2 Reis 10

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 အာ​ဟပ်​မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​တို့​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ယေ​ဟု သည်​အုပ်​ချုပ်​ရေး​မှူး​များ၊ မြို့​မိ​မြို့​ဖ​များ နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း​သူ​များ ထံ​သို့​စာ​ရေး​၍​ပို့​လိုက်​၏။ ထို​စာ​တွင်၊-
1 Havia em Samaria setenta filhos de Acab. Jeú escreveu uma carta e mandou-a à Samaria aos magistrados da cidade, aos anciãos e aos preceptores dos filhos de Acab.
2 ``သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ ကို​တာ​ဝန်​ယူ​စောင့်​ရှောက်​ရ​ကြ​သူ​များ​ဖြစ် သ​ဖြင့် သင်​တို့​၌​စစ်​ရ​ထား​တပ်၊ မြင်း​တပ်၊ လက်​နက်၊ ခံ​တပ်​မြို့​များ​ရှိ​ပေ​သည်။ ထို့​ကြောင့် ဤ​စာ​ကို​ရ​လျှင်​ရ​ခြင်း၊-
2 Dizia na carta: Logo que receberdes esta carta, vós que tendes convosco os filhos de vosso soberano, como também carros, cavalos, uma cidade fortificada e armas,
3 သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ​ထဲ​မှ အ​သင့်​တော်​ဆုံး​သူ​ကို​ရွေး​ချယ်​၍​မင်း​မြှောက် ပြီး​လျှင် သူ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက် ကြ​လော့'' ဟု​ပါ​ရှိ​၏။
3 escolhei o melhor e o mais qualificado dos filhos de vosso soberano e ponde-o no trono de seu pai. Em seguida, começai a luta pela casa de vosso soberano.
4 ရှ​မာ​ရိ​မြို့​ရှိ​အုပ်​ချုပ်​ရေး​မှူး​များ​သည် ထိတ် လန့်​လျက်``ယေ​ဟု​အား​ယော​ရံ​မင်း​နှင့်​အာ​ခ​ဇိ မင်း​တို့​ပင်​လျှင် မ​ခံ​မ​ရပ်​နိုင်​ကြ​ပါ​လျှင် ငါ တို့​အ​ဘယ်​သို့​သူ့​အား​ခံ​ရပ်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။-
4 Eles, porém, muito atemorizados, disseram: Dois reis não o puderam enfrentar; como poderíamos nós resistir-lhe?
5 သို့​ဖြစ်​၍​နန်း​တော်​အုပ်၊ မြို့ဝန်၊ မြို့​မိ​မြို့​ဖ များ​နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း သူ​များ​က​ယေ​ဟု​ထံ​သို့``အ​ကျွန်ုပ်​တို့​သည် အ​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​သ​ဖြင့် အ​ရှင့် အ​မိန့်​တော်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သူ​ကို မျှ​မင်း​မြှောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင် သင့်​တော်​သ​လို​စီ​မံ​တော်​မူ​ပါ'' ဟု​ပြန် စာ​ရေး​၍​ပို့​ကြ​၏။
5 O prefeito do palácio, o comandante da cidade, os anciãos e os preceptores dos filhos de Acab mandaram a Jeú a resposta seguinte: Nós somos teus servos. Faremos tudo o que nos disseres; não elegeremos rei sobre nós. Faze como melhor te parecer.
6 ယေ​ဟု​က​လည်း``သင်​တို့​သည်​ငါ​၏​ဘက်​သို့ ပါ​၍ ငါ့​အ​မိန့်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ လျှင် အာ​ဟပ်​မင်း​၏​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ကို နက်​ဖြန်​ဤ​အ​ချိန်​အ​ရောက်​ငါ့​ထံ သို့​ယူ​ဆောင်​ခဲ့​ကြ​လော့'' ဟု​နောက်​ထပ်​စာ ရေး​ပေး​ပို့​လိုက်​လေ​သည်။
6 Escreveu-lhes Jeú uma segunda carta, na qual dizia: Se estais do meu lado, se quereis obedecer às minhas ordens, tomai as cabeças dos filhos de vosso soberano e trazei-mas amanhã, a esta hora, a Jezrael. Os filhos do rei, que eram em número de setenta, encontravam-se na casa dos grandes da cidade, que os educavam.
7 သူ​တို့​သည်​ယေ​ဟု​၏​စာ​ကို​ရ​ရှိ​ကြ​သော အ​ခါ ထို​မင်း​ညီ​မင်း​သား​ခု​နစ်​ဆယ်​ကို​သတ် ပြီး​လျှင် သူ​တို့​၏​ဦး​ခေါင်း​များ​ကို​တောင်း များ​တွင်​ထည့်​၍ ယေ​ဇ​ရေ​လ​မြို့​ရှိ​ယေ​ဟု ထံ​သို့​ပို့​လိုက်​ကြ​၏။
7 Logo que lhes chegou a carta de Jeú, tomaram os setenta príncipes e massacraram-nos. Puseram em seguida as suas cabeças em cestos e mandaram-nas a Jeú, em Jezrael.
8 ယင်း​သို့​အာ​ဟပ်​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ရောက်​ရှိ​လာ​ကြောင်း​ယေ​ဟု​ကြား​သိ လျှင် ယင်း​တို့​ကို​မြို့​တံ​ခါး​ဝ​တွင်​နှစ်​ပုံ​ပုံ ၍​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ထား​ရှိ​ရန် အ​မိန့်​ပေး​၏။-
8 Um mensageiro viera anunciar que tinham trazido as cabeças dos filhos do rei. Jeú disse: Metei-as em dois montes, à porta da cidade, até amanhã cedo.
9 နံ​နက်​ရောက်​သော​အ​ခါ​ယေ​ဟု​သည် မြို့ တံ​ခါး​သို့​သွား​၍​ရောက်​ရှိ​နေ​သည့်​လူ​တို့ အား``ယော​ရံ​မင်း​ကို​လုပ်​ကြံ​ခဲ့​သူ​မှာ​ငါ ပင်​ဖြစ်​၏။ ထို​အ​မှု​အ​တွက်​သင်​တို့​တွင် တာ​ဝန်​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဤ​သူ​တို့​ကို သတ်​သော​သူ​ကား​အ​ဘယ်​သူ​ဖြစ်​ပါ သ​နည်း။-
9 Chegando a manhã, saiu e, diante de todo o povo, disse: Vós sois justos. Eu conspirei contra o meu soberano e o matei. Mas, estes aqui, quem os feriu?
10 အာ​ဟပ်​၏​သား​မြေး​များ​နှင့်​ပတ်​သက်​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း စီ ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း ဤ​အ​မှု​ကို ထောက်​၍​သိ​ရှိ​နိုင်​ပါ​၏။ ထာ​ဝရ​ဘု​ရား သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် မိန့် တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ အ​ကောင် အ​ထည်​ဖော်​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။-
10 Ficai, pois, sabendo que não se perde nenhuma das palavras pronunciadas pelo Senhor contra a casa de Acab. O Senhor realizou o que ele havia predito pelo seu servo Elias.
11 ထို​နောက်​ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့ တွင်​နေ​ထိုင်​လျက်​ရှိ​သော အာ​ဟပ်​၏​ဆွေ မျိုး​များ၊ သူ​၏​မှူး​မတ်​များ၊ ရင်း​နှီး​သော မိတ်​ဆွေ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ကို တစ်​ယောက်​မ​ကျန်​ကွပ်​မျက်​လေ​၏။
11 Jeú feriu também todos os que restavam da casa de Acab em Jezrael, todos os seus principais oficiais, seus servos e seus sacerdotes, sem deixar sobreviver um sequer dentre eles.
12 ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သို့​သွား​ရန်​ယေ​ဇ ရေ​လ​မြို့​မှ​ထွက်​ခွာ​သွား​၏။ လမ်း​၌​သိုး​ထိန်း များ​စ​ခန်း​ဟု​အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊-
12 Depois encaminhou-se para a Samaria. Chegando a Bet-Equed-Haroim, que está junto do caminho,
13 သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။
13 encontrou os irmãos de Ocozias, rei de Judá, e perguntou-lhes: Quem sois vós? Nós somos irmãos de Ocozias, responderam eles. Descemos para fazer uma visita aos filhos do rei e aos filhos da rainha.
14 ယေ​ဟု​က``ဤ​သူ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကြ​လော့'' ဟု​မိ​မိ​၏​လူ​တို့​အား​အ​မိန့်​ပေး သည့်​အ​တိုင်း ဖမ်း​ဆီး​၍​တွင်း​တစ်​ခု​အ​နီး တွင်​လူ​ပေါင်း​လေး​ဆယ့်​နှစ်​ယောက်​တို့​ကို ကွပ်​မျက်​လေ​သည်။
14 Jeú ordenou: Tomai-os vivos! Tomaram-nos vivos e massacraram-nos junto da cisterna de Bet-Equed. De quarenta e dois que eram, Jeú não deixou sobreviver sequer um.
15 ယေ​ဟု​သည်​တစ်​ဖန်​ထွက်​ခွာ​သွား​သော​အ​ခါ လမ်း​၌​ရေ​ခပ်​၏​သား​ယော​န​ဒပ်​နှင့်​တွေ့​လေ​၏။ ယေ​ဟု​သည်​သူ့​ကို​နှုတ်​ဆက်​ပြီး​လျှင်``သင်​သည် ငါ​နှင့်​စိတ်​နေ​သ​ဘော​ထား​ချင်း​တူ​ပါ​၏။ သို့ ဖြစ်​၍​ငါ့​အား​ကူ​ညီ​မည်​လော'' ဟု​မေး​၏။
15 Deixando aquele lugar, Jeú encontrou Jonadab, filho de Recab, que vinha ao seu encontro. E saudou-o, dizendo: Teu coração é leal para comigo, como o é o meu para contigo? Sim, respondeu Jonadab. Então, dá-me tua mão. Ele deu-lha e Jeú fê-lo montar no seu carro junto dele.
16 ငါ​နှင့်​အ​တူ​လိုက်​၍​ထာ​ဝရ​ဘု​ရား​အ​တွက် ငါ​အ​ဘယ်​မျှ​စိတ်​ထက်​သန်​သည်​ကို​သင် ကိုယ်​တိုင်​ကြည့်​ရှု့​လော့'' ဟု​ဆို​၏။ သူ​တို့ နှစ်​ဦး​သည်​အ​တူ​တ​ကွ ရှ​မာ​ရိ​မြို့​သို့ ရ​ထား​စီး​၍​သွား​ကြ​၏။-
16 Disse-lhe: Vem comigo: verás o zelo que tenho pelo Senhor.
17 ထို​မြို့​သို့​ရောက်​သော​အ​ခါ​ယေ​ဟု​သည် အာ​ဟပ် ၏​ဆွေ​မျိုး​ရှိ​သ​မျှ​တို့​ကို​တစ်​ယောက်​မ​ကျန် သတ်​လေ​သည်။ ဤ​ကား​ဧ​လိ​ယ​အား​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက် ခြင်း​ပင်​ဖြစ်​သ​တည်း။
17 E levou-o em seu carro. Tendo entrado em Samaria, exterminou todos os que restavam da casa de Acab. E destruiu-a completamente, como o Senhor tinha dito a Elias.
18 ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သား​တို့​အား စု​ဝေး စေ​ပြီး​သော​အ​ခါ``အာ​ဟပ်​မင်း​သည်​ဗာ​လ ဘု​ရား​ကို​အ​နည်း​ငယ်​မျှ​သာ​ကိုး​ကွယ်​ခဲ့​၏။ ငါ​သည်​သူ့​ထက်​များ​စွာ​ပို​၍​ထို​ဘု​ရား ကို​ကိုး​ကွယ်​မည်။-
18 Jeú convocou todo o povo, e dirigiu-lhe a palavra nestes termos: Acab serviu um pouco a Baal: Jeú o servirá muito mais.
19 ဗာ​လ​ဘု​ရား​၏​ပ​ရော​ဖက်​များ၊ ထို​ဘု​ရား ကို​ကိုး​ကွယ်​သူ​များ​နှင့် ဗာ​လ​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​ဖိတ်​ကြ​လော့။ ငါ​သည် ဗာ​လ​ဘု​ရား​အား​တစ်​ခမ်း​တစ်​နား​ယဇ် ပူ​ဇော်​မည်​ဖြစ်​၍ ထို​သူ​တို့​အား​လုံး​လာ ရောက်​ကြ​ရ​မည်။ မည်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​လာ​ဘဲ​မ​နေ​ရ'' ဟု​ဆို​၏။ (ယင်း​သို့ ဆို​ရာ​၌​ယေ​ဟု​သည် ဗာ​လ​ဘု​ရား​ကို ကိုး​ကွယ်​သူ​အ​ပေါင်း​အား​သတ်​ဖြတ်​နိုင်​ရန် ပ​ရိ​ယာယ်​သုံး​လိုက်​ခြင်း​ဖြစ်​ပေ​သည်။-)
19 Convocai junto de mim todos os profetas de Baal, todos os seus fiéis, todos os seus sacerdotes. Não falte um só deles, pois quero oferecer a Baal um grande sacrifício. Todo aquele que faltar, perderá a vida. Mas isso era simplesmente um laço, para destruir todos os adoradores de Baal.
20 ထို​နောက်​ယေ​ဟု​က``ဗာ​လ​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ရန် နေ့​တစ်​နေ့​ကို​သတ်​မှတ်​ကြေ ညာ​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ကြေ​ညာ​ချက်​ထုတ်​ပြန်​ကြ​၏။-
20 Depois dessa publicação, Jeú deu esta ordem: Publicai uma assembléia solene em honra de Baal.
21 ထို့​နောက်​ယေ​ဟု​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​သို့​သ​တင်း​ပေး​ပို့​လိုက်​သ​ဖြင့် ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​သူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​လာ​ရောက်​ကြ​၏။ ထို​သူ အား​လုံး​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ထဲ သို့​ဝင်​ကြ​ရာ တစ်​ဗိ​မာန်​လုံး​ပြည့်​လေ​သည်။-
21 Depois mandou mensageiros por todo o Israel para chamá-los e os adoradores de Baal compareceram todos; não faltou nenhum. Reuniram-se no templo de Baal, que ficou cheio de uma extremidade à outra.
22 ထို​အ​ခါ​ယေ​ဟု​သည်​အ​မြတ်​ထား​သည့် ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ​သူ​ယဇ်​ပု​ရော ဟိတ်​အား ထို​ဝတ်​လုံ​တို့​ကို​ထုတ်​၍​ဝတ်​ပြု ကိုး​ကွယ်​သူ​တို့​အား​ပေး​အပ်​စေ​၏။-
22 Jeú disse ao guarda do vestiário: Dá vestes a todos os adoradores de Baal. O guarda distribuiu vestes a todos eles.
23 ထို​နောက်​မိ​မိ​ကိုယ်​တိုင်​ရေ​ခပ်​၏​သား​ယော န​ဒပ်​နှင့်​အ​တူ ဗာ​လ​ဗိ​မာန်​ထဲ​သို့​ဝင်​၍​ထို အ​ရပ်​တွင်​ရှိ​သူ​တို့​အား``ဤ​နေ​ရာ​တွင်​ရှိ သော​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​သူ​များ​သာ​ဖြစ်​စေ​ရ​မည်။ ထာ​ဝရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တစ်​စုံ တစ်​ယောက်​မျှ​မ​ပါ​မ​ရှိ​စေ​ရန် သင်​တို့ အ​သေ​အ​ချာ​စစ်​ဆေး​ကြ​လော့'' ဟု ဆို​၏။-
23 Jeú entrou no templo com Jonadab, filho de Recab, e disse aos adoradores de Baal: Vede bem que não haja convosco nenhum dos que servem ao Senhor, mas somente os adoradores de Baal.
24 ထို​နောက်​သူ​နှင့်​ယော​န​ဒပ်​သည် ဗာ​လ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို ဆက်​သ​ရန်​အ​တွင်း​သို့​ဝင်​ကြ​၏။ ယေ​ဟု​သည် ဗာ​လ​ဗိ​မာန်​အ​ပြင်​တွင် လူ​ရှစ်​ဆယ်​ကို​နေ​ရာ ယူ​စေ​ပြီး​လျှင်``သင်​တို့​သည်​ဤ​သူ​အ​ပေါင်း ကို​သတ်​ဖြတ်​ရ​ကြ​မည်။ အ​ကယ်​၍​တစ်​စုံ တစ်​ယောက်​ထွက်​ပြေး​လွတ်​မြောက်​သွား​လျှင် တာ​ဝန်​ရှိ​သူ​သည်​အ​သတ်​ခံ​ရ​မည်'' ဟု အ​မိန့်​ပေး​ထား​လေ​သည်။
24 Eles entraram, pois, para oferecer sacrifícios e holocaustos. Ora, Jeú postara oitenta homens do lado de fora, e dissera-lhes: Aquele dentre vós que deixar escapar um só destes homens que entrego nas vossas mãos, responderá com a própria vida pela do outro.
25 ယေ​ဟု​သည်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် အ​စောင့်​တပ်​သား​များ နှင့်​တပ်​မှူး​တို့​အား``ဝင်​၍​ထို​သူ​အ​ပေါင်း​ကို သတ်​လော့။ တစ်​ဦး​တစ်​ယောက်​မျှ​မ​လွတ်​သွား စေ​နှင့်'' ဟု​ပြော​၏။ သူ​တို့​သည်​ဋ္ဌား​လွတ်​များ ကိုင်​ဆောင်​ကာ ထို​သူ​တို့​ကို​သတ်​ပြီး​လျှင် အ​လောင်း​များ​ကို​အ​ပြင်​သို့​ဆွဲ​ထုတ်​ကြ ၏။ ထို​နောက်​သူ​တို့​သည်​ဗာ​လ​ဗိ​မာန်​အ​တွင်း ခန်း​သို့​ဝင်​၍၊-
25 Terminados os holocaustos, ordenou Jeú aos guardas e aos oficiais: Entrai e feri-os! Não deixeis escapar nenhum deles! E assim caíram todos ao fio da espada. Depois disso, os guardas e oficiais lançaram fora {os cadáveres}, entraram no santuário do templo de Baal,
26 ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​၏။-
26 tiraram dali o ídolo e o queimaram.
27 သို့​ဖြစ်​၍​သူ​တို့​သည်​ဗာ​လ​ကျောက်​တိုင်​နှင့် ဗာ​လ​ဗိ​မာန်​ကို​ဖြို​ဖျက်​ပစ်​ကြ​၏။ ထို​ဘု​ရား ဗိ​မာန်​ကို​ကိုယ်​လက်​သုတ်​သင်​ရန် အိမ်​အ​ဖြစ် အ​သုံး​ပြု​ခဲ့​သည်​မှာ​ယ​နေ့​တိုင်​အောင်​ပင် ဖြစ်​သ​တည်း။
27 Derrubaram a estela de Baal e demoliram o templo, transformando-o em privadas, que ainda hoje existem.
28 ဤ​ကား​ဗာ​လ​ဘု​ရား​အား​ကိုး​ကွယ်​မှု​ကို ဣ​သ​ရေ​လ​ပြည်​တွင်​ပယ်​ရှား​ခဲ့​ပုံ​ပင်​ဖြစ်​၏။-
28 Foi assim que Jeú exterminou Baal de Israel.
29 သို့​ရာ​တွင်​ယေ​ဟု​သည်​ယေ​ရော​ဗောင်​မင်း ကို​အ​တု​ခိုး​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဗေ​သ​လ​မြို့ နှင့်​ဒန်​မြို့​တွင် မိ​မိ​ပြု​လုပ်​ထား​သည့်​ရွှေ နွား​ရုပ်​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​သည့် အ​ပြစ်​ကို​ကူး​လွန်​ခဲ့​၏။-
29 Todavia, não se desviou dos pecados de Joroboão, filho de Nabat, que levara Israel ao pecado, pois deixou subsistir os bezerros de ouro de Betel e de Dã.
30 ထာ​ဝရ​ဘု​ရား​က​ယေ​ဟု​အား``သင်​သည် ငါ​ပြု​စေ​လို​သည့်​အ​တိုင်း အာ​ဟပ်​၏​သား မြေး​တို့​ကို​ပယ်​ရှား​ခဲ့​လေ​ပြီ။ သို့​ဖြစ်​၍ သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက် တိုင်​အောင်​ဣသ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ မည်'' ဟု​မိန့်​တော်​မူ​၏။-
30 O Senhor disse-lhe: Pois que fizeste o que é agradável aos meus olhos, tratando a casa de Acab como eu o queria, teus filhos ocuparão o trono de Israel durante quatro gerações.
31 သို့​ရာ​တွင်​ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ပ​ညတ်​တ​ရား​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း မဲ့​မ​လိုက်​လျှောက်​ဘဲ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန် လမ်း​ပြ သူ​ယေ​ရော​ဗောင်​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။
31 Entretanto, Jeú não se aplicou a seguir, de todo o coração, a lei do Senhor, Deus de Israel. Não se desviou dos pecados que Jeroboão levara a cometer Israel.
32 ထို​အ​ခါ​ကာ​လ​၌​ထာ​ဝရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နယ်​မြေ​၏​အ​ကျယ်​အ​ဝန်း ကို​ကျုံ့​စေ​တော်​မူ​၏။ ရှု​ရိ​ဘု​ရင်​ဟာ​ဇေ လ​သည်၊-
32 Por aquele tempo, o Senhor começou a diminuir o território de Israel. Hazael derrotou-o em toda a fronteira,
33 ယော်​ဒန်​မြစ်​အရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​နယ် မြေ​အား​လုံး​ကို တောင်​ဘက်​အာ​နုန်​မြစ်​ကမ်း ပေါ်​ရှိ​အာ​ရော်​မြို့​သို့​တိုင်​အောင်​သိမ်း​ယူ​လေ သည်။ ထို​နယ်​မြေ​တွင်​ဂဒ်၊ ရုဗင်​နှင့်​အ​ရှေ့​မ​နာ ရှေ​မျိုး​နွယ်​စု​တို့​နေ​ထိုင်​ရာ​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​တို့​ပါ​ဝင်​၏။
33 desde o Jordão até o oriente. Submeteu toda a terra de Galaad, os gaditas, os rubenitas e os manasseítas, desde Aroer, que estava sobre a torrente do Arnon, isto é, a terra de Galaad e Basã.
34 ယေ​ဟု​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-
34 O resto da história de Jeú, tudo o que ele fez, todos os seus feitos, tudo se acha consignado no livro das Crônicas dos reis de Israel.
35 ယေ​ဟု​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ရှ​မာ​ရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက် သူ​၏​သား​တော်​ယော​ခတ်​သည် သူ့​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။-
35 Jeú adormeceu com seus pais e foi sepultado em Samaria. Seu filho Joacaz sucedeu-lhe no trono.
36 ယေ​ဟု​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဖြင့် ရှ​မာ​ရိ​မြို့​တွင်​နှစ်​ဆယ့်​ရှစ်​နှစ်​နန်း​စံ ခဲ့​သ​တည်း။
36 Jeú reinou vinte e oito anos em Samaria.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.