2 Crônicas 25

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 အာ​မ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​ငါး​နှစ်​တွင် နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ငါး နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ယေ​ရု​ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-
1 Amazias tinha vinte e cinco anos de idade quando começou a reinar e reinou vinte e nove anos em Jerusalém. A mãe dele se chamava Jeoadã e era de Jerusalém.
2 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​မျက်​မှောက်​တော် ၌​ဖြောင့်​မှန်​သော​အ​မှု​ကို​ပြု​သော်​လည်း စိတ်​ရော​ကိုယ်​ပါ​ပြု​သည်​မ​ဟုတ်။-
2 Amazias fez o que era reto aos olhos do Senhor , mas não com coração íntegro.
3 သူ​သည်​အာ​ဏာ​တည်​မြဲ​မှု​ရ​ရှိ​လာ​သည်​နှင့် တစ်​ပြိုင်​နက် မိ​မိ​၏​ခ​မည်း​တော်​ကို​သတ်​ကြ သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-
3 Logo que o reino foi confirmado nas suas mãos, matou os servos que tinham assassinado o rei, seu pai.
4 သို့​ရာ​တွင်​သူ​တို့​၏​သား​သ​မီး​တို့​ကို​ကား``မိ ဘ​တို့​သည်​သား​သ​မီး​တို့​ကူး​လွန်​သည့်​ပြစ်​မှု ကြောင့်​အ​သတ်​မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည် လည်း​မိ​ဘ​တို့​ကူး​လွန်​သည့်​ပြစ်​မှု​ကြောင့် အ​သတ်​မ​ခံ​စေ​ရ။ မည်​သူ​မ​ဆို​မိ​မိ​ကူး လွန်​သည့်​ပြစ်​မှု​ကြောင့်​သာ​အ​သတ်​ခံ​စေ​ရ မည်'' ဟူ​၍​မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင်​ပါ ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော်​နှင့် အ​ညီ​မ​ကွပ်​မျက်​ချေ။
4 No entanto, não matou os filhos deles, mas fez segundo está escrito na Lei, no Livro de Moisés, no qual o Senhor deu ordem, dizendo: “Os pais não serão mortos por causa dos filhos, nem os filhos serão mortos por causa dos pais; cada qual será morto pelo seu próprio pecado.”
5 အာ​မ​ဇိ​သည်​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား မိ​မိ​တို့​သား​ချင်း​စု​များ အ​လိုက်​တပ်​စု​များ​ဖွဲ့​၍ လူ​တစ်​ထောင်​တပ်​မှူး နှင့်​လူ​တစ်​ရာ​တပ်​မှူး​များ​ကို​ခန့်​ထား​တော် မူ​၏။ ထို​တပ်​သား​များ​သည်​အ​သက်​နှစ်​ဆယ် နှင့်​အ​ထက်​ရှိ​သူ​များ​ဖြစ်​၍ စု​စု​ပေါင်း​သုံး သိန်း​ရှိ​လေ​သည်။ သူ​တို့​သည်​လှံ​နှင့်​ဒိုင်း​လွှား ကိုင်​ဆောင်​မှု​တွင်​ကျွမ်း​ကျင်​၍​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ရှိ​သူ​လက်​ရွေး​စင်​တပ်​သား​များ ဖြစ်​ကြ​သ​တည်း။-
5 Amazias congregou os homens de Judá e os pôs, segundo as suas famílias, sob chefes de mil e chefes de cem, por todo o Judá e Benjamim. Contou os que tinham vinte anos de idade para cima e descobriu que havia trezentos mil homens escolhidos capazes de sair à guerra e manejar lança e escudo.
6 အာ​မ​ဇိ​သည်​ထို​သူ​များ​အ​ပြင်​ဣသ​ရေ​လ ပြည်​မှ စစ်​သည်​တစ်​သိန်း​ကို​လည်း​ငွေ​လေး တန်​ပေး​၍​ငှား​ရမ်း​လေ​သည်။-
6 Também contratou cem mil homens valentes de Israel por três mil e quatrocentos quilos de prata.
7 သို့​ရာ​တွင်​ပ​ရော​ဖက်​သည်​မင်း​ကြီး​ထံ​လာ ရောက်​၍``ဤ​ဣသ​ရေ​လ​စစ်​သည်​များ​ကို​မင်း ကြီး​နှင့်​အ​တူ​ခေါ်​ဆောင်​မ​သွား​ပါ​နှင့်။ ထာ​ဝရ ဘု​ရား​သည်​ဤ​မြောက်​ပိုင်း​နယ်​မြေ​သား တို့​နှင့်​အ​တူ​ရှိ​တော်​မ​မူ။-
7 Porém certo homem de Deus foi falar com Amazias e disse: — Ó rei, não deixe que o exército de Israel o acompanhe, porque o
8 စစ်​ပွဲ​တွင်​သူ​တို့​ပါ​ရှိ​ခြင်း​အား​ဖြင့်​ပို​မို အင်​အား​တောင့်​တင်း​လိမ့်​မည်​ဟု မင်း​ကြီး ထင်​မှတ်​ကောင်း​ထင်​မှတ်​ပါ​လိမ့်​မည်။ သို့ သော်​လည်း​ဘု​ရား​သ​ခင်​သည်​စစ်​ပွဲ​အ​နိုင် အ​ရှုံး​ကို​ပေး​ပိုင်​သော​တန်​ခိုး​ရှင်​ဖြစ်​တော် မူ​သ​ဖြင့် ထို​သူ​တို့​နှင့်​အ​ရှင်​မင်း​ကြီး မ​ဟာ​မိတ်​ဖွဲ့​ပါ​မူ​မင်းကြီး​အား​ရန်​သူ တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ လိမ့်​မည်''ဟု​လျှောက်​ထား​၏။
8 Porém vá sozinho, entre em ação e seja corajoso. Do contrário, Deus faria com que você caísse diante do inimigo, porque Deus tem poder para dar a vitória ou a derrota.
9 ထို​အ​ခါ​အာ​မ​ဇိ​က​ပ​ရော​ဖက်​အား``ထို သူ​တို့​အား​ပေး​ထား​သည့်​ငွေ​အ​ချည်း​နှီး ဖြစ်​ရ​မည်​လော'' ဟု​မေး​တော်​မူ​၏။
9 Amazias perguntou ao homem de Deus: — E o que será dos três mil e quatrocentos quilos de prata que paguei às tropas de Israel? Ao que o homem de Deus respondeu: — O
10 သို့​ဖြစ်​၍​အာ​မ​ဇိ​သည်​ငှား​ရမ်း​ထား​သည့် တပ်​သား​တို့​ကို မိ​မိ​နေ​ရပ်​သို့​ပြန်​စေ​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ယု​ဒ​ပြည်​သူ တို့​အား​အ​လွန်​အ​မျက်​ထွက်​လျက် မိ​မိ​တို့ နေ​ရပ်​သို့​ပြန်​သွား​ကြ​၏။
10 Então Amazias dispensou as tropas que tinham vindo de Efraim, dizendo que voltassem para casa. Eles ficaram muito irritados com o povo de Judá e voltaram para casa enfurecidos.
11 အာ​မ​ဇိ​သည်​အား​ခဲ​၍​မိ​မိ​၏​တပ်​မ​တော် ကို​ဦး​ဆောင်​ကာ ပင်​လယ်​သေ​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​သို့​ချီ​တက်​တော်​မူ​၏။ ထို အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​၍​ဧ​ဒုံ​တပ်​သား တစ်​သောင်း​ကျ​ဆုံး​လေ​သည်။-
11 Amazias tomou coragem e, conduzindo o seu povo, foi até o vale do Sal, onde matou dez mil dos filhos de Seir.
12 ယု​ဒ​တပ်​မ​တော်​သည်​သုံ့​ပန်း​တစ်​သောင်း​ကို ဖမ်း​ဆီး​ရ​မိ​သ​ဖြင့် သူ​တို့​အား​သေ​လ​မြို့ ကျောက်​တောင်​ထိပ်​သို့​ခေါ်​ဆောင်​ကာ​ကျောက် ပေါ်​ကျ​၍​သေ​စေ​ရန်​အောက်​သို့​တွန်း​ချ ကြ​၏။
12 Também os filhos de Judá prenderam vivos dez mil e os levaram até o alto de um penhasco, de onde os precipitaram, de modo que todos foram esmigalhados.
13 ဤ​အ​တော​အ​တွင်း​၌​မိ​မိ​နှင့်​အ​တူ​စစ်​ပွဲ ဝင်​ရန် အာ​မ​ဇိ​အ​ခွင့်​မ​ပြု​ခဲ့​သည့်​ဣသ​ရေ​လ တပ်​သား​တို့​သည် ရှ​မာ​ရိ​မြို့​နှင့်​ဗေ​သော​ရုန် မြို့​စပ်​ကြား​တွင်​ရှိ​သော​ယု​ဒ​မြို့​များ​ကို တိုက်​ခိုက်​ကာ လူ​သုံး​ထောင်​ကို​သတ်​၍​ပစ္စည်း အ​မြောက်​အ​မြား​ကို​သိမ်း​သွား​ကြ​လေ သည်။
13 Porém os homens das tropas que Amazias tinha mandado embora, para que não fossem com ele à guerra, atacaram as cidades de Judá, desde Samaria até Bete-Horom. Mataram três mil e levaram muitos despojos.
14 အာ​မ​ဇိ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ် နင်း​ရာ​မှ​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​မိ​မိ​နှင့် အ​တူ​ယူ​ဆောင်​လာ​လေ​သည်။ မင်း​ကြီး သည်​ယင်း​တို့​ကို​တည်​ထား​ကိုး​ကွယ်​ကာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​တော်​မူ​၏။-
14 Quando Amazias voltou da matança dos edomitas, trouxe consigo os deuses dos filhos de Seir, tomou-os por seus deuses, adorou-os e lhes queimou incenso.
15 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက် တော်​မူ​၍ ပ​ရော​ဖက်​ကို​အာ​မ​ဇိ​ထံ​စေ​လွှတ် တော်​မူ​၏။ ပ​ရော​ဖက်​က``မင်း​ကြီး​၏​လက်​မှ မိ​မိ​လူ​တို့​ကို​မ​ကယ်​နိုင်​သော​လူ​မျိုး​ခြား ဘု​ရား​တို့​ကို မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဝတ်​ပြု​ရှိ​ခိုး​ပါ​သ​နည်း'' ဟု​မေး​၏။
15 Então o Senhor ficou irado com Amazias e enviou-lhe um profeta que lhe disse: — Por que você está buscando deuses que não puderam livrar do seu ataque o povo deles?
16 ထို​အ​ခါ​အာ​မ​ဇိ​က``ဘယ်​အ​ခါ​က​သင့်​အား ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​အ​ဖြစ်​ခန့်​ထား​ခဲ့ ပါ​သ​နည်း။ သင်​သည်​ဆိတ်​ဆိတ်​မ​နေ​ပါ​မူ အ​သတ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 Enquanto o profeta ainda falava, o rei lhe disse: — Por acaso pusemos você por conselheiro do rei? Pare com isso! Por que teríamos de matar você? Então o profeta parou, mas disse: — Sei que Deus resolveu destruí-lo, porque você fez isso e não deu ouvidos ao meu conselho.
17 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည်​ဣသ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန် လျှို့​ဝှက်​ကြံ​စည်​ပြီး​နောက် ယေ​ဟု​၏​မြေး၊ ယော​ခတ်​၏​သား​ယ​ဟော​ရှ ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ မိ​မိ​နှင့်​စစ်​ပြိုင် ရန်​စိန်​ခေါ်​လိုက်​လေ​သည်။-
17 Então Amazias, rei de Judá, tomou conselho e enviou mensageiros a Jeoás, filho de Jeoacaz, filho de Jeú, rei de Israel, dizendo: — Venha me enfrentar no campo de batalha.
18 ယ​ဟော​ရှ​က``အ​ခါ​တစ်​ပါး​၌​လေ​ဗ​နုန် တောင်​ထိပ်​တွင် ဆူး​ပင်​သည်​သစ်​က​တိုး​ပင် ထံ​စေ​တ​မန်​လွှတ်​၍`သင်​၏​သ​မီး​ကို​ငါ့ သား​နှင့်​ပေး​စား​ပါ​လော့' ဟု​ပြော​ကြား စဉ်​အ​နီး​မှ​ဖြတ်​၍​လာ​သော​တော​တိ​ရစ္ဆာန် သည်​ထို​ဆူး​ခြုံ​ကို​နင်း​ချေ​လိုက်​လေ​သည်။-
18 Porém Jeoás, rei de Israel, respondeu a Amazias, rei de Judá: — O espinheiro que está no Líbano mandou dizer ao cedro que lá está: “Dê a sua filha por mulher ao meu filho.” Mas um animal selvagem, que estava no Líbano, passou e pisoteou o espinheiro.
19 အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​လိုက်​ပြီ​ဟု ဝါ​ကြွား​ပြော​ဆို​၏။ သို့​ရာ​တွင်​အ​ဆွေ​တော် နန်း​တော်​၌​ပင်​စံ​မြဲ​စံ​နေ​ရန်​ကျွန်ုပ်​အ​ကြံ ပေး​ပါ​၏။ အ​ဘယ်​ကြောင့်​အဆွေ​တော်​နှင့်​ပြည် သူ​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး ဒုက္ခ​ကို​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန်​ကြား လိုက်​၏။
19 Você diz: “Eis que derrotei os edomitas”, e o seu coração se encheu de orgulho, para você se gloriar. Agora fique em casa. Por que provocar um mal que trará somente desgraça para você e para Judá?
20 သို့​ရာ​တွင်​သူ​၏​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ သူ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု​ရှိ​ခိုး သ​ဖြင့် သူ့​အား​အ​ရေး​ရှုံး​နိမ့်​စေ​ရန်​ထာ​ဝရ ဘု​ရား​အ​လို​ရှိ​တော်​မူ​၏။-
20 Mas Amazias não quis atendê-lo, porque isto vinha de Deus, para entregá-los nas mãos dos inimigos, porque buscaram os deuses dos edomitas.
21 ထို​ကြောင့်​ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​စစ်​ပြိုင်​တိုက် ခိုက်​လေ​သည်။ ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ပွဲ​ဖြစ်​ရာ၊-
21 Então Jeoás, rei de Israel, avançou contra Amazias, rei de Judá, e eles se enfrentaram em Bete-Semes, que está em Judá.
22 ယု​ဒ​တပ်​မ​တော်​သည်​အ​ရေး​ရှုံး​နိမ့်​သ​ဖြင့် စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ထွက်​ပြေး​ကြ​ကုန်​၏။-
22 Judá foi derrotado por Israel, e os soldados tiveram de fugir para as suas casas.
23 ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-
23 Jeoás, rei de Israel, prendeu Amazias, rei de Judá, filho de Joás, filho de Jeoacaz, em Bete-Semes. Levou-o a Jerusalém, onde derrubou uma parte da muralha da cidade, desde o Portão de Efraim até o Portão da Esquina, numa extensão de mais ou menos duzentos metros.
24 သူ​သည်​သြ​ဗ​ဒေ​ဒုံ​၏​သား​မြေး​များ​စောင့် ကြပ်​သော​ဗိ​မာန်​တော်​ထဲ​ရှိ ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​နှင့်​နန်း​တော် ရှိ​ဘဏ္ဍာ​များ​ကို​ယူ​၍ ရှ​မာ​ရိ​မြို့​သို့​ပြန် သွား​တော်​မူ​၏။ မင်း​ကြီး​သည်​ဋ္ဌား​စား​ခံ များ​ကို​လည်း​ခေါ်​ဆောင်​ခဲ့​၏။
24 Pegou todo o ouro e a prata, e todos os utensílios que havia na Casa de Deus, com Obede-Edom, e os tesouros do palácio real, bem como alguns reféns; e voltou para Samaria.
25 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​သည့်​နောက် တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​၏။-
25 Amazias, filho de Joás, rei de Judá, viveu quinze anos depois da morte de Jeoás, filho de Jeoacaz, rei de Israel.
26 နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင်​အောင်​အာ​မ​ဇိ ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
26 Quanto aos demais atos de Amazias, tanto os primeiros como os últimos, não está tudo escrito no Livro da História dos Reis de Judá e de Israel?
27 ထာ​ဝရ​ဘု​ရား​အား​အာ​မ​ဇိ​ပုန်​ကန်​ချိန်​မှ အ​စ​ပြု​၍ သူ့​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင်​လျှို့​ဝှက်​ကြံ​စည်​မှု​ရှိ​ခဲ့​၏။ နောက်​ဆုံး ၌​သူ​သည်​လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့​ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-
27 Depois que Amazias deixou de seguir o Senhor , conspiraram contra ele em Jerusalém, e ele fugiu para Laquis; porém enviaram homens atrás dele até Laquis e o mataram.
28 ထို​နောက်​သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင် ၍​ယူ​ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင် တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။
28 Trouxeram-no sobre cavalos e o sepultaram junto a seus pais, na Cidade de Davi.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.