1 Samuel 7
Common Language Bible (MYA) vs VC
1 သို့ဖြစ်၍ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍သေတ္တာတော်ကိုတောင်ကုန်းပေါ်တွင်တည် ရှိသော အဗိနဒပ်၏အိမ်သို့ပင့်ဆောင်သွား ကြ၏။ သူတို့သည်သေတ္တာတော်ကိုစောင့်ထိန်း ရန်အတွက် အဗိနဒပ်၏သားဧလာဇာကို ရွေးချယ်ဆက်ကပ်ကြ၏။
1 Vieram, pois, os habitantes de Cariatiarim, transportaram a arca do Senhor, puseram-na em casa de Aminadab, sobre a colina, e consagraram o seu filho Eleazar para que a guardasse.
2 ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့တွင်နှစ်ပေါင်းနှစ်ဆယ် တိုင်အောင်ကြာမြင့်စွာရှိနေလေသည်။ ထို အချိန်ကာလအတွင်း၌ဣသရေလအမျိုး သားတို့သည် မိမိတို့ကိုကူမတော်မူရန် ထာဝရဘုရားသခင်ထံဟစ်အော်လျှောက် ထားကြ၏။
2 E o tempo passou. Decorridos vinte anos desde o dia em que a arca fora levada para Cariatiarim, todo o Israel se lamentava, invocando o Senhor.
3 ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-
3 E Samuel falou a todo o povo de Israel, dizendo: Se voltardes de todo o vosso coração para o Senhor, tirando do meio de vós os deuses estranhos e as Astarot, se vos apegardes de todo o vosso coração ao Senhor e só a ele servirdes, então ele vos livrar das mãos dos filisteus.
4 ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဗာလဘုရားနှင့် အာရှတရက်ဘုရားမ တို့၏ရုပ်တုများကိုစွန့်ပစ်ကာ ထာဝရ ဘုရားကိုသာရှိခိုးဝတ်ပြုကြကုန်၏။
4 Os israelitas afastaram os Baal e as Astarot, e serviram só ao Senhor.
5 ထိုနောက်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား``ငါသည်မိဇပါမြို့ တွင်သင်တို့အတွက် ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြုမည်ဖြစ်၍သင်တို့ သည်ထိုမြို့၌စုကြလော့'' ဟုဆင့်ဆိုမှာ ကြား၏။-
5 Convocai todo o Israel em Masfa, disse Samuel, e orarei por vós ao Senhor.
6 သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။
6 Reuniram-se em Masfa, tiraram água, derramaram-na diante do Senhor, e jejuaram aquele dia, dizendo: Pecamos contra o Senhor. Samuel era juiz de Israel em Masfa.
7 မိဇပါမြို့တွင်ဣသရေလအမျိုးသားတို့ စုရုံးလျက်ရှိကြောင်းကို ဖိလိတ္တိအမျိုးသား တို့ကြားသိကြသောအခါ ဖိလိတ္တိဘုရင်ငါး ပါးတို့သည်ဣသရေလအမျိုးသားတို့ရှိ ရာသို့စစ်ချီလာကြ၏။ ဤအကြောင်းကို ဣသရေလအမျိုးသားတို့ကြားသိကြ သောအခါကြောက်လန့်ကြသဖြင့်၊-
7 Os filisteus foram informados de que os israelitas tinham-se juntado em Masfa, e os seus príncipes marcharam contra Israel. Os israelitas o souberam e ficaram aterrorizados.
8 ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။-
8 Disseram a Samuel: Não cesses de clamar por nós ao Senhor, nosso Deus, para que ele nos salve das mãos dos filisteus.
9 ရှမွေလသည်သိုးငယ်တစ်ကောင်ကိုသတ်၍ တစ်ကောင်လုံးကိုမီးရှို့ရာယဇ်အဖြစ်ထာဝရ ဘုရားအားပူဇော်ကာ ဣသရေလအမျိုးသား တို့အား ကယ်မတော်မူရန်ဆုတောင်းပတ္ထနာ ပြုရာကိုယ်တော်သည်နားညောင်းတော်မူ၏။-
9 Samuel tomou um cordeiro de leite e ofereceu-o inteiro em holocausto ao Senhor; depois clamou ao Senhor por Israel, e o Senhor o ouviu.
10 ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-
10 Enquanto Samuel oferecia o holocausto, os filisteus começaram o combate contra Israel; o Senhor, porém, trovejou com a sua a voz fortíssima sobre os filisteus naquele momento, e eles se dispersaram, sendo batidos pelos israelitas.
11 ဣသရေလအမျိုးသားတို့သည်မိဇပါမြို့ မှထွက်၍ သူတို့အားဗက်ကာမြို့အနီးသို့ တိုင်အောင်လိုက်လံသတ်ဖြတ်ကြ၏။
11 Os vencedores, saindo de Masfa, perseguiram os filisteus e feriram-nos até o lugar que está por baixo de Bet-Car.
12 ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
12 Tomou Samuel uma pedra e pô-la entre Masfa e Sen, dando-lhe o nome de Eben-Ezer, pois disse: Até aqui nos socorreu o Senhor.
13 ဤသို့လျှင်ဖိလိတ္တိအမျိုးသားတို့သည်အရေး ရှုံးနိမ့်ရကြ၏။ ထာဝရဘုရားသည်သူတို့ အားရှမွေလအသက်ရှင်သမျှကာလပတ်လုံး ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်ခွင့် ပေးတော်မမူ။-
13 Humilhados dessa forma, os filisteus não tentaram mais voltar ao território de Israel. A mão do Senhor pesou sobre o filisteus durante toda a vida de Samuel.
14 ဧကြုန်မြို့နှင့်ဂါသမြို့စပ်ကြားတွင်ဖိလိတ္တိ အမျိုးသားတို့သည် မိမိတို့သိမ်းပိုက်ထား ကြသည့်မြို့မှန်သမျှကိုဣသရေလအမျိုး သားတို့၏လက်သို့ပြန်လည်ပေးအပ်ရကြ သဖြင့် ဣသရေလအမျိုးသားတို့သည်မိမိ တို့၏နယ်မြေအားလုံးကိုပြန်လည်ရရှိကြ၏။ ထို့အပြင်ဣသရေလအမျိုးသားတို့နှင့် ခါနာန်အမျိုးသားတို့သည်သင့်မြတ်ငြိမ်း ချမ်းစွာနေထိုင်ကြလေသည်။
14 Foram devolvidas a Israel as cidades que os filisteus lhes tinham tomado, desde Acaron até Get. Israel livrou sua terra das mãos dos filisteus, e havia paz entre Israel e os amorreus.
15 ရှမွေလသည်အသက်ထက်ဆုံးဣသရေလ အမျိုးသားတို့အားအုပ်ချုပ်၏။-
15 Samuel foi juiz em Israel durante toda a sua vida.
16 သူသည်နှစ်စဉ်နှစ်တိုင်းဗေသလမြို့၊ ဂိလ ဂါလမြို့၊ မိဇပါမြို့တို့သို့လှည့်လည်သွား ရောက်ကာထိုမြို့တို့တွင်အမှုအခင်းများ ကိုစစ်ဆေးစီရင်လေ့ရှိ၏။-
16 Ia a cada ano visitar Betel, Gálgala e Masfa, onde pronunciava os seus juízos em favor de todo o Israel.
17 ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။
17 Voltava depois para Ramá, onde habitava. Ali também julgava Israel, e edificou naquele lugar um altar ao Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Samuel 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.