2 Crônicas 25
Common Language Bible (MYA) vs VC
1 အာမဇိသည်သက်တော်နှစ်ဆယ့်ငါးနှစ်တွင် နန်းတက်၍ ယေရုရှလင်မြို့၌နှစ်ဆယ့်ငါး နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ယေရုရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
1 Amasias tinha vinte e cinco anos quando começou a reinar. Reinou durante vinte e nove anos em Jerusalém. Sua mãe chamava-se Joadá, e era de Jerusalém.
2 သူသည်ထာဝရဘုရား၏မျက်မှောက်တော် ၌ဖြောင့်မှန်သောအမှုကိုပြုသော်လည်း စိတ်ရောကိုယ်ပါပြုသည်မဟုတ်။-
2 Fez o bem aos olhos do Senhor, mas não com um coração inteiramente devotado.
3 သူသည်အာဏာတည်မြဲမှုရရှိလာသည်နှင့် တစ်ပြိုင်နက် မိမိ၏ခမည်းတော်ကိုသတ်ကြ သည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
3 Desde que se sentiu seguro de seu poder real, mandou matar aqueles servos que tinham assassinado o rei, seu pai.
4 သို့ရာတွင်သူတို့၏သားသမီးတို့ကိုကား``မိ ဘတို့သည်သားသမီးတို့ကူးလွန်သည့်ပြစ်မှု ကြောင့်အသတ်မခံစေရ။ သားသမီးတို့သည် လည်းမိဘတို့ကူးလွန်သည့်ပြစ်မှုကြောင့် အသတ်မခံစေရ။ မည်သူမဆိုမိမိကူး လွန်သည့်ပြစ်မှုကြောင့်သာအသတ်ခံစေရ မည်'' ဟူ၍မောရှေ၏ပညတ်ကျမ်းတွင်ပါ ရှိသည့်ထာဝရဘုရား၏ပညတ်တော်နှင့် အညီမကွပ်မျက်ချေ။
4 Mas não mandou matar os filhos deles, conforme o que está escrito no livro da lei de Moisés, onde o Senhor ordena: Os país não serão mortos por seus filhos, nem os filhos por seus pais: cada um morrerá por seu próprio pecado.
5 အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
5 Amasias reuniu os homens de Judá e os dividiu por famílias com os chefes de milhares e os chefes de centenas, para todo o Judá e todo o Benjamim. Fez o recenseamento. deles a partir da idade de vinte anos para cima e encontrou trezentos mil homens escolhidos, aptos para o serviço, e capazes de carregar lança e escudo.
6 အာမဇိသည်ထိုသူများအပြင်ဣသရေလ ပြည်မှ စစ်သည်တစ်သိန်းကိုလည်းငွေလေး တန်ပေး၍ငှားရမ်းလေသည်။-
6 Em seguida, recrutou ao seu soldo por cem talentos de prata, cem mil valentes guerreiros de Israel.
7 သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။-
7 Mas um homem de Deus veio-lhe ao encontro. "Ó rei, disse ele, não é preciso que o exército de Israel te acompanhe, porque o Senhor não está com Israel, com esses filhos de Efraim.
8 စစ်ပွဲတွင်သူတို့ပါရှိခြင်းအားဖြင့်ပိုမို အင်အားတောင့်တင်းလိမ့်မည်ဟု မင်းကြီး ထင်မှတ်ကောင်းထင်မှတ်ပါလိမ့်မည်။ သို့ သော်လည်းဘုရားသခင်သည်စစ်ပွဲအနိုင် အရှုံးကိုပေးပိုင်သောတန်ခိုးရှင်ဖြစ်တော် မူသဖြင့် ထိုသူတို့နှင့်အရှင်မင်းကြီး မဟာမိတ်ဖွဲ့ပါမူမင်းကြီးအားရန်သူ တို့လက်တွင်အရေးရှုံးနိမ့်စေတော်မူ လိမ့်မည်''ဟုလျှောက်ထား၏။
8 Vai sozinho; age e sê valente no combate; de outra forma Deus te deixará cair diante do inimigo, pois ele tem o poder de socorrer ou de abater."
9 ထိုအခါအာမဇိကပရောဖက်အား``ထို သူတို့အားပေးထားသည့်ငွေအချည်းနှီး ဖြစ်ရမည်လော'' ဟုမေးတော်မူ၏။
9 Disse Amasias ao homem de Deus: "Mas que farei então com respeito aos cem talentos que dei às tropas israelitas?" - O Senhor respondeu o homem de Deus, tem para dar-te mais do que isso."
10 သို့ဖြစ်၍အာမဇိသည်ငှားရမ်းထားသည့် တပ်သားတို့ကို မိမိနေရပ်သို့ပြန်စေတော် မူ၏။ ထိုအခါသူတို့သည်ယုဒပြည်သူ တို့အားအလွန်အမျက်ထွက်လျက် မိမိတို့ နေရပ်သို့ပြန်သွားကြ၏။
10 Amasias licenciou, pois, e enviou de volta para a sua terra a tropa de efraimitas que tinha vindo a ele. Mas apoderou-se deles uma viva irritação contra Judá e eles retomaram furiosos para as suas casas.
11 အာမဇိသည်အားခဲ၍မိမိ၏တပ်မတော် ကိုဦးဆောင်ကာ ပင်လယ်သေတောင်ဘက်ရှိ ဆားချိုင့်ဝှမ်းသို့ချီတက်တော်မူ၏။ ထို အရပ်တွင်တိုက်ပွဲဖြစ်၍ဧဒုံတပ်သား တစ်သောင်းကျဆုံးလေသည်။-
11 Amasias, cheio de confiança, foi com seu exército para o vale do Sal, onde 'matou dez mil seiritas.
12 ယုဒတပ်မတော်သည်သုံ့ပန်းတစ်သောင်းကို ဖမ်းဆီးရမိသဖြင့် သူတို့အားသေလမြို့ ကျောက်တောင်ထိပ်သို့ခေါ်ဆောင်ကာကျောက် ပေါ်ကျ၍သေစေရန်အောက်သို့တွန်းချ ကြ၏။
12 Os filhos de Judá tinham capturado dez mil homens vivos; conduziram-nos ao alto de um rochedo, de onde os precipitaram, e todos ficaram despedaçados.
13 ဤအတောအတွင်း၌မိမိနှင့်အတူစစ်ပွဲ ဝင်ရန် အာမဇိအခွင့်မပြုခဲ့သည့်ဣသရေလ တပ်သားတို့သည် ရှမာရိမြို့နှင့်ဗေသောရုန် မြို့စပ်ကြားတွင်ရှိသောယုဒမြို့များကို တိုက်ခိုက်ကာ လူသုံးထောင်ကိုသတ်၍ပစ္စည်း အမြောက်အမြားကိုသိမ်းသွားကြလေ သည်။
13 Entretanto, os homens da tropa que Amasias tinha licenciado, não os deixando ir para a guerra com ele, saquearam as cidades de Judá desde Samaria até Betoron. Mataram três mil homens e levaram um considerável despojo.
14 အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။-
14 Tendo voltado para casal depois da derrota dos edomitas, Amasias, que tinha trazido os deuses dos seiritas, fez deles seus próprios deuses; prostrou-se diante deles, queimando-lhes incenso.
15 သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။
15 Inflamou-se por isso a ira do Senhor contra ele; enviou-lhe um profeta, que lhe disse: "Por que foste procurar esses deuses estranhos, que não foram capazes de salvar seu povo de tua mão?"
16 ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။
16 Enquanto lhe falava o profeta, Amasias lhe disse: "Foste tu nomeado conselheiro cio rei? Vai-te embora, se não queres que eu te mate!" O profeta retirou-se, dizendo: "Sei que Deus decretou tua perda, porque te portaste mal e não queres ouvir minha advertência."
17 ယုဒဘုရင်အာမဇိသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ပြီးနောက် ယေဟု၏မြေး၊ ယောခတ်၏သားယဟောရှ ထံသို့သံတမန်စေလွှတ်၍ မိမိနှင့်စစ်ပြိုင် ရန်စိန်ခေါ်လိုက်လေသည်။-
17 Houve um conselho, depois do qual Amasias mandou dizer a Joás, filho de Joacaz, filho de Jeú, rei de Israel: "Vem, para que nos vejamos face a face." Joás, rei de Israel, mandou responder a Amasias, rei de Judá:
18 ယဟောရှက``အခါတစ်ပါး၌လေဗနုန် တောင်ထိပ်တွင် ဆူးပင်သည်သစ်ကတိုးပင် ထံစေတမန်လွှတ်၍`သင်၏သမီးကိုငါ့ သားနှင့်ပေးစားပါလော့' ဟုပြောကြား စဉ်အနီးမှဖြတ်၍လာသောတောတိရစ္ဆာန် သည်ထိုဆူးခြုံကိုနင်းချေလိုက်လေသည်။-
18 "O espinho do Líbano mandou dizer ao cedro do Líbano: Dá tua filha por esposa a meu filho. Mas os animais selvagens do Líbano passaram e pisaram o espinho.
19 အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။
19 Dizes que derrotaste os edomitas, e teu coração se enche de orgulho. Vamos! Fica em casa. Por que correres tu à frente do perigo, arriscando-te a uma empresa que te perderá a ti e Judá contigo?"
20 သို့ရာတွင်သူ၏စကားကို အာမဇိသည် နားမထောင်။ သူသည်ဧဒုံအမျိုးသားတို့ ကိုးကွယ်သည့်ရုပ်တုများကိုဝတ်ပြုရှိခိုး သဖြင့် သူ့အားအရေးရှုံးနိမ့်စေရန်ထာဝရ ဘုရားအလိုရှိတော်မူ၏။-
20 Mas Amasias nada quis ouvir. Era o efeito de uma disposição divina, a fim de que fossem entregues a seus inimigos, eles que tinham adorado os deuses de Edoin.
21 ထိုကြောင့်ဣသရေလဘုရင်ယဟောရှ သည် ယုဒဘုရင်အာမဇိနှင့်စစ်ပြိုင်တိုက် ခိုက်လေသည်။ ယုဒပြည်ဗက်ရှေမက်မြို့ တွင်တိုက်ပွဲဖြစ်ရာ၊-
21 Joás, rei de Israel, pôs-se a caminho; encontraram-se ele e Amasias, rei de Judá, em Betsames, que está em Judá.
22 ယုဒတပ်မတော်သည်အရေးရှုံးနိမ့်သဖြင့် စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ ထွက်ပြေးကြကုန်၏။-
22 Judá foi vencido por Israel, e cada um fugiu para sua tenda.
23 ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရုရှလင်မြို့သို့ပို့ပြီးလျှင် မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ကိုက်နှစ်ရာမျှကိုဖြိုချလိုက်၏။-
23 Joás, rei de Israel, aprisionou, em Betsames, Amasias, rei de Judá, filho de Joás, filho de Ocozias. Mandou-o para Jerusalém e abriu na muralha uma brecha de quatrocentos côvados, desde a porta de Efraim até a porta do ângulo.
24 သူသည်သြဗဒေဒုံ၏သားမြေးများစောင့် ကြပ်သောဗိမာန်တော်ထဲရှိ ရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ဟူသမျှနှင့်နန်းတော် ရှိဘဏ္ဍာများကိုယူ၍ ရှမာရိမြို့သို့ပြန် သွားတော်မူ၏။ မင်းကြီးသည်ဋ္ဌားစားခံ များကိုလည်းခေါ်ဆောင်ခဲ့၏။
24 Apoderou-se de todo o ouro e prata, assim como dos utensílios que se encontravam no templo, em casa de Obededom e nos tesouros do palácio real; e retornou a Samaria, levando reféns.
25 ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်သည့်နောက် တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်၏။-
25 Amasias, filho de Joás, rei de Judá, viveu ainda quinze anos depois da morte de Joás, filho de Joacaz, rei de Israel.
26 နန်းသက်အစမှအဆုံးတိုင်အောင်အာမဇိ ဆောင်ရွက်ခဲ့သည့် အခြားအမှုအရာ အလုံးစုံကိုယုဒရာဇဝင်နှင့်ဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
26 O resto dos atos de Amasias, dos primeiros aos últimos, está relatado no livro dos reis de Judá e de Israel.
27 ထာဝရဘုရားအားအာမဇိပုန်ကန်ချိန်မှ အစပြု၍ သူ့အားလုပ်ကြံရန်ယေရုရှလင် မြို့တွင်လျှို့ဝှက်ကြံစည်မှုရှိခဲ့၏။ နောက်ဆုံး ၌သူသည်လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
27 Depois que Amasias se desviou do Senhor, tramou-se contra ele em Jerusalém uma conspiração, e ele fugiu para Laquis. Perseguiram-no, porém, até lá e o mataram.
28 ထိုနောက်သူ၏အလောင်းကိုမြင်းပေါ်တွင်တင် ၍ယူဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင် တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။
28 Transportaram-lhe o corpo em cima de cavalos, e sepultaram-no com seus pais na cidade de Judá.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.