2 Crônicas 1
Common Language Bible (MYA) vs ACF
1 ဒါဝိဒ်မင်း၏သားတော်ရှောလမုန်မင်းသည် ဣသရေလနိုင်ငံတွင်အာဏာတည်မြဲလာ၏။ သူ၏ဘုရားသည်သူ့ကိုကောင်းချီးပေးတော် မူသဖြင့်သူသည်အလွန်တန်ခိုးကြီးလာ၏။
1 Salomão, filho de Davi, fortaleceu-se no seu reino; e o SENHOR seu Deus era com ele, e o engrandeceu sobremaneira.
2 ရှောလမုန်သည်တစ်ထောင်တပ်၊ တစ်ရာတပ်တို့ ကိုအုပ်ချုပ်သောတပ်မှူးများ၊ အစိုးရအရာ ရှိများ၊ အိမ်ထောင်ဦးစီးများနှင့်ပြည်သူ အပေါင်းတို့အား-
2 E falou Salomão a todo o Israel, aos capitães de mil e de cem, aos juízes e a todos os governadores em todo o Israel, chefes das famílias.
3 မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။-
3 E foi Salomão, e toda a congregação com ele, ao alto que estava em Gibeom, porque ali estava a tenda da congregação de Deus, que Moisés, servo do Senhor, tinha feito no deserto.
4 (သို့ရာတွင်ပဋိညာဉ်သေတ္တာတော်မှာမူယေရု ရှလင်မြို့တွင်ရှိနေသည်။ ထိုသေတ္တာတော်ကို ဒါဝိဒ်သည်ကိရယတ်ယာရိမ်မြို့မှပင့်ဆောင် လာစဉ်အခါကမိမိတည်ဆောက်သည့်တဲ တော်တွင်ထားရှိခဲ့သတည်း။-)
4 Mas Davi tinha feito subir a arca de Deus de Quiriate-Jearim ao lugar que lhe preparara; porque lhe tinha armado uma tenda em Jerusalém.
5 ဂိဗောင်မြို့ရှိထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်ရှေ့၌ ဟုရသားချင်းစုမှဥရိ ၏သားဗေဇလေလဆောက်လုပ်ခဲ့သည့်ကြေး ဝါယဇ်ပလ္လင်လည်းရှိ၏။ ထိုအရပ်တွင်ရှောလမုန် နှင့်ပြည်သူအပေါင်းတို့သည်ဘုရားသခင် အားဝတ်ပြုကိုးကွယ်ကြလေသည်။-
5 Também o altar de cobre que tinha feito Bezaleel, filho de Uri, filho de Hur, estava ali diante do tabernáculo do Senhor; e Salomão e a congregação o buscavam.
6 မင်းကြီးသည်ယဇ်ကောင်တစ်ထောင်ကိုသတ်၍ တစ်ကောင်လုံးမီးရှို့ရာယဇ်အဖြစ် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ကြေးဝါယဇ်ပလ္လင်ပေါ်တွင်ပူဇော်တော်မူ သည်။
6 E Salomão ofereceu ali sacrifícios perante o Senhor, sobre o altar de cobre que estava na tenda da congregação; e ofereceu sobre ele mil holocaustos.
7 ထိုည၌ဘုရားသခင်သည်ရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင့်အားအဘယ်ဆု ကိုပေးစေလိုသနည်း'' ဟုမေးတော်မူ၏။
7 Naquela mesma noite Deus apareceu a Salomão, e disse-lhe: Pede o que queres que eu te dê.
8 ရှောလမုန်က``ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အားကြီးမြတ်သည့်မေတ္တာ တော်ကိုအစဉ်ပြတော်မူပြီးလျှင် ယခု အကျွန်ုပ်အားလည်းသူ၏အရိုက်အရာကို ဆက်ခံစေတော်မူပါပြီ။-
8 E Salomão disse a Deus: Tu usaste de grande benignidade com meu pai Davi, e a mim me fizeste rei em seu lugar.
9 အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ခမည်းတော်အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူပါ။ အကျွန်ုပ်အား မရေမတွက်နိုင်အောင်များပြားသည့်ဤ လူမျိုး၏ဘုရင်ဖြစ်စေတော်မူပါပြီ။-
9 Agora, pois, ó Senhor Deus, confirme-se a tua palavra, dada a meu pai Davi; porque tu me fizeste reinar sobre um povo numeroso como o pó da terra.
10 ထို့ကြောင့်ထိုသူတို့ကိုအုပ်စိုးရန်လိုအပ် သည့်ဉာဏ်ပညာနှင့်အသိပညာကိုအကျွန်ုပ် အားပေးတော်မူပါ။ ယင်းသို့ပေးတော်မမူ ပါလျှင်အကျွန်ုပ်သည်ဤမျှများပြားသော ကိုယ်တော်၏လူမျိုးတော်ကြီးကိုအဘယ် သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း'' ဟုတောင်း လျှောက်လေ၏။
10 Dá-me, pois, agora, sabedoria e conhecimento, para que possa sair e entrar perante este povo; pois quem poderia julgar a este tão grande povo?
11 ထာဝရဘုရားက``သင်သည်လျောက်ပတ် သောအရာကိုရွေးချယ်လေပြီ။ စည်းစိမ်ဥစ္စာ နှင့်ဂုဏ်သတင်းကျော်စောမှုတို့ကိုသော် လည်းကောင်း၊ ရန်သူများသေကြေပျက်စီးရန် ကိုသော်လည်းကောင်းမတောင်းခံဘဲ သင့်အား ငါပေးအပ်ထားသည့်ပြည်သူတို့ကိုအုပ်စိုး နိုင်ရန်ဉာဏ်ပညာနှင့်အသိပညာကိုတောင်း ခံပေသည်။ သို့ဖြစ်၍သင့်အားအသိပညာ နှင့်ဉာဏ်ပညာကိုငါပေးမည်။-
11 Então Deus disse a Salomão: Porquanto houve isto no teu coração, e não pediste riquezas, bens, ou honra, nem a morte dos que te odeiam, nem tampouco pediste muitos dias de vida, mas pediste para ti sabedoria e conhecimento, para poderes julgar a meu povo, sobre o qual te constituí rei,
12 ထို့အပြင်ရှေးအခါ၌သော်လည်းကောင်း၊ နောင်အခါ၌သော်လည်းကောင်း ဘုရင်တစ် ပါးမျှမရရှိသောစည်းစိမ်ချမ်းသာနှင့် ဂုဏ်သတင်းကျော်စောမှုကိုလည်းငါပေး ဦးမည်'' ဟုမိန့်တော်မူ၏။
12 Sabedoria e conhecimento te são dados; e te darei riquezas, bens e honra, quais não teve nenhum rei antes de ti, e nem depois de ti haverá.
13 သို့ဖြစ်၍ရှောလမုန်သည်ထာဝရဘုရား စံတော်မူရာတဲတော် တည်ရှိသည့်ဂိဗောင်မြို့ ကိုးကွယ်ဝတ်ပြုရာဌာနမှထွက်ခွာတော် မူ၍ယေရုရှလင်မြို့သို့ပြန်တော်မူ၏။-
13 Assim Salomão veio a Jerusalém, do alto que estava em Gibeom, de diante da tenda da congregação; e reinou sobre Israel.
14 ထိုနောက်သူသည်စစ်ရထားတစ်ထောင့်လေး ရာနှင့် တိုက်မြင်းတစ်သောင်းနှစ်ထောင်ရှိသော တပ်မတော်ကိုဖွဲ့စည်းတော်မူပြီးလျှင် အချို့ ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့ ကိုအခြားမြို့များ၌လည်းကောင်းထားရှိ တော်မူ၏။-
14 E Salomão ajuntou carros e cavaleiros, e teve mil e quatrocentos carros, e doze mil cavaleiros; os quais pôs nas cidades dos carros, e junto ao rei em Jerusalém.
15 သူ၏နန်းသက်တစ်လျှောက်၌ယေရုရှလင် မြို့တွင်ငွေနှင့်ရွှေသည်ကျောက်ခဲကဲ့သို့၊ သစ် ကတိုးသားသည်ယုဒတောင်ခြေ၌ပေါက် သောသဖန်းပင်ကဲ့သို့ပေါများလေသည်။-
15 E fez o rei que houvesse ouro e prata em Jerusalém como pedras; e cedros em tanta abundância como figueiras bravas que há pelas campinas.
16 မင်းကြီး၏အဝယ်တော်တို့သည်မုသရိ ပြည် နှင့်ကိလကိပြည် တို့မှမြင်းများ၊-
16 E os cavalos, que tinha Salomão, eram trazidos do Egito; e os mercadores do rei os recebiam em tropas, cada uma pelo seu preço.
17 အီဂျစ်ပြည်မှစစ်ရထားများတင်သွင်းမှု ကိုချုပ်ကိုင်ထားကြ၏။ ဟိတ္တိဘုရင်နှင့်ရှုရိ ဘုရင်တို့သည်စစ်ရထားတစ်စီးလျှင်ငွေ သားခြောက်ရာ၊ မြင်းတစ်ကောင်လျှင်ငွေသား တစ်ရာ့ငါးဆယ်နှုန်းဖြင့် အဝယ်တော်တို့မှ ဝယ်ရကြလေသည်။
17 E faziam subir e sair do Egito cada carro por seiscentos siclos de prata, e cada cavalo por cento e cinqüenta; e assim, por meio deles eram para todos os reis dos heteus, e para os reis da Síria.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Crônicas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.