2 Reis 2
Common Language Bible (MYA) vs NAA
1 ဧလိယအားလေပွေဖြင့် ကောင်းကင်ဘုံသို့ ထာဝရဘုရားဆောင်ယူတော်မူရန်အချိန် ကျရောက်လာ၏။ ဧလိယနှင့်ဧလိရှဲသည် ဂိလဂါလမြို့မှထွက်ခွာလာကြရာ၊-
1 Quando o Senhor estava para tomar Elias ao céu num redemoinho, Elias saiu de Gilgal em companhia de Eliseu.
2 လမ်းတွင်ဧလိယက``ဤတွင်နေရစ်ပါလော့။ ငါ့အားထာဝရဘုရားသည် ဗေသလမြို့ သို့စေလွှတ်တော်မူသည်'' ဟုဧလိရှဲအား ပြော၏။
2 E Elias disse a Eliseu: — Fique aqui, porque o Mas Eliseu disse: — Tão certo como vive o E, assim, foram até Betel.
3 ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ကိုယ်တော်၏သခင် ကိုကိုယ်တော့်ထံမှ ယနေ့ထာဝရဘုရားရုပ် သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟုမေး ကြ၏။
3 Os discípulos dos profetas que estavam em Betel saíram ao encontro de Eliseu e lhe perguntaram: — Você sabia que hoje o Ele respondeu: — Sim, também eu já sei. Mas não digam nada.
4 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤအရပ် တွင်နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယေရိခေါမြို့သို့စေလွှတ်တော်မူသည်'' ဟုဆို၏။
4 Então Elias disse a Eliseu: — Fique aqui, porque o Mas Eliseu disse: — Tão certo como vive o E, assim, foram a Jericó.
5 ထိုမြို့တွင်နေထိုင်ကြသည့်ပရောဖက်တစ်စု သည် ဧလိရှဲထံသို့လာ၍``ထာဝရဘုရားသည် ကိုယ်တော်၏သခင်ကိုကိုယ်တော်ထံမှ ယနေ့ ရုပ်သိမ်းတော်မူမည်ကိုသိပါ၏လော'' ဟု မေးကြ၏။
5 Então os discípulos dos profetas que estavam em Jericó se aproximaram de Eliseu e lhe perguntaram: — Você sabia que hoje o Ele respondeu: — Sim, também eu já sei. Mas não digam nada.
6 ထိုနောက်ဧလိယသည်ဧလိရှဲအား``ဤတွင် နေရစ်ပါလော့။ ထာဝရဘုရားသည်ငါ့အား ယော်ဒန်မြစ်သို့စေလွှတ်တော်မူသည်'' ဟု ဆို၏။
6 Mais uma vez Elias disse a Eliseu: — Fique aqui, porque o Mas Eliseu disse: — Tão certo como vive o E, assim, os dois foram juntos.
7 ပရောဖက်ငါးကျိပ်တို့သည်ယော်ဒန်မြစ်အထိ လိုက်သွားကြ၏။ ဧလိယနှင့်ဧလိရှဲတို့သည် မြစ်အနီးတွင်ရပ်တန့်ကြသောအခါ ပရော ဖက်ငါးကျိပ်တို့သည်မလှမ်းမကမ်းတွင်ရပ် လျက်နေကြ၏။-
7 Cinquenta homens dos discípulos dos profetas foram e ficaram a certa distância, quando ambos pararam junto ao Jordão.
8 ထိုနောက်ဧလိယသည်မိမိ၏ဝတ်လုံကိုချွတ် ၍လိပ်ပြီးလျှင် ရေကိုရိုက်လေ၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲ၍သွားသဖြင့် သူတို့နှစ်ဦး သည်ခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ မြစ်တစ်ဘက်သို့ကူးကြ၏။-
8 Então Elias pegou o seu manto, enrolou-o e bateu com ele nas águas, as quais se dividiram para os dois lados; e ambos passaram em seco.
9 ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။
9 Quando eles tinham passado o Jordão, Elias disse a Eliseu: — Diga o que você quer que eu faça por você, antes que eu seja levado embora. Eliseu disse: — Quero receber por herança porção dobrada do seu espírito.
10 ဧလိယက``သင်တောင်းသောဆုကိုပေးရန် မလွယ်ကူပါ။ သို့ရာတွင်သင်သည်ငါ့အားဆောင် ယူသွားသည်ကိုတွေ့မြင်ရပါလျှင် သင်တောင်း သောဆုကိုရလိမ့်မည်။ အကယ်၍သင်မတွေ့ မမြင်ရပါမူထိုဆုကိုရမည်မဟုတ်'' ဟု ဆို၏။
10 Elias respondeu: — Você fez um pedido difícil. Mas, se você me vir quando eu for levado embora, será como você pede; porém, se você não me vir, não será assim.
11 သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
11 Enquanto iam caminhando e falando, eis que um carro de fogo, com cavalos de fogo, os separou um do outro, e Elias subiu ao céu num redemoinho.
12 ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။
12 Ao ver isso, Eliseu gritou: — Meu pai, meu pai! Carros de Israel e seus cavaleiros! E nunca mais ele viu Elias. E, pegando a sua própria roupa, rasgou-a em duas partes.
13 ထိုနောက်သူသည်ဧလိယထံမှကျခဲ့သည့် ဝတ်လုံကိုကောက်ယူပြီးလျှင် ယော်ဒန်မြစ် သို့ပြန်လာ၏။-
13 Então levantou o manto de Elias, que havia caído, e voltou para a margem do Jordão.
14 သူသည်မြစ်ကမ်းပေါ်တွင်ရပ်လျက်ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်၏။ သို့ရာတွင်ရေ သည်ကွဲ၍မသွားချေ။ ဧလိရှဲသည်``ဧလိယ ၏ဘုရားတည်းဟူသောထာဝရဘုရားသခင်ကားအဘယ်မှာနည်း'' ဟုဟစ်အော်ပြီး လျှင် ရေကိုတစ်ဖန်ရိုက်ပြန်၏။ ထိုအခါရေ သည်နှစ်ခြမ်းကွဲသဖြင့် သူသည်မြစ်တစ်ဘက် ကမ်းသို့လျှောက်၍သွားလေသည်။-
14 Pegou o manto de Elias, que havia caído, bateu com ele nas águas e disse: — Onde está o Quando ele bateu nas águas, elas se dividiram para os dois lados, e Eliseu passou.
15 ယေရိခေါမြို့မှပရောဖက်ငါးကျိပ်တို့သည် ဧလိရှဲကိုမြင်သဖြင့်``ဧလိယ၏တန်ခိုးကို ဧလိရှဲခံယူရရှိလေပြီ'' ဟုဆိုကြ၏။ သူ တို့သည်ဧလိရှဲအားလာရောက်ကြိုဆိုကာ သူ၏ရှေ့တွင်ဦးညွှတ်ကြပြီးနောက်၊-
15 Os discípulos dos profetas que estavam defronte, em Jericó, viram isso e disseram: — O espírito de Elias repousa sobre Eliseu. Foram ao encontro de Eliseu e se prostraram diante dele em terra.
16 ``ဤအရပ်တွင်အကျွန်ုပ်တို့လူငါးကျိပ်ရှိ ပါ၏။ အကျွန်ုပ်တို့အားလုံးပင်သန်မာသူ များဖြစ်ပါသည်။ အကျွန်ုပ်တို့အား အရှင် ၏သခင်ကိုသွားရောက်ရှာဖွေခွင့်ပြုတော်မူ ပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ကို ဆောင်ယူပြီးလျှင် တောင်ပေါ်ဖြစ်စေ၊ ချိုင့်ထဲ သို့ဖြစ်စေတစ်နေရာရာတွင်ချထားကောင်း ချထားခဲ့ပါလိမ့်မည်'' ဟုပြောကြ၏။
16 E disseram a Eliseu: — Eis que entre os seus servos há cinquenta homens valentes. Deixe-os ir em procura do seu mestre. Pode ser que o Espírito do Porém ele respondeu: — Não! Não mandem ninguém.
17 သို့ရာတွင်သူတို့သည်အကြိမ်ကြိမ်တောင်းပန် ကြသဖြင့် ဧလိရှဲသည်သူတို့အားခွင့်ပြုလိုက် လေသည်။ ထိုသူငါးကျိပ်တို့သည်သုံးရက်တိုင် တိုင် တစ်တောင်တက်ဆင်းရှာဖွေကြသော်လည်း ဧလိယကိုမတွေ့ကြ။-
17 Mas eles insistiram com ele, até que, constrangido, lhes disse: — Podem enviar os homens. E enviaram cinquenta homens, que o procuraram durante três dias, porém não o acharam.
18 ထိုအခါသူတို့သည်ယေရိခေါမြို့တွင် စောင့်လျက် နေသည့်ဧလိရှဲ၏ထံသို့ပြန်လာကြ၏။ ထိုအခါ ဧလိရှဲက``သင်တို့အားမသွားကြရန်ငါပြော သည်မဟုတ်လော'' ဟုဆိုလေ၏။
18 Então voltaram para junto de Eliseu, que tinha ficado em Jericó. E ele lhes disse: — Eu não disse que vocês não deveriam ir?
19 ယေရိခေါမြို့သားအချို့တို့သည် ဧလိရှဲထံ သွား၍``အရှင်၊ အရှင်သိတော်မူသည့်အတိုင်း ဤမြို့သည်သာယာသောမြို့ပင်ဖြစ်သော်လည်း ရေမကောင်းသဖြင့်နေထိုင်သူတို့သားပျက် တတ်ပါသည်'' ဟုလျှောက်ကြ၏။
19 Os homens da cidade disseram a Eliseu: — Eis que esta cidade é bem-situada, como o senhor pode ver, porém a água não é boa, e a terra é estéril.
20 ဧလိရှဲက``အိုးသစ်တွင်ဆားအနည်းငယ်ထည့် ၍ယူခဲ့ကြလော့'' ဟုဆိုသည့်အတိုင်းယူခဲ့ကြ သောအခါ၊-
20 Ele disse: — Tragam-me um prato novo e ponham nele sal. E eles trouxeram.
21 သူသည်စမ်းရေတွင်းသို့သွား၍ဆားကိုရေတွင် ခတ်ပြီးလျှင်``ထာဝရဘုရားက`ငါသည်ဤရေ ကိုသန့်စင်စေပြီ။ နောက်တစ်ဖန်သေဘေး၊ သား ပျက်ဘေးမဖြစ်ပွားစေရ' ဟုမိန့်တော်မူပြီ'' ဟူ၍ပြော၏။
21 Então Eliseu foi até a fonte e jogou o sal na água. E disse: — Assim diz o
22 ဧလိရှဲပြောသည့်အတိုင်းပင်ထိုအချိန်မှအစ ပြု၍ ယနေ့တိုင်အောင်ထိုရေသည်သန့်စင်လျက်ရှိ သတည်း။
22 E aquela água ficou saudável, até o dia de hoje, segundo a palavra que Eliseu tinha dito.
23 ဧလိရှဲသည်ဗေသလမြို့သို့သွားရန် ယေရိခေါ မြို့မှထွက်ခွာခဲ့၏။ လမ်းတွင်မြို့တစ်မြို့မှသူ ငယ်အချို့တို့သည်ထွက်လာပြီးလျှင် သူ့အား ပြောင်လှောင်ကြ၏။ သူတို့က``ဦးပြည်း၊ ခေါင်းတုံး ကြီး၊ ဤအရပ်မှထွက်သွားလော့'' ဟုအော်ဟစ် ကြ၏။
23 Então Eliseu partiu dali para ir a Betel. Estando ele a caminho, uns rapazinhos saíram da cidade, e zombavam dele, dizendo: — Suba, seu careca! Suba, seu careca!
24 ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။
24 Eliseu se virou para trás, viu os rapazinhos e os amaldiçoou em nome do Senhor . Então duas ursas saíram do bosque e despedaçaram quarenta e dois deles.
25 ဧလိရှဲသည်ကရမေလတောင်သို့သွားပြီး နောက် ရှမာရိမြို့သို့ပြန်လာလေသည်။
25 Dali Eliseu foi para o monte Carmelo, de onde voltou para Samaria.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.