2 Reis 2

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ဧ​လိ​ယ​အား​လေ​ပွေ​ဖြင့် ကောင်း​ကင်​ဘုံ​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​ယူ​တော်​မူ​ရန်​အ​ချိန် ကျ​ရောက်​လာ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ၊-
1 Sucedeu que, quando o SENHOR estava para elevar a Elias num redemoinho ao céu, Elias partiu de Gilgal com Eliseu.
2 လမ်း​တွင်​ဧ​လိ​ယ​က``ဤ​တွင်​နေ​ရစ်​ပါ​လော့။ ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ဗေ​သ​လ​မြို့ သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဧ​လိ​ရှဲ​အား ပြော​၏။
2 E disse Elias a Eliseu: Fica-te aqui, porque o Senhor me enviou a Betel. Porém Eliseu disse: Vive o Senhor, e vive a tua alma, que não te deixarei. E assim foram a Betel.
3 ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ကိုယ်​တော်​၏​သ​ခင် ကို​ကိုယ်​တော့်​ထံ​မှ ယ​နေ့​ထာ​ဝရ​ဘု​ရား​ရုပ် သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု​မေး ကြ​၏။
3 Então os filhos dos profetas que estavam em Betel saíram ao encontro de Eliseu, e lhe disseram: Sabes que o SENHOR hoje tomará o teu senhor por sobre a tua cabeça? E ele disse: Também eu bem o sei; calai-vos.
4 ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​အ​ရပ် တွင်​နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယေ​ရိ​ခေါ​မြို့​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဆို​၏။
4 E Elias lhe disse: Eliseu, fica-te aqui, porque o Senhor me enviou a Jericó. Porém ele disse: Vive o Senhor, e vive a tua alma, que não te deixarei. E assim foram a Jericó.
5 ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ထာ​ဝရ​ဘု​ရား​သည် ကိုယ်​တော်​၏​သ​ခင်​ကို​ကိုယ်​တော်​ထံ​မှ ယ​နေ့ ရုပ်​သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု မေး​ကြ​၏။
5 Então os filhos dos profetas que estavam em Jericó se chegaram a Eliseu, e lhe disseram: Sabes que o SENHOR hoje tomará o teu senhor por sobre a tua cabeça? E ele disse: Também eu bem o sei; calai-vos.
6 ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​တွင် နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယော်​ဒန်​မြစ်​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု ဆို​၏။
6 E Elias disse: Fica-te aqui, porque o Senhor me enviou ao Jordão. Mas ele disse: Vive o Senhor, e vive a tua alma, que não te deixarei. E assim ambos foram juntos.
7 ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ထိ လိုက်​သွား​ကြ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​တို့​သည် မြစ်​အ​နီး​တွင်​ရပ်​တန့်​ကြ​သော​အ​ခါ ပ​ရော ဖက်​ငါး​ကျိပ်​တို့​သည်​မ​လှမ်း​မ​ကမ်း​တွင်​ရပ် လျက်​နေ​ကြ​၏။-
7 E foram cinqüenta homens dos filhos dos profetas, e pararam defronte deles, de longe: e assim ambos pararam junto ao Jordão.
8 ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။-
8 Então Elias tomou a sua capa e a dobrou, e feriu as águas, as quais se dividiram para os dois lados; e passaram ambos em seco.
9 ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ​ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​အား``သင်​နှင့်​မ​ခွဲ​မ​ခွာ​ရ​မီ​ငါ့​ထံ ဆု​တစ်​ခု​ကို​တောင်း​လော့'' ဟု​ပြော​၏။
9 Sucedeu que, havendo eles passado, Elias disse a Eliseu: Pede-me o que queres que te faça, antes que seja tomado de ti. E disse Eliseu: Peço-te que haja porção dobrada de teu espírito sobre mim.
10 ဧ​လိ​ယ​က``သင်​တောင်း​သော​ဆု​ကို​ပေး​ရန် မလွယ်​ကူ​ပါ။ သို့​ရာ​တွင်​သင်​သည်​ငါ့​အား​ဆောင် ယူ​သွား​သည်​ကို​တွေ့​မြင်​ရ​ပါ​လျှင် သင်​တောင်း သော​ဆု​ကို​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​မ​တွေ့ မ​မြင်​ရ​ပါ​မူ​ထို​ဆု​ကို​ရ​မည်​မ​ဟုတ်'' ဟု ဆို​၏။
10 E disse: Coisa difícil pediste; se me vires quando for tomado de ti, assim se te fará, porém, se não, não se fará.
11 သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-
11 E sucedeu que, indo eles andando e falando, eis que um carro de fogo, com cavalos de fogo, os separou um do outro; e Elias subiu ao céu num redemoinho.
12 ဧ​လိ​ရှဲ​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​ဖြင့် ဧ​လိ​ယ​အား``အို အ​ကျွန်ုပ်​၏​အ​ဖ၊ အို အ​ကျွန်ုပ် ၏​အ​ဖ၊ တန်​ခိုး​ကြီး​မား​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​သော​အ​ရှင်၊ ကိုယ် တော်​သည်​ထွက်​ခွာ​သွား​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ဟစ်​အော်​၍​ပြော​၏။ ထို​နောက်​သူ​သည်​ဧ​လိ​ယ ကို​တစ်​ဖန်​ပြန်​၍​မ​တွေ့​မ​မြင်​ရ​တော့​ချေ။
12 O que vendo Eliseu, clamou: Meu pai, meu pai, carros de Israel, e seus cavaleiros! E nunca mais o viu; e, pegando as suas vestes, rasgou-as em duas partes.
13 ထို​နောက်​သူ​သည်​ဧ​လိ​ယ​ထံ​မှ​ကျ​ခဲ့​သည့် ဝတ်​လုံ​ကို​ကောက်​ယူ​ပြီး​လျှင် ယော်​ဒန်​မြစ် သို့​ပြန်​လာ​၏။-
13 Também levantou a capa de Elias, que dele caíra; e, voltando-se, parou à margem do Jordão.
14 သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-
14 E tomou a capa de Elias, que dele caíra, e feriu as águas, e disse: Onde está o Senhor Deus de Elias? Quando feriu as águas elas se dividiram de um ao outro lado; e Eliseu passou.
15 ယေ​ရိ​ခေါ​မြို့​မှ​ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​သ​ဖြင့်``ဧ​လိ​ယ​၏​တန်​ခိုး​ကို ဧ​လိ​ရှဲ​ခံ​ယူ​ရ​ရှိ​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သူ တို့​သည်​ဧ​လိ​ရှဲ​အား​လာ​ရောက်​ကြို​ဆို​ကာ သူ​၏​ရှေ့​တွင်​ဦး​ညွှတ်​ကြ​ပြီး​နောက်၊-
15 Vendo-o, pois, os filhos dos profetas que estavam defronte em Jericó, disseram: O espírito de Elias repousa sobre Eliseu. E vieram-lhe ao encontro, e se prostraram diante dele em terra.
16 ``ဤ​အ​ရပ်​တွင်​အကျွန်ုပ်​တို့​လူ​ငါး​ကျိပ်​ရှိ ပါ​၏။ အ​ကျွန်ုပ်​တို့​အား​လုံး​ပင်​သန်​မာ​သူ များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​အား အ​ရှင် ၏​သ​ခင်​ကို​သွား​ရောက်​ရှာ​ဖွေ​ခွင့်​ပြု​တော်​မူ ပါ။ ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့​ကို ဆောင်​ယူ​ပြီး​လျှင် တောင်​ပေါ်​ဖြစ်​စေ၊ ချိုင့်​ထဲ သို့​ဖြစ်​စေ​တစ်​နေ​ရာ​ရာ​တွင်​ချ​ထား​ကောင်း ချ​ထား​ခဲ့​ပါ​လိမ့်​မည်'' ဟု​ပြော​ကြ​၏။
16 E disseram-lhe: Eis que agora entre os teus servos há cinqüenta homens valentes; ora deixa-os ir para buscar a teu senhor; pode ser que o elevasse o Espírito do SENHOR e o lançasse em algum dos montes, ou em algum dos vales. Porém ele disse: Não os envieis.
17 သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြိမ်​ကြိမ်​တောင်း​ပန် ကြ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​သူ​တို့​အား​ခွင့်​ပြု​လိုက် လေ​သည်။ ထို​သူ​ငါး​ကျိပ်​တို့​သည်​သုံး​ရက်​တိုင် တိုင် တစ်​တောင်​တက်​ဆင်း​ရှာ​ဖွေ​ကြ​သော်​လည်း ဧ​လိ​ယ​ကို​မ​တွေ့​ကြ။-
17 Mas eles insistiram com ele, até que, constrangido, disse-lhes: Enviai. E enviaram cinqüenta homens, que o buscaram três dias, porém não o acharam.
18 ထို​အ​ခါ​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင် စောင့်​လျက် နေ​သည့်​ဧ​လိ​ရှဲ​၏​ထံ​သို့​ပြန်​လာ​ကြ​၏။ ထို​အ​ခါ ဧ​လိ​ရှဲ​က``သင်​တို့​အား​မ​သွား​ကြ​ရန်​ငါ​ပြော သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။
18 Então voltaram para ele, pois ficara em Jericó; e disse-lhes: Eu não vos disse que não fôsseis?
19 ယေ​ရိ​ခေါ​မြို့​သား​အ​ချို့​တို့​သည် ဧ​လိ​ရှဲ​ထံ သွား​၍``အ​ရှင်၊ အ​ရှင်​သိ​တော်​မူ​သည့်​အ​တိုင်း ဤ​မြို့​သည်​သာ​ယာ​သော​မြို့​ပင်​ဖြစ်​သော်​လည်း ရေ​မ​ကောင်း​သ​ဖြင့်​နေ​ထိုင်​သူ​တို့​သား​ပျက် တတ်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
19 E os homens da cidade disseram a Eliseu: Eis que é boa a situação desta cidade, como o meu senhor vê; porém as águas são más, e a terra é estéril.
20 ဧ​လိ​ရှဲ​က``အိုး​သစ်​တွင်​ဆား​အ​နည်း​ငယ်​ထည့် ၍​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ယူ​ခဲ့​ကြ သော​အ​ခါ၊-
20 E ele disse: Trazei-me um prato novo, e ponde nele sal. E lho trouxeram.
21 သူ​သည်​စမ်း​ရေ​တွင်း​သို့​သွား​၍​ဆား​ကို​ရေ​တွင် ခတ်​ပြီး​လျှင်``ထာ​ဝရ​ဘု​ရား​က`ငါ​သည်​ဤ​ရေ ကို​သန့်​စင်​စေ​ပြီ။ နောက်​တစ်​ဖန်​သေ​ဘေး၊ သား ပျက်​ဘေး​မ​ဖြစ်​ပွား​စေ​ရ' ဟု​မိန့်​တော်​မူ​ပြီ'' ဟူ​၍​ပြော​၏။
21 Então saiu ele ao manancial das águas, e deitou sal nele; e disse: Assim diz o Senhor: Sararei a estas águas; e não haverá mais nelas morte nem esterilidade.
22 ဧ​လိ​ရှဲ​ပြော​သည့်​အ​တိုင်း​ပင်​ထို​အ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ထို​ရေ​သည်​သန့်​စင်​လျက်​ရှိ သ​တည်း။
22 Ficaram, pois, sãs aquelas águas, até ao dia de hoje, conforme a palavra que Eliseu tinha falado.
23 ဧ​လိ​ရှဲ​သည်​ဗေ​သ​လ​မြို့​သို့​သွား​ရန် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​ခဲ့​၏။ လမ်း​တွင်​မြို့​တစ်​မြို့​မှ​သူ ငယ်​အ​ချို့​တို့​သည်​ထွက်​လာ​ပြီး​လျှင် သူ့​အား ပြောင်​လှောင်​ကြ​၏။ သူ​တို့​က``ဦး​ပြည်း၊ ခေါင်း​တုံး ကြီး၊ ဤ​အ​ရပ်​မှ​ထွက်​သွား​လော့'' ဟု​အော်​ဟစ် ကြ​၏။
23 Então subiu dali a Betel; e, subindo ele pelo caminho, uns meninos saíram da cidade, e zombavam dele, e diziam-lhe: Sobe, calvo; sobe, calvo!
24 ဧ​လိ​ရှဲ​သည်​လှည့်​၍​သူ​တို့​အား​စိမ်း​စိမ်း​ကြည့် ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ကျိန်​ဆဲ​လေ​သည်။ ထို​အ​ခါ​တော​အုပ်​ထဲ မှ​ဝက်​ဝံ​မ​နှစ်​ကောင်​ထွက်​လာ​ကာ ထို​သူ​ငယ် လေး​ဆယ့်​နှစ်​ယောက်​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက် ဖြတ်​ကြ​၏။
24 E, virando-se ele para trás, os viu, e os amaldiçoou no nome do Senhor; então duas ursas saíram do bosque, e despedaçaram quarenta e dois daqueles meninos.
25 ဧ​လိ​ရှဲ​သည်​က​ရ​မေ​လ​တောင်​သို့​သွား​ပြီး နောက် ရှ​မာ​ရိ​မြို့​သို့​ပြန်​လာ​လေ​သည်။
25 E dali foi para o monte Carmelo de onde voltou para Samaria.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.