2 Crônicas 6
Common Language Bible (MYA) vs ARC
1 ရှောလမုန်က
1 Então, disse Salomão: O Senhor tem dito que habitaria nas trevas.
2 ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊
2 E eu te tenho edificado uma casa para morada e um lugar para a tua eterna habitação.
3 ဣသရေလပြည်သူအပေါင်းတို့သည်ထိုနေရာ တွင်ရပ်လျက်နေကြ၏။ မင်းကြီးသည်သူတို့ ဘက်သို့မျက်နှာမူပြီးလျှင် သူတို့အားဘုရားသခင်ကောင်းချီးပေးရန်တောင်းလျှောက်တော် မူ၏။-
3 Então, o rei virou o rosto e abençoou a toda a congregação de Israel, e toda a congregação de Israel estava em pé.
4 ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့။ ကိုယ်တော်သည်ငါ၏ခမည်းတော် ဒါဝိဒ်အားငါသည် ငါ၏လူမျိုးတော်အားပေး အပ်ခဲ့သည့်ကတိတော်ကိုတည်မြဲစေလေပြီ။-
4 E ele disse: Bendito seja o Senhor , Deus de Israel, que falou pela sua boca a Davi, meu pai, e, pelas suas mãos, o cumpriu, dizendo:
5 `သူတို့ကိုအီဂျစ်ပြည်ကထုတ်ဆောင်ခဲ့ချိန် မှအစပြု၍ယနေ့တိုင်အောင် ငါသည်အဘယ် ဣသရေလမြို့ကိုမျှငါ့အားဝတ်ပြုကိုးကွယ် ရာဌာနအဖြစ်ဖြင့်ရွေးချယ်သတ်မှတ်ခဲ့ဖူး သည်မရှိ။ အဘယ်သူကိုမျှလည်းငါ၏လူ မျိုးတော်ဣသရေလအမျိုးသားတို့အား ခေါင်းဆောင်ရန်မရွေးမချယ်ခဲ့။-
5 Desde o dia em que tirei o meu povo da terra do Egito, não escolhi cidade alguma de todas as tribos de Israel, para edificar nela uma casa em que estivesse o meu nome; nem escolhi homem algum para ser chefe do meu povo de Israel.
6 သို့ရာတွင်ယခုငါသည်ယေရုရှလင်မြို့ ကိုငါ့အားကိုးကွယ်ဝတ်ပြုရန်ဌာနအဖြစ် ဖြင့်လည်းကောင်း၊ အချင်းဒါဝိဒ်၊ သင့်အားငါ ၏လူမျိုးတော်ကိုအုပ်စိုးမည့်သူအဖြစ် ဖြင့်လည်းကောင်းရွေးချယ်ထားလေပြီ' ဟူ ၍မိန့်တော်မူ၏'' ဟုဆို၏။
6 Porém escolhi Jerusalém para que ali estivesse o meu nome; e escolhi Davi, para que tivesse cargo do meu povo de Israel.
7 ထိုနောက်ရှောလမုန်သည်ဆက်လက်၍``ငါ၏ ခမည်းတော်သည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားအား ကိုး ကွယ်ဝတ်ပြုရာဗိမာန်တော်ကိုတည်ဆောက် ရန်ကြံစည်ခဲ့သော်လည်း၊-
7 Também Davi, meu pai, teve no seu coração o edificar uma casa ao nome do Senhor , Deus de Israel.
8 ထာဝရဘုရားကသူ့အား`ငါ့အဖို့ဗိမာန် တော်တည်ဆောက်ရန်သင်ဆန္ဒပြုသည်မှာ လျောက်ပတ်ပေသည်။-
8 Porém o Senhor disse a Davi, meu pai: Porquanto tiveste no teu coração o edificar uma casa ao meu nome, bem fizeste, de ter isso no teu coração.
9 သို့ရာတွင်သင်သည်ဗိမာန်ကိုတည်ဆောက်ရမည် မဟုတ်။ တည်ဆောက်မည့်သူမှာသင်၏ရင်သွေး ဖြစ်သောသင်၏သားတော်ပင်ဖြစ်၏' ဟုမိန့် တော်မူ၏။
9 Contudo, tu não edificarás a casa; mas teu filho, que há de descender de ti, esse edificará a casa ao meu nome.
10 ``ယခုအခါထာဝရဘုရားသည်ကတိတော် ကိုတည်စေတော်မူပြီ။ ငါသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်တည်ဆောက်ပြီးလေပြီ။-
10 Assim, confirmou o Senhor a sua palavra que ele falou; porque eu me levantei em lugar de Davi, meu pai, e me assentei sobre o trono de Israel, como o Senhor disse, e edifiquei a casa ao nome do Senhor , Deus de Israel.
11 ငါသည်ဣသရေလအမျိုးသားတို့နှင့်ထာဝရ ဘုရားပြုတော်မူသော ပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့်ပဋိညာဉ်သေတ္တာ တော်ကိုလည်းဗိမာန်တော်တွင်ထားရှိပြီး လေပြီ'' ဟုပြည်သူတို့အားမိန့်တော်မူ၏။
11 E pus nela a arca em que está o concerto que o Senhor fez com os filhos de Israel.
12 ထိုနောက်လူတို့၏မျက်မှောက်တွင်ရှောလမုန် သည်ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်တော်မူပြီး လျှင် လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုတော် မူ၏။-
12 E pôs-se em pé perante o altar do Senhor , defronte de toda a congregação de Israel, e estendeu as mãos.
13 (ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
13 Porque Salomão tinha feito uma base de metal, de cinco côvados de comprimento, e de cinco côvados de largura, e de três côvados de altura, e a tinha posto no meio do pátio; e pôs-se nela em pé, e ajoelhou-se em presença de toda a congregação de Israel, e estendeu as mãos para o céu,
14 ``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမိုးမြေ၌မရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည်စကားတော်ကိုတစ်သဝေမတိမ်း နာယူကျင့်သုံးကြသောအခါကိုယ်တော် သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ်တော် ကိုစောင့်ထိန်းတော်မူလျက်သူတို့အား မေတ္တာတော်ကိုပြတော်မူပါ၏။-
14 e disse: Ó Senhor , Deus de Israel, não há Deus semelhante a ti, nem nos céus nem na terra, como tu, que guardas o concerto e a beneficência aos teus servos que caminham perante ti de todo o seu coração;
15 ကိုယ်တော်သည်အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ် အား ပေးခဲ့သည့်ကတိတော်ကိုတည်စေတော် မူပါပြီ။ ကိုယ်တော်မိန့်တော်မူခဲ့သမျှ အတိုင်းယနေ့အကောင်အထည်ပေါ်ပါပြီ။-
15 que guardaste ao teu servo Davi, meu pai, o que lhe prometeste; porque tu, pela tua boca, o disseste e, pela tua mão, o cumpriste, como se vê neste dia.
16 အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အား`သင်၏သားမြေးတို့ သည်သင်နည်းတူပညတ်တော်ကိုဂရုပြု၍ လိုက်လျှောက်ကြလျှင် ဣသရေလပြည်တွင် အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်မည်မဟုတ်' ဟုပေးတော်မူခဲ့သည့် ကတိတော်ကိုလည်းတည်စေတော်မူ ပါ။-
16 Agora, pois, Senhor , Deus de Israel, faze a teu servo Davi, meu pai, o que prometeste, dizendo: Nunca faltará de ti varão de diante de mim, que se assente sobre o trono de Israel; tão somente que teus filhos guardem seu caminho, andando na minha lei, como tu andaste diante de mim.
17 အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။''
17 E, agora, Senhor , Deus de Israel, verifique-se a tua palavra que disseste ao teu servo, a Davi.
18 ``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။-
18 Mas verdadeiramente habitará Deus com os homens na terra? Eis que o céu e o céu dos céus não te podem conter, quanto menos esta casa que tenho edificado?
19 အရှင်ထာဝရဘုရား၊ ကျွန်ုပ်သည်ကိုယ်တော် ၏ကျွန်ဖြစ်ပါ၏။ အကျွန်ုပ်ဆုတောင်းသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်တောင်းသော ဆုကိုပေးသနားတော်မူပါ။-
19 Atende, pois, à oração do teu servo e à sua súplica, ó Senhor , meu Deus, para ouvires o clamor e a oração que o teu servo faz perante ti.
20 ဤဗိမာန်တော်ကိုနေ့ညမပြတ်စောင့်ထိန်း ကြည့်ရှုတော်မူပါ။ ဤဌာနတော်တွင်ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရကြမည်ဖြစ် ကြောင်းကိုယ်တော်မိန့်မှာတော်မူခဲ့သည်ဖြစ် ၍ ဤဗိမာန်တော်ကိုမျက်နှာမူလျက်အကျွန်ုပ် ဆုတောင်းသောအခါနားညောင်းတော်မူ ပါ။-
20 Que os teus olhos estejam dia e noite abertos sobre este lugar, de que disseste que ali porias o teu nome, para ouvires a oração que o teu servo fizer neste lugar.
21 အကျွန်ုပ်၏ဆုတောင်းပတ္ထနာများကိုလည်း ကောင်း၊ ဤအရပ်သို့မျက်နှာမူလျက်ကိုယ် တော်၏လူမျိုးတော်ပြုသော ဆုတောင်းပတ္ထနာ များကိုလည်းကောင်းနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှ အကျွန်ုပ်တို့လျှောက်ထားချက်များကို နား ညောင်းတော်မူပြီးလျှင်အကျွန်ုပ်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။''
21 Ouve, pois, as súplicas do teu servo, e do teu povo de Israel, que fizerem neste lugar; e ouve tu do lugar da tua habitação, desde os céus; ouve, pois, e perdoa.
22 ``လူတစ်ယောက်သည်အခြားလူတစ်ယောက် အားမတရားပြုမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင်အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်တော်ရှေ့တွင်ကျမ်း ကျိန်သောအခါ၊-
22 Quando alguém pecar contra o seu próximo e lhe impuser juramento de maldição, para se amaldiçoar a si mesmo, e o juramento de maldição vier perante o teu altar, nesta casa,
23 အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားထောင် တော်မူပြီးလျှင်ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။''
23 ouve tu, então, desde os céus, e age, e julga a teus servos, pagando ao ímpio, lançando o seu proceder sobre a sua cabeça e justificando o justo, dando-lhe segundo a sua justiça.
24 ``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက် ရန်သူတို့လက်တွင်အရေးရှုံးနိမ့်ရကြသဖြင့် သူတို့သည်မိမိတို့အပြစ်များမှဖြေလွှတ် ရန်အထံတော်သို့ပြန်လာ၍ဤဗိမာန်တော် သို့လာရောက်ကာစိတ်နှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုကြသောအခါ၊-
24 Quando também o teu povo de Israel for ferido diante do inimigo, por ter pecado contra ti, e eles se converterem, e confessarem o teu nome, e orarem, e suplicarem perante ti nesta casa,
25 ကောင်းကင်ဘုံမှသူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ လူမျိုးတော်၏အပြစ် များကိုဖြေလွှတ်တော်မူ၍ သူတို့နှင့်သူတို့ ၏ဘိုးဘေးများအားအပိုင်ပေးသနား တော်မူသည့်ပြည်တော်သို့ပြန်လည်ပို့ဆောင် တော်မူပါ။''
25 então, ouve tu desde os céus, e perdoa os pecados de teu povo de Israel, e faze-os tornar à terra que tens dado a eles e a seus pais.
26 ``ကိုယ်တော်အားလူမျိုးတော်ပြစ်မှားသည့် အတွက် မိုးခေါင်စေတော်မူသောအခါသူတို့ သည်နောင်တရ၍ ဤဗိမာန်တော်သို့မျက်နှာ မူကာစိတ်နှလုံးနှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုပါလျှင်၊-
26 Quando os céus se cerrarem, e não houver chuva, por terem pecado contra ti, e orarem neste lugar, e confessarem teu nome, e se converterem dos seus pecados, quando tu os afligires,
27 အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားညောင်း တော်မူပါ။ ကိုယ်တော်၏အစေခံဣသရေလ ပြည်သူတို့၏အပြစ်များကိုဖြေလွှတ်တော် မူပါ။ သူတို့အားလမ်းမှန်ကိုပြညွှန်တော်မူ ပါ။ ကိုယ်တော်၏လူမျိုးတော်အားအပိုင်ပေး သနားတော်မူသည့်ပြည်တော်တွင်မိုးရွာ စေတော်မူပါ။''
27 então, ouve tu desde os céus, e perdoa o pecado de teus servos e do teu povo de Israel, ensinando-lhes o bom caminho, em que andem, e dá chuva sobre a tua terra, que deste ao teu povo em herança.
28 ``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-
28 Havendo fome na terra, havendo peste, havendo queimadura dos trigos, ou ferrugem, gafanhotos, ou lagarta, cercando-a algum dos seus inimigos nas terras das suas portas, ou quando houver qualquer praga, ou qualquer enfermidade,
29 သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ အကယ်၍ကိုယ်တော်၏လူမျိုး တော်ဣသရေလအမျိုးသားအချို့တို့သည် လှိုက်လှဲစွာဝမ်းနည်းလျက် ဤဗိမာန်တော် ဘက်သို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု ကြလျှင်-
29 toda oração, e toda súplica que qualquer homem fizer ou todo o teu povo de Israel, conhecendo cada um a sua praga e a sua dor e estendendo as suas mãos para esta casa,
30 သူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံ မှနားညောင်းတော်မူ၍ သူတို့အားအပြစ် ဖြေလွှတ်တော်မူပါ။ ကိုယ်တော်သာလျှင်လူ ၏အကြံအစည်ကိုသိတော်မူပါ၏။ လူ တစ်ဦးစီအားထိုက်သင့်သည့်အတိုင်း စီရင်တော်မူပါ။-
30 então, ouve tu desde os céus, do assento da tua habitação, e perdoa, e dá a cada um conforme todos os seus caminhos, segundo conheces o seu coração (pois só tu conheces o coração dos filhos dos homens),
31 သို့မှသာလျှင်ကိုယ်တော်၏လူမျိုးတော်သည် ဘိုးဘေးတို့အားပေးသနားတော်မူသည့် ပြည်တော်တွင် နေထိုင်သမျှကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြပါလိမ့် မည်။''
31 a fim de que te temam, para andarem nos teus caminhos, todos os dias que viverem na terra que deste a nossos pais.
32 ``ကိုယ်တော်သည်အဘယ်မျှကြီးမြတ်တော်မူ ကြောင်း၊ အဘယ်မျှတန်ခိုးကြီးတော်မူကြောင်း၊ လက်ရုံးတော်ဖြင့်အဘယ်သို့ပြုတော်မူကြောင်း တို့ကိုရပ်ဝေးလူမျိုးခြားသားတစ်ယောက်သည် ကြားသိရသဖြင့် ဤဗိမာန်တော်သို့လာ၍ ဆုတောင်းပတ္ထနာပြုသောအခါ-
32 Assim também ao estrangeiro que não for do teu povo de Israel, mas vier de terras remotas por amor do teu grande nome, e da tua poderosa mão, e do teu braço estendido, vindo ele e orando nesta casa,
33 ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှနား ညောင်းတော်မူပြီးလျှင် ထိုသူတောင်းလျှောက် သည်အတိုင်းပြုတော်မူပါ။ သို့မှသာလျှင် ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်ကိုယ်တော် ၏လူမျိုးတော်နည်းတူ ကိုယ်တော်အားကြောက် ရွံ့ရိုသေကြပါလိမ့်မည်။ ထို့အပြင်ကိုယ်တော် အဖို့အကျွန်ုပ်တည်ဆောက်သည့်ဗိမာန်တော် သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဖြစ်ကြောင်းကိုသူတို့သိကြ ပါလိမ့်မည်။''
33 então, ouve tu desde os céus, do assento da tua habitação, e faze conforme tudo o que o estrangeiro te suplicar, a fim de que todos os povos da terra conheçam o teu nome e te temam, como o teu povo de Israel, e a fim de saberem que pelo teu nome é chamada esta casa que edifiquei.
34 ``ကိုယ်တော်သည်လူမျိုးတော်အားရန်သူတို့ ကိုတိုက်ခိုက်ရန်အမိန့်ပေးတော်မူသောအခါ သူတို့သည်မည်သည့်အရပ်၌ရှိသည်မဆို ကိုယ်တော်ရွေးချယ်ထားတော်မူသည့် ဤမြို့ တော်နှင့်ကိုယ်တော်အဖို့အကျွန်ုပ်တည်ဆောက် သည့်ဤဗိမာန်တော်သို့မျက်နှာမူ၍ဆု တောင်းပတ္ထနာပြုကြလျှင်-
34 Quando o teu povo sair à guerra contra os seus inimigos, pelo caminho que os enviares, e orarem a ti para a banda desta cidade que escolheste, e desta casa que edifiquei ao teu nome,
35 ကောင်းကင်ဘုံမှနားညောင်းတော်မူ၍သူတို့ အားအောင်ပွဲကိုပေးတော်မူပါ။''
35 ouve, então, desde os céus a sua oração e a sua súplica e executa o seu direito.
36 ``အပြစ်မကူးလွန်သူတစ်ယောက်မျှမရှိပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည်ကိုယ် တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍သူတို့ အားရန်သူများလက်တွင် အရေးရှုံးနိမ့်စေ လျက်တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင် သွားစေတော်မူပါလိမ့်မည်။ ထိုတိုင်းပြည် သည်အလွန်ဝေးကွာစေကာမူ-
36 Quando pecarem contra ti (pois não há homem que não peque), e tu te indignares contra eles e os entregares diante do inimigo, para que os que os cativarem os levem em cativeiro para alguma terra, remota ou vizinha;
37 ကိုယ်တော်သည်လူမျိုးတော်၏ဆုတောင်းပတ္ထ နာကိုနားညောင်းတော်မူပါ။ အကယ်၍သူတို့ သည်ထိုပြည်တွင်နောင်တရလျက် မိမိတို့ အဘယ်မျှအပြစ်ကူးလွန်ခဲ့၍အဘယ်မျှ ဆိုးညစ်ခဲ့ကြောင်းဖော်ပြဝန်ခံလျက် အထံ တော်သို့ဆုတောင်းပတ္ထနာပြုကြပါလျှင် အို ထာဝရဘုရား၊ သူတို့၏ဆုတောင်း ပတ္ထနာများကိုနားညောင်းတော်မူပါ။-
37 e, na terra para onde forem levados em cativeiro, tornarem a si, e se converterem, e, na terra do seu cativeiro, a ti suplicarem, dizendo: Pecamos, e perversamente fizemos, e impiamente procedemos,
38 အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်၊ ကိုယ်တော် ရွေးချယ်ထားတော်မူသည့်ဤမြို့တော်၊ အကျွန်ုပ် တည်ဆောက်ထားသည့်ဤဗိမာန်တော်သို့မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြလျှင်၊-
38 e se converterem a ti com todo o seu coração e com toda a sua alma, na terra do seu cativeiro, a que os levaram presos, e orarem para a banda da sua terra que deste a seus pais, e desta cidade que escolheste e desta casa que edifiquei ao teu nome,
39 စံတော်မူရာကောင်းကင်ဘုံမှနားညောင်းတော် မူပြီးလျှင် သူတို့အားကရုဏာထားတော်မူ ၍ကိုယ်တော်၏လူမျိုးတော်၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။''
39 ouve, então, desde os céus, do assento da tua habitação, a sua oração e as suas súplicas, e executa o seu direito, e perdoa ao teu povo que houver pecado contra ti.
40 ``အို အကျွန်ုပ်၏ဘုရားသခင်၊ ယခုအကျွန်ုပ် တို့ကိုကြည့်ရှုတော်မူ၍ဤဌာနတော်တွင်ပြု သည့်ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူပါ။-
40 Agora, pois, ó meu Deus, estejam os teus olhos abertos, e os teus ouvidos atentos à oração deste lugar.
41 အို ဘုရားသခင်ထာဝရဘုရား၊ ယခုထတော် မူ၍ကိုယ်တော်၏တန်ခိုးတော်ကိုသရုပ်ဆောင် သည့်ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဗိမာန်တော် ထဲသို့ကြွတော်မူပြီးလျှင်ကာလအစဉ်အမြဲ စံနေတော်မူပါ။ ကိုယ်တော်၏လူမျိုးတော်သည် မိမိတို့ခံစားရသည့်ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြပါစေသော။-
41 Levanta-te, pois, agora, Senhor Deus, e entra para o teu repouso, tu e a arca da tua fortaleza; e os teus sacerdotes, ó Senhor Deus, sejam vestidos de salvação, e os teus santos se alegrem do bem.
42 အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရွေးချယ်ခန့်ထားတော်မူသောဘုရင်ကိုပစ်ပယ် တော်မမူပါနှင့်။ ကိုယ်တော်၏အစေခံဒါဝိဒ် အပေါ်တွင်ထားရှိတော်မူခဲ့သည့်မေတ္တာ တော်ကိုအောက်မေ့တော်မူပါ'' ဟုပတ္ထနာ ပြုတော်မူ၏။
42 Ah! Senhor Deus, não faças virar o rosto do teu ungido; lembra-te das misericórdias de Davi, teu servo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.