2 Crônicas 35
Common Language Bible (MYA) vs ACF
1 ယောရှိမင်းသည်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းသည့်အနေဖြင့်ယေရုရှလင်မြို့ တွင် ပသခါပွဲတော်ကျင်းပ၍ပထမလ တစ်ဆယ့်လေးရက်နေ့၌ထိုပွဲတော်အတွက် သိုးနွားများကိုသတ်စေ၏။-
1 Então Josias celebrou a páscoa ao SENHOR em Jerusalém; e mataram o cordeiro da páscoa no décimo quarto dia do primeiro mês.
2 မင်းကြီးသည်ယဇ်ပုရောဟိတ်တို့အားဗိမာန် တော်တွင်ထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များကိုသတ်မှတ်ပေးပြီးလျှင် ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ကြရန်အားပေး တိုက်တွန်းတော်မူ၏။-
2 E estabeleceu os sacerdotes nos seus cargos, e os animou ao ministério da casa do Senhor.
3 ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။-
3 E disse aos levitas que ensinavam a todo o Israel e estavam consagrados ao Senhor: Ponde a arca sagrada na casa que edificou Salomão, filho de Davi, rei de Israel; não tereis mais esta carga aos ombros; agora servi ao Senhor vosso Deus, e ao seu povo Israel.
4 ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်မင်းပေး အပ်တော်မူခဲ့သည့်တာဝန်ဝတ္တရားများအရ သားချင်းစုအလိုက်ဗိမာန်တော်တွင်နေရာ ယူရကြမည်။-
4 E preparai-vos segundo as vossas casas paternas e segundo as vossas turmas, conforme à prescrição de Davi, rei de Israel, e a de Salomão, seu filho.
5 ယင်းသို့ပြုရာတွင်ဣသရေလအမျိုးသား အိမ်ထောင်စုတိုင်းကို သင်တို့အနက်အချို့တို့ သည်ကူညီမစနိုင်စေရန်စီစဉ်ဆောင်ရွက် ကြလော့။-
5 E estai no santuário segundo as divisões das casas paternas de vossos irmãos, os filhos do povo; e haja para cada divisão uma parte de uma família de levitas.
6 သင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။
6 E imolai a páscoa, e santificai-vos, e preparai-a para vossos irmãos, fazendo conforme a palavra do Senhor, dada pela mão de Moisés.
7 ယောရှိမင်းသည်ပသခါပွဲတော်တွင်ပြည် သူတို့အသုံးပြုရန်အတွက် မိမိပိုင်သိုး ကြီးသိုးငယ်နှင့် ဆိတ်ငယ်ကောင်ရေသုံး သောင်း၊ နွားကောင်ရေသုံးထောင်ပေးလှူ တော်မူ၏။-
7 E ofereceu Josias, aos filhos do povo, cordeiros e cabritos do rebanho, todos para os sacrifícios da páscoa, em número de trinta mil, por todos os que ali se achavam, e de bois três mil; isto era da fazenda do rei.
8 သူ၏မှူးမတ်များကလည်းပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အသုံးပြုရန်အတွက်ပေးလှူကြလေ သည်။ ဗိမာန်တော်မှူးများဖြစ်ကြသောယဇ် ပုရောဟိတ်မင်းဟိလခိ၊ ဇာခရိနှင့်ယေ ဟေလတို့သည်ယဇ်ပုရောဟိတ်တို့အား သိုးငယ်ဆိတ်ငယ်ကောင်ရေနှစ်သောင်းခြောက် ထောင်နှင့်နွားကောင်ရေသုံးရာကိုပွဲတော် အတွင်းယဇ်ပူဇော်ရန်ပေးလှူကြ၏။-
8 Também apresentaram os seus príncipes ofertas voluntárias ao povo, aos sacerdotes e aos levitas: Hilquias, e Zacarias, e Jeiel, líderes da casa de Deus, deram aos sacerdotes para os sacrifícios da páscoa duas mil e seiscentas reses de gado miúdo, e trezentos bois.
9 လေဝိအနွယ်ဝင်ခေါင်းဆောင်များဖြစ်ကြ သောကောနနိ၊ ရှေမာယ၊ ရှေမာယ၏ညီ နာသနေလ၊ ဟာရှဘိ၊ ယေယေလနှင့်ယော ဇဗဒ်တို့ကလည်းလေဝိအနွယ်ဝင်တို့ယဇ် ပူဇော်ရန်အတွက် သိုးငယ်ဆိတ်ငယ်ကောင် ရေငါးရာကိုပေးလှူကြ၏။
9 E Conanias, e Semaías, e Natanael, seus irmãos, como também Hasabias, e Jeiel, e Jozabade, chefe dos levitas, apresentaram aos levitas, para os sacrifícios da páscoa, cinco mil reses de gado miúdo, e quinhentos bois.
10 ပသခါပွဲတော်ကျင်းပရန်လိုအပ်သည့်ပြင် ဆင်မှုများပြုလုပ်ပြီးသောအခါယဇ်ပုရော ဟိတ်များနှင့် လေဝိအနွယ်ဝင်တို့သည် မင်းကြီး ၏အမိန့်တော်အတိုင်းမိမိတို့၏နေရာများ ကိုယူကြ၏။-
10 Assim se preparou o serviço, e puseram-se os sacerdotes nos seus postos, e os levitas nas suas turmas, conforme a ordem do rei,
11 လေဝိအနွယ်ဝင်တို့သည်သိုးများဆိတ်များကို သတ်ပြီးနောက်အရေကိုခွာကြ၏။ ယဇ်ပုရော ဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင်သွေးကိုပက်ဖြန်း ကြ၏။-
11 Então imolaram a páscoa; e os sacerdotes espargiram o sangue recebido das mãos dos levitas que esfolavam as reses.
12 ထိုနောက်သူတို့သည်မောရှေ၏ပညတ်ကျမ်း တွင်ညွှန်ကြားထားသည့်အတိုင်း မီးရှို့ရန် ယဇ်ကောင်များကိုပြည်သူတို့အားအိမ် ထောင်စုအလိုက်ခွဲဝေပေးကြ၏။-
12 E puseram de parte os holocaustos para os darem aos filhos do povo, segundo as divisões das casas paternas, para o oferecerem ao Senhor, como está escrito no livro de Moisés; e assim fizeram com os bois.
13 လေဝိအနွယ်ဝင်တို့သည်သတ်မှတ်ထားသည့်စည်း မျဉ်းများအရပသခါယဇ်ကိုမီးတင်၍မြေ အိုး၊ သံကရား၊ သံဒယ်များနှင့်ပြုတ်ကြပြီး လျှင်ပြည်သူတို့အားအလျင်အမြန်ဝေပေး ကြ၏။-
13 E assaram a páscoa no fogo, segundo o rito; e as ofertas sagradas cozeram em panelas, e em caldeirões e em sertãs; e prontamente as repartiram entre todo o povo.
14 ထိုနောက်လေဝိအနွယ်ဝင်တို့သည်မိမိတို့ အတွက်နှင့်အာရုန်မှဆင်းသက်သူ ယဇ်ပုရော ဟိတ်များအတွက်အသားများကိုပေးဝေ ကြလေသည်။ အဘယ်ကြောင့်ဆိုသော်ယဇ် ပုရောဟိတ်တို့သည်တစ်ကောင်လုံးမီးရှို့ ပူဇော်ရသောယဇ်များနှင့် ယဇ်ကောင်ဆီဥ များကိုမီးရှို့ပူဇော်ခြင်းဖြင့်ညဥ့်ဦးတိုင် အောင်အလုပ်များလျက်နေကြသော ကြောင့်ဖြစ်၏။-
14 Depois prepararam para si e para os sacerdotes; porque os sacerdotes, filhos de Arão, se ocuparam até à noite com o sacrifício dos holocaustos e da gordura; por isso os levitas prepararam para si e para os sacerdotes, filhos de Arão.
15 အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
15 E os cantores, filhos de Asafe, estavam no seu posto, segundo o mandado de Davi, e de Asafe, e de Hemã, e de Jedutum, vidente do rei, como também os porteiros a cada porta; não necessitaram de se desviarem do seu ministério; porquanto seus irmãos, os levitas, preparavam o necessário para eles.
16 ထို့ကြောင့်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်မှု၊ ပသခါပွဲတော်ကျင်းပမှုနှင့်ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ရာပူဇော်သကာများ ကိုဆက်ကပ်မှုတို့အတွက် ယောရှိမင်း၏ အမိန့်တော်အတိုင်းနေ့ချင်းပြင်ဆင်ကြ၏။-
16 Assim se estabeleceu todo o serviço do Senhor naquele dia, para celebrar a páscoa, e oferecer holocaustos sobre o altar do Senhor, segundo a ordem do rei Josias.
17 ထိုအရပ်၌ရှိကြကုန်သောဣသရေလပြည် သူအပေါင်းတို့သည် ပသခါပွဲတော်နှင့်တဆေး မဲ့မုန့်ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပ ကြလေသည်။-
17 E os filhos de Israel que ali se acharam celebraram a páscoa naquele tempo, e a festa dos pães ázimos, durante sete dias.
18 — ausente —
18 Nunca, pois, se celebrou tal páscoa em Israel, desde os dias do profeta Samuel; nem nenhum rei de Israel celebrou tal páscoa como a que celebrou Josias com os sacerdotes, e levitas, e todo o Judá e Israel, que ali se acharam, e os habitantes de Jerusalém.
19 — ausente —
19 No décimo oitavo ano do reinado de Josias se celebrou esta páscoa.
20 ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊-
20 Depois de tudo isto, havendo Josias já preparado o templo, subiu Neco, rei do Egito, para guerrear contra Carquemis, junto ao Eufrates; e Josias lhe saiu ao encontro.
21 နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။-
21 Então ele lhe mandou mensageiros, dizendo: Que tenho eu contigo, rei de Judá? Não é contra ti que venho hoje, mas contra a casa que me faz guerra; e disse Deus que me apressasse; guarda-te de te opores a Deus, que é comigo, para que ele não te destrua.
22 သို့ရာတွင်ယောရှိသည်စစ်တိုက်ရန်သန္နိဋ္ဌာန် ချထားပြီဖြစ်သဖြင့် မိမိကိုယ်ကိုရုပ်ဖျက် ၍တိုက်ပွဲဝင်လေသည်။ သူသည်နေခေါမင်း အားဖြင့်ထာဝရဘုရားမိန့်တော်မူသော စကားကိုနားမထောင်ဘဲမေဂိဒ္ဒေါလွင်ပြင် ၌တိုက်ပွဲဝင်လေ၏။
22 Porém Josias não virou dele o seu rosto, antes se disfarçou, para pelejar contra ele; e não deu ouvidos às palavras de Neco, que saíram da boca de Deus; antes veio pelejar no vale de Megido.
23 တိုက်ပွဲဝင်နေစဉ်ယောရှိသည်အီဂျစ်လေးသည် တော်တို့၏မြားချက်ထိမှန်သဖြင့်``ငါသည် ပြင်းစွာဒဏ်ရာရပြီ။ ငါ့အားထုတ်ဆောင် သွားလော့'' ဟုမိန့်တော်မူ၏။-
23 E os flecheiros atiraram contra o rei Josias. Então o rei disse a seus servos: Tirai-me daqui, porque estou gravemente ferido.
24 သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
24 E seus servos o tiraram do carro, e o levaram no segundo carro que tinha, e o trouxeram a Jerusalém; e morreu, e o sepultaram nos sepulcros de seus pais; e todo o Judá e Jerusalém prantearam a Josias.
25 ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။
25 E Jeremias fez uma lamentação sobre Josias; e todos os cantores e cantoras, nas suas lamentações, têm falado de Josias, até ao dia de hoje; porque as estabeleceram por estatuto em Israel; e eis que estão escritas nas lamentações.
26 ထာဝရဘုရားအားယောရှိဆည်းကပ်ပုံနှင့် ပညတ်တော်များကိုစောင့်ထိန်းပုံတို့ကို လည်းကောင်း၊-
26 Quanto ao mais dos atos de Josias, e as suas boas obras, conforme o que está escrito na lei do Senhor,
27 သူ၏အတ္ထုပ္ပတ္တိအစအဆုံးနှင့်သူဆောင် ရွက်ခဲ့သည့်အမှုအရာအလုံးစုံတို့ကို လည်းကောင်းဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
27 E os seus atos, tanto os primeiros como os últimos, eis que estão escritos no livro dos reis de Israel e de Judá.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 35, comparar traduções ou montar um estudo — tudo direto pelo WhatsApp.