2 Crônicas 7

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​သို့​ရှော​လ​မုန်​မင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​မီး​လျှံ​ကျ​၍ ပူ​ဇော်​သ​ကာ တို့​ကို​ကျွမ်း​လောင်​သွား​စေ​၏။ ထို​နောက်​ဗိ​မာန် တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော ဘုန်း​အသ​ရေ​တော်​ဖြင့်​ပြည့်​လေ​၏။-
1 Quando Salomão terminou a oração, desceu fogo do céu e queimou completamente o animal oferecido em sacrifício e os outros sacrifícios que tinham sido oferecidos; e a glória do Senhor Deus encheu o Templo.
2 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။-
2 E, por causa dessa luz, os sacerdotes não puderam entrar no Templo.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိုး​ကောင်း​ကင် မှ​မီး​လျှံ​ကျ​လာ​၍ ဗိ​မာန်​တော်​သည်​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လာ​သည် ကို​မြင်​သော​အ​ခါ​ကြမ်း​ပြင်​ပေါ်​တွင်​ပျပ်​ဝပ် ရှိ​ခိုး​လျက်``ကိုယ်​တော်​သည်​ကောင်း​မြတ်​တော် မူ​၍​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-
3 Ao verem o fogo descer e a glória do Senhor encher o Templo, todos os israelitas que estavam ali no pátio se ajoelharam e encostaram o rosto no chão. Eles adoraram a Deus e o louvaram, dizendo: “Louvem a Deus, o e porque o seu amor dura para sempre.”
4 ထို​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-
4 Então o rei e todo o povo ofereceram sacrifícios ao Senhor .
5 မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့် သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို​မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ ပြု​ကြ​လေ​သည်။-
5 Salomão ofereceu em sacrifício vinte e dois mil bois e cento e vinte mil ovelhas. Assim o rei e o povo dedicaram o Templo ao serviço de Deus.
6 ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​အ​တွက် သတ်​မှတ်​ထား​သည့်​နေ​ရာ​တွင်​ရပ်​လျက်​နေ ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယဇ်​ပု​ရော ဟိတ်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​ရပ်​လျက် ဒါ​ဝိဒ် မင်း​ပြု​လုပ်​ခဲ့​သော​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ဒါ​ဝိဒ်​မင်း​စီ​မံ​ခဲ့​သည့်​အ​တိုင်း``ကိုယ်​တော် ၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ သော​ဋ္ဌမ္မ​သီ​ချင်း​ကို​သီ​ဆို​ကြ​လေ​သည်။ လူ​အ​ပေါင်း​တို့​ရပ်​လျက်​နေ​စဉ်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​တံ​ပိုး​ခရာ​များ​ကို​မှုတ်​ကြ​၏။
6 Os sacerdotes estavam nos seus lugares, e os levitas também, com os instrumentos de música sagrada que o rei Davi tinha feito para eles tocarem acompanhando o cântico “O Seu Amor É Eterno”. Era assim que eles executavam os cânticos de louvor feitos por Davi. Todos os israelitas ficaram de pé enquanto os sacerdotes, que estavam em frente dos levitas, tocavam as trombetas.
7 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​၌​ရှိ​သော​အလယ် တံ​တိုင်း​ကို​ဆက်​ကပ်​ပြီး​နောက် ထို​နေ​ရာ​၌​တစ် ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​မှ​ဆီ​ဥ​တို့​ကို​ပူ​ဇော်​တော် မူ​၏။ ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​မင်း​ကြီး တည်​ဆောက်​ထား​သည့်​ကြေး​ဝါ​ယဇ်​ပလ္လင်​သည် ထို​ပူဇော်​သ​ကာ​အား​လုံး​တို့​အ​တွက်​အ​လွန် သေး​ငယ်​သော​ကြောင့်​ဖြစ်​လေ​သည်။
7 Salomão dedicou também ao serviço de Deus a parte central do pátio que ficava em frente do Templo; ali ele apresentou as ofertas que foram completamente queimadas e a gordura dos animais que haviam sido oferecidos nas ofertas de paz. Salomão fez isso porque o altar de bronze era muito pequeno para os sacrifícios que eram completamente queimados, para as ofertas de cereais e para a gordura das ofertas de paz.
8 ရှော​လ​မုန်​မင်း​နှင့်​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​မှ​တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင် အောင် အ​ရပ်​ရပ်​မှ​လာ​ရောက်​ကြ​သော​ဣသ​ရေ​လ ပြည်​သူ​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ​ပွဲ တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ပြီး​နောက်၊-
8 Depois Salomão e todo o povo de Israel comemoraram durante sete dias a festa da dedicação do altar. Estava ali uma enorme multidão, pessoas que tinham vindo do país inteiro, desde a subida de Hamate, no Norte, até a fronteira do Egito, no Sul.
9 အ​ဋ္ဌ​မ​နေ့​၌​ဋ္ဌမ္မ​အ​စည်း​အ​ဝေး​ကို​ကျင်း​ပ ကြ​၏။ ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​သည် မှာ​ခု​နစ်​ရက်၊ ပွဲ​တော်​ကျင်း​ပ​သည်​မှာ​လည်း ခု​နစ်​ရက်​ဖြစ်​၏။-
9 No dia seguinte, começaram a comemorar a Festa das Barracas , que também durou uma semana. E no dia seguinte fizeram uma grande festa de encerramento.
10 သတ္တ​မ​လ​နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ရှော​လ​မုန် သည်​ပြည်​သူ​တို့​အား မိ​မိ​တို့​နေ​ရပ်​သို့​ပြန် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​အား​ပြု​တော် မူ​သော​ကျေး​ဇူး​တော်​ကြောင့်​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​စွာ​ပြန်​ကြ​ကုန်​၏။
10 No outro dia, o dia vinte e três do sétimo mês, o rei mandou o povo para casa. Todos foram embora felizes e alegres por causa de todas as coisas boas que o Senhor Deus tinha dado a Davi, a Salomão e ao seu povo de Israel.
11 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​နှင့် နန်း​တော်​တည် ဆောက်​မှု​ကို​မိ​မိ​၏​စီ​မံ​ချက်​နှင့်​အ​ညီ​ထ မြောက်​၍​အ​ပြီး​သတ်​သော​အ​ခါ၊-
11 Assim Salomão acabou de construir o Templo e o palácio real; todos os seus planos para a construção do Templo e do palácio deram certo.
12 ထာ​ဝ​ရ​ဘု​ရား​သည်​ညဥ့်​အ​ခါ​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ငါ​ကြား​ပြီ။ သို့​ဖြစ်​၍​ဤ​ဗိ​မာန်​တော်​ကို ငါ့​အား​ယဇ်​ပူ​ဇော်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ငါ လက်​ခံ​၏။-
12 Então o Senhor Deus apareceu de noite a Salomão e disse: — Eu ouvi a sua oração e escolhi este Templo para ser o lugar onde serão oferecidos os
13 ငါ​သည်​မိုး​ကို​ခေါင်​စေ​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ကောက်​ပဲ​သီး​နှံ​များ​ကို​ကိုက်​ဖျက်​ရန်​ကျိုင်း ကောင်​များ​ကို​စေ​လွှတ်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ငါ​ပိုင်​ဆိုင်​သူ​များ​ဟု​ခေါ်​ဆို​သ​မုတ်​အပ် သည့်​ငါ​၏​လူ​မျိုး​တော်​အား​ကာ​လ​နာ သင့်​စေ​သော​အ​ခါ​၌​ဖြစ်​စေ၊-
13 Quando eu fechar o céu e não deixar que chova, ou ordenar aos gafanhotos que destruam as colheitas, ou mandar uma peste atacar o povo,
14 သူ​တို့​သည်​ငါ့​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ​နောင်​တ​ရ​၍​မိ​မိ​တို့​၏​ဒု​စ​ရိုက်​လမ်း ကို​ရှောင်​ကြဉ်​ကြ​လျှင် ငါ​သည်​ကောင်း​ကင်​ဘုံ မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း မည်။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ပြည်​ကို​တစ်​ဖန်​ပြန်​လည်​ဝ​ပြော သာ​ယာ​လာ​စေ​မည်။-
14 então, se o meu povo, que pertence somente a mim, se arrepender, abandonar os seus pecados e orar a mim, eu os ouvirei do céu, perdoarei os seus pecados e farei o país progredir de novo.
15 ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့်​ရှောက် မည်။ ဤ​ဗိ​မာန်​တော်​တွင်​ပြု​သ​မျှ​သော​ဆု တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​မည်။-
15 Escutarei com atenção as orações que forem feitas neste Templo,
16 ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ရွေး​ချယ်​၍​ငါ့​အား ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့်​သီး​သန့်​စေ​ပြီ။ ငါ​သည်​ဤ​ဌာ​န​တော် ကို​စောင့်​ကြပ်​ကြည့်​ရှု​မည်။ ကာ​လ​အ​စဉ် အ​ဆက်​ကာ​ကွယ်​စောင့်​ရှောက်​မည်။-
16 pois é o Templo que escolhi e separei para ser o lugar onde deverei ser adorado para sempre. Eu tomarei conta dele e sempre o protegerei.
17 သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ငါ ၏​တ​ရား​တော်​ကို​စောင့်​ထိန်း​၍​ငါ​ပညတ်​သ​မျှ အ​တိုင်း​ပြု​ကျင့်​ကာ​ငါ့​အား​ကိုး​ကွယ်​လျှင်၊-
17 — E se você, Salomão, me servir fielmente, como fez Davi, o seu pai, e se obedecer às minhas leis e ordens e fizer tudo o que eu mandar,
18 သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား`ဣသ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု ငါ​ပေး​ခဲ့​သည့် က​တိ​ကို​တည်​စေ​မည်။-
18 então eu firmarei o seu poder como rei, cumprindo assim a aliança que fiz com Davi quando lhe disse que Israel sempre seria governado pelos descendentes dele.
19 သို့​ရာ​တွင်​အ​ကယ်​၍​သင်​နှင့်​သင်​၏​ပြည်​သူ တို့​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​တို့​ကို​ချိုး​ဖောက်​၍​အ​ခြား​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လျှင်​မူ​ကား၊-
19 Mas, se você e o seu povo deixarem de me seguir, se desobedecerem às leis e aos mandamentos que lhes dei e se adorarem e servirem outros deuses,
20 ငါ​ပေး​သ​နား​သည့်​ပြည်​မှ​သင်​တို့​ကို​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့် ငါ​သီး​သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို လည်း​စွန့်​ခွာ​မည်​ဖြစ်​၍ အ​ရပ်​တ​ကာ​ရှိ​လူ တို့​တွင်​အ​ထင်​အ​မြင်​သေး​ခြင်း​နှင့်​ပြောင် လှောင်​ခြင်း​ဖြစ်​စေ​မည်။
20 então eu os arrancarei da terra que lhes dei. E também abandonarei este Templo, que separei para ser o lugar onde devo ser adorado. Aí todos os povos vão desprezar e zombar do Templo,
21 ``ယ​ခု​အ​ခါ​ဗိ​မာန်​တော်​သည်​များ​စွာ​ဂုဏ် အ​သ​ရေ​ရှိ​သော်​လည်း ထို​အ​ခါ​၌​မူ​အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့်​ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​စီ​ရင်​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-
21 que agora é tão glorioso . Todos os que passarem por perto dele ficarão chocados e perguntarão: “Por que foi que Deus fez isso com esta terra e com este Templo?”
22 လူ​တို့​က`ဣသ​ရေ​လ​အမျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား ကို​စွန့်​ပစ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ထံ​တွင်​ကျေး​ဇူး​သစ္စာ ခံ​လျက်​ထို​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​လေ ပြီ။ ထို​ကြောင့်​ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​အား ဤ​ဘေး​ဒဏ်​ကို​သင့်​စေ​တော်​မူ​ပြီ' ဟု​ဖြေ ဆို​ကြ​လိမ့်​မည်။''
22 E a resposta será: “Foi porque os israelitas abandonaram o Senhor , seu Deus, que tirou do Egito os antepassados deles. Eles seguiram outros deuses e os adoraram e os serviram. Foi por isso que o Senhor fez com que toda esta desgraça caísse sobre eles.”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.