2 Reis 3

Common Language Bible (MYA) vs BKJ

Sair da comparação
1 ယု​ဒ​ပြည်​ဘု​ရင်​ယော​ရှ​ဖတ်​၏​နန်း​စံ​တစ်​ဆယ့် ရှစ်​နှစ်​မြောက်​၌ အာ​ဟပ်​၏​သား​တော်​ယော​ရံ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​နှစ်​နှစ်​စိုး​စံ​ရ​၏။-
1 Ora, Jorão, o filho de Acabe, começou a reinar sobre Israel em Samaria, no décimo oitavo ano de Josafá, rei de Judá, e reinou por doze anos.
2 သူ​သည်​ဘု​ရား​သခင်​အား​ပြစ်​မှား​သော်​လည်း မိ​မိ ၏​ခ​မည်း​တော်​သို့​မ​ဟုတ်​မယ်​တော်​ယေ​ဇ​ဗေ​လ လောက်​မ​ဆိုး​ချေ။ သူ​သည်​ခ​မည်း​တော်​တည်​လုပ် ခဲ့​သော​ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ပယ်​ရှား လိုက်​လေ​သည်။-
2 E ele fez o que era mau à vista do SENHOR; mas não como o seu pai, e sua mãe; porque removeu a imagem de Baal, que o seu pai havia feito.
3 သို့​ရာ​တွင်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​နေ​ဗတ် ၏​သား​ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​စေ​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ပေး​လေ​သည်။ ထို​သို့​အ​ပြစ် ကူး​လွန်​မှု​ကို​အ​မြဲ​ပြု​၏။
3 Todavia ele se apegou aos pecados de Jeroboão, o filho de Nebate, o qual fez Israel pecar; disso não se afastou.
4 မော​ဘ​ဘု​ရင်​မေ​ရှာ​သည်​သိုး​များ​ကို​မွေး​မြူ​ကာ နှစ်​စဉ်​နှစ်​တိုင်း​ဣ​သ​ရေ​လ​ဘု​ရင်​အား​သိုး​ငယ် အ​ကောင်​တစ်​သိန်း​ကို​လည်း​ကောင်း၊ သိုး​ကြီး​အ ကောင်​တစ်​သိန်း​မှ​ရ​ရှိ​သော​သိုး​မွေး​ကို​လည်း ကောင်း အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​ဆက်​သ​လေ့​ရှိ​၏။-
4 E Mesa, rei de Moabe, era um negociante de ovelhas, e devolvia ao rei de Israel cem mil cordeiros, e cem mil carneiros, com a lã.
5 သို့​ရာ​တွင်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန် သွား​သော​အ​ခါ မေ​ရှာ​သည်​ဣ​သ​ရေ​လ​ပြည် ကို​ပုန်​ကန်​လေ​၏။-
5 Porém, sucedeu, quando Acabe estava morto, que o rei de Moabe se rebelou contra o rei de Israel.
6 ယော​ရံ​မင်း​သည်​ချက်​ချင်း​ပင်​ရှ​မာ​ရိ​မြို့​မှ ထွက်​၍ စစ်​သည်​တော်​တို့​ကို​စု​ရုံး​၏။-
6 E naquele dia o rei Jorão saiu de Samaria e passou em revista a todo Israel.
7 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​ထံ​သို့​သံ​တ​မန်​စေ လွှတ်​၍``မော​ဘ​မင်း​သည်​အ​ကျွန်ုပ်​ကို​ပုန်​ကန် လေ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​တိုက်​ခိုက်​ရန်​အ​ဆွေ တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ပါ မည်​လော'' ဟု​မေး​မြန်း​၏။
7 E ele foi e enviou a Josafá, o rei de Judá, dizendo: O rei de Moabe tem se rebelado contra mim; tu virás comigo contra Moabe para a batalha? E ele disse: Eu subirei. Eu sou como tu és, o meu povo como o teu povo, e os meus cavalos como os teus cavalos.
8 တိုက်​ခိုက်​ရန်​အ​ဘယ်​လမ်း​ဖြင့်​ချီတက်​ကြ​ပါ​မည် နည်း'' ဟု​မေး​၏။
8 E ele disse: Por qual caminho devemos subir? E ele respondeu: O caminho pelo meio do deserto de Edom.
9 သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်၊ ယု​ဒ​ဘု​ရင်​နှင့်​ဧဒုံ ဘု​ရင်​တို့​သည်​ထွက်​ခွာ​သွား​ကြ​ရာ ခု​နစ်​ရက်​မျှ ကြာ​သော​အ​ခါ​တပ်​သား​များ​အ​တွက်​သော် လည်း​ကောင်း၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​တွက်​သော် လည်း​ကောင်း​သောက်​သုံး​ရန်​ရေ​ကုန်​သွား​သ​ဖြင့်၊-
9 Partiram, pois, o rei de Israel, o rei de Judá e o rei de Edom; e eles promoveram um cerco de uma viagem de sete dias; e não houve água para o exército, e para o gado que os seguia.
10 ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။
10 E o rei de Israel disse: Ai! O SENHOR chamou estes três reis juntos para entregá-los na mão de Moabe!
11 ယော​ရှ​ဖတ်​မင်း​က``ထာ​ဝရ​ဘု​ရား​အား​မေး လျှောက်​ပေး​မည့်​ပ​ရော​ဖက်​တစ်​ပါး​မျှ ဤ​အ​ရပ် တွင်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
11 Mas Josafá disse: Não há aqui um profeta do SENHOR, para que por ele possamos consultar o SENHOR? E um dos servos do rei de Israel respondeu e disse: Aqui está Eliseu, o filho de Safate, o qual derramou água nas mãos de Elias.
12 ယော​ရှ​ဖတ်​မင်း​က``ထို​သူ​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​ပေ​သည်'' ဟု​ဆို​သ​ဖြင့်​မင်း​သုံး​ပါး တို့​သည်​ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ​၏။
12 E Josafá disse: A palavra do SENHOR está com ele. Assim, o rei de Israel, e Josafá, e o rei de Edom desceram até ele.
13 ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``အ​ဘယ် ကြောင့်​သင့်​အား ငါ​ကူ​ညီ​ရ​ပါ​မည်​နည်း။ သင် ၏​ခ​မည်း​တော်၊ မယ်​တော်​တို့​၏​အ​တိုင်​ပင်​ခံ ပ​ရော​ဖက်​များ​ထံ​သို့​သွား​၍​တိုင်​ပင်​ပါ​လော့'' ဟု​ဆို​၏။
13 E Eliseu disse ao rei de Israel: O que tenho eu contigo? Vai-te até os profetas do teu pai, e aos profetas da tua mãe. E o rei de Israel disse a ele: Não; porque o SENHOR chamou estes três reis juntos para entregá-los na mão de Moabe.
14 ဧ​လိ​ရှဲ​က``ငါ​ကိုး​ကွယ်​လျက်​နေ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း​အ​ကယ်​၍​ငါ​သည်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​၏​မျက်​နှာ​တော်​ကို​သာ​မ​ထောက် ခဲ့​သော်​သင့်​အား​လှည့်​၍​ပင်​ကြည့်​မည်​မ​ဟုတ် ပါ။-
14 E Eliseu disse: Vive o SENHOR dos Exércitos, diante de quem me ponho de pé, se não fosse por eu respeitar a presença de Josafá, o rei de Judá, eu nem olharia na tua direção, tampouco te veria.
15 ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။
15 Agora, porém, trazei-me um menestrel. E sucedeu, quando o menestrel tocou, que a mão do SENHOR veio sobre ele.
16 သို့​ဖြစ်​၍​ဧ​လိ​ရှဲ​က``ထာ​ဝ​ရ​ဘု​ရား​က`ခြောက် သွေ့​လျက်​ရှိ​သည့်​ဤ​ချောင်း​တွင်​မြောင်း​များ​ကို တူး​လော့။-
16 E ele disse: Assim diz o SENHOR: Fazei este vale cheio de fossos.
17 သင်​တို့​သည်​မိုး​နှင့်​လေ​ကို​မ​တွေ့​မ​မြင်​ရ​သော် လည်း ဤ​ချောင်း​သည်​ရေ​ပြည့်​လိမ့်​မည်။ သင်​တို့​နှင့် သင်​တို့​၏​သိုး​နွား​များ​ဝန်​တင်​တိ​ရစ္ဆာန်​များ အ​တွက် သောက်​သုံး​ရန်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ လိမ့်​မည်' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ပြီ'' ဟု ဆို​၏။-
17 Porque, assim diz o SENHOR: Vós não vereis vento, tampouco vereis chuva; mas aquele vale será cheio com água, para que possais beber, tanto vós, quanto o vosso gado e os vossos animais.
18 ထို့​နောက်​ဧ​လိ​ရှဲ​သည်​ဆက်​၍``ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​ရန်​လွယ်​ကူ​သော​အ​မှု ဖြစ်​၏။ ကိုယ်​တော်​သည်​မော​ဘ​ပြည်​သား​တို့ အား သင်​တို့​၏​လက်​သို့​အပ်​တော်​မူ​လိမ့်​မည်။-
18 E isto não passa de coisa leve à vista do SENHOR. Ele também entregará os moabitas na vossa mão.
19 သင်​တို့​သည်​ထို​သူ​တို့​၏​လှ​ပ​သည့်​ခံ​တပ်​မြို့ များ​ကို​သိမ်း​ယူ​၍ သစ်​သီး​ပင်​ရှိ​သ​မျှ​ကို​ခုတ် လှဲ​ပစ်​ကြ​လိမ့်​မည်။ သူ​တို့​၏​စမ်း​ရေ​တွင်း​ရှိ​သ​မျှ ကို​ပိတ်​ဆို့​ကာ မြေ​ကောင်း​မြေ​သန့်​ရှိ​သ​မျှ​တို့ ကို​ကျောက်​ခဲ​များ​နှင့်​ဖုံး​၍​ဖျက်​ဆီး​ကြ​လိမ့် မည်'' ဟု​ဆင့်​ဆို​၏။
19 E vós ferireis toda cidade fortificada, e toda cidade escolhida, e derrubareis toda árvore boa, e tampareis todos os poços de água, e contristareis todo bom lote de terra com pedras.
20 နောက်​တစ်​နေ့​နံ​နက်​ယဇ်​ပူ​ဇော်​နေ​ကျ​အ​ချိန်​၌ ရေ​သည်​ဧ​ဒုံ​ပြည်​ဘက်​မှ​စီး​ဆင်း​လာ​ပြီး​လျှင် မြေ​ပြင်​ကို​ဖုံး​လွှမ်း​လေ​၏။
20 E sucedeu, pela manhã, quando a oferta de carne era oferecida, eis que ali chegou água pelo caminho de Edom, e a terra foi cheia pela água.
21 ဘု​ရင်​သုံး​ပါး​တို့​စစ်​ချီ​လာ​ကြ​ကြောင်း​မော​ဘ ပြည်​သား​တို့​သိ​ရှိ​လာ​ကြ​သော​အ​ခါ သူ​တို့​သည် လက်​နက်​ကိုင်​ဆောင်​နိုင်​သူ​အ​ကြီး​ဆုံး​မှ​အ​ငယ် ဆုံး​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့​ကို​စု​ရုံး​စေ ၍ နယ်​စပ်​တွင်​နေ​ရာ​ယူ​စေ​ကြ​၏။-
21 E quando todos os moabitas ouviram que os reis haviam subido para lutar contra eles, reuniram todos que eram capazes de se revestir de armadura, e daí para cima, e se puseram de pé na fronteira.
22 နောက်​တစ်​နေ့​နံနက်​သူ​တို့​အိပ်​ယာ​မှ​နိုး​ထ​ချိန်​၌ နေ​သည်​ရေ​ပေါ်​တွင်​အ​ရောင်​ဟပ်​သ​ဖြင့် ရေ​ကို သွေး​ကဲ့​သို့​နီ​မြန်း​သော​အ​သွင်​ကို​ဆောင်​စေ​၏။-
22 E eles se levantaram cedo pela manhã, e o sol brilhou sobre a água, e os moabitas viram a água no outro lado tão vermelha quanto o sangue;
23 မော​ဘ​ပြည်​သား​တို့​က``သွေး​တွေ​ပါ​တ​ကား။ ရန်​သူ့ တပ်​မ​တော်​သုံး​ခု​သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​သတ် ဖြတ်​ကြ​လေ​ပြီ။ ငါ​တို့​သွား​၍​သူ​တို့​၏​တပ်​စ​ခန်း ကို​လု​ယက်​ကြ​ကုန်​အံ့'' ဟု​ကြွေး​ကြော်​ကြ​၏။
23 e eles disseram: Isto é sangue; os reis estão seguramente mortos, e mataram-se uns aos outros. Agora, portanto, Moabe: Ao despojo!
24 သို့​ရာ​တွင်​ထို​တပ်​စ​ခန်း​သို့​သူ​တို့​ရောက်​ရှိ​လာ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က သူ​တို့​အား​တိုက်​ခိုက်​နှင်​ထုတ်​ကြ​လေ​သည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​ပြည် သား​တို့​အား ဆက်​လက်​လိုက်​လံ​သတ်​ဖြတ်​ပြီး လျှင်​သူ​တို့​၏​မြို့​များ​ကို​ဖျက်​ဆီး​ကြ​၏။-
24 E, quando eles chegaram ao acampamento de Israel, os israelitas se levantaram e feriram os moabitas, de modo que fugiram de diante deles; mas eles seguiram adiante ferindo os moabitas, na sua própria terra.
25 မြေ​ကောင်း​မြေ​သန့်​ကို​တွေ့​ရှိ​သည့်​အ​ခါ​တိုင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ ကျောက်​ခဲ​တစ်​လုံး​စီ​ပစ်​ချ​ကြ​သ​ဖြင့် နောက်​ဆုံး ၌​ထို​မြေ​တို့​ကို​ကျောက်​ခဲ​များ​ဖြင့်​ဖုံး​အုပ်​စေ ကြ​၏။ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို​လည်း​ပိတ်​ဆို့​၍ သစ်​သီး​ပင်​များ​ကို​လည်း​ခုတ်​လှဲ​ကြ​၏။ နောက် ဆုံး​၌​ကိ​ရ​ဟ​ရက်​မြို့​တော်​သာ​လျှင်​ကျန်​တော့ သ​ဖြင့် လောက်​လွှဲ​တပ်​သား​တို့​သည်​ထို​မြို့​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​၏။
25 E eles arrasaram as cidades, e em todo lote bom de terra cada homem lançou a sua pedra, e o encheu; e eles tamparam todos os poços de água, e derrubaram todas as árvores boas; somente em Quir-Haresete eles deixaram as suas pedras; todavia os fundeiros a cercaram e a feriram.
26 မော​ဘ​ဘု​ရင်​သည်​မိ​မိ​ရှုံး​နိမ့်​လျက်​ရှိ​ကြောင်း ကို​သိ​သော​အ​ခါ ဋ္ဌား​ကိုင်​စစ်​သူ​ရဲ​ခု​နစ်​ရာ​ကို ခေါ်​၍​ရန်​သူ​၏​တပ်​ကို​ထိုး​ဖောက်​ပြီး​လျှင် ရှု​ရိ ဘု​ရင်​ထံ​သို့​ထွက်​ပြေး​ရန်​အား​ထုတ်​လေ​သည်။ သို့​ရာ​တွင်​မ​အောင်​မြင်​ချေ။-
26 E quando o rei de Moabe viu que a batalha era demasiadamente intensa para ele, levou consigo setecentos homens que empunhavam espadas, para abrir caminho até o rei de Edom, mas eles não conseguiram.
27 ထို့​ကြောင့်​သူ​သည်​မိ​မိ​၏​အ​ရိုက်​အ​ရာ​ဆက်​ခံ မည့်​သား​ဦး​ကို​မြို့​ရိုး​ပေါ်​တွင် မော​ဘ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လေ​၏။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ကြောက်​လန့်​၍ မော​ဘ​အ​မျိုး​သား တို့​၏​ဘု​ရား​တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက် သော​ကြောင့်​လည်း​ကောင်း၊ သို့​မ​ဟုတ်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက်​ကြ​သ​ဖြင့် လည်း​ကောင်း ထို​မြို့​မှ​ဆုတ်​ခွာ​၍​မိ​မိ​တို့​ပြည် သို့​ပြန်​ကြ​ကုန်​၏။
27 Então, ele tomou o seu filho mais velho, que reinaria no seu lugar, e o ofereceu como oferta queimada sobre o muro. E houve uma grande indignação contra Israel; e eles se afastaram dele, e retornaram para a sua própria terra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.