2 Crônicas 35

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ယော​ရှိ​မင်း​သည်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့်​ယေ​ရု​ရှ​လင်​မြို့ တွင် ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​၍​ပ​ထ​မ​လ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ထို​ပွဲ​တော်​အ​တွက် သိုး​နွား​များ​ကို​သတ်​စေ​၏။-
1 Josias celebrou em Jerusalém a Páscoa em honra do Senhor: imolaram essa Páscoa no décimo quarto dia do primeiro mês.
2 မင်း​ကြီး​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ဗိ​မာန် တော်​တွင်​ထမ်း​ဆောင်​ရ​မည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​သတ်​မှတ်​ပေး​ပြီး​လျှင် ယင်း​တို့​ကို ကျေ​ပွန်​စွာ​ထမ်း​ဆောင်​ကြ​ရန်​အား​ပေး တိုက်​တွန်း​တော်​မူ​၏။-
2 Estabeleceu os sacerdotes nas suas funções e animou-os a servirem no templo.
3 ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။-
3 Disse aos levitas que instruíam todo o Israel e que estavam consagrados ao Senhor: Depositai a arca santa no templo construído por Salomão, filho de Davi, rei de Israel. Já não precisais transportá-la aos vossos ombros. Estai agora a serviço do Senhor, vosso Deus, e de seu povo de Israel;
4 ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​မင်း​ပေး အပ်​တော်​မူ​ခဲ့​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​အ​ရ သား​ချင်း​စု​အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ​ရာ ယူ​ရ​ကြ​မည်။-
4 e disponde-vos conforme a ordem de vossas famílias e de vossas classes, segundo as prescrições de Davi, rei de Israel, e de Salomão, seu filho.
5 ယင်း​သို့​ပြု​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အိမ်​ထောင်​စု​တိုင်း​ကို သင်​တို့​အ​နက်​အ​ချို့​တို့ သည်​ကူ​ညီ​မ​စ​နိုင်​စေ​ရန်​စီ​စဉ်​ဆောင်​ရွက် ကြ​လော့။-
5 Ocupai vossos lugares no santuário, segundo as divisões das famílias de vossos irmãos, filhos do povo, com uma classe de família levítica para cada divisão.
6 သင်​တို့​သည်​ပ​သ​ခါ​သိုး​များ၊ ဆိတ်​များ ကို​သတ်​ရ​မည်။ ယ​ခု​မိ​မိ​တို့​ကိုယ်​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ရှိ အောင်​ပြု​၍ မော​ရှေ​အား​ဖြင့်​ထာ​ဝရ​ဘု​ရား ပေး​တော်​မူ​သော​ညွှန်​ကြား​ချက်​များ​ကို အ​မျိုး​သား​ချင်း​တို့​လိုက်​နာ​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ယဇ်​ပူ​ဇော်​မှု​ကို​ပြင်​ဆင်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
6 Imolareis, em seguida, a Páscoa e santificar-vos-eis a fim de prepará-la para vossos irmãos, conforme a palavra do Senhor, transmitida por Moisés.
7 ယော​ရှိ​မင်း​သည်​ပ​သ​ခါ​ပွဲ​တော်​တွင်​ပြည် သူ​တို့​အ​သုံး​ပြု​ရန်​အ​တွက် မိ​မိ​ပိုင်​သိုး ကြီး​သိုး​ငယ်​နှင့် ဆိတ်​ငယ်​ကောင်​ရေ​သုံး သောင်း၊ နွား​ကောင်​ရေ​သုံး​ထောင်​ပေး​လှူ တော်​မူ​၏။-
7 Josias deu ao povo, a todos os que lá se encontravam, gado miúdo, cordeiros e cabritos em número de trinta mil, tudo para imolar na Páscoa e acrescentou três mil cabeças de gado, tudo tirado das propriedades do rei.
8 သူ​၏​မှူး​မတ်​များ​က​လည်း​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​အ​သုံး​ပြု​ရန်​အ​တွက်​ပေး​လှူ​ကြ​လေ သည်။ ဗိ​မာန်​တော်​မှူး​များ​ဖြစ်​ကြ​သော​ယဇ် ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဇာ​ခ​ရိ​နှင့်​ယေ ဟေ​လ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား သိုး​ငယ်​ဆိတ်​ငယ်​ကောင်​ရေ​နှစ်​သောင်း​ခြောက် ထောင်​နှင့်​နွား​ကောင်​ရေ​သုံး​ရာ​ကို​ပွဲ​တော် အ​တွင်း​ယဇ်​ပူ​ဇော်​ရန်​ပေး​လှူ​ကြ​၏။-
8 Seus chefes fizeram também espontaneamente um presente ao povo, aos sacerdotes e aos levitas. Helcias, Zacarias e Jaiel, príncipes do templo, deram aos sacerdotes, para a Páscoa, dois mil e seiscentos cordeiros e trezentas cabeças de gado grosso.
9 လေ​ဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​များ​ဖြစ်​ကြ သော​ကော​န​နိ၊ ရှေ​မာ​ယ၊ ရှေ​မာ​ယ​၏​ညီ နာ​သ​နေ​လ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ​နှင့်​ယော ဇ​ဗဒ်​တို့​က​လည်း​လေ​ဝိ​အ​နွယ်​ဝင်​တို့​ယဇ် ပူ​ဇော်​ရန်​အ​တွက် သိုး​ငယ်​ဆိတ်​ငယ်​ကောင် ရေ​ငါး​ရာ​ကို​ပေး​လှူ​ကြ​၏။
9 Conenias, Semeías e Natanael, seus irmãos, Hasabias, Jeiel e Josabad, chefes dos levitas, deram a eles para a Páscoa cinco mil cordeiros e quinhentas cabeças de gado grosso.
10 ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ရန်​လို​အပ်​သည့်​ပြင် ဆင်​မှု​များ​ပြု​လုပ်​ပြီး​သော​အ​ခါ​ယဇ်​ပု​ရော ဟိတ်​များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မင်း​ကြီး ၏​အ​မိန့်​တော်​အ​တိုင်း​မိ​မိ​တို့​၏​နေ​ရာ​များ ကို​ယူ​ကြ​၏။-
10 Estando todo o serviço preparado, os sacerdotes tomaram lugar, assim como os levitas, segundo suas divisões, como o rei havia prescrito.
11 လေဝိ​အနွယ်​ဝင်​တို့​သည်​သိုး​များ​ဆိတ်​များ​ကို သတ်​ပြီး​နောက်​အ​ရေ​ကို​ခွာ​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင်​သွေး​ကို​ပက်​ဖြန်း ကြ​၏။-
11 Imolaram o cordeiro pascal. Com o sangue correndo de suas mãos os sacerdotes fizeram a aspersão, enquanto os levitas esfolavam as vítimas.
12 ထို​နောက်​သူ​တို့​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ညွှန်​ကြား​ထား​သည့်​အ​တိုင်း မီး​ရှို့​ရန် ယဇ်​ကောင်​များ​ကို​ပြည်​သူ​တို့​အား​အိမ် ထောင်​စု​အ​လိုက်​ခွဲ​ဝေ​ပေး​ကြ​၏။-
12 Puseram à parte o holocausto para dá-lo aos grupos de famílias do povo, a fim de oferecer ao Senhor, como estava prescrito no livro de Moisés. Assim também procederam com o gado grosso.
13 လေဝိ​အ​နွယ်​ဝင်​တို့​သည်​သတ်​မှတ်​ထား​သည့်​စည်း မျဉ်း​များ​အ​ရ​ပ​သ​ခါ​ယဇ်​ကို​မီး​တင်​၍​မြေ အိုး၊ သံ​က​ရား၊ သံ​ဒယ်​များ​နှင့်​ပြုတ်​ကြ​ပြီး လျှင်​ပြည်​သူ​တို့​အား​အ​လျင်​အ​မြန်​ဝေ​ပေး ကြ​၏။-
13 De acordo com o rito prescrito, assaram ao fogo a Páscoa. Cozeram as oferendas consagradas em panelas, caldeirões e sertãs, e logo as distribuíram ao povo.
14 ထို​နောက်​လေဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့ အ​တွက်​နှင့်​အာ​ရုန်​မှ​ဆင်း​သက်​သူ ယဇ်​ပု​ရော ဟိတ်​များ​အ​တွက်​အ​သား​များ​ကို​ပေး​ဝေ ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ် ပု​ရော​ဟိတ်​တို့​သည်​တစ်​ကောင်​လုံး​မီး​ရှို့ ပူ​ဇော်​ရ​သော​ယဇ်​များ​နှင့် ယဇ်​ကောင်​ဆီ​ဥ များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​ဖြင့်​ညဥ့်​ဦး​တိုင် အောင်​အ​လုပ်​များ​လျက်​နေ​ကြ​သော ကြောင့်​ဖြစ်​၏။-
14 Em seguida, prepararam tudo para si e para os sacerdotes, pois estes, os filhos de Aarão, estavam até a noite ocupados em oferecer os holocaustos e as gorduras; por isso, os levitas prepararam as carnes para si e para os filhos de Aarão.
15 အာ​သပ်​သား​ချင်း​စု​မှ​ဂီ​တ​ပ​ညာ​သည် များ​ဖြစ်​ကြ​သည့်​အာ​သပ်၊ ဟေ​မန်​နှင့်​ဘု​ရင် ပ​ရော​ဖက်​ယေ​ဒု​သုန်​တို့​သည်​ဒါ​ဝိဒ်​မင်း ညွှန်​ကြား​ချက်​အ​ရ မိ​မိ​တို့​နှင့်​ဆိုင်​ရာ​နေ​ရာ များ​တွင်​ရှိ​နေ​ကြ​၏။ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​သည်​မိ​မိ​တို့​အား​သတ်​မှတ် ချ​ထား​သည့်​နေ​ရာ​များ​မှ​ထွက်​ခွာ​ကြ​ရန် မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​အ​တွက် အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​က ပ​သ​ခါ ည​စာ​ကို​ပြင်​ဆင်​ပေး​ကြ​သော​ကြောင့် ဖြစ်​၏။-
15 Os cantores, filhos de Asaf, estavam nos seus lugares, segundo as disposições de Davi, de Asaf, de Hemã e de Iditum, o vidente do rei. Os porteiros estavam à porta correspondente; não tiveram que abandonar seu posto, porque seus irmãos, os levitas, prepararam tudo para eles.
16 ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​မှု၊ ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​မှု​နှင့်​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ကို​ဆက်​ကပ်​မှု​တို့​အ​တွက် ယော​ရှိ​မင်း​၏ အ​မိန့်​တော်​အ​တိုင်း​နေ့​ချင်း​ပြင်​ဆင်​ကြ​၏။-
16 Estando, nesse dia, todo o serviço do Senhor disposto segundo a ordem de Josias, de modo que se pudesse celebrar a Páscoa e oferecer os holocaustos no altar do Senhor,
17 ထို​အ​ရပ်​၌​ရှိ​ကြ​ကုန်​သော​ဣ​သ​ရေ​လ​ပြည် သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​တော်​နှင့်​တ​ဆေး မဲ့​မုန့်​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ ကြ​လေ​သည်။-
17 os israelitas presentes celebraram a seu tempo a Páscoa, e a festa dos Ázimos, durante sete dias.
18 — ausente —
18 Nenhuma Páscoa semelhante a esta havia sido celebrada em Israel desde o tempo do profeta Samuel. Nenhum rei de Israel tinha celebrado uma Páscoa semelhante àquela que celebraram Josias, os sacerdotes e os levitas, como todo o Judá, todos os de Israel que estavam presentes e todos os habitantes de Jerusalém.
19 — ausente —
19 Foi no décimo oitavo ano do reinado de Josias que foi celebrada essa Páscoa.
20 ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​အ​တွက်​ဤ​သို့ သော​အ​မှု​အ​ရာ​များ​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ် ရှိ​ခါ​ခေ​မိတ်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ လေ​သည်။ ယော​ရှိ​သည်​သူ့​အား​ဆီး​တား​ရန် ချီ​တက်​ရာ၊-
20 Depois desse acontecimento e da reparação do templo pelo rei, Necao, rei do Egito, dirigiu-se para Carcames, junto do Eufrates, numa expedição militar. Josias saiu-lhe ao encontro.
21 နေ​ခေါ​က``အို ယု​ဒ​မင်း၊ ယ​ခု​ကျွန်ုပ်​တိုက်​သည့် စစ်​ပွဲ​သည်​အ​ဆွေ​တော်​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​အား​တိုက်​ခိုက်​ရန် လာ​သည်​မ​ဟုတ်။ ကျွန်ုပ်​၏​ရန်​သူ​များ​ကို​တိုက် ခိုက်​ရန်​သာ​လာ​ရောက်​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​က​ဆော​လျင်​စွာ​တိုက်​ခိုက်​ရန်​ကျွန်ုပ် အား​မိန့်​တော်​မူ​ပါ​၏။ ကျွန်ုပ်​၏​ဘက်​၌​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင် ဘက်​မ​ပြု​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင်​ဘု​ရား​သ​ခင်​သည်​အ​ဆွေ​တော်​ကို​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ယော​ရှိ ထံ​သို့​စေ​တ​မန်​လွှတ်​၍​မှာ​လိုက်​၏။-
21 Necao enviou-lhe mensageiros para dizer-lhe: Que queres tu, rei de Judá? Não vou contra ti hoje, mas contra uma dinastia com a qual estou em guerra. E disse-me Deus que me apressasse. Guarda-te de te opores a Deus, que está comigo, pois ele te deitará a perder.
22 သို့​ရာ​တွင်​ယော​ရှိ​သည်​စစ်​တိုက်​ရန်​သန္နိ​ဋ္ဌာန် ချ​ထား​ပြီ​ဖြစ်​သ​ဖြင့် မိ​မိ​ကိုယ်​ကို​ရုပ်​ဖျက် ၍​တိုက်​ပွဲ​ဝင်​လေ​သည်။ သူ​သည်​နေ​ခေါ​မင်း အား​ဖြင့်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​မ​ထောင်​ဘဲ​မေ​ဂိဒ္ဒေါ​လွင်​ပြင် ၌​တိုက်​ပွဲဝင်​လေ​၏။
22 Mas Josias não quis voltar atrás. Em lugar de ouvir as palavras de Necao, que vinham da própria boca de Deus, disfarçou-se para combater e entrou em batalha na planície de Magedo.
23 တိုက်​ပွဲဝင်​နေ​စဉ်​ယော​ရှိ​သည်​အီ​ဂျစ်​လေး​သည် တော်​တို့​၏​မြား​ချက်​ထိ​မှန်​သ​ဖြင့်``ငါ​သည် ပြင်း​စွာ​ဒဏ်​ရာ​ရ​ပြီ။ ငါ့​အား​ထုတ်​ဆောင် သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-
23 Arqueiros dispararam contra o rei Josias. Então o rei disse à sua gente: Levai-me; estou gravemente ferido.
24 သူ​၏​တပ်​သား​တို့​သည်​လည်း​မင်း​ကြီး​ကို​ချီ ကြွ​၍ အ​သင့်​ရှိ​နေ​သော​အ​ခြား​ရ​ထား​တစ် စီး​အ​ပေါ်​သို့​တင်​ပြီး​လျှင်​ယေ​ရု​ရှ​လင်​မြို့ သို့​ယူ​ဆောင်​သွား​ကြ​၏။ မင်း​ကြီး​သည်​ရ​ထား ပေါ်​၌​ပင်​ကွယ်​လွန်​တော်​မူ​သ​ဖြင့် သူ​၏ အ​လောင်း​ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် မင်း​ကြီး ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​ကြ​ကုန်​၏။
24 Seus homens tiraram-no do carro, colocaram-no em outro carro que havia lá, e o levaram para Jerusalém, onde morreu. Foi sepultado no sepulcro de seus pais. Josias foi pranteado por todos os habitantes de Judá e de Jerusalém.
25 ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။
25 Jeremias compôs uma lamentação fúnebre sobre ele. Todos os cantores e todas as cantoras falam ainda de Josias em suas lamentações; é este um verdadeiro costume em Israel. Esses cantos fúnebres figuram no Livro das Lamentações.
26 ထာ​ဝရ​ဘု​ရား​အား​ယော​ရှိ​ဆည်း​ကပ်​ပုံ​နှင့် ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ပုံ​တို့​ကို လည်း​ကောင်း၊-
26 Os outros atos de Josias, seus atos de piedade, de acordo com o que está escrito na Lei do Senhor,
27 သူ​၏​အတ္ထု​ပ္ပတ္တိ​အ​စ​အ​ဆုံး​နှင့်​သူ​ဆောင် ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို လည်း​ကောင်း​ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
27 seus feitos e façanhas, desde os primeiros até os últimos, tudo isso se acha relatado no livro dos reis de Israel e de Judá.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 35, comparar traduções ou montar um estudo — tudo direto pelo WhatsApp.