2 Reis 7

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဧ​လိ​ရှဲ​က``ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​ထောင်​တော်​မူ​ပါ။ နက်​ဖြန်​ဤ အ​ချိန်​ရောက်​သော် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင် အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ် မု​ရော​ဆန်​ပေါင်​နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ် ဖြင့်​ဝယ်​ယူ​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။
1 Eliseu respondeu: "Ouçam a palavra do Senhor! Assim diz o Senhor: Amanhã, por volta desta hora, na porta de Samaria, tanto uma medida de farinha como duas medidas de cevada serão vendidas por uma peça de prata".
2 မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဖြင့် လိုက်​ပါ လာ​သည့်​တပ်​မှူး​က``အ​ကယ်​၍​ထာ​ဝရ​ဘု​ရား ကိုယ်​တော်​တိုင်​ပင်​လျှင်​မိုး​ကို​ချက်​ချင်း​ရွာ​စေ ကာ​မူ ဤ​သို့​ဖြစ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက်​သည်​ကို တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း စား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​၏။
2 O oficial, em cujo braço o rei estava se apoiando, disse ao homem de Deus: "Ainda que o Senhor abrisse as comportas do céu, será que isso poderia acontecer? " Mas Eliseu advertiu: "Você o verá com os próprios olhos, mas não comerá coisa alguma! "
3 အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​လေး​ယောက်​တို့ သည် မြို့​တံ​ခါး​ပြင်​တွင်​ထိုင်​လျက်``ငါ​တို့​သည် မ​သေ​မ​ချင်း​ဤ​အ​ရပ်​တွင်​အ​ဘယ်​ကြောင့် စောင့်​နေ​ရ​ကြ​မည်​နည်း။-
3 Havia quatro leprosos junto à porta da cidade. Eles disseram uns aos outros: "Por que ficar aqui esperando a morte?
4 မြို့​ထဲ​သို့​ဝင်​လျှင်​ငါ​တို့​အ​စာ​ငတ်​၍​သေ​ရ မည်။ ဤ​အ​ရပ်​တွင်​နေ​လျှင်​လည်း​သေ​ရ​ကြ​မည်။ ထို့​ကြောင့်​ရှု​ရိ​တပ်​စ​ခန်း​သို့​ငါ​တို့​သွား​ကြ ကုန်​အံ့။ သူ​တို့​ထား​လျှင်​ရှင်​ရ​မည်။ သတ်​လျှင် သေ​ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
4 Se resolvermos entrar na cidade, morreremos de fome, mas se ficarmos aqui, também morreremos. Vamos, pois, ao acampamento dos arameus para nos render. Se eles nos pouparem, viveremos; se nos matarem, morreremos".
5 ထို​နောက်​သူ​တို့​သည်​မှောင်​စ​ပြု​ချိန်​၌​ရှု​ရိ​တပ် စ​ခန်း​သို့​သွား​ကြ​၏။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​တွေ့​ရ​ကြ။-
5 Ao anoitecer, eles foram ao acampamento dos arameus. Quando chegaram às imediações do acampamento, não havia ninguém ali,
6 ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-
6 pois o Senhor tinha feito os arameus ouvirem o ruído de um grande exército com cavalos e carros de guerra, de modo que disseram uns aos outros: "Ouçam, o rei de Israel contratou os reis dos hititas e dos egípcios para nos atacar! "
7 သို့​ဖြစ်​၍​ထို​ည​ဦး​၌​သူ​တို့​သည်​မိ​မိ​တို့​၏ တဲ​များ၊ မြင်း​များ​နှင့်​မြည်း​တို့​ကို​စွန့်​ကာ အ သက်​ဘေး​မှ​လွတ်​ရန်​ထွက်​ပြေး​ကြ​ကုန်​၏။ သူ တို့​၏​တပ်​စ​ခန်း​ကို​မူ​ရှိ​မြဲ​အ​တိုင်း​ထား​ခဲ့ ကြ​၏။
7 Então, para salvar suas vidas, fugiram ao anoitecer, abandonando tendas, cavalos e jumentos, deixando o acampamento como estava.
8 ထို​သူ​လေး​ယောက်​တို့​သည်​တပ်​စ​ခန်း​အ​စပ် သို့​ရောက်​သော​အ​ခါ တဲ​တစ်​ခု​ကို​ဝင်​၍​ထို တဲ​တွင်​ရှိ​သော​အ​စား​အ​စာ​များ​ကို​စား သောက်​ကြ​၏။ ထို​နောက်​မိ​မိ​တို့​တွေ့​ရှိ​သည့် ရွှေ၊ ငွေ၊ အဝတ်​အ​စား​များ​ကို​ယူ​၍​ထွက်​သွား ပြီး​လျှင် ထို​ပစ္စည်း​များ​ကို​ဝှက်​ထား​ကြ​၏။ သူ တို့​သည်​နောက်​တစ်​ဖန်​ပြန်​လာ​၍ အ​ခြား​တဲ တစ်​ခု​သို့​ဝင်​ကာ​ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။-
8 Tendo chegado às imediações do acampamento os leprosos entraram numa das tendas. Comeram e beberam; pegaram prata, ouro e roupas e saíram para esconder tudo. Depois voltaram e entraram noutra tenda, pegaram o que quiseram e esconderam isso também.
9 သို့​ရာ​တွင်​သူ​တို့​က``ငါ​တို့​ဤ​သို့​ပြု​နေ​ကြ ရန်​မ​သင့်။ ငါ​တို့​မှာ​သ​တင်း​ကောင်း​ရှိ​သည် ဖြစ်​၍ ထို​သ​တင်း​ကို​မျို​သိပ်​မ​ထား​သင့်​ကြ။ အ​ကယ်​၍​ငါ​တို့​သည်​ထို​သ​တင်း​ကို​မိုး လင်း​ချိန်​တိုင်​အောင်​မ​ပြော​ဘဲ​နေ​လျှင် ဧ​ကန် မု​ချ​အ​ပြစ်​ဒဏ်​သင့်​ရ​ကြ​ပေ​မည်။ သို့​ဖြစ် ၍​ယ​ခု​ပင်​မင်း​ကြီး​၏​မှူး​မတ်​တို့​ထံ​သွား ရောက်​ပြော​ကြား​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။-
9 Então disseram uns aos outros: "Não estamos agindo certo. Este é um dia de boas notícias, e não podemos ficar calados. Se esperarmos até o amanhecer, seremos castigados. Vamos imediatamente contar tudo no palácio do rei".
10 ထို​နောက်​သူ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း​မှ​ထွက် ခွာ​၍​မြို့​သို့​သွား​ပြီး​လျှင် မြို့​တံ​ခါး​ရှိ​အ​စောင့် တပ်​သား​တို့​အား``ငါ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း သို့​သွား​ရောက်​ရာ​လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​မြင်​ခဲ့​ပါ။ လူ​သံ​ကို​လည်း​မ​ကြား​ခဲ့​ပါ။ မြင်း​များ​နှင့်​မြည်း​များ​သည်​ချည်​လျက်​ပင် ရှိ​ပါ​သည်။ တဲ​များ​မှာ​လည်း​ရှု​ရိ​အ​မျိုး​သား တို့​ထား​ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​ပါ​သည်'' ဟု အော်​ဟစ်​၍​ပြော​ကြား​ကြ​၏။
10 Então foram e chamaram as sentinelas da porta da cidade e lhes contaram: "Entramos no acampamento arameu, e não vimos nem ouvimos ninguém. Havia apenas cavalos e jumentos amarrados, e tendas abandonadas".
11 တံ​ခါး​စောင့်​တို့​သည်​ထို​သ​တင်း​ကို​ကြေ​ညာ ၍ နန်း​တော်​သို့​သ​တင်း​ရောက်​ရှိ​သွား​၏။-
11 As sentinelas da porta proclamaram a notícia, e ela foi anunciada dentro do palácio.
12 ထို​အ​ချိန်​၌​မိုး​မ​လင်း​သေး​သော်​လည်း မင်း​ကြီး သည်​အိပ်​ယာ​မှ​ထ​၍​မှူး​မတ်​တို့​အား``ရှု​ရိ အ​မျိုး​သား​တို့​၏​ပ​ရိ​ယာယ်​ကို​ငါ​ပြော​မည်။ ဤ​မြို့​တွင်​ငါ​တို့​အ​စာ​ငတ်​လျက်​နေ​ကြ ကြောင်း​သိ​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​တပ် စ​ခန်း​မှ​ထွက်​ခွာ​၍​တပ်​ပုန်း​ချ​ထား​လေ​ပြီ။ မြို့​ပြင်​သို့​ငါ​တို့​ထွက်​၍​အ​စား​အ​စာ​ရှာ​ဖွေ ကြ​သော​အ​ခါ​မှ ငါ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကာ​မြို့​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
12 O rei se levantou de noite e disse aos seus conselheiros: "Eu lhes explicarei o que os arameus planejaram. Como sabem que estamos passando fome, deixaram o acampamento e se esconderam no campo, pensando: ‘Com certeza eles sairão, e então os pegaremos vivos e entraremos na cidade’ ".
13 အ​မတ်​တစ်​ဦး​က``ဤ​မြို့​ရှိ​လူ​တို့​သည်​သေ ဆုံး​သွား​ကြ​သူ​တို့​နည်း​တူ​သေ​ရ​ကြ​မည် ဖြစ်​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖြစ်​မှန်​ကို​သိ​ရှိ နိုင်​ရန် အ​ကျွန်ုပ်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော မြင်း​ငါး​ကောင်​နှင့်​လူ​အ​ချို့​ကို​စေ​လွှတ် တော်​မူ​ပါ'' ဟု​လျှောက်​၏။-
13 Um de seus conselheiros respondeu: "Manda que alguns homens apanhem cinco dos cavalos que restam na cidade. O destino desses homens será o mesmo de todos os israelitas que ficarem, sim, como toda esta multidão condenada. Por isso vamos enviá-los para descobrir o que aconteceu".
14 ထို့​နောက်​သူ​တို့​သည်​လူ​အ​ချို့​ကို​ရွေး​ချယ် ကြ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​ရှု​ရိ​တပ် မ​တော်​၏​ဖြစ်​ရပ်​ကို စုံ​စမ်း​ရန်​စစ်​ရ​ထား​နှစ် စီး​နှင့်​စေ​လွှတ်​တော်​မူ​၏။-
14 Assim que prepararam dois carros de guerra com seus cavalos, o rei os enviou atrás do exército arameu, ordenando aos condutores: "Vão e descubram o que aconteceu".
15 သူ​တို့​သည်​ယော်​ဒန်​မြစ်​တိုင်​အောင်​သွား​ရောက် ကြ​ရာ ရှု​ရိ​အ​မျိုး​သား​တို့​ထွက်​ပြေး​စဉ်​အ​ခါ က စွန့်​ထား​ခဲ့​သည့်​အ​ဝတ်​အ​စား​များ​နှင့်​လက် နက်​ပစ္စည်း​များ​ကို လမ်း​တစ်​လျှောက်​လုံး​တွင်​တွေ့ မြင်​ရ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး ထံ​ပြန်​၍​အ​စီ​ရင်​ခံ​ကြ​၏။-
15 Eles seguiram as pegadas do exército até o Jordão e encontraram todo o caminho cheio de roupas e armas que os arameus haviam deixado para trás enquanto fugiam. Os mensageiros voltaram e relataram tudo ao rei.
16 ရှ​မာ​ရိ​မြို့​သား​တို့​သည်​ပြေး​၍​ထွက်​လာ​ပြီး လျှင် ရှု​ရိ​တပ်​စ​ခန်း​ကို​လု​ယက်​ကြ​ကုန်​၏။ ထို့ နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင်​သို့​မ​ဟုတ် မု​ယော​ဆန်​ပေါင်​နှစ်​ဆယ်​ကို ငွေ​သား​တစ်​ကျပ် ဖြင့်​ရောင်း​ချ​ကြ​လေ​သည်။
16 Então o povo saiu e saqueou o acampamento dos arameus. Assim, tanto uma medida de farinha como duas medidas de cevada passaram a ser vendidas por uma peça de prata, conforme o Senhor tinha dito.
17 မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဆောင်​ရွက် ခဲ့​သူ​တပ်​မှူး​သည် ထို​အ​ချိန်​၌​မြို့​တံ​ခါး အ​စောင့်​တပ်​ကို​ကြီး​ကြပ်​အုပ်​ချုပ်​နေ​ရ​စဉ် လူ​တို့​တိုး​ကြိတ်​ထွက်​ဝင်​ရာ​တွင် သူ့​အား​နင်း မိ​ကြ​သ​ဖြင့်​သေ​လေ​၏။ ဧ​လိ​ရှဲ​အား​တွေ့​ဆုံ ရန်​မင်း​ကြီး​လာ​ရောက်​စဉ်​အ​ခါ​က ဧ​လိ​ရှဲ ကြို​တင်​ဟော​ကြား​ခဲ့​သည်​အ​တိုင်း​ဖြစ်​ပျက် လေ​သည်။-
17 Ora, o rei havia posto o oficial em cujo braço tinha se apoiado como encarregado da porta da cidade, mas quando o povo saiu, atropelou-o junto à porta, e ele morreu, conforme o homem de Deus havia predito quando o rei foi à sua casa.
18 ဧ​လိ​ရှဲ​က``နောက်​တစ်​နေ့​ဤ​အ​ချိန်​ရောက် လျှင် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင်​အ​ကောင်း​ဆုံး ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ်​မု​ယော​ဆန်​ပေါင် နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ်​နှင့်​ရောင်း​ချ ကြ​လိမ့်​မည်'' ဟု​မင်း​ကြီး​အား​လျှောက်​ထား သော​အ​ခါ၊-
18 Aconteceu conforme o homem de Deus dissera ao rei: "Amanhã, por volta desta hora, na porta de Samaria, tanto uma medida de farinha como duas medidas de cevada serão vendidas por uma peça de prata".
19 ထို​တပ်​မှူး​က``ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် မိုး​ကို​ချက်​ချင်း​ရွာ​စေ​ကာ​မူ​ဤ​သို့​ဖြစ်​နိုင် လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​ပြော​ကြား​ခဲ့​လေ​သည်။ ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက် သည်​ကို​တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း​စား​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ခဲ့​၏။-
19 O oficial tinha contestado o homem de Deus perguntando: "Ainda que o Senhor abrisse as comportas do céu, será que isso poderia acontecer? " O homem de Deus havia respondido: "Você verá com os próprios olhos, mas não comerá coisa alguma! "
20 ဧ​လိ​ရှဲ​ပြော​ကြား​ခဲ့​သည့်​အ​တိုင်း​ပင်​တပ် မှူး​သည် မြို့​တံ​ခါး​ဝ​တွင်​လူ​တို့​နင်း​မိ​ကြ သ​ဖြင့်​သေ​လေ​သ​တည်း။
20 E foi exatamente isso que lhe aconteceu, pois o povo o pisoteou junto à porta da cidade, e ele morreu.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.