2 Reis 10
Common Language Bible (MYA) vs ARA
1 အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
1 Achando-se em Samaria setenta filhos de Acabe, Jeú escreveu cartas e as enviou a Samaria, aos chefes da cidade, aos anciãos e aos tutores dos filhos de Acabe, dizendo:
2 ``သင်တို့သည်မင်းကြီး၏သားမြေးများ ကိုတာဝန်ယူစောင့်ရှောက်ရကြသူများဖြစ် သဖြင့် သင်တို့၌စစ်ရထားတပ်၊ မြင်းတပ်၊ လက်နက်၊ ခံတပ်မြို့များရှိပေသည်။ ထို့ကြောင့် ဤစာကိုရလျှင်ရခြင်း၊-
2 Logo, em chegando a vós outros esta carta (pois estão convosco os filhos de vosso senhor, como também os carros, os cavalos, a cidade fortalecida e as armas),
3 သင်တို့သည်မင်းကြီး၏သားမြေးများထဲမှ အသင့်တော်ဆုံးသူကိုရွေးချယ်၍မင်းမြှောက် ပြီးလျှင် သူ၏ဘက်မှခုခံကာကွယ်တိုက်ခိုက် ကြလော့'' ဟုပါရှိ၏။
3 escolhei o melhor e mais capaz dos filhos de vosso senhor, ponde-o sobre o trono de seu pai e pelejai pela casa de vosso senhor.
4 ရှမာရိမြို့ရှိအုပ်ချုပ်ရေးမှူးများသည် ထိတ် လန့်လျက်``ယေဟုအားယောရံမင်းနှင့်အာခဇိ မင်းတို့ပင်လျှင် မခံမရပ်နိုင်ကြပါလျှင် ငါ တို့အဘယ်သို့သူ့အားခံရပ်နိုင်ပါမည်နည်း'' ဟုဆိုကြ၏။-
4 Porém eles temeram muitíssimo e disseram: Dois reis não puderam resistir a ele; como, pois, poderemos nós fazê-lo?
5 သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
5 Então, o responsável pelo palácio, e o responsável pela cidade, e os anciãos, e os tutores mandaram dizer a Jeú: Teus servos somos e tudo quanto nos ordenares faremos; a ninguém constituiremos rei; faze o que bem te parecer.
6 ယေဟုကလည်း``သင်တို့သည်ငါ၏ဘက်သို့ ပါ၍ ငါ့အမိန့်ကိုလိုက်နာရန်အသင့်ရှိပါ လျှင် အာဟပ်မင်း၏သားမြေးတို့၏ဦးခေါင်း များကို နက်ဖြန်ဤအချိန်အရောက်ငါ့ထံ သို့ယူဆောင်ခဲ့ကြလော့'' ဟုနောက်ထပ်စာ ရေးပေးပို့လိုက်လေသည်။
6 Então, lhes escreveu outra carta, dizendo: Se estiverdes do meu lado e quiserdes obedecer-me, tomai as cabeças dos homens, filhos de vosso senhor, e amanhã a estas horas vinde a mim a Jezreel. Ora, os filhos do rei, que eram setenta, estavam com os grandes da cidade, que os criavam.
7 သူတို့သည်ယေဟု၏စာကိုရရှိကြသော အခါ ထိုမင်းညီမင်းသားခုနစ်ဆယ်ကိုသတ် ပြီးလျှင် သူတို့၏ဦးခေါင်းများကိုတောင်း များတွင်ထည့်၍ ယေဇရေလမြို့ရှိယေဟု ထံသို့ပို့လိုက်ကြ၏။
7 Chegada a eles a carta, tomaram os filhos do rei, e os mataram, setenta pessoas, e puseram as suas cabeças nuns cestos, e lhas mandaram a Jezreel.
8 ယင်းသို့အာဟပ်သားမြေးတို့၏ဦးခေါင်း များရောက်ရှိလာကြောင်းယေဟုကြားသိ လျှင် ယင်းတို့ကိုမြို့တံခါးဝတွင်နှစ်ပုံပုံ ၍နောက်တစ်နေ့နံနက်တိုင်အောင် ထားရှိရန် အမိန့်ပေး၏။-
8 Veio um mensageiro e lhe disse: Trouxeram as cabeças dos filhos do rei. Ele disse: Ponde-as em dois montões à entrada da porta, até pela manhã.
9 နံနက်ရောက်သောအခါယေဟုသည် မြို့ တံခါးသို့သွား၍ရောက်ရှိနေသည့်လူတို့ အား``ယောရံမင်းကိုလုပ်ကြံခဲ့သူမှာငါ ပင်ဖြစ်၏။ ထိုအမှုအတွက်သင်တို့တွင် တာဝန်မရှိပါ။ သို့ရာတွင်ဤသူတို့ကို သတ်သောသူကားအဘယ်သူဖြစ်ပါ သနည်း။-
9 Saindo ele pela manhã, parou e disse a todo o povo: Vós estais sem culpa; eis que eu conspirei contra o meu senhor e o matei; mas quem feriu todos estes?
10 အာဟပ်၏သားမြေးများနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း စီ ရင်တော်မူမည်ဖြစ်ကြောင်း ဤအမှုကို ထောက်၍သိရှိနိုင်ပါ၏။ ထာဝရဘုရား သည်ပရောဖက်ဧလိယအားဖြင့် မိန့် တော်မူခဲ့သည်နှင့်အညီ အကောင် အထည်ဖော်တော်မူလေပြီ'' ဟုပြော၏။-
10 Sabei, pois, agora, que, da palavra do Senhor , pronunciada contra a casa de Acabe, nada cairá em terra, porque o Senhor fez o que falou por intermédio do seu servo Elias.
11 ထိုနောက်ယေဟုသည်ယေဇရေလမြို့ တွင်နေထိုင်လျက်ရှိသော အာဟပ်၏ဆွေ မျိုးများ၊ သူ၏မှူးမတ်များ၊ ရင်းနှီးသော မိတ်ဆွေများနှင့်ယဇ်ပုရောဟိတ်များကို တစ်ယောက်မကျန်ကွပ်မျက်လေ၏။
11 Jeú feriu também todos os restantes da casa de Acabe em Jezreel, como também todos os seus grandes, os seus conhecidos e os seus sacerdotes, até que nem um sequer lhe deixou ficar de resto.
12 ယေဟုသည်ရှမာရိမြို့သို့သွားရန်ယေဇ ရေလမြို့မှထွက်ခွာသွား၏။ လမ်း၌သိုးထိန်း များစခန်းဟုအမည်တွင်သောအရပ်သို့ ရောက်သောအခါ၊-
12 Então, se dispôs, partiu e foi a Samaria. E, estando no caminho, em Bete-Equede dos Pastores,
13 သူသည်ကွယ်လွန်သူအာခဇိ၏ဆွေမျိုး အချို့နှင့်တွေ့၍ သူတို့အား``သင်တို့သည် အဘယ်သူများပေနည်း'' ဟုမေး၏။
13 encontrou Jeú parentes de Acazias, rei de Judá, e perguntou: Quem sois vós? Eles responderam: Parentes de Acazias; voltamos de saudar os filhos do rei e os da rainha-mãe.
14 ယေဟုက``ဤသူတို့အားလက်ရဖမ်းဆီး ကြလော့'' ဟုမိမိ၏လူတို့အားအမိန့်ပေး သည့်အတိုင်း ဖမ်းဆီး၍တွင်းတစ်ခုအနီး တွင်လူပေါင်းလေးဆယ့်နှစ်ယောက်တို့ကို ကွပ်မျက်လေသည်။
14 Então, disse Jeú: Apanhai-os vivos. Eles os apanharam vivos e os mataram junto ao poço de Bete-Equede, quarenta e dois homens; e a nenhum deles deixou de resto.
15 ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။
15 Tendo partido dali, encontrou a Jonadabe, filho de Recabe, que lhe vinha ao encontro; Jeú saudou-o e lhe perguntou: Tens tu sincero o coração para comigo, como o meu o é para contigo? Respondeu Jonadabe: Tenho. Então, se tens, dá-me a mão. Jonadabe deu-lhe a mão; e Jeú fê-lo subir consigo ao carro
16 ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
16 e lhe disse: Vem comigo e verás o meu zelo para com o Senhor . E, assim, Jeú o levou no seu carro.
17 ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။
17 Tendo Jeú chegado a Samaria, feriu todos os que ali ficaram de Acabe, até destruí-los, segundo a palavra que o Senhor dissera a Elias.
18 ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
18 Ajuntou Jeú a todo o povo e lhe disse: Acabe serviu pouco a Baal; Jeú, porém, muito o servirá.
19 ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)
19 Pelo que chamai-me, agora, todos os profetas de Baal, todos os seus servidores e todos os seus sacerdotes; não falte nenhum, porque tenho grande sacrifício a oferecer a Baal; todo aquele que faltar não viverá. Porém Jeú fazia isto com astúcia, para destruir os servidores de Baal.
20 ထိုနောက်ယေဟုက``ဗာလဘုရားကိုဝတ် ပြုကိုးကွယ်ရန် နေ့တစ်နေ့ကိုသတ်မှတ်ကြေ ညာကြလော့'' ဟုအမိန့်ပေးသည့်အတိုင်း ကြေညာချက်ထုတ်ပြန်ကြ၏။-
20 Disse mais Jeú: Consagrai uma assembleia solene a Baal; e a proclamaram.
21 ထို့နောက်ယေဟုသည်ဣသရေလနိုင်ငံတစ် ဝှမ်းလုံးသို့သတင်းပေးပို့လိုက်သဖြင့် ဗာလ ဘုရားကိုကိုးကွယ်သူအပေါင်းတို့သည် တစ်ယောက်မကျန်လာရောက်ကြ၏။ ထိုသူ အားလုံးတို့သည်ဗာလဘုရားဗိမာန်ထဲ သို့ဝင်ကြရာ တစ်ဗိမာန်လုံးပြည့်လေသည်။-
21 Também Jeú enviou mensageiros por todo o Israel; vieram todos os adoradores de Baal, e nenhum homem deles ficou que não viesse. Entraram na casa de Baal, que se encheu de uma extremidade à outra.
22 ထိုအခါယေဟုသည်အမြတ်ထားသည့် ဝတ်လုံများကိုထိန်းသိမ်းရသူယဇ်ပုရော ဟိတ်အား ထိုဝတ်လုံတို့ကိုထုတ်၍ဝတ်ပြု ကိုးကွယ်သူတို့အားပေးအပ်စေ၏။-
22 Então, disse Jeú ao vestiário: Tira as vestimentas para todos os adoradores de Baal. E o fez.
23 ထိုနောက်မိမိကိုယ်တိုင်ရေခပ်၏သားယော နဒပ်နှင့်အတူ ဗာလဗိမာန်ထဲသို့ဝင်၍ထို အရပ်တွင်ရှိသူတို့အား``ဤနေရာတွင်ရှိ သောသူတို့သည်ဗာလဘုရားကိုဝတ်ပြု ကိုးကွယ်သူများသာဖြစ်စေရမည်။ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်သူတစ်စုံ တစ်ယောက်မျှမပါမရှိစေရန် သင်တို့ အသေအချာစစ်ဆေးကြလော့'' ဟု ဆို၏။-
23 Entrou Jeú com Jonadabe, filho de Recabe, na casa de Baal e disse aos adoradores de Baal: Examinai e vede bem não esteja aqui entre vós algum dos servos do Senhor , mas somente os adoradores de Baal.
24 ထိုနောက်သူနှင့်ယောနဒပ်သည် ဗာလဘုရား အားယဇ်ပူဇော်ရန်နှင့်ပူဇော်သကာများကို ဆက်သရန်အတွင်းသို့ဝင်ကြ၏။ ယေဟုသည် ဗာလဗိမာန်အပြင်တွင် လူရှစ်ဆယ်ကိုနေရာ ယူစေပြီးလျှင်``သင်တို့သည်ဤသူအပေါင်း ကိုသတ်ဖြတ်ရကြမည်။ အကယ်၍တစ်စုံ တစ်ယောက်ထွက်ပြေးလွတ်မြောက်သွားလျှင် တာဝန်ရှိသူသည်အသတ်ခံရမည်'' ဟု အမိန့်ပေးထားလေသည်။
24 E, entrando eles a oferecerem sacrifícios e holocaustos, Jeú preparou da parte de fora oitenta homens e disse-lhes: Se escapar algum dos homens que eu entregar em vossas mãos, a vida daquele que o deixar escapar responderá pela vida dele.
25 ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
25 Sucedeu que, acabado o oferecimento do holocausto, ordenou Jeú aos da sua guarda e aos capitães: Entrai, feri-os, que nenhum escape. Feriram-nos a fio de espada; e os da guarda e os capitães os lançaram fora, e penetraram no mais interior da casa de Baal,
26 ဗာလဘုရားကျောက်တိုင်ကိုယူပြီးလျှင် မီးရှို့ကြ၏။-
26 e tiraram as colunas que estavam na casa de Baal, e as queimaram.
27 သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
27 Também quebraram a própria coluna de Baal, e derribaram a casa de Baal, e a transformaram em latrinas até ao dia de hoje.
28 ဤကားဗာလဘုရားအားကိုးကွယ်မှုကို ဣသရေလပြည်တွင်ပယ်ရှားခဲ့ပုံပင်ဖြစ်၏။-
28 Assim, Jeú exterminou de Israel a Baal.
29 သို့ရာတွင်ယေဟုသည်ယေရောဗောင်မင်း ကိုအတုခိုး၏။ ယေရောဗောင်ကားဣသ ရေလအမျိုးသားတို့အားဗေသလမြို့ နှင့်ဒန်မြို့တွင် မိမိပြုလုပ်ထားသည့်ရွှေ နွားရုပ်များကိုဝတ်ပြုကိုးကွယ်စေသည့် အပြစ်ကိုကူးလွန်ခဲ့၏။-
29 Porém não se apartou Jeú de seguir os pecados de Jeroboão, filho de Nebate, que fez pecar a Israel, a saber, dos bezerros de ouro que estavam em Betel e em Dã.
30 ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။-
30 Pelo que disse o Senhor a Jeú: Porquanto bem executaste o que é reto perante mim e fizeste à casa de Acabe segundo tudo quanto era do meu propósito, teus filhos até à quarta geração se assentarão no trono de Israel.
31 သို့ရာတွင်ယေဟုသည် ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား၏ ပညတ်တရားတော်ကိုစိတ်နှလုံးအကြွင်း မဲ့မလိုက်လျှောက်ဘဲ ဣသရေလအမျိုး သားတို့အားအပြစ်ကူးလွန်ရန် လမ်းပြ သူယေရောဗောင်၏လမ်းစဉ်ကိုလိုက်လေ သည်။
31 Mas Jeú não teve cuidado de andar de todo o seu coração na lei do Senhor , Deus de Israel, nem se apartou dos pecados que Jeroboão fez pecar a Israel.
32 ထိုအခါကာလ၌ထာဝရဘုရားသည် ဣသရေလနယ်မြေ၏အကျယ်အဝန်း ကိုကျုံ့စေတော်မူ၏။ ရှုရိဘုရင်ဟာဇေ လသည်၊-
32 Naqueles dias, começou o Senhor a diminuir os limites de Israel, que foi ferido por Hazael em todas as suas fronteiras,
33 ယော်ဒန်မြစ်အရှေ့ဘက်ရှိဣသရေလနယ် မြေအားလုံးကို တောင်ဘက်အာနုန်မြစ်ကမ်း ပေါ်ရှိအာရော်မြို့သို့တိုင်အောင်သိမ်းယူလေ သည်။ ထိုနယ်မြေတွင်ဂဒ်၊ ရုဗင်နှင့်အရှေ့မနာ ရှေမျိုးနွယ်စုတို့နေထိုင်ရာဂိလဒ်ပြည်နှင့် ဗာရှန်ပြည်တို့ပါဝင်၏။
33 desde o Jordão para o nascente do sol, toda a terra de Gileade, os gaditas, os rubenitas e os manassitas, desde Aroer, que está junto ao vale de Arnom, a saber, Gileade e Basã.
34 ယေဟု၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှ ကို ဣသရေလရာဇဝင်တွင်ရေးထား၏။-
34 Ora, os mais atos de Jeú, e tudo quanto fez, e todo o seu poder, porventura, não estão escritos no Livro da História dos Reis de Israel?
35 ယေဟုကွယ်လွန်သောအခါသူ၏အလောင်း ကိုရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သူ၏သားတော်ယောခတ်သည် သူ့ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။-
35 Descansou Jeú com seus pais, e o sepultaram em Samaria; e Jeoacaz, seu filho, reinou em seu lugar.
36 ယေဟုသည်ဣသရေလဘုရင်အဖြစ် ဖြင့် ရှမာရိမြို့တွင်နှစ်ဆယ့်ရှစ်နှစ်နန်းစံ ခဲ့သတည်း။
36 Os dias que Jeú reinou sobre Israel em Samaria foram vinte e oito anos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.