2 Crônicas 7
Common Language Bible (MYA) vs ARA
1 ထိုသို့ရှောလမုန်မင်းပတ္ထနာပြုပြီးသောအခါ မိုးကောင်းကင်မှမီးလျှံကျ၍ ပူဇော်သကာ တို့ကိုကျွမ်းလောင်သွားစေ၏။ ထိုနောက်ဗိမာန် တော်သည်ထာဝရဘုရား၏တောက်ပသော ဘုန်းအသရေတော်ဖြင့်ပြည့်လေ၏။-
1 Tendo Salomão acabado de orar, desceu fogo do céu e consumiu o holocausto e os sacrifícios; e a glória do Senhor encheu a casa.
2 သို့ဖြစ်၍ယဇ်ပုရောဟိတ်တို့သည်ထာဝရ ဘုရား၏ဗိမာန်တော်ထဲသို့မဝင်နိုင်ကြ။-
2 Os sacerdotes não podiam entrar na Casa do Senhor , porque a glória do Senhor tinha enchido a Casa do Senhor .
3 ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
3 Todos os filhos de Israel, vendo descer o fogo e a glória do Senhor sobre a casa, se encurvaram com o rosto em terra sobre o pavimento, e adoraram, e louvaram o Senhor , porque é bom, porque a sua misericórdia dura para sempre.
4 ထိုနောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည်ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။-
4 Então, o rei e todo o povo ofereceram sacrifícios diante do Senhor .
5 မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
5 Ofereceu o rei Salomão em sacrifício vinte e dois mil bois e cento e vinte mil ovelhas.
6 ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
6 Assim, o rei e todo o povo consagraram a Casa de Deus. Os sacerdotes estavam nos seus devidos lugares, como também os levitas com os instrumentos músicos do Senhor , que o rei Davi tinha feito para deles se utilizar nas ações de graças ao Senhor , porque a sua misericórdia dura para sempre. Os sacerdotes que tocavam as trombetas estavam defronte deles, e todo o Israel se mantinha em pé.
7 ရှောလမုန်သည်ဗိမာန်တော်ရှေ့၌ရှိသောအလယ် တံတိုင်းကိုဆက်ကပ်ပြီးနောက် ထိုနေရာ၌တစ် ကောင်လုံးမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်မှဆီဥတို့ကိုပူဇော်တော် မူ၏။ ဤသို့ပြုတော်မူရခြင်းမှာမင်းကြီး တည်ဆောက်ထားသည့်ကြေးဝါယဇ်ပလ္လင်သည် ထိုပူဇော်သကာအားလုံးတို့အတွက်အလွန် သေးငယ်သောကြောင့်ဖြစ်လေသည်။
7 Salomão consagrou também o meio do átrio que estava diante da Casa do Senhor , porquanto ali prepararam os holocaustos e a gordura dos sacrifícios pacíficos; porque, no altar de bronze, que Salomão fizera, não podiam caber os holocaustos, as ofertas de manjares e a gordura dos sacrifícios pacíficos.
8 ရှောလမုန်မင်းနှင့်မြောက်ဘက်ဟာမတ်တောင် ကြားမှတောင်ဘက်အီဂျစ်ပြည်နယ်စပ်တိုင် အောင် အရပ်ရပ်မှလာရောက်ကြသောဣသရေလ ပြည်သူအပေါင်းတို့သည် သစ်ခက်တဲနေပွဲ တော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပပြီးနောက်၊-
8 Assim, celebrou Salomão a festa por sete dias, e todo o Israel, com ele, uma grande congregação, desde a entrada de Hamate até ao rio do Egito.
9 အဋ္ဌမနေ့၌ဋ္ဌမ္မအစည်းအဝေးကိုကျင်းပ ကြ၏။ ယဇ်ပလ္လင်ကိုအနုမောဒနာပြုသည် မှာခုနစ်ရက်၊ ပွဲတော်ကျင်းပသည်မှာလည်း ခုနစ်ရက်ဖြစ်၏။-
9 Ao oitavo dia, começaram a celebrar a Festa dos Tabernáculos, porque, por sete dias, já haviam celebrado a consagração do altar; a festa durava sete dias.
10 သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
10 No vigésimo terceiro dia do sétimo mês, o rei despediu o povo para as suas tendas; e todos se foram alegres e de coração contente por causa do bem que o Senhor fizera a Davi, a Salomão e a Israel, seu povo.
11 ရှောလမုန်သည်ဗိမာန်တော်နှင့် နန်းတော်တည် ဆောက်မှုကိုမိမိ၏စီမံချက်နှင့်အညီထ မြောက်၍အပြီးသတ်သောအခါ၊-
11 Assim, Salomão acabou a Casa do Senhor e a casa do rei; tudo quanto Salomão intentou fazer na Casa do Senhor e na sua casa, prosperamente o efetuou.
12 ထာဝရဘုရားသည်ညဥ့်အခါရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင်၏ဆုတောင်းပတ္ထနာ ကိုငါကြားပြီ။ သို့ဖြစ်၍ဤဗိမာန်တော်ကို ငါ့အားယဇ်ပူဇော်ရာဌာနအဖြစ်ဖြင့်ငါ လက်ခံ၏။-
12 De noite, apareceu o Senhor a Salomão e lhe disse: Ouvi a tua oração e escolhi para mim este lugar para casa do sacrifício.
13 ငါသည်မိုးကိုခေါင်စေသည့်အခါ၌ဖြစ်စေ၊ ကောက်ပဲသီးနှံများကိုကိုက်ဖျက်ရန်ကျိုင်း ကောင်များကိုစေလွှတ်သည့်အခါ၌ဖြစ်စေ၊ ငါပိုင်ဆိုင်သူများဟုခေါ်ဆိုသမုတ်အပ် သည့်ငါ၏လူမျိုးတော်အားကာလနာ သင့်စေသောအခါ၌ဖြစ်စေ၊-
13 Se eu cerrar os céus de modo que não haja chuva, ou se ordenar aos gafanhotos que consumam a terra, ou se enviar a peste entre o meu povo;
14 သူတို့သည်ငါ့ထံသို့ ဆုတောင်းပတ္ထနာပြု ကာနောင်တရ၍မိမိတို့၏ဒုစရိုက်လမ်း ကိုရှောင်ကြဉ်ကြလျှင် ငါသည်ကောင်းကင်ဘုံ မှသူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်း မည်။ သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ပြည်ကိုတစ်ဖန်ပြန်လည်ဝပြော သာယာလာစေမည်။-
14 se o meu povo, que se chama pelo meu nome, se humilhar, e orar, e me buscar, e se converter dos seus maus caminhos, então, eu ouvirei dos céus, perdoarei os seus pecados e sararei a sua terra.
15 ငါသည်ဤဗိမာန်တော်ကိုကြည့်ရှုစောင့်ရှောက် မည်။ ဤဗိမာန်တော်တွင်ပြုသမျှသောဆု တောင်းပတ္ထနာများကိုနားညောင်းမည်။-
15 Estarão abertos os meus olhos e atentos os meus ouvidos à oração que se fizer neste lugar.
16 ငါသည်ဤဗိမာန်တော်ကိုရွေးချယ်၍ငါ့အား ထာဝစဉ်ဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့်သီးသန့်စေပြီ။ ငါသည်ဤဌာနတော် ကိုစောင့်ကြပ်ကြည့်ရှုမည်။ ကာလအစဉ် အဆက်ကာကွယ်စောင့်ရှောက်မည်။-
16 Porque escolhi e santifiquei esta casa, para que nela esteja o meu nome perpetuamente; nela, estarão fixos os meus olhos e o meu coração todos os dias.
17 သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ငါ ၏တရားတော်ကိုစောင့်ထိန်း၍ငါပညတ်သမျှ အတိုင်းပြုကျင့်ကာငါ့အားကိုးကွယ်လျှင်၊-
17 Quanto a ti, se andares diante de mim, como andou Davi, teu pai, e fizeres segundo tudo o que te ordenei, e guardares os meus estatutos e os meus juízos,
18 သင်၏ခမည်းတော်ဒါဝိဒ်အား`ဣသရေလပြည် တွင်အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်ရလိမ့်မည်မဟုတ်' ဟု ငါပေးခဲ့သည့် ကတိကိုတည်စေမည်။-
18 também confirmarei o trono do teu reino, segundo a aliança que fiz com Davi, teu pai, dizendo: Não te faltará sucessor que domine em Israel.
19 သို့ရာတွင်အကယ်၍သင်နှင့်သင်၏ပြည်သူ တို့သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်တို့ကိုချိုးဖောက်၍အခြားဘုရား များကိုကိုးကွယ်ကြလျှင်မူကား၊-
19 Porém, se vós vos desviardes, e deixardes os meus estatutos e os meus mandamentos, que vos prescrevi, e fordes, e servirdes a outros deuses, e os adorardes,
20 ငါပေးသနားသည့်ပြည်မှသင်တို့ကိုဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့် ငါသီးသန့်ထားသည့်ဤဗိမာန်တော်ကို လည်းစွန့်ခွာမည်ဖြစ်၍ အရပ်တကာရှိလူ တို့တွင်အထင်အမြင်သေးခြင်းနှင့်ပြောင် လှောင်ခြင်းဖြစ်စေမည်။
20 então, vos arrancarei da minha terra que vos dei, e esta casa, que santifiquei ao meu nome, lançarei longe da minha presença, e a tornarei em provérbio e motejo entre todos os povos.
21 ``ယခုအခါဗိမာန်တော်သည်များစွာဂုဏ် အသရေရှိသော်လည်း ထိုအခါ၌မူအနီး မှဖြတ်သန်းသွားလာသူအပေါင်းတို့သည် အံ့အားသင့်လျက်`ထာဝရဘုရားသည် အဘယ်ကြောင့်ဤပြည်နှင့်ဤဗိမာန်တော်ကို ဤသို့စီရင်တော်မူပါသနည်း' ဟုမေးမြန်း ကြလိမ့်မည်။-
21 Desta casa, agora tão exaltada, todo aquele que por ela passar pasmará e dirá: Por que procedeu o Senhor assim para com esta terra e esta casa?
22 လူတို့က`ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်ပစ်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများထံတွင်ကျေးဇူးသစ္စာ ခံလျက်ထိုဘုရားတို့ကိုကိုးကွယ်ကြလေ ပြီ။ ထိုကြောင့်ထာဝရဘုရားသည်သူတို့အား ဤဘေးဒဏ်ကိုသင့်စေတော်မူပြီ' ဟုဖြေ ဆိုကြလိမ့်မည်။''
22 Responder-se-lhe-á: Porque deixaram o Senhor , o Deus de seus pais, que os tirou da terra do Egito, e se apegaram a outros deuses, e os adoraram, e os serviram. Por isso, trouxe sobre eles todo este mal.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.