2 Reis 17

Common Language Bible (MYA) vs BKJ

Sair da comparação
1 ယု​ဒ​ဘု​ရင်​အာ​ခတ်​၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ် မြောက်​၌ ဧ​လာ​၏​သား​ဟော​ရှေ​သည်​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင် ကိုး​နှစ်​နန်း​စံ​လေ​သည်။-
1 No décimo segundo ano de Acaz, rei de Judá, Oseias, o filho de Elá, começou a reinar em Samaria sobre Israel: nove anos.
2 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​သော် လည်း မိ​မိ​၏​နောင်​တော်​ဣသ​ရေ​လ​ဘု​ရင် များ​လောက်​မ​ဆိုး​ရွား​ချေ။-
2 E ele fez aquilo que era mau à vista do SENHOR, mas não como os reis de Israel que foram antes dele.
3 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာလ​မ​နေ​ဇာ​စစ်​ချီ လာ​သော​အ​ခါ ဟော​ရှေ​သည်​အ​ရှုံး​ပေး​ပြီး လျှင်​နှစ်​စဉ်​နှစ်​တိုင်း​အ​ခွန်​ဘဏ္ဍာ​ဆက်​သ လေ​သည်။-
3 Contra ele subiu Salmaneser, rei da Assíria; e Oseias se tornou seu servo, e lhe dava presentes.
4 သို့​ရာ​တွင်​နှစ်​တစ်​နှစ်​တွင်​ဟော​ရှေ​သည် အီ​ဂျစ် ဘု​ရင်​သွာ​မင်း​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​ပြီး​လျှင် အာ​ရှု​ရိ​ပြည် သို့​အ​ခွန်​ဘဏ္ဍာ​မ​ဆက်​သ​ဘဲ​နေ​၏။ ဤ​အ​ခြင်း အ​ရာ​ကို​ရှာ​လ​မ​နေ​ဇာ​သိ​ရှိ​သော​အ​ခါ ဟော​ရှေ​အား​ဖမ်း​ဆီး​၍​ထောင်​သွင်း​ထား​စေ​၏။
4 E o rei da Assíria achou conspiração em Oseias; porque ele havia enviado mensageiros a Sô, rei do Egito, e não trouxe presente algum ao rei da Assíria, como ele havia feito ano a ano; portanto, o rei da Assíria o encarcerou, e o trancafiou na prisão.
5 ထို​နောက်​ရှာ​လ​မ​နေ​ဇာ​သည်​ဣသ​ရေ​လ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း ရံ​ထား​၏။ သုံး​နှစ်​မျှ​ကြာ​သော​အ​ခါ၊-
5 Então, o rei da Assíria subiu por toda a terra, e subiu para Samaria, e a sitiou três anos.
6 ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။
6 No nono ano de Oseias, o rei da Assíria tomou Samaria, e conduziu Israel para a Assíria, e os assentou em Hala e em Habor junto ao rio de Gozã, e nas cidades dos medos.
7 ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​သည်​မှာ​ဣသ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​အား​အီ​ဂျစ်​ဘု​ရင်​၏​လက် မှ​ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ကြ​၏။-
7 Pois assim foi, que os filhos de Israel haviam pecado contra o SENHOR seu Deus, o qual lhes tinha feito subir da terra do Egito, de debaixo da mão de Faraó, rei do Egito, e haviam temido outros deuses,
8 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ချီ​တက်​လာ ချိန်​၌ ကိုယ်​တော်​နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​လျှောက်​ကြ ၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​တီ​ထွင်​ခဲ့​သည့် ဋ္ဌ​လေ့ ထုံး​စံ​များ​ကို​ခံ​ယူ​ကျင့်​သုံး​ကြ​၏။-
8 e andado nos estatutos dos pagãos, aos quais o SENHOR expulsou de diante dos filhos de Israel, e dos reis de Israel, os quais eles haviam feito.
9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက် သည့်​အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​အ​ငယ်​ဆုံး​သော​ရွာ​များ​မှ​အ​ကြီး ဆုံး​သော​မြို့​များ​တိုင်​အောင် ရှိ​ရှိ​သ​မျှ​သော မြို့​ရွာ​တို့​တွင်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ ဌာ​န​များ​ကို​တည်​ဆောက်​လျက်၊-
9 E os filhos de Israel fizeram secretamente aquelas coisas que não eram retas, contra o SENHOR seu Deus, e edificaram para si lugares altos em todas as suas cidades, desde a torre dos atalaias, até a cidade fortificada.
10 တောင်​ကုန်း​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​၏​အောက်​တွင် လည်း​ကောင်း၊ ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​ဘု​ရား မ​၏​တံ​ခွန်​တိုင်​များ​ကို​ထား​ရှိ​ကြ​၏။-
10 E eles ergueram para si imagens e bosques em todo outeiro alto, e debaixo de toda árvore verde;
11 ထို​နောက်​သူ​တို့​သည်​ခါ​နာန်​ပြည်​မှ​ထာ​ဝ​ရ ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သည့် လူ​မျိုး​များ ၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​ယူ​ကာ ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ​ပေါ်​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အ​ကျင့်​ဆိုး​များ​ဖြင့် ထာ​ဝရ​ဘု​ရား​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
11 e ali queimaram incenso em todos os lugares altos, como fizeram os pagãos aos quais o SENHOR levou para longe deles; e operaram coisas malignas para provocar o SENHOR à ira;
12 ရုပ်​တု​ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ရ​ဟူ​သော ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ။
12 porque eles serviram aos ídolos, dos quais o SENHOR lhes havia dito: Vós não fareis esta coisa.
13 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
13 Contudo, o SENHOR testificou contra Israel, e contra Judá, por intermédio de todos os profetas, e de todos os videntes, dizendo: Volvei-vos dos vossos caminhos maus, e guardeis os meus mandamentos e os meus estatutos, segundo toda a lei que ordenei aos vossos pais, e que enviei a vós por intermédio dos meus servos, os profetas.
14 သို့​ရာ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ကြ၊ မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ယုံ​ကြည် ကိုး​စား​မှု​မ​ပြု​သူ​ဘိုး​ဘေး​တို့​ကဲ့​သို့ ခေါင်း​မာ​လျက်​နေ​ကြ​၏။-
14 Não obstante, eles não quiseram ouvir, mas endureceram o pescoço, como o pescoço dos seus pais, que não creram no SENHOR seu Deus.
15 သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-
15 E rejeitaram os seus estatutos, e o seu pacto que ele fez com os seus pais, e os seus testemunhos, os quais testificou contra eles; e seguiram a vaidade, e se tornaram vãos, e foram atrás dos pagãos que estavam ao seu redor, acerca dos quais o SENHOR lhes havia ordenado de que não deveriam fazer como eles.
16 သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-
16 E eles abandonaram todos os mandamentos do SENHOR seu Deus, e fizeram para si imagens derretidas, dois bezerros, e fizeram um bosque, e adoraram todo o exército do céu, e serviram a Baal.
17 သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ရုပ်​တု​တို့​အား​ပူ​ဇော် ကြ​၏။ နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ နှင့်​တိုင်​ပင်​ကာ​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မှား​ယွင်း​သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု လုပ်​သော​အား​ဖြင့်​ကိုယ်​တော်​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​ကြ​၏။-
17 E eles fizeram com que os seus filhos e suas filhas passassem através do fogo, e usaram adivinhação e encantamento, e venderam-se para fazer o mal à vista do SENHOR, para provocá-lo à ira.
18 ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သူ တို့​အား​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ရှေ့​တော် မှောက်​မှ​နှင်​ထုတ်​တော်​မူ​၏။ ယု​ဒ​နိုင်​ငံ​ကို သာ​ကျန်​ရှိ​စေ​တော်​မူ​၏။
18 Portanto, o SENHOR ficou mui irado com Israel, e removeu-os da sua vista; não houve nenhum restante, senão a tribo de Judá.
19 သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​ပင်​လျှင်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော် တို့​ကို​မ​စောင့်​ထိန်း​ကြ။ သူ​တို့​သည်​ဣ​သ​ရေ​လ ပြည်​သူ​တို့​ခံ​ယူ​ကျင့်​သုံး​ခဲ့​သည့်​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​အ​တု​ခိုး​ကြ​၏။-
19 Além disso, Judá não guardou os mandamentos do SENHOR seu Deus, mas andou nos estatutos de Israel, os quais eles fizeram.
20 ထာ​ဝရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စွန့်​တော်​မူ​၏။ သူ​တို့​အား​မျက် မှောက်​တော်​မှ​နှင်​ထုတ်​၍ ရက်​စက်​သည့်​ရန်​သူ များ​၏​လက်​သို့​အပ်​နှင်း​တော်​မူ​သည့်​တိုင် အောင်​ဒဏ်​ခတ်​တော်​မူ​၏။
20 E o SENHOR rejeitou toda a semente de Israel, e os afligiu, e os entregou na mão de espoliadores, até que ele lhes lançou fora da sua vista.
21 ဣ​သ​ရေ​လ​ပြည်​ကို​ယု​ဒ​ပြည်​မှ​ထာ​ဝရ ဘု​ရား​ခွဲ​ထုတ်​တော်​မူ​လိုက်​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ကို​မင်း​မြှောက်​ကြ​၏။ သူ​တို့​အား ယေ​ရော​ဗောင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​စေ ရန်​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​စေ​ရန် လည်း​ကောင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​၏။-
21 Porque ele rasgou Israel da casa de Davi; e eles fizeram de Jeroboão, o filho de Nebate, rei; e Jeroboão desviou Israel de seguir o SENHOR, e fê-los pecar um grande pecado.
22 သူ​တို့​သည်​ယေ​ရော​ဗောင်​၏​အ​တု​ကို​ယူ​၍ သူ​ပြု​သ​မျှ​အ​ပြစ်​ကို​ပြု​ကြ​၏။-
22 Porquanto os filhos de Israel andaram em todos os pecados de Jeroboão, os quais ele cometeu; deles não se apartaram;
23 ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား အ​စေ​ခံ​ပ​ရော​ဖက်​များ​အား​ဖြင့် သ​တိ ပေး​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​မျက် မှောက်​တော်​မှ​နှင်​ထုတ်​တော်​မူ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အာ​ရှု​ရိ ပြည်​သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​လျက် ထို​ပြည် တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင်​ရ​ကြ​လေ သည်။
23 até que o SENHOR removeu Israel da sua vista, segundo ele tinha dito por intermédio de todos os seus servos, os profetas. Assim, Israel foi trasladado da sua própria terra para a Assíria até este dia.
24 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​ဗာ​ဗု​လုန်​မြို့၊ ကု​သ​မြို့၊ အာ​ဝ​မြို့၊ ဟာ​မတ်​မြို့​နှင့်​သေ​ဖ​ရ ဝိမ်​မြို့​တို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​၍ ပြည်​နှင် ဒဏ်​သင့်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ ထိုင်​ခဲ့​သော​မြို့​ရွာ​များ​တွင်​နေ​ထိုင်​စေ​လေ သည်။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​မြို့​ရွာ​များ ကို အ​ပိုင်​ရ​လျက်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။-
24 E o rei da Assíria trouxe homens de Babilônia, e de Cuta, e de Ava, e de Hamate, e de Sefarvaim, e os colocou nas cidades de Samaria, no lugar dos filhos de Israel; e eles tomaram posse de Samaria, e habitaram nas suas cidades.
25 ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-
25 E assim foi no princípio da sua habitação ali, que eles não temiam o SENHOR; por isso o SENHOR enviou leões para o meio deles, os quais mataram a alguns deles.
26 ရှ​မာ​ရိ​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည့် လူ​တို့​သည် ထို​ပြည်​စောင့်​နတ်​ဘု​ရား​၏​တ​ရား ကို​မ​သိ​နား​မ​လည်​ကြ​သ​ဖြင့် ထို​ဘု​ရား သည်​ခြင်္သေ့​များ​ကို​စေ​လွှတ်​၍ သူ​တို့​အား ကိုက်​သတ်​စေ​ကြောင်း​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​ကြား​သိ​သော​အ​ခါ၊-
26 Porquanto eles falaram ao rei da Assíria, dizendo: As nações que tu tens removido, e assentado nas cidades de Samaria, não conhecem o costume do Deus da terra; por isso ele tem enviado leões para o meio deles, e, eis que eles os matam porque eles não conhecem o costume do Deus da terra.
27 မင်း​ကြီး​က``ထို​ပြည်​မှ​ငါ​တို့​ဖမ်း​ဆီး​ခဲ့ သော​သုံ့​ပန်း​များ​အ​နက် ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ကို​ပြန်​၍​စေ​လွှတ်​လော့။ လူ​တို့​အား ထို​ပြည်​စောင့်​ဘု​ရား​၏​တ​ရား​ကို​သွန်​သင် ပေး​နိုင်​ရန်​သူ့​အား ထို​ပြည်​သို့​ပြန်​လည် သွား​ရောက်​နေ​ထိုင်​စေ​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။-
27 Então, o rei da Assíria ordenou, dizendo: Levai para lá um dos sacerdotes que trouxestes de lá; e deixe-os ir e habite ali, e ensine-lhes o costume do Deus dessa terra.
28 သို့​ဖြစ်​၍​ရှ​မာ​ရိ​ပြည်​မှ​သုံ့​ပန်း​များ​အ​နက် ဣ​သ​ရေ​လ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် ဗေ​သ​လ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၍ ထာ​ဝရ ဘု​ရား​အား​အ​ဘယ်​သို့​ကိုး​ကွယ်​ရ​မည်​ကို လူ​တို့​အား​သွန်​သင်​၏။
28 Então, um dos sacerdotes que eles haviam levado para Samaria veio e habitou em Betel, e ensinou-lhes como eles deveriam temer o SENHOR.
29 သို့​ရာ​တွင်​ရှ​မာ​ရိ​ပြည်​တွင်​လာ​ရောက်​နေ​ထိုင် ကြ​သူ​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​ရုပ်​တု​များ ကို​ပြု​မြဲ​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တည်​ဆောက်​ခဲ့​သည့်​တန်​ဆောင်း​များ​တွင်​ထား ရှိ​ကြ​၏။ ထို​သူ​တို့​သည် အုပ်​စု​အ​လိုက်​သက် ဆိုင်​ရာ​ရုပ်​တု​များ​ကို​မိ​မိ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​ပြု​လုပ်​ကြ​၏။-
29 Todavia, cada nação fazia os seus próprios deuses, e os colocava nas casas dos lugares altos que os samaritanos haviam feito, cada nação nas suas cidades nas quais habitavam.
30 ဗာ​ဗု​လုန်​မြို့​သား​တို့​က​သု​ကုတ်​ဗေ​နုတ် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊ ကု​သ မြို့​သား​တို့​က​နေ​ရ​ဂါ​လ​ဘု​ရား​ရုပ်​တု များ​ကို​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သား​တို့​က အ​ရှိ​မ​ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊-
30 E os homens de Babilônia fizeram Sucote-Benote, e os homens de Cute fizeram Nergal, e os homens de Hamate fizeram Asima;
31 အာ​ဝ​မြို့​သား​တို့​က နိ​ဗ​ဟာ​ဇ​နှင့်​တာ​တက် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း​ပြု​လုပ် ကြ​လေ​သည်။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည် အာ​ဒြမ္မေ​လက်​နှင့်​အ​နမ္မေ​လက်​ဘု​ရား​တို့​အား မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​ပူ​ဇော်​ကြ​၏။-
31 e os aveus fizeram Nibaz e Tartaque, e os sefarvitas queimavam os seus filhos no fogo para Adrameleque e Anameleque, os deuses de Sefarvaim.
32 ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​ကို​လည်း​ဝတ်​ပြု ကိုး​ကွယ်​ကြ​ပြီး​လျှင် ရုပ်​တု​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ယဇ်​ပု​ရော​ဟိတ်​ပြု လုပ်​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မိ​မိ​တို့​အ ထဲ​မှ​လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ကြ​၏။-
32 Assim, eles temeram ao SENHOR, e fizeram para si, dos menores deles, sacerdotes dos lugares altos, os quais sacrificavam para eles nas casas dos lugares altos.
33 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ် ကြ​သော်​လည်း မိ​မိ​တို့​ထွက်​ခွာ​လာ​သည့်​တိုင်း ပြည်​များ​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​အ​ရ​သက် ဆိုင်​ရာ​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ်​ကြ လေ​သည်။
33 Eles temiam ao SENHOR, e serviam aos seus próprios deuses, segundo o costume das nações de onde haviam sido levados cativos.
34 သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း များ​ကို ယ​နေ့​တိုင်​အောင်​ကျင့်​သုံး​လျက်​ရှိ ကြ​၏။ ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ခြင်း​မ​ရှိ​ကြ။ ဣသ​ရေ​လ​ဟူ​သော​နာ​မည် ဖြင့်​ကိုယ်​တော်​သ​မုတ်​တော်​မူ​သော ယာ​ကုပ် ၏​သား​မြေး​တို့​အား​ကိုယ်​တော်​ပေး​အပ်​တော် မူ​ခဲ့​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော် များ​ကို​လည်း​မ​လိုက်​နာ​ကြ။-
34 Até este dia eles fazem segundo os costumes anteriores. Eles não temem ao SENHOR, nem fazem segundo os seus estatutos, ou segundo as suas ordenanças, ou segundo a lei e o mandamento que o SENHOR ordenou aos filhos de Jacó, a quem chamou de Israel;
35 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့ တော်​မူ​၍``သင်​တို့​သည်​အ​ခြား​ဘု​ရား​များ ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​နှင့်။ သူ​တို့​ရှေ့​တွင် ဦး​မ​ညွှတ်​ကြ​နှင့်။ သူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​သော်​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​ကြ​နှင့်၊-
35 com quem o SENHOR havia feito um pacto, e lhes incumbiu, dizendo: Vós não temereis outros deuses, nem vos curvareis a eles, nem os servireis, tampouco sacrificareis a eles.
36 သင်​တို့​သည်​မိ​မိ​တို့​အား​မ​ဟာ​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ရ​ကြ​မည်။ သင်​တို့​သည်​ငါ့​အား ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​ယဇ်​များ​ကို​ပူ​ဇော်​ရ ကြ​မည်။-
36 Porém o SENHOR, que vos fez subir da terra do Egito com grande poder e braço estendido, a ele temereis, e a ele adorareis, e a ele fareis sacrifício.
37 သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-
37 E os estatutos, e as ordenanças, e a lei, e o mandamento, o qual para vós escreveu, vós observareis para cumpri-los pela eternidade; e não temereis outros deuses.
38 သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို မ​မေ့​မ​လျော့​ရ။-
38 E o pacto que tenho feito convosco, vós não esquecereis; nem temereis outros deuses.
39 သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝရ​ဘု​ရား​၏ စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ငါ​သည်​လည်း သင်​တို့​အား ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​မည်'' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-
39 Porém, o SENHOR vosso Deus temereis; e ele vos livrará da mão de todos os vossos inimigos.
40 သို့​ရာ​တွင်​သူ​တို့​သည်​နား​မ​ထောင်​ဘဲ မိ​မိ တို့​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း​များ​ကို​သာ​ဆက်​လက် ကျင့်​သုံး​ကြ​လေ​သည်။
40 Todavia eles não atentaram, mas fizeram segundo o seu costume anterior.
41 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​သော်​လည်း မိ​မိ​တို့​၏​ရုပ်​တု​များ ကို​လည်း​ကိုး​ကွယ်​ကြ​၏။ သူ​တို့​၏​သား​မြေး တို့​သည်​လည်း ယ​နေ့​တိုင်​အောင်​ဤ​နည်း အ​တိုင်း​ဆက်​လက်​ပြု​ကျင့်​ကြ​ကုန်​သည်။
41 Assim, estas nações temiam o SENHOR, e serviam as suas imagens esculpidas, tanto os seus filhos, quanto os filhos dos seus filhos; como fizeram os seus pais, assim também fazem eles até este dia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.