1 Samuel 7

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 သို့​ဖြစ်​၍​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ​၍​သေတ္တာ​တော်​ကို​တောင်​ကုန်း​ပေါ်​တွင်​တည် ရှိ​သော အ​ဗိ​န​ဒပ်​၏​အိမ်​သို့​ပင့်​ဆောင်​သွား ကြ​၏။ သူ​တို့​သည်​သေတ္တာ​တော်​ကို​စောင့်​ထိန်း ရန်​အ​တွက် အ​ဗိ​န​ဒပ်​၏​သား​ဧ​လာ​ဇာ​ကို ရွေး​ချယ်​ဆက်​ကပ်​ကြ​၏။
1 Então, os homens de Quiriate-Jearim vieram para levar a arca do Senhor. Eles a levaram para a casa de Abinadabe, na colina, e consagraram seu filho Eleazar para guardar a arca do Senhor.
2 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တွင်​နှစ်​ပေါင်း​နှစ်​ဆယ် တိုင်​အောင်​ကြာ​မြင့်​စွာ​ရှိ​နေ​လေ​သည်။ ထို အ​ချိန်​ကာ​လ​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​ကို​ကူ​မ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ထံ​ဟစ်​အော်​လျှောက် ထား​ကြ​၏။
2 A arca permaneceu em Quiriate-Jearim muito tempo; foram vinte anos. E todo o povo de Israel buscava o Senhor com súplicas.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှ​မွေ​လ က``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြန်​လည်​လာ​ရောက် လို​ပါ​က လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​ကို လည်း​ကောင်း၊ အာ​ရှ​တ​ရက်​ဘု​ရား​မ​၏​ရုပ်​တု များ​ကို​လည်း​ကောင်း​စွန့်​ပစ်​ရ​ကြ​မည်။ သင်​တို့ ၏​ကိုယ်​ကို​လုံး​ဝ​ဆက်​ကပ်​၍​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​လျှင် ကိုယ်​တော်​သည် သင်​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လက်​မှ ကယ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
3 E Samuel disse a toda a nação de Israel: "Se vocês querem voltar-se para o Senhor de todo o coração, livrem-se então dos deuses estrangeiros e dos postes sagrados, consagrem-se ao Senhor e prestem culto somente a ele, e ele os libertará das mãos dos filisteus".
4 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​မ တို့​၏​ရုပ်​တု​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ ဘု​ရား​ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​ကုန်​၏။
4 Assim, os israelitas se livraram dos baalins e dos postes sagrados, e começaram a prestar culto somente ao Senhor.
5 ထို​နောက်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား``ငါ​သည်​မိ​ဇ​ပါ​မြို့ တွင်​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်​ဖြစ်​၍​သင်​တို့ သည်​ထို​မြို့​၌​စု​ကြ​လော့'' ဟု​ဆင့်​ဆို​မှာ ကြား​၏။-
5 E Samuel prosseguiu: "Reúnam todo Israel em Mispá, e eu intercederei ao Senhor a favor de vocês".
6 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။
6 Quando eles se reuniram em Mispá, tiraram água e a derramaram perante o Senhor. Naquele dia jejuaram e disseram ali: "Temos pecado contra o Senhor". E foi em Mispá que Samuel liderou os israelitas como juiz.
7 မိ​ဇ​ပါ​မြို့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စု​ရုံး​လျက်​ရှိ​ကြောင်း​ကို ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​သိ​ကြ​သော​အ​ခါ ဖိ​လိတ္တိ​ဘု​ရင်​ငါး ပါး​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ ရာ​သို့​စစ်​ချီ​လာ​ကြ​၏။ ဤ​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား​သိ​ကြ သော​အ​ခါ​ကြောက်​လန့်​ကြ​သ​ဖြင့်၊-
7 Quando os filisteus souberam que os israelitas estavam reunidos em Mispá, os governantes dos filisteus saíram para atacá-los. Quando os israelitas souberam disso, ficaram com medo dos filisteus.
8 ရှ​မွေ​လ​အား``အ​ကျွန်ုပ်​တို့​ကို​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ရန် အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပေး​လျက်​နေ​ပါ'' ဟု​တောင်း​ပန် ကြ​၏။-
8 E disseram a Samuel: "Não pare de clamar por nós ao Senhor nosso Deus, para que nos salve das mãos dos filisteus".
9 ရှ​မွေ​လ​သည်​သိုး​ငယ်​တစ်​ကောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကာ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကယ်​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​ကိုယ်​တော်​သည်​နား​ညောင်း​တော်​မူ​၏။-
9 Então Samuel pegou um cordeiro ainda não desmamado e o ofereceu inteiro como holocausto ao Senhor. Ele clamou ao Senhor em favor de Israel, e o Senhor lhe respondeu.
10 ရှ​မွေ​လ​သည်​ယဇ်​ပူ​ဇော်​လျက်​နေ​စဉ်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ထို​အ​ချိန်​၌​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား သည် သူ​တို့​အ​ပေါ်​မှာ​ပြင်း​စွာ​မိုး​ချုန်း​စေ တော်​မူ​သ​ဖြင့် သူ​တို့​သည်​က​စဥ့်​က​ရဲ​ဖြစ် လျက်​ထွက်​ပြေး​ကြ​ကုန်​၏။-
10 Enquanto Samuel oferecia o holocausto, os filisteus se aproximaram para combater Israel. Naquele dia, porém, o Senhor trovejou com fortíssimo estrondo contra os filisteus e os colocou em pânico. Então foram derrotados por Israel.
11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​ဇ​ပါ​မြို့ မှ​ထွက်​၍ သူ​တို့​အား​ဗက်​ကာ​မြို့​အ​နီး​သို့ တိုင်​အောင်​လိုက်​လံ​သတ်​ဖြတ်​ကြ​၏။
11 Os soldados de Israel saíram de Mispá e perseguiram os filisteus até um lugar abaixo de Bete-Car, matando-os pelo caminho.
12 ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။-
12 Então Samuel pegou uma pedra e a ergueu entre Mispá e Sem; e deu-lhe o nome de Ebenézer, dizendo: "Até aqui o Senhor nos ajudou".
13 ဤ​သို့​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ရေး ရှုံး​နိမ့်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ရှ​မွေ​လ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ခွင့် ပေး​တော်​မ​မူ။-
13 Assim os filisteus foram dominados e não voltaram a invadir o território israelita. A mão do Senhor opôs-se aos filisteus durante toda a vida de Samuel.
14 ဧ​ကြုန်​မြို့​နှင့်​ဂါ​သ​မြို့​စပ်​ကြား​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​သိမ်း​ပိုက်​ထား ကြ​သည့်​မြို့​မှန်​သ​မျှ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​သို့​ပြန်​လည်​ပေး​အပ်​ရ​ကြ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ တို့​၏​နယ်​မြေ​အား​လုံး​ကို​ပြန်​လည်​ရ​ရှိ​ကြ​၏။ ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည်​သင့်​မြတ်​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ကြ​လေ​သည်။
14 As cidades que os filisteus haviam conquistado, foram devolvidas a Israel, desde Ecrom até Gate. Israel libertou os territórios ao redor delas do poder dos filisteus. E houve também paz entre Israel e os amorreus.
15 ရှ​မွေ​လ​သည်​အ​သက်​ထက်​ဆုံး​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အုပ်​ချုပ်​၏။-
15 Samuel continuou como juiz de Israel durante todos os dias de sua vida.
16 သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။-
16 A cada ano percorria Betel, Gilgal, e Mispá, decidindo as questões de Israel em todos esses lugares.
17 ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။
17 Mas sempre retornava a Ramá, onde ficava sua casa; ali ele liderava Israel como juiz e naquele lugar construiu um altar em honra do Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Samuel 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.