2 Reis 3
Common Language Bible (MYA) vs ARIB
1 ယုဒပြည်ဘုရင်ယောရှဖတ်၏နန်းစံတစ်ဆယ့် ရှစ်နှစ်မြောက်၌ အာဟပ်၏သားတော်ယောရံသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်နှစ်နှစ်စိုးစံရ၏။-
1 Ora, Jorão, filho de Acabe, começou a reinar sobre Israel, em Samária, no décimo oitavo ano de Jeosafá, rei de Judá, e reinou doze anos.
2 သူသည်ဘုရားသခင်အားပြစ်မှားသော်လည်း မိမိ ၏ခမည်းတော်သို့မဟုတ်မယ်တော်ယေဇဗေလ လောက်မဆိုးချေ။ သူသည်ခမည်းတော်တည်လုပ် ခဲ့သောဗာလဘုရားကျောက်တိုင်ကိုပယ်ရှား လိုက်လေသည်။-
2 Fez o que era mau aos olhos do Senhor, porém não como seu pai, nem como sua mãe; pois tirou a coluna de Baal que seu pai fizera.
3 သို့ရာတွင်မိမိအလျင်အုပ်စိုးခဲ့သည့်နေဗတ် ၏သားယေရောဗောင်မင်းကဲ့သို့ပင် ဣသရေလ အမျိုးသားတို့အားအပြစ်ကူးစေရန်ရှေ့ ဆောင်လမ်းပြပေးလေသည်။ ထိုသို့အပြစ် ကူးလွန်မှုကိုအမြဲပြု၏။
3 Contudo aderiu aos pecados de Jeroboão, filho de Nebate, com que este fizera Israel pecar, e deles não se apartou.
4 မောဘဘုရင်မေရှာသည်သိုးများကိုမွေးမြူကာ နှစ်စဉ်နှစ်တိုင်းဣသရေလဘုရင်အားသိုးငယ် အကောင်တစ်သိန်းကိုလည်းကောင်း၊ သိုးကြီးအ ကောင်တစ်သိန်းမှရရှိသောသိုးမွေးကိုလည်း ကောင်း အခွန်ဘဏ္ဍာအဖြစ်ဆက်သလေ့ရှိ၏။-
4 Ora, Messa, rei dos moabitas, era criador de ovelhas, e pagava de tributo ao rei de Israel cem mil cordeiros, e cem mil carneiros com a sua lã.
5 သို့ရာတွင်ဣသရေလဘုရင်အာဟပ်ကွယ်လွန် သွားသောအခါ မေရှာသည်ဣသရေလပြည် ကိုပုန်ကန်လေ၏။-
5 Sucedeu, porém, que, morrendo Acabe, o rei dos moabitas se rebelou contra o rei de Israel.
6 ယောရံမင်းသည်ချက်ချင်းပင်ရှမာရိမြို့မှ ထွက်၍ စစ်သည်တော်တို့ကိုစုရုံး၏။-
6 Por isso, nesse mesmo tempo Jorão saiu de Samária e fez revista de todo o Israel.
7 ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။
7 E, pondo-se em marcha, mandou dizer a Jeosafá, rei de Judá: O rei dos moabitas rebelou-se contra mim; irás tu comigo a guerra contra os moabitas? Respondeu ele: Irei; como tu és sou eu, o meu povo como o teu povo, e os meus cavalos como os teus cavalos.
8 တိုက်ခိုက်ရန်အဘယ်လမ်းဖြင့်ချီတက်ကြပါမည် နည်း'' ဟုမေး၏။
8 E perguntou: Por que caminho subiremos? Respondeu-lhe Jorão: Pelo caminho do deserto de Edom.
9 သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊-
9 Partiram, pois, o rei de Israel, o rei de Judá e o rei de Edom; e andaram rodeando durante sete dias; e não havia água para o exército nem para o gado que os seguia.
10 ယောရံမင်းက``ငါတို့အခက်ကြုံပြီ။ ထာဝရ ဘုရားသည် ငါတို့မင်းသုံးပါးကိုမောဘဘုရင် ၏လက်သို့အပ်တော်မူလေပြီတကား'' ဟုဆို၏။
10 Disse então o rei de Israel: Ah! o Senhor chamou estes três reis para entregá-los nas mãos dos moabitas.
11 ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။
11 Perguntou, porém, Jeosafá: Não há aqui algum profeta do Senhor por quem consultemos ao Senhor? Então respondeu um dos servos do rei de Israel, e disse: Aqui está Eliseu, filho de Safate, que deitava água sobre as mãos de Elias.
12 ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
12 Disse Jeosafá: A palavra do Senhor está com ele. Então o rei de Israel, e Jeosafá, e o rei de Edom desceram a ter com ele.
13 ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။
13 Eliseu disse ao rei de Israel: Que tenho eu contigo? Vai ter com os profetas de teu pai, e com os profetas de tua mãe. O rei de Israel, porém, lhe disse: Não; porque o Senhor chamou estes três reis para entregá-los nas mãos dos moabitas.
14 ဧလိရှဲက``ငါကိုးကွယ်လျက်နေသောအနန္တ တန်ခိုးရှင်ထာဝရဘုရား အသက်ရှင်တော်မူ သည့်အတိုင်းအကယ်၍ငါသည်ယုဒဘုရင် ယောရှဖတ်၏မျက်နှာတော်ကိုသာမထောက် ခဲ့သော်သင့်အားလှည့်၍ပင်ကြည့်မည်မဟုတ် ပါ။-
14 Respondeu Eliseu: Vive o Senhor dos exércitos, em cuja presença estou, que se eu não respeitasse a presença de Jeosafá, rei de Judá, não te contemplaria, nem te veria.
15 ယခုငါ့ထံသို့စောင်းသမားတစ်ဦးကို ခေါ်ခဲ့ပါလော့'' ဟုဆို၏။
15 Agora, contudo, trazei-me um harpista. E sucedeu que, enquanto o harpista tocava, veio a mão do Senhor sobre Eliseu.
16 သို့ဖြစ်၍ဧလိရှဲက``ထာဝရဘုရားက`ခြောက် သွေ့လျက်ရှိသည့်ဤချောင်းတွင်မြောင်းများကို တူးလော့။-
16 E ele disse: Assim diz o Senhor: Fazei neste vale muitos poços.
17 သင်တို့သည်မိုးနှင့်လေကိုမတွေ့မမြင်ရသော် လည်း ဤချောင်းသည်ရေပြည့်လိမ့်မည်။ သင်တို့နှင့် သင်တို့၏သိုးနွားများဝန်တင်တိရစ္ဆာန်များ အတွက် သောက်သုံးရန်ရေအလုံအလောက်ရရှိ လိမ့်မည်' ဟုဘုရားသခင်မိန့်တော်မူပြီ'' ဟု ဆို၏။-
17 Porque assim diz o Senhor: Não vereis vento, nem vereis chuva; contudo este vale se encherá de água, e bebereis vós, os vossos servos e os vossos animais.
18 ထို့နောက်ဧလိရှဲသည်ဆက်၍``ဤအမှုသည် ထာဝရဘုရားပြုရန်လွယ်ကူသောအမှု ဖြစ်၏။ ကိုယ်တော်သည်မောဘပြည်သားတို့ အား သင်တို့၏လက်သို့အပ်တော်မူလိမ့်မည်။-
18 E ainda isso é pouco aos olhos do Senhor; também entregará ele os moabitas nas vossas mãos,
19 သင်တို့သည်ထိုသူတို့၏လှပသည့်ခံတပ်မြို့ များကိုသိမ်းယူ၍ သစ်သီးပင်ရှိသမျှကိုခုတ် လှဲပစ်ကြလိမ့်မည်။ သူတို့၏စမ်းရေတွင်းရှိသမျှ ကိုပိတ်ဆို့ကာ မြေကောင်းမြေသန့်ရှိသမျှတို့ ကိုကျောက်ခဲများနှင့်ဖုံး၍ဖျက်ဆီးကြလိမ့် မည်'' ဟုဆင့်ဆို၏။
19 e ferireis todas as cidades fortes e todas as cidades escolhidas, cortareis todas as boas árvores, tapareis todas as fontes d'água, e cobrireis de pedras todos os bons campos.
20 နောက်တစ်နေ့နံနက်ယဇ်ပူဇော်နေကျအချိန်၌ ရေသည်ဧဒုံပြည်ဘက်မှစီးဆင်းလာပြီးလျှင် မြေပြင်ကိုဖုံးလွှမ်းလေ၏။
20 E sucedeu que, pela manhã, à hora de se oferecer o sacrifício, eis que vinham as águas pelo caminho de Edom, e a terra se encheu d'água:
21 ဘုရင်သုံးပါးတို့စစ်ချီလာကြကြောင်းမောဘ ပြည်သားတို့သိရှိလာကြသောအခါ သူတို့သည် လက်နက်ကိုင်ဆောင်နိုင်သူအကြီးဆုံးမှအငယ် ဆုံးတိုင်အောင် ရှိသမျှသောလူတို့ကိုစုရုံးစေ ၍ နယ်စပ်တွင်နေရာယူစေကြ၏။-
21 Ouvindo, pois, todos os moabitas que os reis tinham subido para pelejarem contra eles, convocaram-se todos os que estavam em idade de pegar armas, e daí para cima, e puseram-se às fronteiras.
22 နောက်တစ်နေ့နံနက်သူတို့အိပ်ယာမှနိုးထချိန်၌ နေသည်ရေပေါ်တွင်အရောင်ဟပ်သဖြင့် ရေကို သွေးကဲ့သို့နီမြန်းသောအသွင်ကိုဆောင်စေ၏။-
22 Levantaram-se os moabitas de madrugada e, resplandecendo o sol sobre as águas, viram diante de si as águas vermelhas como sangue;
23 မောဘပြည်သားတို့က``သွေးတွေပါတကား။ ရန်သူ့ တပ်မတော်သုံးခုသည်အချင်းချင်းတိုက်ခိုက်သတ် ဖြတ်ကြလေပြီ။ ငါတို့သွား၍သူတို့၏တပ်စခန်း ကိုလုယက်ကြကုန်အံ့'' ဟုကြွေးကြော်ကြ၏။
23 e disseram: Isto é sangue; certamente os reis pelejaram entre si e se mataram um ao outro! Agora, pois, à presa, moabitas!
24 သို့ရာတွင်ထိုတပ်စခန်းသို့သူတို့ရောက်ရှိလာ ကြသောအခါ ဣသရေလအမျိုးသားတို့က သူတို့အားတိုက်ခိုက်နှင်ထုတ်ကြလေသည်။ ဣသရေလအမျိုးသားတို့သည်မောဘပြည် သားတို့အား ဆက်လက်လိုက်လံသတ်ဖြတ်ပြီး လျှင်သူတို့၏မြို့များကိုဖျက်ဆီးကြ၏။-
24 Quando, porém, chegaram ao arraial de Israel, os israelitas se levantaram, e bateram os moabitas, os quais fugiram diante deles; e ainda entraram na terra, ferindo ali também os moabitas.
25 မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
25 E arrasaram as cidades; e cada um deles lançou pedras em todos os bons campos, entulhando-os; taparam todas as fontes d'água, e cortaram todas as boas árvores; somente a Quir-Haresete deixaram ficar as pedras; contudo os fundeiros a cercaram e a feriram.
26 မောဘဘုရင်သည်မိမိရှုံးနိမ့်လျက်ရှိကြောင်း ကိုသိသောအခါ ဋ္ဌားကိုင်စစ်သူရဲခုနစ်ရာကို ခေါ်၍ရန်သူ၏တပ်ကိုထိုးဖောက်ပြီးလျှင် ရှုရိ ဘုရင်ထံသို့ထွက်ပြေးရန်အားထုတ်လေသည်။ သို့ရာတွင်မအောင်မြင်ချေ။-
26 Vendo o rei dos moabitas que a peleja prevalecia contra ele, tomou consigo setecentos homens que arrancavam da espada, para romperem contra o rei de Edom; porém não puderam.
27 ထို့ကြောင့်သူသည်မိမိ၏အရိုက်အရာဆက်ခံ မည့်သားဦးကိုမြို့ရိုးပေါ်တွင် မောဘဘုရားအား ယဇ်ပူဇော်လေ၏။ ထိုအခါဣသရေလအမျိုး သားတို့သည်ကြောက်လန့်၍ မောဘအမျိုးသား တို့၏ဘုရားတစ်ခုခုပြုလုပ်မည်ကိုကြောက် သောကြောင့်လည်းကောင်း၊ သို့မဟုတ်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား တစ်ခုခုပြုလုပ်မည်ကိုကြောက်ကြသဖြင့် လည်းကောင်း ထိုမြို့မှဆုတ်ခွာ၍မိမိတို့ပြည် သို့ပြန်ကြကုန်၏။
27 Então tomou a seu filho primogênito, que havia de reinar em seu lugar, e o ofereceu em holocausto sobre o muro, pelo que houve grande indignação em Israel; por isso retiraram-se dele, e voltaram para a sua terra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.