2 Crônicas 1

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ဒါ​ဝိဒ်​မင်း​၏​သား​တော်​ရှော​လ​မုန်​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​ဏာ​တည်​မြဲ​လာ​၏။ သူ​၏​ဘု​ရား​သည်​သူ့​ကို​ကောင်း​ချီး​ပေး​တော် မူ​သ​ဖြင့်​သူ​သည်​အ​လွန်​တန်​ခိုး​ကြီး​လာ​၏။
1 E Salomão, filho de Davi, se esforçou no seu reino; e o Senhor , seu Deus, era com ele e o magnificou grandemente.
2 ရှော​လ​မုန်​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​တို့ ကို​အုပ်​ချုပ်​သော​တပ်​မှူး​များ၊ အ​စိုး​ရ​အ​ရာ ရှိ​များ၊ အိမ်​ထောင်​ဦး​စီး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​အား-
2 E falou Salomão a todo o Israel, aos capitães dos milhares e das centenas, e aos juízes, e a todos os príncipes em todo o Israel, chefes dos pais.
3 မိ​မိ​နှင့်​အ​တူ​ဂိ​ဗောင်​မြို့​ရှိ​ကိုး​ကွယ်​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ သွား​ရောက်​ကြ​ရန်​အ​မိန့်​ထုတ် ပြန်​တော်​မူ​၏။ ထို​အ​ရပ်​သို့​သွား​ရ​ခြင်း​မှာ တော​ကန္တာ​ရ​၌ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​ပြု​လုပ်​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တည်​ရာ​ဖြစ်​ခြင်း​ကြောင့် ဖြစ်​၏။-
3 E foram Salomão e toda a congregação com ele ao alto que estava em Gibeão; porque ali estava a tenda da congregação de Deus, que Moisés, servo do Senhor , tinha feito no deserto.
4 (သို့​ရာ​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​မှာ​မူ​ယေ​ရု ရှ​လင်​မြို့​တွင်​ရှိ​နေ​သည်။ ထို​သေတ္တာ​တော်​ကို ဒါ​ဝိဒ်​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ​ပင့်​ဆောင် လာ​စဉ်​အ​ခါ​က​မိ​မိ​တည်​ဆောက်​သည့်​တဲ တော်​တွင်​ထား​ရှိ​ခဲ့​သ​တည်း။-)
4 Mas Davi tinha feito subir a arca de Deus de Quiriate-Jearim ao lugar que Davi lhe tinha preparado; porque lhe tinha armado uma tenda em Jerusalém.
5 ဂိ​ဗောင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​ရှေ့​၌ ဟု​ရ​သား​ချင်း​စု​မှ​ဥ​ရိ ၏​သား​ဗေ​ဇ​လေ​လ​ဆောက်​လုပ်​ခဲ့​သည့်​ကြေး ဝါ​ယဇ်​ပလ္လင်​လည်း​ရှိ​၏။ ထို​အ​ရပ်​တွင်​ရှော​လ​မုန် နှင့်​ပြည်​သူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင် အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လေ​သည်။-
5 Também o altar de cobre que tinha feito Bezalel, filho de Uri, filho de Hur, estava ali diante do tabernáculo do Senhor ; e Salomão e a congregação o visitavam.
6 မင်း​ကြီး​သည်​ယဇ်​ကောင်​တစ်​ထောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ ကြေး​ဝါ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​တော်​မူ သည်။
6 E Salomão ofereceu ali sacrifícios perante o Senhor , sobre o altar de cobre que estava na tenda da congregação, e ofereceu sobre ele mil holocaustos.
7 ထို​ည​၌​ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင့်​အား​အ​ဘယ်​ဆု ကို​ပေး​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။
7 Naquela mesma noite, Deus apareceu a Salomão e disse-lhe: Pede o que quiseres que eu te dê.
8 ရှော​လ​မုန်​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ကြီး​မြတ်​သည့်​မေတ္တာ တော်​ကို​အ​စဉ်​ပြ​တော်​မူ​ပြီး​လျှင် ယ​ခု အ​ကျွန်ုပ်​အား​လည်း​သူ​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​စေ​တော်​မူ​ပါ​ပြီ။-
8 E Salomão disse a Deus: Tu usaste de grande beneficência com Davi, meu pai, e a mim me fizeste rei em seu lugar.
9 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ခ​မည်း​တော်​အား​ပေး​တော်​မူ​သော​ကတိ တော်​ကို​တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အား မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့်​ဤ လူ​မျိုး​၏​ဘု​ရင်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။-
9 Agora, pois, ó Senhor Deus, confirme-se a tua palavra, dada a Davi, meu pai; porque tu me fizeste rei sobre um povo numeroso como o pó da terra.
10 ထို့​ကြောင့်​ထို​သူ​တို့​ကို​အုပ်​စိုး​ရန်​လို​အပ် သည့်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​အ​ကျွန်ုပ် အား​ပေး​တော်​မူ​ပါ။ ယင်း​သို့​ပေး​တော်​မ​မူ ပါ​လျှင်​အ​ကျွန်ုပ်​သည်​ဤ​မျှ​များ​ပြား​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ကြီး​ကို​အ​ဘယ် သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း'' ဟု​တောင်း လျှောက်​လေ​၏။
10 Dá-me, pois, agora, sabedoria e conhecimento, para que possa sair e entrar perante este povo; porque quem poderia julgar a este teu tão grande povo?
11 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​လျောက်​ပတ် သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ စည်း​စိမ်​ဥစ္စာ နှင့်​ဂုဏ်​သ​တင်း​ကျော်​စော​မှု​တို့​ကို​သော် လည်း​ကောင်း၊ ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​ရန် ကို​သော်​လည်း​ကောင်း​မ​တောင်း​ခံ​ဘဲ သင့်​အား ငါ​ပေး​အပ်​ထား​သည့်​ပြည်​သူ​တို့​ကို​အုပ်​စိုး နိုင်​ရန်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​တောင်း ခံ​ပေ​သည်။ သို့​ဖြစ်​၍​သင့်​အား​အ​သိ​ပ​ညာ နှင့်​ဉာဏ်​ပ​ညာ​ကို​ငါ​ပေး​မည်။-
11 Então, Deus disse a Salomão: Porquanto houve isso no teu coração, e não pediste riquezas, fazenda ou honra, nem a morte dos que te aborrecem, nem tampouco pediste muitos dias de vida, mas pediste para ti sabedoria e conhecimento, para poderes julgar a meu povo, sobre o qual te pus rei,
12 ထို့​အ​ပြင်​ရှေး​အ​ခါ​၌​သော်​လည်း​ကောင်း၊ နောင်​အ​ခါ​၌​သော်​လည်း​ကောင်း ဘု​ရင်​တစ် ပါး​မျှ​မ​ရ​ရှိ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ဂုဏ်​သ​တင်း​ကျော်​စော​မှု​ကို​လည်း​ငါ​ပေး ဦး​မည်'' ဟု​မိန့်​တော်​မူ​၏။
12 sabedoria e conhecimento te são dados; e te darei riquezas, e fazenda, e honra, qual nenhum rei antes de ti teve, e depois de ti tal não haverá.
13 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော် တည်​ရှိ​သည့်​ဂိ​ဗောင်​မြို့ ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​မှ​ထွက်​ခွာ​တော် မူ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​တော်​မူ​၏။-
13 Assim, Salomão veio a Jerusalém, do alto que está em Gibeão, de diante da tenda da congregação; e reinou sobre Israel.
14 ထို​နောက်​သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး ရာ​နှင့် တိုက်​မြင်း​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော တပ်​မ​တော်​ကို​ဖွဲ့​စည်း​တော်​မူ​ပြီး​လျှင် အ​ချို့ ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း​ထား​ရှိ တော်​မူ​၏။-
14 E Salomão ajuntou carros e cavaleiros; e teve mil e quatrocentos carros e doze mil cavaleiros e pô-los nas cidades dos carros e junto ao rei, em Jerusalém.
15 သူ​၏​နန်း​သက်​တစ်​လျှောက်​၌​ယေ​ရု​ရှ​လင် မြို့​တွင်​ငွေ​နှင့်​ရွှေ​သည်​ကျောက်​ခဲ​ကဲ့​သို့၊ သစ် က​တိုး​သား​သည်​ယု​ဒ​တောင်​ခြေ​၌​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​ပေါ​များ​လေ​သည်။-
15 E fez o rei que houvesse ouro e prata em Jerusalém como pedras, e cedros em tanta abundância como figueiras bravas que há pelas campinas.
16 မင်း​ကြီး​၏​အ​ဝယ်​တော်​တို့​သည်​မု​သ​ရိ ပြည် နှင့်​ကိ​လ​ကိ​ပြည် တို့​မှ​မြင်း​များ၊-
16 E os cavalos que tinha Salomão se traziam do Egito; e, quanto ao fio de linho, os mercadores do rei tomavam o fio de linho por um certo preço.
17 အီ​ဂျစ်​ပြည်​မှ​စစ်​ရ​ထား​များ​တင်​သွင်း​မှု ကို​ချုပ်​ကိုင်​ထား​ကြ​၏။ ဟိတ္တိ​ဘု​ရင်​နှင့်​ရှု​ရိ ဘု​ရင်​တို့​သည်​စစ်​ရ​ထား​တစ်​စီး​လျှင်​ငွေ သား​ခြောက်​ရာ၊ မြင်း​တစ်​ကောင်​လျှင်​ငွေ​သား တစ်​ရာ့​ငါး​ဆယ်​နှုန်း​ဖြင့် အ​ဝယ်​တော်​တို့​မှ ဝယ်​ရ​ကြ​လေ​သည်။
17 E faziam subir e sair do Egito cada carro por seiscentos siclos de prata, e cada cavalo, por cento e cinquenta; e assim, por meio deles, tiravam cavalos para todos os reis dos heteus e para os reis da Síria.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.