကြေညာ ၍ နန်းတော်သို့သတင်းရောက်ရှိသွား၏။-
11 Os guardas da porta deram sinais e a boa nova foi levada ao interior do palácio real.
12 ထိုအချိန်၌မိုးမလင်းသေးသော်လည်း မင်းကြီး သည်အိပ်ယာမှထ၍မှူးမတ်တို့အား``ရှုရိ အမျိုးသားတို့၏ပရိယာယ်ကိုငါပြောမည်။ ဤမြို့တွင်ငါတို့အစာငတ်လျက်နေကြ ကြောင်းသိသဖြင့်သူတို့သည် မိမိတို့တပ် စခန်းမှထွက်ခွာ၍တပ်ပုန်းချထားလေပြီ။ မြို့ပြင်သို့ငါတို့ထွက်၍အစားအစာရှာဖွေ ကြသောအခါမှ ငါတို့အားလက်ရဖမ်းဆီး ကာမြို့ကိုသိမ်းယူကြလိမ့်မည်'' ဟုဆို၏။
12 Era noite; o rei levantou-se e disse aos seus servos: Vou dizer-vos o que tramam os sírios: eles sabem que estamos famintos; por isso deixaram o acampamento e foram armar emboscadas no campo, pensando prender-nos vivos e penetrar em seguida na cidade, uma vez que tenhamos saído dela.
13 အမတ်တစ်ဦးက``ဤမြို့ရှိလူတို့သည်သေ ဆုံးသွားကြသူတို့နည်းတူသေရကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍အဖြစ်မှန်ကိုသိရှိ နိုင်ရန် အကျွန်ုပ်တို့တွင်ကျန်ရှိနေသေးသော မြင်းငါးကောင်နှင့်လူအချို့ကိုစေလွှတ် တော်မူပါ'' ဟုလျှောက်၏။-
13 Mas um dos servos do rei tomou a palavra: Tomemos cinco dos cavalos que nos restam e mandemo-los para ver o que há - sua sorte será a de todo o povo de Israel que ficou, e que vai perecer.
14 ထို့နောက်သူတို့သည်လူအချို့ကိုရွေးချယ် ကြ၏။ မင်းကြီးသည်ထိုသူတို့အားရှုရိတပ် မတော်၏ဖြစ်ရပ်ကို စုံစမ်းရန်စစ်ရထားနှစ် စီးနှင့်စေလွှတ်တော်မူ၏။-
14 Escolheram dois carros com os cavalos, e o rei os enviou para seguirem as pisadas do exército sírio, dizendo-lhes: Ide ver.
15 သူတို့သည်ယော်ဒန်မြစ်တိုင်အောင်သွားရောက် ကြရာ ရှုရိအမျိုးသားတို့ထွက်ပြေးစဉ်အခါ က စွန့်ထားခဲ့သည့်အဝတ်အစားများနှင့်လက် နက်ပစ္စည်းများကို လမ်းတစ်လျှောက်လုံးတွင်တွေ့ မြင်ရကြ၏။ ထိုနောက်သူတို့သည်မင်းကြီး ထံပြန်၍အစီရင်ခံကြ၏။-
15 Eles seguiram os rastos dos sírios até o Jordão. Todo o caminho estava repleto de vestes e outros objetos que os sírios tinham abandonado em sua precipitação. Os mensageiros voltaram e contaram-no ao rei.
16 ရှမာရိမြို့သားတို့သည်ပြေး၍ထွက်လာပြီး လျှင် ရှုရိတပ်စခန်းကိုလုယက်ကြကုန်၏။ ထို့ နောက်ထာဝရဘုရားမိန့်တော်မူခဲ့သည်အတိုင်း အကောင်းဆုံးဂျုံဆန်ဆယ်ပေါင်သို့မဟုတ် မုယောဆန်ပေါင်နှစ်ဆယ်ကို ငွေသားတစ်ကျပ် ဖြင့်ရောင်းချကြလေသည်။
16 Saiu então o povo e pilhou o acampamento dos sírios. E vendeu-se uma medida de flor de farinha por um siclo, e igualmente por um siclo duas medidas de cevada, como o Senhor o dissera.
17 မင်းကြီး၏သက်တော်စောင့်အဖြစ်ဆောင်ရွက် ခဲ့သူတပ်မှူးသည် ထိုအချိန်၌မြို့တံခါး အစောင့်တပ်ကိုကြီးကြပ်အုပ်ချုပ်နေရစဉ် လူတို့တိုးကြိတ်ထွက်ဝင်ရာတွင် သူ့အားနင်း မိကြသဖြင့်သေလေ၏။ ဧလိရှဲအားတွေ့ဆုံ ရန်မင်းကြီးလာရောက်စဉ်အခါက ဧလိရှဲ ကြိုတင်ဟောကြားခဲ့သည်အတိုင်းဖြစ်ပျက် လေသည်။-
17 O rei confiara a guarda da porta ao oficial em cujo braço se apoiava. Mas a porta, com os empurrões do povo, caiu e o povo o esmagou; e ele morreu, como havia predito o homem de Deus, quando o rei descera à sua casa.
18 ဧလိရှဲက``နောက်တစ်နေ့ဤအချိန်ရောက် လျှင် ရှမာရိမြို့စျေးထဲတွင်အကောင်းဆုံး ဂျုံဆန်ဆယ်ပေါင် သို့မဟုတ်မုယောဆန်ပေါင် နှစ်ဆယ်ကိုငွေသားတစ်ကျပ်နှင့်ရောင်းချ ကြလိမ့်မည်'' ဟုမင်းကြီးအားလျှောက်ထား သောအခါ၊-
18 O homem de Deus tinha dito ao rei: Amanhã, a esta mesma hora, duas medidas de cevada valerão um siclo à porta de Samaria, e uma medida de flor de farinha, um siclo igualmente.
19 ထိုတပ်မှူးက``ထာဝရဘုရားကိုယ်တော်တိုင်ပင် မိုးကိုချက်ချင်းရွာစေကာမူဤသို့ဖြစ်နိုင် လိမ့်မည်မဟုတ်ပါ'' ဟုပြောကြားခဲ့လေသည်။ ထိုအခါဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက် သည်ကိုတွေ့မြင်ရမည်ဖြစ်သော်လည်းစားရ လိမ့်မည်မဟုတ်'' ဟုဆိုခဲ့၏။-
19 E o oficial tinha respondido ao homem de Deus: Ainda que o Senhor fizesse janelas no céu, seria possível tal coisa? Ao que Eliseu replicara: Tu o verás, com os teus olhos, mas não comerás.
20 ဧလိရှဲပြောကြားခဲ့သည့်အတိုင်းပင်တပ် မှူးသည် မြို့တံခါးဝတွင်လူတို့နင်းမိကြ သဖြင့်သေလေသတည်း။
20 Foi o que lhe aconteceu: o povo o atropelou à porta, e ele morreu.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.