2 Reis 17
Common Language Bible (MYA) vs NVT
1 ယုဒဘုရင်အာခတ်၏နန်းစံတစ်ဆယ့်နှစ်နှစ် မြောက်၌ ဧလာ၏သားဟောရှေသည်ဣသရေ လဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင် ကိုးနှစ်နန်းစံလေသည်။-
1 Oseias, filho de Elá, começou a reinar em Israel no décimo segundo ano do reinado de Acaz, rei de Judá. Reinou em Samaria por nove anos.
2 သူသည်ထာဝရဘုရားအားပြစ်မှားသော် လည်း မိမိ၏နောင်တော်ဣသရေလဘုရင် များလောက်မဆိုးရွားချေ။-
2 Fez o que era mau aos olhos do S enhor , mas não tanto quanto os reis que governaram Israel antes dele.
3 အာရှုရိဧကရာဇ်ဘုရင်ရှာလမနေဇာစစ်ချီ လာသောအခါ ဟောရှေသည်အရှုံးပေးပြီး လျှင်နှစ်စဉ်နှစ်တိုင်းအခွန်ဘဏ္ဍာဆက်သ လေသည်။-
3 Salmaneser, rei da Assíria, atacou o rei Oseias e o obrigou a lhe pagar tributos.
4 သို့ရာတွင်နှစ်တစ်နှစ်တွင်ဟောရှေသည် အီဂျစ် ဘုရင်သွာမင်းထံသို့သံတမန်များစေလွှတ်၍ အကူအညီတောင်းခံပြီးလျှင် အာရှုရိပြည် သို့အခွန်ဘဏ္ဍာမဆက်သဘဲနေ၏။ ဤအခြင်း အရာကိုရှာလမနေဇာသိရှိသောအခါ ဟောရှေအားဖမ်းဆီး၍ထောင်သွင်းထားစေ၏။
4 Oseias, porém, conspirou contra o rei da Assíria. Deixou de pagar o tributo anual e pediu ajuda a Sô, rei do Egito. Quando o rei da Assíria descobriu a traição de Oseias, mandou colocá-lo na prisão.
5 ထိုနောက်ရှာလမနေဇာသည်ဣသရေလပြည် သို့ချင်းနင်းဝင်ရောက်ကာ ရှမာရိမြို့ကိုဝိုင်း ရံထား၏။ သုံးနှစ်မျှကြာသောအခါ၊-
5 O rei da Assíria ocupou todo o território de Israel e, durante três anos, cercou a cidade de Samaria.
6 ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
6 Por fim, no nono ano do reinado de Oseias, o rei assírio conquistou Samaria e exilou os israelitas na Assíria. Criou assentamentos para eles em Hala, ao longo das margens do rio Habor, em Gozã, e nas cidades da Média.
7 ရှမာရိမြို့ကျဆုံးရသည်မှာဣသရေလအမျိုး သားတို့သည် မိမိတို့အားအီဂျစ်ဘုရင်၏လက် မှကယ်ဆယ်ကာအီဂျစ်ပြည်မှထုတ်ဆောင်လာ တော်မူသော မိမိတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည်အခြားဘုရားများကိုကိုးကွယ် ဝတ်ပြုကြ၏။-
7 Isso aconteceu porque os israelitas adoraram outros deuses. Pecaram contra o S enhor , seu Deus, que os havia tirado da terra do Egito e os livrado do poder do faraó, o rei do Egito.
8 ထာဝရဘုရား၏လူမျိုးတော်ချီတက်လာ ချိန်၌ ကိုယ်တော်နှင်ထုတ်တော်မူသောလူမျိုး တို့၏ဋ္ဌလေ့ထုံးစံများကိုလိုက်လျှောက်ကြ ၏။ ဣသရေလဘုရင်တို့တီထွင်ခဲ့သည့် ဋ္ဌလေ့ ထုံးစံများကိုခံယူကျင့်သုံးကြ၏။-
8 Seguiram as práticas das nações que o S enhor tinha expulsado de diante deles, bem como as práticas introduzidas pelos reis de Israel.
9 ဣသရေလအမျိုးသားတို့သည် မိမိတို့၏ ဘုရားသခင်ထာဝရဘုရားမနှစ်သက် သည့်အမှုတို့ကိုပြုကြ၏။ သူတို့သည်မိမိ တို့၏အငယ်ဆုံးသောရွာများမှအကြီး ဆုံးသောမြို့များတိုင်အောင် ရှိရှိသမျှသော မြို့ရွာတို့တွင်ရုပ်တုကိုးကွယ်ဝတ်ပြုရာ ဌာနများကိုတည်ဆောက်လျက်၊-
9 Os israelitas também fizeram, em segredo, muitas coisas que não eram corretas diante do S enhor , seu Deus. Construíram santuários idólatras em todas as cidades, desde o menor posto de vigilância até a maior cidade murada.
10 တောင်ကုန်းရှိသမျှတို့တွင်လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့၏အောက်တွင် လည်းကောင်း၊ ကျောက်တိုင်များနှင့်အာရှရဘုရား မ၏တံခွန်တိုင်များကိုထားရှိကြ၏။-
10 Ergueram colunas sagradas e postes de Aserá no alto de todo monte e debaixo de toda árvore verdejante.
11 ထိုနောက်သူတို့သည်ခါနာန်ပြည်မှထာဝရ ဘုရားနှင်ထုတ်တော်မူလိုက်သည့် လူမျိုးများ ၏ဋ္ဌလေ့ထုံးစံများကိုယူကာ ရုပ်တုများ ကိုပူဇော်ရာယဇ်ပလ္လင်များပေါ်တွင်နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ သူတို့သည်မိမိတို့ ၏အကျင့်ဆိုးများဖြင့် ထာဝရဘုရား၏ အမျက်တော်ကိုလှုံ့ဆော်ပေးကြ၏။-
11 Queimaram incenso no topo dos montes, como faziam as nações que o S enhor havia expulsado de diante deles. Os israelitas praticaram muitos atos perversos que provocaram a ira do S enhor .
12 ရုပ်တုကိုရှိမခိုးဝတ်မပြုရဟူသော ထာဝရ ဘုရား၏ပညတ်တော်ကိုမလိုက်နာကြ။
12 Adoraram ídolos, apesar das advertências claras do S enhor contra isso.
13 ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
13 Repetidamente, o S enhor enviou profetas e videntes para advertirem Israel e Judá, com esta mensagem: “Afastem-se de seus maus caminhos. Obedeçam a meus mandamentos e decretos, a toda a lei que ordenei a seus antepassados e que lhes entreguei por meio de meus servos, os profetas”.
14 သို့ရာတွင်သူတို့သည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ကြ၊ မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအား ယုံကြည် ကိုးစားမှုမပြုသူဘိုးဘေးတို့ကဲ့သို့ ခေါင်းမာလျက်နေကြ၏။-
14 Mas os israelitas se recusaram a ouvir. Foram tão teimosos quanto seus antepassados que não quiseram crer no S enhor , seu Deus.
15 သူတို့သည်ကိုယ်တော်၏သြဝါဒတော်တို့ကို မနာခံကြ။ ဘိုးဘေးတို့နှင့်ကိုယ်တော်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်၏သတိပေးချက်များကိုလည်း ဂရုမစိုက်ကြ။ သူတို့သည်အသုံးမကျ သည့်အရာများကိုကိုးကွယ်သဖြင့် အသုံး မကျသူများဖြစ်လာကြ၏။ ထို့ပြင်ပတ် ဝန်းကျင်ရှိလူမျိုးတို့၏အတုကိုမယူ ကြရန် ထာဝရဘုရားမိန့်တော်မူသည်ကို မလိုက်နာဘဲ ထိုသူတို့၏ဋ္ဌလေ့ထုံးစံ များကိုလိုက်လျှောက်ကျင့်သုံးကြလေ သည်။-
15 Rejeitaram seus decretos e a aliança que ele havia feito com seus antepassados e desprezaram todas as suas advertências. Adoraram ídolos inúteis, de modo que eles próprios se tornaram inúteis. Seguiram o exemplo das nações ao redor e desobedeceram à ordem do S enhor para que não as imitassem.
16 သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်ရှိသမျှကိုချိုးဖောက် ကြလျက် ကိုးကွယ်ရန်နွားလားဥသဘရုပ် နှစ်ကောင်ကိုသွန်းလုပ်ကြ၏။ သူတို့သည် အာရှရဘုရားမရုပ်တုကိုလည်းပြုလုပ် ကြ၏။ ကြယ်နက္ခတ်များကိုရှိခိုး၍ဗာလ ဘုရားကိုကိုးကွယ်ကြ၏။-
16 Rejeitaram todos os mandamentos do S enhor , seu Deus, e fizeram dois bezerros de metal. Ergueram um poste de Aserá e adoraram Baal e todos os astros do céu.
17 သူတို့သည်မိမိတို့၏သားသမီးများကို မီးရှို့ရာယဇ်အဖြစ်ဖြင့် ရုပ်တုတို့အားပူဇော် ကြ၏။ နတ်ဝင်သည်များ၊ ဗေဒင်ဆရာများ နှင့်တိုင်ပင်ကာထာဝရဘုရား၏ရှေ့တော်တွင် မှားယွင်းသည့်အမှုများကိုသာလျှင်ပြု လုပ်သောအားဖြင့်ကိုယ်တော်၏အမျက်တော် ကိုလှုံ့ဆော်ကြ၏။-
17 Chegaram a sacrificar os próprios filhos e filhas no fogo. Consultaram adivinhos, praticaram feitiçaria, venderam-se para fazer o que é mau aos olhos do S enhor e provocaram sua ira.
18 ထာဝရဘုရားသည်ဣသရေလအမျိုးဖြစ်သူ တို့အားအမျက်ထွက်တော်မူသဖြင့် ရှေ့တော် မှောက်မှနှင်ထုတ်တော်မူ၏။ ယုဒနိုင်ငံကို သာကျန်ရှိစေတော်မူ၏။
18 O S enhor se indignou muito com Israel e o expulsou de sua presença. Com isso, restou somente a tribo de Judá.
19 သို့ရာတွင်ယုဒပြည်သူတို့ပင်လျှင်မိမိတို့ ဘုရားသခင်ထာဝရဘုရား၏ပညတ်တော် တို့ကိုမစောင့်ထိန်းကြ။ သူတို့သည်ဣသရေလ ပြည်သူတို့ခံယူကျင့်သုံးခဲ့သည့်ဋ္ဌလေ့ထုံးစံ များကိုအတုခိုးကြ၏။-
19 Mesmo o povo de Judá, porém, não obedeceu aos mandamentos do S enhor , seu Deus, pois seguiu as práticas perversas introduzidas por Israel.
20 ထာဝရဘုရားသည်ဣသရေလအမျိုးသား အပေါင်းတို့ကိုစွန့်တော်မူ၏။ သူတို့အားမျက် မှောက်တော်မှနှင်ထုတ်၍ ရက်စက်သည့်ရန်သူ များ၏လက်သို့အပ်နှင်းတော်မူသည့်တိုင် အောင်ဒဏ်ခတ်တော်မူ၏။
20 O S enhor rejeitou todos os descendentes de Israel. Como castigo, entregou-os a seus inimigos, até que expulsou Israel de sua presença.
21 ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။-
21 Pois quando o S enhor arrancou Israel do reino de Davi, os israelitas escolheram Jeroboão, filho de Nebate, como rei. Mas Jeroboão afastou Israel do S enhor e os levou a cometer grande pecado.
22 သူတို့သည်ယေရောဗောင်၏အတုကိုယူ၍ သူပြုသမျှအပြစ်ကိုပြုကြ၏။-
22 E os israelitas continuaram a seguir todos os caminhos maus de Jeroboão. Não se afastaram desses pecados,
23 ထိုကြောင့်ထာဝရဘုရားသည်သူတို့အား အစေခံပရောဖက်များအားဖြင့် သတိ ပေးမိန့်မှာတော်မူခဲ့သည့်အတိုင်းမျက် မှောက်တော်မှနှင်ထုတ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အာရှုရိ ပြည်သို့ပြည်နှင်ဒဏ်ခံရလျက် ထိုပြည် တွင်ယနေ့တိုင်အောင်နေထိုင်ရကြလေ သည်။
23 até que, por fim, o S enhor os expulsou de sua presença, como todos os seus profetas haviam advertido. Assim, Israel foi deportado de sua terra para a Assíria, onde permanece até hoje.
24 အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
24 O rei da Assíria trouxe povos da Babilônia, de Cuta, de Ava, de Hamate e de Sefarvaim e os estabeleceu nas cidades de Samaria, em lugar dos israelitas. Eles tomaram posse de Samaria e habitaram em suas cidades.
25 ယင်းသို့နေထိုင်စဉ်သူတို့သည်ထာဝရဘုရား ကိုမကိုးကွယ်ကြ။ သို့ဖြစ်၍ကိုယ်တော်သည် ခြင်္သေ့များကိုစေလွှတ်၍လူအချို့ကိုကိုက် သတ်စေတော်မူ၏။-
25 Assim que chegaram, esses estrangeiros não adoravam o S enhor , de modo que o S enhor mandou leões, que mataram alguns deles.
26 ရှမာရိပြည်သို့သွားရောက်နေထိုင်ကြသည့် လူတို့သည် ထိုပြည်စောင့်နတ်ဘုရား၏တရား ကိုမသိနားမလည်ကြသဖြင့် ထိုဘုရား သည်ခြင်္သေ့များကိုစေလွှတ်၍ သူတို့အား ကိုက်သတ်စေကြောင်းကိုအာရှုရိဧကရာဇ် ဘုရင်ကြားသိသောအခါ၊-
26 Por isso, enviaram uma mensagem ao rei da Assíria: “O povo que o senhor deportou para as cidades de Samaria não conhece os costumes do deus da terra. Ele mandou leões para destruí-los, porque não conhecem suas exigências”.
27 မင်းကြီးက``ထိုပြည်မှငါတို့ဖမ်းဆီးခဲ့ သောသုံ့ပန်းများအနက် ယဇ်ပုရောဟိတ် တစ်ပါးကိုပြန်၍စေလွှတ်လော့။ လူတို့အား ထိုပြည်စောင့်ဘုရား၏တရားကိုသွန်သင် ပေးနိုင်ရန်သူ့အား ထိုပြည်သို့ပြန်လည် သွားရောက်နေထိုင်စေကြလော့'' ဟုမိန့် တော်မူ၏။-
27 Então o rei da Assíria deu esta ordem: “Enviem um dos sacerdotes exilados de volta a Samaria. Ele viverá ali e ensinará aos novos habitantes os costumes do deus da terra”.
28 သို့ဖြစ်၍ရှမာရိပြည်မှသုံ့ပန်းများအနက် ဣသရေလယဇ်ပုရောဟိတ်တစ်ပါးသည် ဗေသလမြို့သို့သွားရောက်နေထိုင်၍ ထာဝရ ဘုရားအားအဘယ်သို့ကိုးကွယ်ရမည်ကို လူတို့အားသွန်သင်၏။
28 Um dos sacerdotes exilados de Samaria voltou a Betel e ensinava os novos habitantes a adorarem corretamente o S enhor .
29 သို့ရာတွင်ရှမာရိပြည်တွင်လာရောက်နေထိုင် ကြသူတို့သည် မိမိတို့သက်ဆိုင်ရာရုပ်တုများ ကိုပြုမြဲပြုလုပ်၍ ဣသရေလအမျိုးသား တို့တည်ဆောက်ခဲ့သည့်တန်ဆောင်းများတွင်ထား ရှိကြ၏။ ထိုသူတို့သည် အုပ်စုအလိုက်သက် ဆိုင်ရာရုပ်တုများကိုမိမိတို့နေထိုင်ရာ မြို့များတွင်ပြုလုပ်ကြ၏။-
29 Contudo, cada um desses povos estrangeiros continuou a fazer seus deuses e adorá-los. Em todas as cidades onde habitavam, colocaram seus ídolos nos santuários idólatras que o povo de Samaria havia construído.
30 ဗာဗုလုန်မြို့သားတို့ကသုကုတ်ဗေနုတ် ဘုရားရုပ်တုများကိုလည်းကောင်း၊ ကုသ မြို့သားတို့ကနေရဂါလဘုရားရုပ်တု များကိုလည်းကောင်း၊ ဟာမတ်မြို့သားတို့က အရှိမဘုရားရုပ်တုများကိုလည်းကောင်း၊-
30 Os da Babilônia adoravam as imagens do deus Sucote-Benote. Os de Cuta adoravam o deus Nergal. Os de Hamate adoravam o deus Asima.
31 အာဝမြို့သားတို့က နိဗဟာဇနှင့်တာတက် ဘုရားရုပ်တုများကိုလည်းကောင်းပြုလုပ် ကြလေသည်။ သေဖရဝိမ်မြို့သားတို့သည် အာဒြမ္မေလက်နှင့်အနမ္မေလက်ဘုရားတို့အား မိမိတို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်ပူဇော်ကြ၏။-
31 Os aveus adoravam os deuses Nibaz e Tartaque. E o povo de Sefarvaim até queimava os próprios filhos como sacrifício aos deuses Adrameleque e Anameleque.
32 ထိုသူတို့သည်ထာဝရဘုရားကိုလည်းဝတ်ပြု ကိုးကွယ်ကြပြီးလျှင် ရုပ်တုများကိုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ယဇ်ပုရောဟိတ်ပြု လုပ်ရန်နှင့်ယဇ်ပူဇော်ရန်အတွက် မိမိတို့အ ထဲမှလူတို့ကိုရွေးချယ်ခန့်ထားကြ၏။-
32 Esses novos habitantes adoravam o S enhor , mas também nomeavam qualquer pessoa como sacerdote para oferecer sacrifícios nos lugares de culto.
33 သူတို့သည်ထာဝရဘုရားအားကိုးကွယ် ကြသော်လည်း မိမိတို့ထွက်ခွာလာသည့်တိုင်း ပြည်များ၏ဋ္ဌလေ့ထုံးစံများအရသက် ဆိုင်ရာဘုရားများကိုလည်းကိုးကွယ်ကြ လေသည်။
33 E, embora adorassem o S enhor , continuavam a seguir seus próprios deuses, de acordo com os costumes de suas nações de origem.
34 သူတို့သည်မိမိတို့၏ဋ္ဌလေ့ထုံးစံဟောင်း များကို ယနေ့တိုင်အောင်ကျင့်သုံးလျက်ရှိ ကြ၏။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ခြင်းမရှိကြ။ ဣသရေလဟူသောနာမည် ဖြင့်ကိုယ်တော်သမုတ်တော်မူသော ယာကုပ် ၏သားမြေးတို့အားကိုယ်တော်ပေးအပ်တော် မူခဲ့သည့် ပညတ်တော်များနှင့်အမိန့်တော် များကိုလည်းမလိုက်နာကြ။-
34 Até hoje, continuam com suas antigas práticas em vez de adorar verdadeiramente o S enhor e obedecer aos decretos, estatutos, leis e mandamentos que o S enhor deu aos descendentes de Jacó, cujo nome ele mudou para Israel.
35 ထာဝရဘုရားသည်သူတို့နှင့်ပဋိညာဉ်ဖွဲ့ တော်မူ၍``သင်တို့သည်အခြားဘုရားများ ကိုဝတ်မပြုရှိမခိုးကြနှင့်။ သူတို့ရှေ့တွင် ဦးမညွှတ်ကြနှင့်။ သူတို့အားဝတ်ပြုကိုးကွယ် မှုကိုသော်လည်းကောင်း၊ ယဇ်ပူဇော်မှုကို သော်လည်းကောင်းမပြုကြနှင့်၊-
35 Pois o S enhor havia feito uma aliança com eles e ordenado: “Não adorem outros deuses, nem se prostrem diante deles, não os sirvam, nem lhes ofereçam sacrifícios.
36 သင်တို့သည်မိမိတို့အားမဟာတန်ခိုးစွမ်း ရည်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်လာ တော်မူသော ငါထာဝရဘုရား၏စကားကို နားထောင်ရကြမည်။ သင်တို့သည်ငါ့အား ဦးညွှတ်ပျပ်ဝပ်လျက်ယဇ်များကိုပူဇော်ရ ကြမည်။-
36 Adorem somente o S enhor , que os tirou do Egito com grande força e com braço poderoso. Curvem-se somente diante dele e ofereçam sacrifícios a ele somente.
37 သင်တို့အတွက်ငါရေးသားပေးသည့်ပညတ် တော်များနှင့် အမိန့်တော်များကိုအစဉ်အမြဲ လိုက်နာရကြမည်။ သင်တို့သည်အခြား ဘုရားများ၏စကားကိုနားမထောင်ရ။-
37 Tomem sempre o cuidado de obedecer aos decretos, estatutos, leis e mandamentos que ele lhes prescreveu. Não adorem outros deuses.
38 သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို မမေ့မလျော့ရ။-
38 Não se esqueçam da aliança que fiz com vocês e não adorem outros deuses.
39 သင်တို့၏ဘုရားသခင်ငါထာဝရဘုရား၏ စကားကိုနားထောင်ရကြမည်။ ငါသည်လည်း သင်တို့အား ရန်သူတို့လက်မှကယ်ဆယ်မည်'' ဟုပညတ်တော်မူခဲ့၏။-
39 Adorem somente o S enhor , seu Deus. Ele os livrará de todos os seus inimigos”.
40 သို့ရာတွင်သူတို့သည်နားမထောင်ဘဲ မိမိ တို့ဋ္ဌလေ့ထုံးစံဟောင်းများကိုသာဆက်လက် ကျင့်သုံးကြလေသည်။
40 Mas o povo se recusou a ouvir e continuou com suas antigas práticas.
41 သို့ဖြစ်၍ထိုသူတို့သည်ထာဝရဘုရားကို ကိုးကွယ်ကြသော်လည်း မိမိတို့၏ရုပ်တုများ ကိုလည်းကိုးကွယ်ကြ၏။ သူတို့၏သားမြေး တို့သည်လည်း ယနေ့တိုင်အောင်ဤနည်း အတိုင်းဆက်လက်ပြုကျင့်ကြကုန်သည်။
41 Assim, embora os novos habitantes adorassem o S enhor , também adoravam seus ídolos. E até hoje seus descendentes fazem a mesma coisa.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.