2 Crônicas 6

Common Language Bible (MYA) vs BKJ

Sair da comparação
1 ရှော​လ​မုန်​က
1 Então falou Salomão: O SENHOR tem dito que ele habitaria na profunda escuridão.
2 ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​စံ​တော်​မူ​ရာ ဗိ​မာန်​တော်၊
2 Eu, porém, edifiquei uma casa de habitação para ti, e um lugar para a tua eterna morada.
3 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထို​နေ​ရာ တွင်​ရပ်​လျက်​နေ​ကြ​၏။ မင်း​ကြီး​သည်​သူ​တို့ ဘက်​သို့​မျက်​နှာ​မူ​ပြီး​လျှင် သူ​တို့​အား​ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​ရန်​တောင်း​လျှောက်​တော် မူ​၏။-
3 E o rei virou a sua face, e abençoou toda a congregação de Israel, e toda a congregação de Israel estava em pé.
4 ထို​နောက်​မင်း​ကြီး​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော် ဒါ​ဝိဒ်​အား​ငါ​သည် ငါ​၏​လူ​မျိုး​တော်​အား​ပေး အပ်​ခဲ့​သည့်​က​တိ​တော်​ကို​တည်​မြဲ​စေ​လေ​ပြီ။-
4 E ele disse: Bendito seja o SENHOR Deus de Israel, que com as suas mãos, cumpriu aquilo que ele falou com a sua boca ao meu pai Davi, dizendo:
5 `သူ​တို့​ကို​အီ​ဂျစ်​ပြည်​က​ထုတ်​ဆောင်​ခဲ့​ချိန် မှ​အ​စ​ပြု​၍​ယ​နေ့​တိုင်​အောင် ငါ​သည်​အ​ဘယ် ဣ​သ​ရေ​လ​မြို့​ကို​မျှ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​သတ်​မှတ်​ခဲ့​ဖူး သည်​မ​ရှိ။ အ​ဘယ်​သူ​ကို​မျှ​လည်း​ငါ​၏​လူ မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခေါင်း​ဆောင်​ရန်​မ​ရွေး​မ​ချယ်​ခဲ့။-
5 Desde o dia em que eu retirei o meu povo da terra do Egito eu não escolhi cidade alguma dentre todas as tribos de Israel para nela edificar uma casa, para que o meu nome pudesse ali estar; tampouco escolhi homem algum para ser soberano sobre o meu povo, Israel;
6 သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ဒါ​ဝိဒ်၊ သင့်​အား​ငါ ၏​လူ​မျိုး​တော်​ကို​အုပ်​စိုး​မည့်​သူ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ရွေး​ချယ်​ထား​လေ​ပြီ' ဟူ ၍​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
6 mas escolhi Jerusalém, para que o meu nome pudesse estar ali; e escolhi Davi para estar sobre o meu povo, Israel.
7 ထို​နောက်​ရှော​လ​မုန်​သည်​ဆက်​လက်​၍``ငါ​၏ ခ​မည်း​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ကိုး ကွယ်​ဝတ်​ပြု​ရာ​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရန်​ကြံ​စည်​ခဲ့​သော်​လည်း၊-
7 Ora, estava no coração de Davi, o meu pai, edificar uma casa para o nome do SENHOR Deus de Israel.
8 ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား`ငါ့​အ​ဖို့​ဗိ​မာန် တော်​တည်​ဆောက်​ရန်​သင်​ဆန္ဒ​ပြု​သည်​မှာ လျောက်​ပတ်​ပေ​သည်။-
8 Porém, o SENHOR disse a Davi, o meu pai: Porquanto estava no teu coração edificar uma casa para o meu nome, fizeste bem em teres isto no teu coração.
9 သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​ကို​တည်​ဆောက်​ရ​မည် မ​ဟုတ်။ တည်​ဆောက်​မည့်​သူ​မှာ​သင်​၏​ရင်​သွေး ဖြစ်​သော​သင်​၏​သား​တော်​ပင်​ဖြစ်​၏' ဟု​မိန့် တော်​မူ​၏။
9 Todavia não edificarás a casa; mas o teu filho que sairá dos teus lombos, ele edificará a casa para o meu nome.
10 ``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော် ကို​တည်​စေ​တော်​မူ​ပြီ။ ငါ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​တည်​ဆောက်​ပြီး​လေ​ပြီ။-
10 Portanto, o SENHOR cumpriu a palavra que falou; porque estou levantado no lugar de Davi, o meu pai, e estou posto no trono de Israel, como o SENHOR prometeu, e edifiquei a casa para o nome do SENHOR Deus de Israel.
11 ငါ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လည်း​ဗိ​မာန်​တော်​တွင်​ထား​ရှိ​ပြီး လေ​ပြီ'' ဟု​ပြည်​သူ​တို့​အား​မိန့်​တော်​မူ​၏။
11 E nela pus a arca, na qual está o pacto do SENHOR, que ele fez com os filhos de Israel.
12 ထို​နောက်​လူ​တို့​၏​မျက်​မှောက်​တွင်​ရှော​လ​မုန် သည်​ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​တော်​မူ​ပြီး လျှင် လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။-
12 E pôs-se em pé diante do altar do SENHOR na presença de toda a congregação de Israel, e estendeu as suas mãos;
13 (ရှော​လ​မုန်​သည်​အ​လျား​ရှစ်​ပေ၊ အ​နံ​ရှစ်​ပေ၊ အမြင့်​ငါး​ပေ​ရှိ​သော​ကြေး​နီ​ပ​လ္လင်​စင်​မြင့် ကို​တည်​ဆောက်​ပြီး​တံ​တိုင်း​အ​လယ်​တွင်​ထား တော်​မူ​ခဲ့​၏။ မင်း​ကြီး​သည်​ထို​ပလ္လင်​စင်​မြင့်​ပေါ် သို့​တက်​၍​လူ​အ​ပေါင်း​မြင်​သာ​သည့်​နေ​ရာ တွင်​ဒူး​ထောက်​ကာ​လက်​အုပ်​ချီ​လျက်၊-)
13 porque Salomão havia feito uma plataforma de bronze, de cinco côvados de comprimento, e cinco côvados de largura, e três côvados de altura, e a havia posto no meio do átrio; e pôs-se em pé sobre ela, e ajoelhou-se diante de toda a congregação de Israel, e estendeu as suas mãos em direção ao céu,
14 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မိုး​မြေ​၌​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည်​စ​ကား​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း နာ​ယူ​ကျင့်​သုံး​ကြ​သော​အ​ခါ​ကိုယ်​တော် သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ်​တော် ကို​စောင့်​ထိန်း​တော်​မူ​လျက်​သူ​တို့​အား မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
14 e ele disse: Ó SENHOR Deus de Israel, não há Deus como tu no céu nem na terra, que guarda o pacto e demonstra misericórdia para com os teus servos que andam diante de ti de todo o seu coração.
15 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား ပေး​ခဲ့​သည့်​က​တိ​တော်​ကို​တည်​စေ​တော် မူ​ပါ​ပြီ။ ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သ​မျှ အ​တိုင်း​ယ​နေ့​အ​ကောင်​အ​ထည်​ပေါ်​ပါ​ပြီ။-
15 Tu que tens guardado com o teu servo Davi, o meu pai, aquilo que lhe prometeste; e falaste com a tua boca, e o cumpriste com a tua mão, como é neste dia.
16 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​တို့ သည်​သင်​နည်း​တူ​ပ​ညတ်​တော်​ကို​ဂရု​ပြု​၍ လိုက်​လျှောက်​ကြ​လျှင် ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​မည်​မ​ဟုတ်' ဟု​ပေး​တော်​မူ​ခဲ့​သည့် က​တိ​တော်​ကို​လည်း​တည်​စေ​တော်​မူ ပါ။-
16 Agora, portanto, Ó SENHOR Deus de Israel, guarda com o teu servo Davi, o meu pai, aquilo que tu lhe prometeste, dizendo: Não te faltará um homem diante de mim, para se assentar no trono de Israel; de modo que os teus filhos atentem ao seu caminho para andarem na minha lei, como tu andastes diante de mim.
17 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။''
17 Agora, pois, ó SENHOR Deus de Israel, cumpra-se a tua palavra, a qual falaste ao teu servo Davi.
18 ``သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့် အ​တူ​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ နေ​တော်​မူ​နိုင်​ပါ​သ​လော။ ကောင်း​ကင်​ဘ​ဝဂ် ပင်​လျှင်​ကိုယ်​တော်​စံ​နေ​တော်​မူ​နိုင်​အောင် မ​ကျယ်​ဝန်း​ပါ​လျှင်​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဗိ​မာန်​တော်​ကား​စံ​နေ​တော်​မူ​နိုင်​ရန် ကျယ်​ဝန်း​မည်​မ​ဟုတ်​ပါ။-
18 Mas, verdadeiramente habitará Deus, com os homens na terra? Eis que o céu e o céu dos céus não são capazes de te conter; quanto menos esta casa que eu construí!
19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ကျွန်​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​သော ဆု​ကို​ပေး​သ​နား​တော်​မူ​ပါ။-
19 Tem consideração, portanto, pela oração do teu servo, e pela sua súplica, ó SENHOR meu Deus, para atentares ao clamor e a oração, a qual o teu servo suplica diante de ti;
20 ဤ​ဗိ​မာန်​တော်​ကို​နေ့​ည​မ​ပြတ်​စောင့်​ထိန်း ကြည့်​ရှု​တော်​မူ​ပါ။ ဤ​ဌာ​န​တော်​တွင်​ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရ​ကြ​မည်​ဖြစ် ကြောင်း​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​ခဲ့​သည်​ဖြစ် ၍ ဤ​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​အ​ကျွန်ုပ် ဆု​တောင်း​သော​အ​ခါ​နား​ညောင်း​တော်​မူ ပါ။-
20 para que os teus olhos possam estar abertos sobre esta casa dia e noite, sobre o lugar do qual disseste que ali colocarias o teu nome; para atentares à oração que o teu servo ora em direção a este lugar.
21 အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​လည်း ကောင်း၊ ဤ​အ​ရပ်​သို့​မျက်​နှာ​မူ​လျက်​ကိုယ် တော်​၏​လူ​မျိုး​တော်​ပြု​သော ဆု​တောင်း​ပတ္ထ​နာ များ​ကို​လည်း​ကောင်း​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​များ​ကို နား ညောင်း​တော်​မူ​ပြီး​လျှင်​အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
21 Ouve, portanto, as súplicas do teu servo, e do teu povo, Israel, as quais eles farão em direção a este lugar; ouve do lugar da tua habitação, a saber, do céu; e quando ouvires, perdoa.
22 ``လူ​တစ်​ယောက်​သည်​အ​ခြား​လူ​တစ်​ယောက် အား​မ​တ​ရား​ပြု​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင်​အပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင်​ကျမ်း ကျိန်​သော​အ​ခါ၊-
22 Se um homem pecar contra o seu próximo, e sobre ele lançado um juramento para fazê-lo jurar, e o juramento chegar diante do teu altar nesta casa;
23 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ထောင် တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။''
23 ouve do céu, e faz, e julga os teus servos, condenando ao ímpio, para fazeres recair o seu proceder sobre a sua própria cabeça, e justificando ao justo, dando-lhe segundo a sua justiça.
24 ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက် ရန်​သူ​တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​မှ​ဖြေ​လွှတ် ရန်​အ​ထံ​တော်​သို့​ပြန်​လာ​၍​ဤ​ဗိ​မာန်​တော် သို့​လာ​ရောက်​ကာ​စိတ်​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​သော​အ​ခါ၊-
24 E se o teu povo, Israel, for derrotado diante do inimigo, por terem pecado contra ti; e se converterem e confessarem o teu nome e orarem e fizerem súplicas diante de ti nesta casa;
25 ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ လူ​မျိုး​တော်​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​နှင့်​သူ​တို့ ၏​ဘိုး​ဘေး​များ​အား​အ​ပိုင်​ပေး​သ​နား တော်​မူ​သည့်​ပြည်​တော်​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​ပါ။''
25 então, ouve tu dos céus, e perdoa o pecado do teu povo, Israel, e traz-lhes de volta para a terra que tu deste a eles e a seus pais.
26 ``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊-
26 Quando o céu estiver fechado, e não houver chuva, por terem pecado contra ti; todavia se eles orarem em direção a este lugar, e confessarem o teu nome, e se converterem do seu pecado, quando tu os afligires;
27 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​စေ​ခံ​ဣသ​ရေ​လ ပြည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော် မူ​ပါ။ သူ​တို့​အား​လမ်း​မှန်​ကို​ပြ​ညွှန်​တော်​မူ ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး သ​နား​တော်​မူ​သည့်​ပြည်​တော်​တွင်​မိုး​ရွာ စေ​တော်​မူ​ပါ။''
27 então, ouve tu do céu, e perdoa o pecado dos teus servos, e do teu povo, Israel, ensinando-lhes o bom caminho no qual eles devem caminhar; e envia chuva sobre a tua terra, a qual tens dado ao teu povo por herança.
28 ``ပြည်​တော်​တွင်​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး သော​အ​ခါ၊ အ​နာ​ရော​ဂါ​ဘေး​ဆိုက်​သော အ​ခါ၊ ကောက်​ပဲ​သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့​မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ ခြင်း​တို့​ကြောင့်​ပျက်​စီး​သွား​သော​အ​ခါ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့ တိုက်​ခိုက်​ကြ​သော​အ​ခါ၊ သူ​တို့​တွင်​ဘေး ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ရာ​ကပ် ရောက်​သော​အ​ခါ၊-
28 Se houver fome na terra, se houver peste, se houver crestamento ou mofo, locustas ou lagartas; se os seus inimigos os cercarem nas cidades da sua terra; qualquer que seja a ferida, ou qualquer que seja a enfermidade que houver;
29 သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း တော်​မူ​ပါ။ အ​ကယ်​၍​ကိုယ်​တော်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် လှိုက်​လှဲ​စွာ​ဝမ်း​နည်း​လျက် ဤ​ဗိ​မာန်​တော် ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လျှင်-
29 então qualquer que seja a oração ou súplica que for feita por qualquer homem, ou de todo o teu povo Israel, quando cada um conhecer a sua própria ferida e a sua própria angústia, e estender as suas mãos nesta casa;
30 သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ မှ​နား​ညောင်း​တော်​မူ​၍ သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ ၏​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​ပါ​၏။ လူ တစ်​ဦး​စီ​အား​ထိုက်​သင့်​သည့်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။-
30 então, ouve tu do céu, o teu lugar de habitação, e perdoa, e concede a cada homem conforme todos os seus caminhos, cujo o coração tu conheces, (pois tu somente conheces os corações dos filhos dos homens),
31 သို့​မှ​သာ​လျှင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ဘိုး​ဘေး​တို့​အား​ပေး​သ​နား​တော်​မူ​သည့် ပြည်​တော်​တွင် နေ​ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့် မည်။''
31 para que eles possam temer a ti, andando nos teus caminhos, enquanto viverem na terra que tu deste aos nossos pais.
32 ``ကိုယ်​တော်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ ကြောင်း၊ အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော်​မူ​ကြောင်း၊ လက်​ရုံး​တော်​ဖြင့်​အ​ဘယ်​သို့​ပြု​တော်​မူ​ကြောင်း တို့​ကို​ရပ်​ဝေး​လူ​မျိုး​ခြား​သား​တစ်​ယောက်​သည် ကြား​သိ​ရ​သ​ဖြင့် ဤ​ဗိ​မာန်​တော်​သို့​လာ​၍ ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ-
32 Além disso, acerca do estrangeiro, o qual não é do teu povo, Israel, mas é chegado de terras distantes por causa do teu grande nome, e da tua forte mão, e do teu braço estendido; vindo eles e orando nesta casa;
33 ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား ညောင်း​တော်​မူ​ပြီး​လျှင် ထို​သူ​တောင်း​လျှောက် သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လျှင် ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​နည်း​တူ ကိုယ်​တော်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို့​အ​ပြင်​ကိုယ်​တော် အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​သည့်​ဗိ​မာန်​တော် သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ ပါ​လိမ့်​မည်။''
33 ouve tu dos céus, do teu lugar de habitação, e faz segundo tudo o que o estrangeiro te clamar; para que todos os povos da terra possam conhecer o teu nome, e temer-te como faz o teu povo, Israel; e possam saber que essa casa, a qual edifiquei, é chamada pelo teu nome.
34 ``ကိုယ်​တော်​သည်​လူ​မျိုး​တော်​အား​ရန်​သူ​တို့ ကို​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မည်​သည့်​အ​ရပ်​၌​ရှိ​သည်​မ​ဆို ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့် ဤ​မြို့ တော်​နှင့်​ကိုယ်​တော်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​၍​ဆု တောင်း​ပတ္ထနာ​ပြု​ကြ​လျှင်-
34 Se o teu povo sair à guerra contra os seus inimigos, pelo caminho que tu os enviares, e eles orarem a ti voltados para esta cidade que tu escolheste, e a casa que eu construí para o teu nome;
35 ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော်​မူ​၍​သူ​တို့ အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။''
35 então, ouve tu dos céus a sua oração e a sua súplica, e sustenta a sua causa.
36 ``အ​ပြစ်​မ​ကူး​လွန်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ကိုယ် တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍​သူ​တို့ အား​ရန်​သူ​များ​လက်​တွင် အ​ရေး​ရှုံး​နိမ့်​စေ လျက်​တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​လိမ့်​မည်။ ထို​တိုင်း​ပြည် သည်​အ​လွန်​ဝေး​ကွာ​စေ​ကာ​မူ-
36 Se eles pecarem contra ti, (pois não há homem que não peque) e tu ficares irado com eles, e os entregares diante dos seus inimigos, e eles os levarem cativos para uma terra longínqua ou próxima;
37 ကိုယ်​တော်​သည်​လူ​မျိုး​တော်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ​တို့ သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍​အ​ဘယ်​မျှ ဆိုး​ညစ်​ခဲ့​ကြောင်း​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော်​မူ​ပါ။-
37 e na terra, para onde forem levados cativos, caírem em si, e se converterem e orarem a ti na terra do seu cativeiro, dizendo: Pecamos, fizemos o mal, e agimos impiamente;
38 အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်၊ ကိုယ်​တော် ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ​မြို့​တော်၊ အ​ကျွန်ုပ် တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-
38 se voltarem a ti de todo o seu coração e de toda a sua alma na terra do seu cativeiro, para a qual foram levados cativos, e orarem em direção à sua terra, a qual tu deste aos seus pais, e em direção à cidade que tu escolheste, e em direção à casa que edifiquei para o teu nome,
39 စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော် မူ​ပြီး​လျှင် သူ​တို့​အား​က​ရု​ဏာ​ထား​တော်​မူ ၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
39 então, ouve dos céus, a saber, do teu local de habitação, as suas orações e as suas súplicas, e sustenta a sua causa, e perdoa o teu povo que pecou contra ti.
40 ``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ် တို့​ကို​ကြည့်​ရှု​တော်​မူ​၍​ဤ​ဌာ​န​တော်​တွင်​ပြု သည့်​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော် မူ​ပါ။-
40 Agora, Deus meu, suplico-te que estejam abertos os teus olhos, e que os teus ouvidos estejam atentos à oração que é feita neste lugar.
41 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ထ​တော် မူ​၍​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို​သ​ရုပ်​ဆောင် သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ ဗိ​မာန်​တော် ထဲ​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ကာ​လ​အ​စဉ်​အမြဲ စံ​နေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။-
41 Agora, portanto, levanta-te, ó SENHOR Deus, no teu lugar de repouso, tu e a arca da tua fortaleza; que os teus sacerdotes, ó SENHOR Deus, sejam revestidos de salvação, e que os teus santos se regozijem em bondade.
42 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော​ဘု​ရင်​ကို​ပစ်​ပယ် တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါဝိဒ် အ​ပေါ်​တွင်​ထား​ရှိ​တော်​မူ​ခဲ့​သည့်​မေတ္တာ တော်​ကို​အောက်​မေ့​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ ပြု​တော်​မူ​၏။
42 Ó SENHOR Deus, não desvies a tua face dos teus ungidos; lembra-te das misericórdias de Davi, o teu servo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.